Learn To Grow With Myat

Learn To Grow With Myat Education is the key to success.

15/09/2025

Hi 👋
Long time no see!
Let me share one of the warm up activities that we can do in our diverse classroom that I experience from today's class. ✨

( Pls do neglect my unsweetened voice)

22/06/2025

Amazing show 👏🤩

17/06/2025

Hello...
Let's me share the video that I made for my social studies class for this summer semester...

Declaimer: I give fully credit to everyone who own the video that I add in my project

10/01/2025

Hello from 2025!

Disclaimer: I don't own the music. I give full credit to the owner.

21/10/2024

Hello! Welcome back pr 🤍

Scholarship လျှောက်ဖို့ ပြင်ဆင်နေတဲ့ သူတွေ အတွက် ကျွန်တော်ရဲ့ အတွေ့အကြုံလေးကို ပြန်လည် မျှဝေပေးထားပါတယ် နော်

I hope you can learn something helpful for your education journey, good luck! 🤩

Any questions? Don't hesitate to contact me 🤞


07/09/2024

Somewhere only we know 🏞️🙆✨

Hello Dears 🙋Learn to grow with Myat မှ ပြန်လည်ကြိုဆိုလိုက်ပါတယ် ...📌သင်ဟာ တစ်ခုခုကို အကူညီ တောင်းတဲ့ အခါမှာ ' Please, h...
17/08/2024

Hello Dears 🙋
Learn to grow with Myat မှ ပြန်လည်ကြိုဆိုလိုက်ပါတယ် ...

📌သင်ဟာ တစ်ခုခုကို အကူညီ တောင်းတဲ့ အခါမှာ ' Please, help me' လို့ပဲ ထပ်ခါ ထပ်ခါ သုံးဖြစ်နေတယ် ဆိုရင်တော့ ဒီ post လေးက အသုံးဝင်ပါလိမ့်မယ် 🥳

✨ကျွန်တော်တို့ နေ့စဉ် conversation တွေမှာ ကိုယ် အကူညီလိုအပ်တဲ့ အခါ ' Please, help me' အစား ဘယ်လို useful phrase လေးတွေ သုံးလို့ ရနိုင်မလဲ??? 🤔

📌ကဲ အခုပဲ ကျွန်တော်နဲ့ အတူတူ လေ့လာလိုက်ရအောင် 💁

So, let's get started 😉

No (1) Could I get some help, please?

No (2) Could you assist me?

No (3) Would you mind helping me?

No (4) Can you support me with this?

No (5) Would you be able to help me out?

No (6) Could you lend me a hand?

No (7) Can you give me a hand?
* No 6 & 7 မှာရှိတဲ့ give me a hand , lend me a hand ဆိုတာလေးတွေကတော့ အသုံဝင်လှတဲ့ idioms လေးတွေပဲ ဖြစ်ပါတယ်

No (8) I need some help, please.

No (9) I would appreciate your help. ( ဒီ phrase လေးကိုတော့ email or survey စတဲ့နေရာတွေ မှာ အသုံးများတာကို တွေ့ဖူးကြပါလိမ့်မယ်)

No (10) I could use some assistance. ( ဒီ phrase လေးကတော့ အလုပ်တွေမှာ ကိုယ့်ရဲ့ tasks တွေကို ကူညီလုပ်ဆောင်ဖို့ ပြောတဲ့နေရာမှာ အသုံးများတယ် I need your kind assistant စတာမျိုးလည်း သုံးကြပါတယ်)

အခုဆိုရင် အကူညီလိုအပ်တဲ့အခါ မတူညီတဲ့ ပုံစံတွေနဲ့ polite ဖြစ်ဖြစ်လေး ပြောလို့ရမယ့် နည်းလမ်း အချို့ကို သိရှိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ် 🤍

အကယ်၍ တစ်ခြားသော ကိုယ်ပြောနေကြ နည်းလမ်းလေးတွေကိုရှိရင်လည်း comment မှာ sharing လုပ်နိုင်ပါတယ်နော် 🥰


Hey 🙋If you are a person who is asking by yourself,' Am I going to the right way??'  or ' Is this a good decision? ' , e...
15/08/2024

Hey 🙋

If you are a person who is asking by yourself,
' Am I going to the right way??' or ' Is this a good decision? ' , especially for people who chose to walk in the educational road. 🧐

So...
Let's me share to you something interesting👀

ကျွန်တော်ကိုယ်တိုင်လည်း အထက်က မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကို ခနခန မေးဖြစ်ပါတယ်...

