Oasis Education Institute

Oasis Education Institute OASIS

⚠️ အသိပေးချက် ⚠️Congratulations❗️British Parliamentary Debate Training (Batch-1) သင်တန်းကို တက်ရောက်ခွင့်ရရှိတဲ့ သင်တန်း...
31/05/2026

⚠️ အသိပေးချက် ⚠️

Congratulations❗️
British Parliamentary Debate Training (Batch-1) သင်တန်းကို တက်ရောက်ခွင့်ရရှိတဲ့ သင်တန်းသား/သူများကို email ပေးပို့ထားပြီး ဖြစ်ပါတယ်။သင်တန်းကို လျှောက်ထားပြီး အင်တာဗျူးဖြေဆိုထားတဲ့သူများအနေဖြင့် email စစ်ကြဖို့ (email စစ်ရာတွင် Inbox နှင့် Spam ၂ခုလုံးစစ်ပေးပါရန်) အသိပေးအပ်ပါတယ်။

‼️ အတန်းက June 1, 2026 (7:00 to 9:00 PM, MMT) စမှာဖြစ်သည့်အတွက် Email မှာ ပါတဲ့ group link ကို join request ပြုလုပ်ကြဖို့ အသိပေးအပ်ပါတယ်။ June 1, 2026 (12:00 PM-MMT)ထိ ဂရုကို Join လာခြင်းမရှိပါက Auto Cancel သွားမှာ ဖြစ်သည့်အတွက် အချိန်မီ Join ပေးကြဖို့ အသိပေးအပ်ပါတယ်။ ‼️









📢 အသိပေးကြေညာချက်British Parliamentary Debate Training (Batch-1) သင်တန်းလျှောက်ထားသူဦးရေသည် လက်ခံနိုင်သည့် လူဦးရေထက် မျာ...
29/05/2026

📢 အသိပေးကြေညာချက်

British Parliamentary Debate Training (Batch-1) သင်တန်းလျှောက်ထားသူဦးရေသည် လက်ခံနိုင်သည့် လူဦးရေထက် များစွာ ကျော်လွန်နေသဖြင့် လျှောက်လွှာဖောင်လက်ခံခြင်းကို ယခုအချိန်မှစ၍ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။

စိတ်ဝင်စားစွာဖြင့် လျှောက်ထားပေးကြသော အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ လူတွေ့အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကို ယနေ့ညနှင့် မနက်ဖြန်မနက်တွင် ဆက်လက်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။







28/05/2026
📣 British Parliamentary Debate Training (Batch 1) သင်တန်း အတွက် သင်တန်းသားခေါ်ယူခြင်း🎤 From Silence to Speech: Empowerin...
27/05/2026

📣 British Parliamentary Debate Training (Batch 1) သင်တန်း အတွက် သင်တန်းသားခေါ်ယူခြင်း

🎤 From Silence to Speech: Empowering Students, Youths, and Educators Through Debate

စကားရည်လုခြင်း(Debate) ဆိုတာက အငြင်းပွားဖွယ်ကိစ္စတစ်ခုခု၊ ရှုပ်ထွေးတဲ့ အကြောင်းအရာတစ်ခုခု၊ ပြဿနာတစ်ခုခုကို မတူညီတဲ့ အတွေးအမြင်၊ မတူညီတဲ့ရှုထောင့်တွေကနေ အပြန်အလှန် ငြင်းခုံဖလှယ်ပြီး ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အလေးပေးဖော်ဆောင်ထားတဲ့ အလွန်လှပသော Debate ယဥ်ကျေးမှု အနုပညာ တစ်ခု ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ပညာရေးနဲ့ နိုင်ငံရေးနယ်ပယ်အပါအဝင် လူမှုအသိုင်းအဝိုင်းအတွင်းရှိ နယ်ပယ်အားလုံးတွင် အချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ၊ မိမိ အမြင်များကို ယုံကြည်မှုရှိစွာ ထုတ်ဖော်တင်ပြနိုင်စွမ်း နှင့် မတူညီသော အယူအဆများအကြား ယုတ္တိဗေဒကျကျ ဆွေးနွေးနိုင်စွမ်းတို့က အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

ဒါကြောင့် Oasis Education Institute (OAEI) မှ Debate နှင့်ပတ်သက်သော အကြောင်းအရာများကို စနစ်တကျ လေ့လာလိုသူများ၊ Critical Thinking နှင့် Public Speaking Skills များကို မြှင့်တင်လိုသူများအတွက် British Parliamentary Debate Training (Batch 1) ကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

📚 သင်တန်းအတွင်းဘာတွေလေ့လာရမလဲ?

