31/07/2026
ဆောက်လုပ်ရေးဝန်းကျင်မှာ စွမ်းအင်ထိရောက်စွာ သုံးစွဲမှုနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ အတတ်ပညာတွေကို သင်ယူနိုင်မယ့် မာစတာဘွဲ့
ဒီ Master of Energy Efficient and Sustainable Building (Top-up) ဘွဲ့က
🎓 ဩစတြေးလျရဲ့ နာမည်ကြီး RMIT University က တိုက်ရိုက်ပေးအပ်ပြီး ကမ္ဘာ့အဆင့် အသိအမှတ်ပြုထားတဲ့ ဘွဲ့
🎓 ဘွဲ့ရအလုပ်အကိုင်ရရှိမှုနှုန်း ၈၁% ရှိတဲ့ စင်္ကာပူက SIM GE မှာပဲ အဆင်ပြေပြေ တက်ရောက်နိုင်မယ့် ဘွဲ့
🎓 ဘွဲ့ရပြီးရင် Sustainability Consultant, Energy Auditor, Green Building Project Manager နဲ့ Environmental Engineer အဖြစ် အသက်မွေးနိုင်မယ့်ဘွဲ့
ဒီဘွဲ့က ဘယ်လိုစွမ်းရည်တွေကို ဖြည့်ပေးမှာလဲဆိုရင်
📌 တည်ဆောက်ပြီးသား ပတ်ဝန်းကျင်မှာ ရေရှည်အကျိုးရှိတဲ့ ရလဒ်တွေ ဖန်တီးနိုင်ဖို့ အသစ်တည်ဆောက်မယ့် ဒါမှမဟုတ် ပြန်လည်မွမ်းမံမယ့် အဆောက်အအုံတွေအတွက် ဒီဇိုင်းရေးဆွဲအဖြေရှာနိုင်စွမ်း
📌 စမတ်ကျပြီး ရေရှည်အကျိုးရှိတဲ့အပြင် သက်သောင့်သက်သာရှိမှု၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာမှုအပြည့်ပေးစွမ်းနိုင်တဲ့ အဆောက်အအုံဒီဇိုင်း ဖန်တီးခြင်းတွေနဲ့
📌 စွမ်းအင်သုံးစွဲမှုကို လျှော့ချလို့ ကုန်ကျစရိတ်တွေကို ချွေတာနိုင်ဖို့ ပိုကောင်းမွန်တဲ့ အပူထိန်း/လျော့ပစ္စည်းတွေ၊ ထိရောက်တဲ့ လေဝင်လေထွက်နဲ့ လေအေးပေးစနစ်၊ အလင်းရောင်ရယူမှုနဲ့ အလိုအလျောက်လုပ်ဆောင်မှု စတဲ့ ရေရှည်အကျိုးရှိစနစ်တွေအသုံးချ မဟာဗျူဟာ
ပညာသင်ကာလ (၁) နှစ်အတွင်း ပြီးမြောက်နိုင်တဲ့ ဒီကမ္ဘာ့အဆင့် Master of Energy Efficient and Sustainable Building (Top-up) ကို ယူဖို့အတွက်
📲 095085373 ( Viber ) နဲ့ 💬 m.me/simgemyanmar မှာ အသေးစိတ် မေးမြန်းတိုင်ပင်နိုင်ပါတယ်။
*Based on Skills and Workforce Development Agency (SWDA) Survey 2024/2025 released by SkillsFuture Singapore (SSG) (https://bit.ly/PEIGES24-25).
