JumpStudy We help migrant youth in Thailand find vocational training, language courses, and skill development opportunities.

We've made it easy to search, filter, and compare programs that fit your schedule.
🌟 Open source • Self-funded • Youth-centered

အားလုံးပဲ မင်္ဂလာပါ! 👋ပြီးခဲ့တဲ့လက မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ (၅) ကြိမ်မြောက် Education Everywhere Conference (EE5) မှ...
12/04/2026

အားလုံးပဲ မင်္ဂလာပါ! 👋

ပြီးခဲ့တဲ့လက မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ (၅) ကြိမ်မြောက် Education Everywhere Conference (EE5) မှာ ကျွန်တော်တို့ JumpStudy အဖွဲ့အနေနဲ့ ပါဝင်တင်ဆက်ခွင့်ရခဲ့တဲ့အကြောင်းကို ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ပြန်လည်မျှဝေပေးလိုပါတယ်။

◆ ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် | Kamphaeng Phet Rajabhat University၊ မဲဆောက်မြို့

ယခုနှစ် EE5 Conference ကို "ပညာရေးကို အသွင်ကူးပြောင်းခြင်း - အားလုံးပါဝင်ပြီး ညီမျှသော ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်မှု လမ်းစဉ်များ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘာတစ်ဝန်းက လူငယ်ခေါင်းဆောင်တွေ၊ ဆရာ/ဆရာမတွေ၊ သုတေသီတွေနဲ့ ပညာရှင်များ စုပေါင်းပြီး အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပါတယ်။

JumpStudy လိုမျိုး လူထုအခြေပြု platform တစ်ခုအတွက် EE5 မှာ တင်ဆက်ခွင့်ရခြင်းဟာ ကျွန်တော်တို့အတွက် အလွန်အဓိပ္ပာယ်ရှိပါတယ်။ ပညာရေးအခွင့်အလမ်းတွေနဲ့ သတင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ စုစည်းပေးခြင်းဖြင့် လူငယ်တွေအတွက် အခွင့်အလမ်းတွေဆီ ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်ပုံကို ဆုံးဖြတ်ချက်ချမှတ်သူတွေ၊ ပညာရှင်များ နဲ့ ပြောင်းလဲမှုကို ဖော်ဆောင်နေသူတွေကို ပြသခွင့်ရခဲ့တဲ့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ပညာရှင်များ၊ သုတေသီများ၊ အိုင်တီကျွမ်းကျင်သူတွေနဲ့ ပညာရေးလှုပ်ရှားသူတွေရှေ့မှာ JumpStudy ရဲ့ ဖြတ်သန်းမှုပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ ကျွမ်းကျင်သူတွေဆီက အဖိုးတန်တဲ့ အကြံပြုချက်တွေ ရရှိခဲ့သလို၊ ကျွန်တော်တို့နဲ့ ရည်မှန်းချက်တူညီတဲ့သူတွေနဲ့လည်း အနှစ်သာရရှိတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလို စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေဟာ လူကြီးမင်းတို့အတွက် platform ကို ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ကို ခွန်အားတွေ ဖြစ်စေပါတယ်။

ဖိတ်ကြားပေးခဲ့တဲ့ The Inclusive Education Foundation နဲ့ ကျွန်တော်တို့ရဲ့ တင်ဆက်မှုကို စိတ်ပါဝင်စားစွာ နားထောင်ပြီး အကြံပြုပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။

JumpStudy ကို အသုံးမပြုကြည့်ရသေးဘူးလား? အခုပဲ ဝင်ရောက်ကြည့်ရှုဖို့ အကောင်းဆုံးအချိန်ပါပဲ!

◆ jumpstudy.org

လက်ရှိမှာ သင်တန်းတွေများစွာ ပြန်လည်ဖွင့်လှစ်နေပါပြီ။ သင်တန်းအမည်၊ ရက်စွဲ နဲ့ အသိအမှတ်ပြုတံဆိပ် (Badge) တွေအလိုက် အလွယ်တကူ ရှာဖွေနိုင်ပြီး မိမိနဲ့ ကိုက်ညီမယ့် အခွင့်အလမ်းတွေကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးနဲ့ ရှာဖွေနိုင်မှာ ဖြစ်လို့ ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်။

--------------------------------------

Hello everyone! 👋

We're excited to share that last month, our team had the honor of presenting at the 5th Education Everywhere Conference (EE5) in Mae Sot!