✅ Introduction to British Parliamentary Debate
✅ Debate in Education and the Application of Debate
✅ Argumentation and Case Construction
✅ Refutation and Rebuttal Strategies
✅ Advanced Tips in BP Debate
✅ Basic Research Skills for Debating
✅ Introduction to Logic and Logical Fallacies
✅ Debate Tournament Session

စတဲ့ အကြောင်းအရာများကို သီအိုရီနှင့် လက်တွေ့ပေါင်းစပ်၍ လေ့လာ သင်ယူရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Debate Practice Sessions များမှတစ်ဆင့် တက်ရောက်သူများအနေဖြင့် မိမိတို့၏ အတွေးအမြင်များကို ယုံကြည်မှုရှိစွာ တင်ပြနိုင်ခြင်း၊ အမြင်မတူညီမှုများကို လေးစားစွာ ဆွေးနွေးနိုင်ခြင်းနှင့် ယုတ္တိကျသော အကြောင်းပြချက်များ တည်ဆောက်နိုင်ခြင်းတို့ကို လက်တွေ့လေ့ကျင့်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

📌 ဘယ်သူတွေ တက်ရောက်နိုင်မလဲ?

Debate ကို စတင်လေ့လာလိုသူများ၊ Debate အတွေ့အကြုံမရှိသေးသူများ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ ဆရာ/ဆရာမများနှင့် မိမိ၏ Public Speaking Skills၊ Research Skills ၊ Critical Thinking နှင့် Logical Thinking Skills များကို မြှင့်တင်လိုသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ပါတယ်။

📶 သင်တန်းကြေး အခမဲ့ဖြစ်ပြီး သင်တန်းတက်ရောက်သူများကို အင်တာနက် data support ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကာလ : ၈ ရက်
သင်တန်းနေ့ရက် : တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (June 1, 2, 3, 4, 8, 9, 10, 11)
⏰ Time : 7:00 PM – 9:00 PM
💻 Platform : Zoom

📌 Registration Form : https://forms.gle/7CbU1ScTvsPKyTrq8

Deadline - 31.5.2026 (4:00 PM)

📍 လူဦးရေကန့်သတ်ထားသဖြင့် စိတ်ပါဝင်စားသူများ အမြန်ဆုံးစာရင်းပေးသွင်းထားကြဖို့ အသိပေးအပ်ပါတယ်။

သင်တန်းကို တက်ရောက်ရန် လျှောက်ထားသူများအနေဖြင့် သင်တန်းတွင်း လေ့ကျင့်မှုများရှိမှာဖြစ်သဖြင့် တက်ကြွစွာ ပါဝင်ပေးဖို့ လိုအပ်ပါတယ်။ ငြင်းခုံဆွေးနွေးအဖြေရှာခြင်းမှတဆင့် မြန်မာနိုင်ငံနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်နေသော၊ သက်ရောက်လာနိုင်သော ကောင်းကျိူး၊ ဆိုးကျိုးများကို ကောင်းမွန်စွာနားလည်လာနိုင်မှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်နိုင်ပါကြောင်း အသိပေးအပ်ပါတယ်။










၁၃၈၈ခုနှစ်၊ မြန်မာ့နှစ်သစ်တွင် မြန်မာပြည်သူ၊ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖ...
17/04/2026

၁၃၈၈ခုနှစ်၊ မြန်မာ့နှစ်သစ်တွင် မြန်မာပြည်သူ၊ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေကြောင်း OASIS Education Institute မိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါသည်

OAEI မိသားစု

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့
08/03/2026

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့


ที่อยู่

Bangkok Yai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Oasis Education Instituteผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์