25/02/2026
🎯 IELTS မှာ Paraphrasing ရဲ့ အရေးပါပုံ – four skills လုံး နဲ့ ရှင်းပြထားပါတယ်
IELTS ဖြေမယ့်သူတော်တော်များများက
"Paraphrasing က Writing အတွက်ပဲ လိုတာ" လို့ ထင်နေကြတယ်။
❌ ဒါ အထင်အမြင်လွဲမှားမှုကြီးပါ။
👉 တကယ်တော့ Paraphrasing က four skills ခုလုံးအတွက် မရှိမဖြစ်ပါ။
ဥပမာလေးတွေနဲ့ အတူတူ ကြည့်လိုက်ရအောင် 👇
📝 𝟏. Writing အတွက် – lexical resource ရှိကြောင်းပြဖို့ နဲ့ repetitive ဖြစ်ဖြစ်ရေးနေတာကို ရှောင်ဖို့
IELTS Writing မှာ မေးခွန်းထဲက စကားလုံးတွေကို ကူးရေးရင် score ထင်သလောက်မရတတ်ဘူး။
❓မေးခွန်း -
Some people believe that online education is more effective than traditional education.
✍️ A bad intro (ကူးရေးထားတာ) -
Online education is more effective than traditional education.
✍️ Better version (paraphrase လုပ်ထားတာ) -
Many people think that learning through the internet brings greater benefits than classroom-based education.
✅ ဘာလို့ အရေးကြီးတာလဲ?
• vocabulary ကြွယ်ဝမှုကို ပြသနိုင်တယ်
• Task Achievement မှာ အမှတ်ကောင်းစေတယ်
• ထပ်ခါထပ်ခါ ရေးနေတာကို ရှောင်ရှားနိုင်တယ်
🗣️ 𝟐. Speaking အတွက် – သဘာဝကျကျ၊ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ဖို့
Examiner တွေက အလွတ်ကျက်ထားတဲ့ အဖြေတွေကို မလိုချင်ပါဘူး။
❓Examiner -
Do you like your hometown?
🗣️ A simple and basic response -
Yes, I like my hometown because it is beautiful.
🗣️ Paraphrase လုပ်ထားတဲ့ သဘာဝကျတဲ့အဖြေ -
Yes, I'm quite fond of my hometown as it's a pleasant place to live.
✅ ဘာလို့ အရေးကြီးတာလဲ?
• ပြောတာ သဘာဝကျတယ်
• Lexical Resource အတွက် အမှတ်ကောင်းစေတယ်
• စက်ရုပ်လို မဟုတ်ဘဲ ယုံကြည်မှုရှိတဲ့အသံမျိုး ဖြစ်စေတယ်
👂 𝟑. Listening အတွက် – ကြားရုံသက်သက် hearing မဟုတ်ဘဲ နားလည်အောင် လုပ်ဖို့
Listening မှာ မေးခွန်းထဲက စကားလုံးတွေနဲ့ Audio ထဲက စကားလုံးတွေက တူခဲပါတယ်။
❓မေးခွန်း -
Why did the man arrive late?
🔊 Audio -
The traffic was extremely heavy due to an accident.
➡️ arrive late = heavy traffic / accident (နောက်ကျတာ = ကားကြပ်တာ / မတော်တဆမှု)
✅ ဘာလို့ အရေးကြီးတာလဲ?
• အဖြေကို မြန်မြန်ဖမ်းမိအောင် ကူညီပေးတယ်
• confusion နည်းစေတယ်
⸻
📖 𝟒. Reading အတွက် – အဖြေတွေကို မြန်မြန်ရှာနိုင်ဖို့
IELTS Reading က paraphrasing ကို အတော်စမ်းပါတယ်။
📄 Passage -
Many species are at risk of extinction because of deforestation.
❓မေးခွန်း -
What is the main cause of animals disappearing?
➡️ at risk of extinction = disappearing (မျိုးသုဉ်းမယ့်အန္တရာယ် = ပျောက်ကွယ်သွားခြင်း)
➡️ deforestation = cutting down forests (သစ်တောပြုန်းတီးခြင်း = သစ်တောတွေခုတ်လှဲခြင်း)
✅ ဘာလို့ အရေးကြီးတာလဲ?
• it saves time
• helps quickly locate the answer
• True/False/Not Given နဲ့ Matching မေးခွန်းတွေအတွက် မရှိမဖြစ်လိုအပ်တယ်
⸻
🔑 IELTS ဖြေမယ့်သူတွေအတွက် နောက်ဆုံးအကြံပြုချက်
📌 Paraphrasing ဆိုတာ -
• words နဲ့
• structure ပြောင်းလိုက်ပြီး
• အဓိပ္ပါယ်တူ အောင်ပြောင်းရေးထားတာမျိုးပေါ့
💡Paraphrasing ကောင်းကောင်းလုပ်နိုင်ရင်
👉 သင့်ရဲ့ IELTS Band Score က အလိုအလျောက် တိုးတက်သွားမှာပါ။