◆ March 7, 2026 | Kamphaeng Phet Rajabhat University, Mae Sot

EE5 brought together young leaders, teachers, researchers, practitioners, and academics from Myanmar, Thailand, and across the world for two days of collaborative learning — all united around this year's theme: "Transforming Education: Collaborative Pathways for Inclusive and Equitable Education."

For a community-driven platform like JumpStudy, being invited to present at EE5 meant so much to us. It was a chance to show decision-makers, experts, and changemakers how JumpStudy.org brings scattered educational information in one place so more young people can reach more opportunities.

We shared JumpStudy's story in front of educators, researchers, IT specialists, and education advocates. We received valuable feedback from experts and made meaningful connections with people who share our mission. It was a truly inspiring experience that motivates us to keep improving the platform for you! Thank you to The Inclusive Education Foundation for the invitation, and to everyone who attended our sharing session and shared their thoughts. 🙏✨

Haven't visited us yet? Now is the perfect time!

◆ jumpstudy.org

There are more courses available now. Search by course name, date, and badge — and find the opportunity that's right for you, available in English and Myanmar language.

အားလုံးပဲ မင်္ဂလာပါ! 👋ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့က Kamphaeng Phet Rajabhat University မှာ ပြုလုပ်ခဲ့တဲ...
03/12/2025

အားလုံးပဲ မင်္ဂလာပါ! 👋

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့က Kamphaeng Phet Rajabhat University မှာ ပြုလုပ်ခဲ့တဲ့ Career Fair ပွဲကြီးကနေ ရရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

✨ မဲဆောက်က ရွှေ့ပြောင်းလူငယ် ရာနဲ့ချီကို JumpStudy.org အကြောင်း မိတ်ဆက်ခွင့်ရခဲ့တာဟာ တကယ့်ကို အဖိုးတန်တဲ့ အခွင့်အရေးပါပဲ! Cotton On Foundation က စီစဉ်တဲ့ ဒီပွဲကြီးမှာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေကို စိတ်ဝင်တစား လေ့လာချင်ကြတဲ့ ကျောင်းသူ၊သားတွေ စုံလင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဘာတွေ မျှဝေခဲ့လဲဆိုတော့ -

✓ စင်မြင့်ထက်ကနေ မိတ်ဆက်ဆွေးနွေးခြင်း - မဲဆောက် နှင့် ထိုင်းနိုင်ငံ အခြားမြို့က သင်တန်းတွေကို ရှာဖွေတဲ့အခါ အချိန်ကုန်သက်သာစေဖို့ ကျွန်တော်တို့ Platform က ဘယ်လိုကူညီပေးနိုင်လဲဆိုတာ ရှင်းပြပေးခဲ့ပါတယ်။

✓ Booth တွင် လက်တွေ့ပြသခြင်း - ကျောင်းသားတွေက Website ကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ကြည့်ရှုပြီး မသိတာတွေကို တိုက်ရိုက်မေးမြန်းနိုင်ခဲ့ပါတယ်။

✓ ပျော်ရွှင်ဖွယ် Quiz အစီအစဉ် - Website ရဲ့ အသွင်အပြင်နဲ့ လုပ်ဆောင်ချက်တွေကို ရင်းနှီးကျွမ်းဝင်စေဖို့ ပျော်စရာ Quiz လေးတွေ ပြုလုပ်ခဲ့ပါတယ်။ ပါဝင်ကြတဲ့ လူငယ်တွေရဲ့ တက်ကြွမှုကတော့ အံ့မခန်းပါပဲ!