ဆိုတော့ ဒီနေ့ အတန်းမှာ ဆရာနဲ့ အောက်မှာပါတဲ့ စာကြောင်းလေးတစ်ကြောင်းဆွေးနွေးဖြစ်တော့ ဒီအကြောင်းလေးကို ရေးဖို့ အကြောင်းဖန်လာပါတယ် 💌

ဒီနေ့အခြေအနေမှာ ကျွန်တော်တို့ အရင်က အတန်းတူတူတတ်ခဲ့တဲ့ သူငယ်ချင်းတွေအားလုံးဟာ တစ်ယောက်တစ်နေရာစီ ထောင့်မျိုးစုံ နေရာမျိုးစုံမှာ ဘဝ ကို ရုန်းကန်နေတာ‌ကို တွေ့ရပါတယ်

ကျွန်တော်ကိုယ်တိုင်လည်း ပြည့်စုံတဲ့မိသားစုက မဟုတ်တော့ education လမ်းကြောင်းကို ဆက်လျှောက်နိုင်ဖို့ ဆက်လျှောက်ဖို့က လွယ်ကူနေခဲ့တာတော့ မဟုတ်ပါဘူး ( အခုချိန်ထိလည်း ကြိုးစားရုန်းကန်နေရဆဲပါပဲ)

ဒါပေမယ့် အားလုံးရဲ့ ကျေးဇူးတွေနဲ့ ဒီလမ်းပေါ်တော့ရောက်နေပါပြီ

တစ်ခါတလေမှာ ပတ်ဝန်းကျင်ကြောင့်ရော ကိုယ့်ကိုယ်ကို ယခုလို ခက်ခဲနေတဲ့ အချိန်မှာ အိမ်အတွက် ထောက်ပံ့ဖို့ မကြိုးစားပဲနဲ့ ဒီလမ်းကြောင်းကို လျှောက်နေတာ ကောင်းမွန်တဲ့ decision ဖြစ်နေရဲ့လားဆိုတဲ့ အတွေးမျိုး ဝင်မိတာတွေလည်း ရှိပါတယ် ( မှတ်မှတ်ရရ ဒီဘက်မှာ ကျောင်းတတ်တော့မယ် ဆုံးဖြတ်ပြီးတော့ ရွာက အသိ အန်တီတစ်ယောက်ကပြောတယ် ဒါဆို ညည်းအမေ ပိုက်ဆံတွေ ကုန်အုံးမှာပေါ့တဲ့ 😄 )

ဒီနေ့မှာတော့ ကျွန်တော် ရဲ့ စိတ်ကို ကိုယ့်ကိုယ်ကို အပြည့်အဝ ယုံကြည်ဖို့အတွက် motivation စာကြောင်းလေးတစ်ကြောင်းတွေ့ရှိခဲ့ပါတယ်

နောက်ပြီးတွေးဖြစ်တာက အခုချိန်မှာ ကျွန်တော်ဟာ ချိုမြိန်အရသာရှိတဲ့ အသီးတွေ စားရဖို့အတွက် ကောင်းမွန်တဲ့ သစ်ပင်တစ်ပင်စပျိုးနေတာပါလားလို့တွေးမိတယ် ဟုတ်ပါတယ် Good things take time ဆိုတဲ့တိုင်း ကျွန်တော်တို့တွေ ကောင်းမွန်တဲ့အရာတွေရရှိဖို့ဆို အချိန်တစ်ခုတော့ပေးဆပ်ဖို့လိုပါမယ် အသီးကောင်းကောင်းစားချင်ရင်တော့ ကိုယ့်အပင်ကို ပို ကရုစိုက်ရတာပေါ့ 🤍