💡ကျွန်တော်တို့ ရည်ရွယ်ပြီး ဖန်တီးပေးထားတဲ့ Platform ကို အသုံးပြုမယ့် လူငယ်တွေနဲ့ အခုလို မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရတာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ သူတို့ရဲ့ အကြံပြုချက်တွေနဲ့ စိတ်အားထက်သန်မှုတွေက JumpStudy.org ကို နေ့စဉ် ပိုကောင်းအောင်ကြိုးစားဖို့ ခွန်အားတွေ ဖြစ်စေပါတယ်။

🙏 ဒီလို အနှစ်သာရရှိတဲ့ပွဲကို စီစဉ်ပေးတဲ့ Cotton On Foundation နဲ့ ဒီလိုအခွင့်အရေးရလာအောင် ဖန်တီးပေးပြီး ပွဲတစ်လျှောက်လုံး ကူညီပံ့ပိုးပေးခဲ့တဲ့ The Inclusive Education Foundation တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။ ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းများအားလုံးနဲ့ အရေးအကြီးဆုံး ကျွန်တော်တို့ Booth ကို လာရောက်ခဲ့ကြတဲ့ ကျောင်းသူ၊သား နဲ့ ဆရာ၊ဆရာမ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ စိတ်ဝင်စားမှုတွေက ဒီ Project ကို ကျွန်တော်တို့ ဘာကြောင့် စတင်ခဲ့သလဲဆိုတာကို အမြဲသတိရစေပါတယ်။

ဒီပွဲကို မလာရောက်လိုက်ရပေမယ့် ပိုမိုလေ့လာချင်တယ်ဆိုရင် JumpStudy.org မှာ အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

💙 မှန်ကန်တဲ့ အခွင့်အလမ်းတွေ ရှာတွေ့နိုင်ဖို့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း ပိုမိုတောက်ပတဲ့ အနာဂတ်တွေကို အတူတကွ တည်ဆောက်သွားကြရအောင်!

ဒီခရီးစဉ်မှာ အတူလက်တွဲ ပါဝင်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်! 🙏✨
..................................................................................................................................

Hello everyone! 👋

We're excited to share our experience from the Career Fair on November 26th, 2025 at Kamphaeng Phet Rajabhat University!

We had the incredible opportunity to introduce JumpStudy.org to hundreds of migrant youth from Mae Sot! The event was organized by Cotton On Foundation and brought together students eager to explore educational and vocational opportunities.

How we shared:

✓ Stage Presentation - We explained how our platform helps youth save time searching for courses across Thailand

✓ Booth Activities - Students explored the website hands-on and asked questions directly

✓ Interactive Quiz - We organized fun quiz activities to help students get familiar with the website's features. The energy and participation from everyone was amazing!

Meeting face-to-face with the youth we're building this platform for was incredibly valuable. Their feedback and enthusiasm motivate us to keep improving JumpStudy.org every day.

To Cotton On Foundation for organizing this meaningful event, to The Inclusive Education Foundation for making this opportunity possible and supporting us throughout, to all participating organizations, and most importantly, to all the students, and teachers who visited our booth! Your interest reminds us why we started this project.

If you missed this event but want to learn more, visit us anytime at JumpStudy.org

💙 Let's keep helping each other find the right opportunities and build better futures together!

Thank you for being part of this journey! 🙏✨

အားလုံး မင်္ဂလာပါ 👋JumpStudy.org နဲ့ ပတ်သက်လို့ Update အနည်းငယ် မျှဝေချင်ပါတယ်နော်။သင်သိပါသလား?ကျွန်တော်တို့ ကောက်ယူထားတ...
24/10/2025

အားလုံး မင်္ဂလာပါ 👋

JumpStudy.org နဲ့ ပတ်သက်လို့ Update အနည်းငယ် မျှဝေချင်ပါတယ်နော်။

သင်သိပါသလား?

ကျွန်တော်တို့ ကောက်ယူထားတဲ့ သင်တန်းအစီအစဉ် အရေအတွက် စုစုပေါင်း ၇၀ ကျော် ရှိပြီးပြီဆိုတာ! ရေး..🎉 ဒါပေမယ့် အခုလောလောဆယ် website မှာ လာမယ့် သင်တန်း ၁၅ ခုလောက်ပဲ ပြပေးထားတာကို သတိထားမိမှာပါ။

ဘာကြောင့်လဲဆိုတော့:

ကျွန်တော်တို့အနေနဲ့ Website နောက်ကွယ်မှာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး များစွာသော သင်တန်းအစီအစဉ်တွေရဲ့ တိကျတဲ့ (သို့မဟုတ်) အနီးစပ်ဆုံးခန့်မှန်းနိုင်တဲ့ စတင်ရက်နဲ့ အချိန်ဇယားတွေကို အတည်ပြုဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ သင်မြင်တွေ့ရတဲ့ သင်တန်းတိုင်းမှာ တိကျမှန်ကန်ပြီး နောက်ဆုံးရအချက်အလက်တွေပါဝင်အောင် ကျွန်တော်တို့ သေချာစေလိုပါတယ်။ ဒါမှလည်း လျှောက်ထားရမယ့်နောက်ဆုံးရက်တွေကို သေချာသိနိုင်ပြီး အခွင့်အရေး လက်လွတ်လိုက်ရခြင်းများ မဖြစ်စေနိုင်တော့သလို၊ သင်တန်းတွေ ဘယ်အချိန်စသလဲဆိုတာကိုလည်း မရှုပ်ထွေးမှာပါ။

ကျွန်တော်တို့ရဲ့ လူငယ်ကိုယ်စားလှယ်အဖွဲ့ဝင်တွေအနေနဲ့ နေ့စဉ်အားသွန်ခွန်စိုက် အလုပ်လုပ်နေပါတယ်။ အဖွဲ့အစည်းတွေဆီ ဖုန်းဆက်တာတွေ၊ အွန်လိုင်း နဲ့ လူတွေ့ဆွေးနွေးမှုများ ပြုလုပ်နိုင်အောင် ကြိုးစားပြီး အချက်အလက်တွေ စုဆောင်းပြီး အတည်ပြုနေကြပါတယ်။ အချိန်တော့ ယူရပေမယ့် ယုံကြည်စိတ်ချနိုင်တဲ့ အချက်အလက်တွေ ပေးနိုင်ဖို့ ကြိုးစားနေတာကြောင့် တန်ဖိုးရှိတယ်လို့ ယုံကြည်တယ်နော်။

အကျဉ်းချုပ် ပြောရမယ်ဆိုရင်:

✓ အခု တွေ့မြင်ရတဲ့ သင်တန်းတွေက တိကျတဲ့ ရက်စွဲတွေနဲ့ အတည်ပြုထားပြီးသား ဖြစ်ပါတယ်
✓ အဖွဲ့အစည်းတွေဆီက အချက်အလက်အသစ်တွေ ထပ်ရနိင်အောင် အမြဲတမ်း ကြိုးစားလျက် ရှိနေပါတယ်
✓ သင်တန်းတွေရဲ့ အချိန်ဇယားတွေကို အတည်ပြုချက် ရပြီဆိုတာနဲ့ သင်တန်းတွေ website မှာ ပိုမိုမြင်တွေ့လာနိုင်ပါဖြစ်ပါတယ်

သင့်အနေနဲ့လည်း ကူညီနိုင်ပါတယ်နော်!

ဖွင့်လှစ်ဖို့ ရှိတဲ့ သင်တန်းတွေအကြောင်း သိရင် (သို့မဟုတ်) သင်တန်းအစီအစဉ်တွေ ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နိုင်ရင် ကျွန်တော်တို့ page messenger မှာ အကြောင်းကြားပေးပါဦးနော်။ သင့်ရဲ့ အချက်အလက်တွေက အခြားလူငယ်တွေအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရှာတွေ့ဖို့ ကူညီပေးနိုင်ပါတယ်နော်!

JumpStudy.org ကို ထိုင်းနိုင်ငံမှာ ပညာရေးအခွင့်အလမ်းတွေအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရဆုံး အရင်းအမြစ်ဖြစ်အောင် ကြိုးစားနေစဉ်မှာ အားလုံးရဲ့ စိတ်ရှည်မှုနဲ့ နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်နော်။ 💙

ဝင်ရောက်လေ့လာရန်: JumpStudy.org

Hello everyone! 👋We want to share a quick update with you about JumpStudy.org!Did you know? We currently have over 70 co...
24/10/2025

Hello everyone! 👋

We want to share a quick update with you about JumpStudy.org!

Did you know?

We currently have over 70 courses and training programs in our database! Yay..🎉 However, you might notice that we're only displaying about 15 upcoming courses on the website right now.

Here's why:

We're actively working behind the scenes to connect with organizations and confirm the exact or estimated start dates and schedules for many programs. We want to make sure that every course you see has accurate, up-to-date information so you don't miss out on application deadlines or get confused about when programs begin.

Our youth advocate team members are working hard every day, reaching out to organizations, making calls, and visiting in person to gather and verify this information for you. It takes time, but we believe it's worth it to give you reliable details you can trust.

What this means for you:

✓ The courses you see are confirmed with accurate dates
✓ We're constantly updating as we receive new information from organizations
✓ More courses will appear on the website as we confirm their schedules

You can help too!

If you know about upcoming courses or have connections with organizations offering training programs, please let us know at our page's messenger. Your information could help other young people find great opportunities!

Thank you for your patience and understanding as we work to make JumpStudy.org the most helpful and reliable resource for educational opportunities in Thailand. 💙

Visit us: JumpStudy.org

အားလုံး မင်္ဂလာပါ 👋ထိုင်းနိုင်ငံမှာ ပညာရေး နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်း အစီအစဉ်များ သင်ယူတက်ရောက်ချင်တဲ့ လူငယ်...
22/10/2025

အားလုံး မင်္ဂလာပါ 👋

ထိုင်းနိုင်ငံမှာ ပညာရေး နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်း အစီအစဉ်များ သင်ယူတက်ရောက်ချင်တဲ့ လူငယ်တွေအတွက် အသုံးဝင်မယ့် အရာတစ်ခုကို မျှဝေချင်ပါတယ်။

"JumpStudy.org" Website မှ ကြိုဆိုပါတယ်...

"ကြုံတွေ့နေရတဲ့ အခက်အခဲများ":

ကျွန်တော်တို့အနေနဲ့ လူငယ်တွေရဲ့ အသံတွေကို နားထောင်ကြည့်တဲ့အခါမှာ ယခုလို စိုးရိမ်ပူပန်မှုတွေကို အမြဲကြားနေရပါတယ် -
• "သင်တန်းတွေ၊ အဖွဲ့အစည်းတွေအကြောင်း စုံစမ်းရာမှာ အချိန်တွေ အများကြီးကုန်တယ် - အသိမိတ်ဆွေတွေမှတစ်ဆင့် အများကြီး ဖုန်းခေါ်ရတယ်၊ Facebook စာမျက်နှာတွေ အများကြီး လေ့လာရတယ်၊ website တွေ တစ်ခုချင်းစီ ဝင်ကြည့်ရတယ်"
• "ကောင်းတဲ့ အစီအစဉ်တွေ သိတော့ လျှောက်လွှာ ပိတ်သွားပြီ"
• "စွမ်းရည်အသစ်တွေ သင်ယူချင်တယ်၊ သင်တန်းတက်ချင်တယ်၊ ဒါပေမယ့် ဘယ်ကစရမလဲ မသိဘူး"
အချက်အလက်တွေက social media ပလက်ဖောင်းတွေမှာ ပျံ့ကြဲနေလို့ ရှာဖွေရတာ အချိန်များစွာပေးရတာတွေ၊ စိတ်ရော ကိုယ်ရော အားစိုက်မှုတွေ အများကြီးလုပ်နေရပါတယ်။

"ကျွန်တော်တို့ရဲ့ ဖြေရှင်းချက်":

ဒီအခက်အခဲတွေကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းချင်လို့ ကျွန်တော်တို့အနေနဲ့ JumpStudy.org ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက ပညာရေးအခွင့်အလမ်းတွေအတွက် ရှာဖွေရေးကိရိယာတစ်ခုလို့ တွေးကြည့်ပါ - အသက်မွေးဝမ်းကြောင်းသင်တန်းတွေ၊ ဘာသာစကားသင်တန်းတွေ၊ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်တွေကို တစ်နေရာတည်းမှာ စုထားတာပါ။

"ကျွန်တော်တို့ Website မှ ဘာတွေ ကူညီပေးသလဲဆိုတော့":