ဒီချိန်မှာ အလုပ်တွေလုပ်ပြီး အိမ်ကိုပြန်ကူနေတဲ့သူတွေလည်းရှိမယ် ဒါလည်း သူတို့ရွေးချယ်မှုပေါ့ ဆိုတော့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့တွေရဲ့ရွေးချယ်မှုတိုင်းကို သေချာ အကောင်းဆံုး ကရုစိုက် လုပ်ဆောင်မယ် ဆို ဒီသစ်ပင်ရဲ့ အသီးအပွင့်ကို တစ်နေ့တော့ ကောင်းမွန်စွာခံစားရလိမ့်မည်ဟု ယုံကြည်လျက်...

အဓိကကတော့ ကိုယ်က အိမ်ကိုမထောက်ပံ့ပေးနိုင်သေးလို့ အိမ်က ခုချိန်ထိ ကိုယ့်ရဲ့ education အတွက် အမြဲ ထောက်ပံ့ပေးနေရလို့ဆိုတဲ့ အတွေးတွေကိုအများကြီး မတွေးတော့ပဲ ယုံကြည်မှုရှိစွာ ရဲရဲဝင့်ဝင့်သာ ဆက်လျှောက်ဖို့ ကြိုးစားကြည့်ပါ သင်သာ ရပ်မနေဘူးဆိုရင် သေချာပါတယ် 'You will gradually feel the results of your hardworking pr' 💪🙇

' Random Thought of Today 'ဒီနေ့တော့ ပုံမှန် လူတိုင်းသိကြ‌တဲ့ essay writing အကြောင်းလေးကို အတန်းမှာ နားထောင်ခဲ့ရတယ်...နာ...
09/08/2024

' Random Thought of Today '

ဒီနေ့တော့ ပုံမှန် လူတိုင်းသိကြ‌တဲ့ essay writing အကြောင်းလေးကို အတန်းမှာ နားထောင်ခဲ့ရတယ်...

နားထောင်ရင်း စိတ်ထဲမှာ ဝင်လာတဲ့ အတွေး‌များနှင့် အဲဒီ အခြေခံ essay writing လေး အကြောင်း‌ကို ဒီလိုပဲ ရေးချင်လို့ စာအရှည်ကြီး ရေးလိုက်ပါအုံးမည် 😁 ( BTW, it is just my point of view pr)

ပုံမှန် ကျွန်တော်တို့ essay ရေးကြတဲ့ အခါမှာ ပထမဆုံး introduction ပိုင်းရေးကြတယ် အလယ်မှာတော့ Body paragraphs တွေပေါ့ နောက်ဆုံး ကတော့ conclusion part ပေါ့..

ဒီမှာ ကောင်းမွန်တဲ့ essay တစ်ခုဖြစ်ဖို့ဆို intro မှာလည်း Reader ရဲ့ စိတ်ဝင်စားမှု ရရှိနိုင်အောင် စတင်ချဉ်းကပ်နိုင်ရမယ်

Body paragraph တွေမှာတော့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို details အသေးစိတ် စနစ်တစ်ကျ reason, evidence နဲ့ တကွရေးပြရှင်းပြန်ုင်ရမယ်

The last paragraph ဖြစ်တဲ့ conclusion ကို လှပစွာ အဆုံးသတ် သုံးသပ်နိုင်ပြီဆို ဒါဟာ ကောင်းမွန်တဲ့ essay တစ်ပုဒ်ပေါ့....

ဆိုတော့ ဒါကတော့ essay အကြောင်း လူအများစုလည်း သိပြီးသားဖြစ်ပါမယ် ...

ဒါမယ့် ဒီနေ့ အဲ အကြောင်းကို Tr ပြောပြနေချိန်မှာ ဝင်လာတဲ့ အတွေးက Debate အကြောင်း!!!