✓ အချိန်သက်သာစေခြင်း - Facebook စာမျက်နှာတွေ၊ website တွေ၊ ဖုန်းခေါ်တာတွေနဲ့ ခုန်ပြေးနေစရာ မလိုတော့ဘူး။ သင်တန်းအားလုံးကို တစ်နေရာတည်းမှာ မိနစ်ပိုင်းအတွင်း ရှာပြီး နှိုင်းယှဉ်လို့ရပါတယ်။

✓ အချက်အလက် စုံလင်ပြီး စံပုံစံ တစ်သမတ်တည်းရှိခြင်း - လိုအပ်တာတွေ လွယ်လွယ်ကူကူ ရှာနိုင်အောင် အရာအားလုံးကို စံပုံစံတစ်ခုတည်းနဲ့ စီစဉ်ပေးထားတယ် - အချိန်ဇယား၊ လိုအပ်ချက်တွေ၊ လျှောက်ထားရမယ့်လုပ်ငန်းစဉ်တွေ၊ ကုန်ကျစရိတ်၊ ပြီးတော့ အဖွဲ့အစည်းရဲ့ ဆက်သွယ်ရမယ့်အသေးစိတ်အချက်အလက်တွေ - ဖုန်းနံပါတ်၊ လိပ်စာ၊ Facebook နဲ့ website လင့်ခ်တွေ ပါဝင်ပါတယ်။

✓ အခွင့်အလမ်းတွေ လက်လွတ်မခံရတော့ဘူး - သင်တန်းအချက်အလက်တွေနဲ့ လျှောက်ထားရမယ့်နောက်ဆုံးရက်တွေကို ရှင်းရှင်းလင်းလင်း ပြပေးထားလို့ ကြိုတင်စီစဉ်ပြီး အချိန်မီ လျှောက်ထားနိုင်ပါတယ်။

✓ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ - ကျွန်တော်တို့ရဲ့ အချက်အလက်တွေက ယုံကြည်စိတ်ချရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင် Website မှာပါဝင်တဲ့ အဖွဲ့အစည်းတွေ အများစုဆီ သွားပြီး လူတွေ့ စကားပြောကာ အချက်အလက်အားလုံးကို အတည်ပြုထားလို့ ဖြစ်ပါတယ်။

✓ ရှာရတာ လွယ်ကူပြီး စစ်ထုတ်လို့ရတယ် - တည်နေရာ၊ အမျိုးအစား၊ အခမဲ့လား အခကြေးငွေရှိလား၊ စတင်မယ့်ရက် - သင့်အတွက် အရေးကြီးတာတွေနဲ့ သင်တန်းတွေ ရှာနိုင်တယ်။

✓ အင်္ဂလိပ်နဲ့ မြန်မာလို ရရှိနိုင်တယ် - သင်အဆင်ပြေသလို အချိန်မရွေး ဘာသာစကား ပြောင်းလဲနိုင်ပါတယ်။ အခြား ဘာသာစကားတွေကိုလည်း ထပ်မံထည့်နိုင်အောင် ကြိုးစားလျက်ရှိနေပါတယ်။

✓ Open-source ဖြစ်တယ် - အသုံးပြုသူများအနေဖြင့် ကုန်ကျစရိတ် လုံးဝပေးစရာမလိုပဲ အသုံးပြုနိုင်ပါတယ်။

✓ သုံးရတာ လွယ်ကူတယ် - ဖုန်းနှင့်သုံးသည်ဖြစ်စေ ကွန်ပြူတာနှင့် သုံးသည်ဖြစ်စေ ရိုးရှင်းပြီး လွယ်ကူအောင် ဒီဇိုင်းလုပ်ပေးထားတယ်။

"လက်ရှိ သင်တန်းများအခြေနေ:"

အခုလောလောဆယ် ကျွန်တော်တို့ရဲ့ သင်တန်းအများစုမှာ မဲဆောက်က ဖြစ်ပါတယ်။ ဒါပေမယ့် ချင်းမိုင်နဲ့ ဘန်ကောက်တို့မှာ ရှိတဲ့ သင်တန်းတွေ ပိုပြီးပါဝင်နိုငအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ လူငယ်အတွက်လိုအပ်တဲ့ သင်တန်းများကို ပိုမို၍ များပြားစုံလင်စွာ တင်ပေးနိုင်ရန် တစ်ဆင့်ချင်း ကြိုးစားလျက်ရှိနေပါသည်။

"ကျွန်တော်တို့အဖွဲ့အကြောင်း":

ကိုမျိုး နှင့် ပီတာ သည် ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ပူးပေါင်းပြီး ဒီ web app ကို တီထွင်ပြီး အသက်မွေးဝမ်းကြောင်းသင်တန်းများ၊ ဘာသာစကားသင်တန်းတွေ၊ စွမ်းရည်မြှင့်တင်ရေးအခွင့်အလမ်းတွေကို ရှာဖွေဖို့၊ စစ်ထုတ်ဖို့၊ နှိုင်းယှဉ်ဖို့ အသုံးပြုသူများအတွက် အသုံးပြုရလွယ်ကူတဲ့ ပလက်ဖောင်းတစ်ခု ဖန်တီးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှုက လူငယ်တွေကို ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်လုပ်ဆောင်ပြီး သင်တန်းအစီအစဉ်များကို ပိုမိုလက်လှမ်းမီစေဖို့ ဖြစ်ပါတယ်။ အချက်အလက်တွေကို ပိုမို update ဖြစ်အောင်နဲ့ အစီအစဉ်တွေရဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့ လူငယ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ရှိပြီး Nant Sha နဲ့ Jelly Htoo တို့က အဓိက ပါဝင်ဆောင်ရွက်လျက် ရှိနေပါတယ်။ လူငယ်ကိုယ်စားလှယ်များ အနေနဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကာ အချက်အလက်တွေ အတည်ပြုဖို့ ထပ်မံဖြည့်စွက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်နေကြပါတယ်။

"ဆက်လက်လုပ်ဆောင်သွားမည့် အရာများ":

JumpStudy.org ကို အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေရန် အားစိုက်လုပ်ဆောင်နေပါတယ်။
• ထိုင်းနိုင်ငံရှိ အခြားမြို့အသီးသီးမှ သင်တန်းတွေကို ထပ်မံဖြည့်သွင်းသွားခြင်း
• ပိုမိုကောင်းမွန်ပြီး အသုံးပြုရပိုလွယ်ကူအောင် website စနစ်ကို အဆင့်မြှင့်တင်ခြင်း
• သင့်ရဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး feature တွေ မြှင့်တင်ခြင်း

"အသုံးပြုပုံ":

၁။ jumpStudy.org ကို ဖုန်းဖြစ်ဖြစ် ကွန်ပြူတာဖြစ်ဖြစ် မှတစ်ဆင့် Chrome သို့မဟုတ် Google ၌ ဝင်ပါ
၂။ စိတ်ဝင်စားတာကို ရှာပါ (ဥပမာ - "ထိုင်းစာသင်တန်း"၊ "အလှပြင်သင်တန်း"၊ "IT သင်တန်း" ဒါမှမဟုတ် "ချက်ပြုတ်သင်တန်း")
၃။ လိုချင်တဲ့အရာကို အတိအကျ ရှာဖို့ ကျွန်တော်တို့ရဲ့ filter တွေ သုံးပါ (Search bar, sort by, badge filter)
၄။ အဖွဲ့အစည်းရဲ့ ဆက်သွယ်ရမယ့်အချက်အလက်တွေနဲ့ social media လင့်ခ်တွေ အပါအဝင် သင်တန်းအသေးစိတ် ကြည့်ဖို့ "ပိုမိုလေ့လာရန်" ခလုတ်ကို နှိပ်ပါ
၅။ ကြိုက်နှစ်သက်တာ တွေ့ရင် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်

ထပ်မံ ထည့်သွင်းသင့်တဲ့ (သို့မဟုတ်) ထည့်သွင်းလိုတဲ့ အစီအစဉ်တွေ သိရင်၊ ဒါမှမဟုတ် ကျွန်တော်တို့အတွက် အကြံပြုချက်တွေ ရှိရင် "[email protected]" မှာ ဆက်သွယ်ပြောဆိပေးဖို့ ဖိတ်ခေါ်ပါတယ်။