ဘာလို့ဆို ဒီ essay writing မှာသာ ကျွန်တော်တို့တွေ debating skills တွေကို အသုံးချလိုက်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ essay ဖြစ်မှာ အမှန်ပါပဲ ... ( ဒီနေရာမှာတော့ debate ဟာ အပြောဖြစ်တဲ့အတွက် grammatically correct ဖြစ်ကောင်း ဖြစ်ချင်မှ ဖြစ်မယ် essay မှာတော့ grammar ကျွမ်းကျင်မှုဟာလည်း ဆရာတစ်ဆူဖြစ်နေဖို့ လိုသေးတာကို)

ကဲ ပြောချင်တာကတော့ တွေးခေါ်ပုံပေါ့ Debate ပွဲ တစ်ခုကို သုံးသပ်သလို တွေးခေါ်စဉ်းစားသလို essay topics တွေကို ချဉ်းကပ်မယ်ဆို ကျွန်တော်အတွက်တော့ ပိုတွေးရတာ လွယ်ကူသွားသလို ခံစားရတယ်

Debate မှာလည်း essay နည်းတူ first speaker ဟာ intro အပိုဒ်ကို တာဝန်ယူသူပေါ့ သူဟာ သူ့ရဲ့ topic တစ်ခုအပေါ် ချဉ်းကပ်ထားတာကို လူအများ စိတ်ဝင်စားအောင် ရှေ့ဆုံးမှ နေ စနစ်တကျ တင်ပြကြတယ်...

ဟော Second speaker ကတော့ first speaker ရဲ့ claim ကို ပိုမိုပြည့်စုံအောင် ထောက်ပံ့ပေးမယ့် Reason ( explanation) တွေကို တိကျသေချာခိုင်မာ တဲ့ evidence နှင့်တကွ တင်ပြကြရတယ် essay body ပိုင်းလိုပဲပေါ့...

နောက်ဆုံး Third speaker ရဲ့ role အရ တစ်ပွဲ လုံးကို အနှစ်ချုပ်ရမယ် အကြောင်းအရာ အသစ်တွေ လည်း မထည့်ပဲ ကြိုးစားပြီး ဘယ်လို အရာတွေကြောင့် သူတို့ team က အားကောင်းပါတယ် ဆိုတာကိုသုံးသပ်သလို ကျွန်တော်တို့ conclusion paragraph မှာလည်း ဘယ်လို အချက်အလက်တွေ မတူညီမှုတွေ ထူးခြားချက်တွေကြောင့် writer ဟာ Good writer ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ...
ဒီမှာ တစ်ခုက Debate မှာ team work က အရေးကြီးသလို writing မှာလည်း အချိတ်ဆက်မိနေဖို့က အင်မတန်‌အရေးကြီးတယ်လို့ မြင်မိပါတယ်...

Finally, နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒါဟာ ကိုယ်က debate ကို နည်းနည်းတီးမိခေါက်မိခဲ့ဖူးတာလေးရှိတော့ တွေးမိတာလေးပါ ဒါကြောင့် if you are free, try to learn something new လို့ အကြုံပြုချင်ပါတယ် ဘယ်အရာမဆို ကိုယ်မှာ ပြည့်ဝနေလေ သိနေလေ ပို‌ပြီးတော့ ကောင်းမွန်တဲ့ result တွေ ပိုင်ဆိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်...

✨Learning changes Everything!
🫶Writing is a skill, not a Gift. Attitude is the key! ( From our eng class Tr)

စာကြွင်း/ Debate format တွေ အများကြီးထဲမှ ယခု Debate ကတော့ Karl Popper Debate အကြောင်း ပါ

စာရေးသူ- writing 4.3 ပဲရ၍ ကြေကွဲနေသော ကျောင်းသူတစ်ဦး 😆

ที่อยู่

Ban Muak Lek
18180

เบอร์โทรศัพท์

+66816386986

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Learn To Grow With Myatผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์