"ဝင်ရောက်လေ့လာရန်": jumpStudy.org

💙 *အသိမိတ်ဆွေများကို ယခု Website က အသုံးဝင်မယ်လို့ ထင်ရင် သူတို့နဲ့ မျှဝေပေးပါဦးနော်။ အချိန်ကုန်စရာမလိုတော့ဘဲ မှန်ကန်တဲ့အခွင့်အလမ်းတွေ မြန်မြန်ဆန်ဆန် နဲ့ လွယ်လွယ်ကူကူ ရှာတွေ့ဖို့ တစ်ယောက်ကို တစ်ယောက် ကူညီကြရအောင်ပါ။ အတူတကွ ပိုကောင်းတဲ့အနာဂတ်တွေ တည်ဆောက်ကြရအောင်နော်။*

အချိန်ပေးမှုနဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်! 🙏✨

Hello everyone! 👋We're excited to share something new with you that we hope will be helpful for young people looking for...
22/10/2025

Hello everyone! 👋

We're excited to share something new with you that we hope will be helpful for young people looking for educational opportunities in Thailand.

"Welcome to JumpStudy.org"

"The challenges:"

We've been listening to many of youth, and we kept hearing similar concerns:
• "I spend so much time researching organizations and courses - calling different places, checking multiple pages, visiting websites one by one"
• "By the time I find out about a good program, the application deadline has already passed"
• "I really want to learn new skills or enroll in a course, but I'm not sure where to start"

We understand that information is spread across so many social media platforms, making it time-consuming and frustrating to find.

"Our Solution:"

That's what inspired us to create "JumpStudy.org". Think of it as a friendly search tool for educational opportunities in Thailand - bringing together vocational training, language courses, and skill development programs all in one convenient place.

"What makes us different:"

✓ "Saves you time" - No more jumping between pages, websites, and phone calls. Search and compare all courses in one place within minutes.

✓ "Complete and consistent information" - We've organized everything in a standard format so you can easily find what you need: schedules, requirements, application processes, costs, and the organization's contact details including phone numbers, addresses, Facebook, and website links.

✓ "Never miss an opportunity" - All course information and deadlines are clearly displayed, so you can plan ahead and apply on time.

✓ "Reliable information" - Our data is trustworthy because we personally visit and communicate with organizations in person to verify all information.

✓ "Easy to search and filter" - Find courses by location, type, whether they're free or paid, start dates - whatever matters most to you.

✓ "Available in English and Myanmar" - Switch between languages anytime for your convenience. More languages will be added in the future.

✓ "Open-source" - No cost and accessible to everyone.

✓ "User-friendly" - Designed to be simple and intuitive whether you're using a phone or computer.

"Current Coverage:"

Right now, most of our courses are from Mae Sot, but we're actively working to expand our coverage to Chiang Mai and Bangkok. We're growing step by step to serve more communities!

"About Our Team:"

Ko Myo teamed up with Peter in early 2025 to develop this web app and create a centralized, user-friendly platform to search, filter, and compare vocational training programs, language courses, and skill development opportunities. Our approach is to work directly with organizations that support youth to make the discovery process more accessible, transparent, and user-centered.

To keep information updated and gather details about more programs, we have a dedicated youth advocate team - Nant Sha and Jelly Htoo are fully committed members who work tirelessly to connect with organizations and verify information.

"What's Next:"

We're continuously working to improve JumpStudy.org for users:
• Adding more courses from different cities across Thailand
• Introducing additional languages to serve more communities
• Upgrading the website system to make it even better and easier to use
• Enhancing features based on your feedback

"How to get started:"

1. Visit "JumpStudy.org" on your phone or computer's google or chrome
2. Search for what interests you (like "Thai language course," "beauty training," "IT course," or "cooking training")
3. Use our filters to find exactly what you're looking for (Search bar, sort by, badge filter)
4. Click on any course to see full details including the organization's contact information and social media links
5. When you find something you like, you can apply directly

If you know of any programs that should be included, or if you have suggestions for us, we'd love to hear from you at "[email protected]"

"Check it out:" jumpStudy.org

💙 *If you think this might be helpful to someone you know, we'd really appreciate it if you could share it with them. Let's help each other save time and find the right opportunities. Together, we can build better futures.*

Thank you so much for your time and support! 🙏✨

ที่อยู่

Ban Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ JumpStudyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์