28/07/2026
စင်္ကာပူက SIM GE မှာတင် ပညာသင်လိုက်ရုံပါပဲ 🎓
အိုင်တီနယ်ပယ်ထဲ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်အောင် အဆင်ပြေသင့်တော်တဲ့ ပညာရေးလမ်းကြောင်းတစ်ခုကို SIM GE က ရေးဆွဲပေးထားပါပြီ။
✅ အိုင်တီပညာရပ်တွေရဲ့ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ ချပေးမယ့် လမ်းကြောင်း SIM Foundation Programmes
✅ အချိန် ၁၂ လအတွင်း ကျွမ်းကျင်မှုအပြည့်နဲ့ လုပ်ငန်းခွင်ဝင်ဖို့ရော နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တွေ ဆက်ယူဖို့ပါ အသင့်ဖြစ်စေမယ့် လမ်းကြောင်း SIM Diploma Programme
✅ UK, US, Australia နိုင်ငံတွေက QS World University Rankings ထိပ်တန်းစာရင်းဝင် တက္ကသိုလ်ကြီးတွေရဲ့ အိုင်တီဘွဲ့ကို တိုက်ရိုက်ရယူနိုင်မယ့် အခွင့်အရေးနဲ့
✅ အိုင်တီပညာရေးခရီးလမ်းကို မြှင့်တင်ဖို့ နိုင်ငံတကာအသိအမှတ်ပြု မာစတာဘွဲ့တွေ
ရှုပ်ထွေးတဲ့ ပညာရေးလမ်းကြောင်းတွေကြားမှာ အချိန်ကုန်မခံလိုက်ပါနဲ့။
ဒီလိုတစ်ဆင့်ချင်း တက်လှမ်းသွားလိုက်တာနဲ့ ကမ္ဘာ့အဆင့် အိုင်တီဘွဲ့ရ အလွယ်တကူ ဖြစ်နိုင်ပြီမို့ ကိုယ်နဲ့အကိုက်ညီဆုံး အိုင်တီပညာရေးလမ်းကြောင်းကို ရွေးချယ်ချင်တယ်ဆိုရင်
📲 09 5085373 (Viber)
💬 https://m.me/simgemyanmar
*အခြား ရွေးချယ်စရာ IT programme တွေအတွက် ကောမန့်က လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
26/07/2026
Digital Systems Security နဲ့ Cyber Security က တူတူပဲလား 🤔
နည်းပညာနယ်ထဲ စတင်ဝင်ရောက်ချင်တဲ့ ကျောင်းသားတိုင်း ဝေခွဲမရဖြစ်တတ်တဲ့ ပညာရပ် ၂ ခုပါပဲ။
ဒီဘာသာရပ် ၂ ခုက နည်းပညာနယ်ပယ်အတွက် အရေးကြီးတဲ့ လုံခြုံရေးနယ်ပယ်ဆိုင်ရာ ပညာရပ်တွေဖြစ်ပေမဲ့ လေ့လာရတဲ့ ရှုထောင့်ချင်းကတော့ မတူညီပါဘူး 🧐
ဒါကြောင့် ကျောင်းသားတွေအနေနဲ့ ဘာသာရပ်ရွေးချယ်ရာမှာ ပိုရှင်းလင်းစေဖို့ Digital Systems Security နဲ့ Cyber Security ရဲ့ ကွာခြားချက်တွေကို တစ်ပုံချင်းမှာ ထောက်ကြည့်လိုက်ပါဦး 👇
SIM မှာ တက်ရောက်နိုင်တဲ့ ဒီနယ်ပယ်တွေအတွက် နည်းပညာဘွဲ့တွေကတော့
🎓 University of Wollongong ရဲ့ Bachelor of Computer Science (Digital Systems Security)
🎓 University of Wollongong ရဲ့ Bachelor of Computer Science (Cyber Security)
ကိုယ်နဲ့ ကိုက်ညီတဲ့ ကမ္ဘာ့အဆင့် အိုင်တီပညာရေးလမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ SIM GE ရဲ့ ပညာရေးအကြံပေးတွေနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
📲 09 5085373 (Viber)
💬 https://m.me/simgemyanmar
25/07/2026
စာရင်းပေးသွင်းပြီးပြီဟုတ် .... နေ့လယ် ၁ နာရီမှာ ဆုံကြမယ် 😉
နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီတွေကို စင်ကာပူမှာတင် ရယူနိုင်မယ့် အခွင့်အရေးကြီးက စောင့်ကြိုနေပါပြီ။
စာရင်းမပေးသွင်းရသေးတဲ့သူတွေရှိရင်လည်း ဒီပို့စ်ကို မြင်တာနဲ့ ကောမန့်က လင့်ခ်ထဲ ဝင်ပြီး မြန်မြန်လေး register လုပ်လိုက်နော်။ Novotel Yangon Max (Eureka Room, ၄လွှာ) မှာ အားလုံးအတူတွေ့ကြရအောင် ✨
23/07/2026
SIM ပညာရေးဆွေးနွေးပွဲကို တက်ဖို့အသင့်ဖြစ်နေပြီလား ✌️
SIM ကိုယ်စားလှယ်နဲ့ ကျောင်းသားဟောင်းတွေက ပညာရေးအခွင့်အလမ်းတွေ၊ ကျောင်းသားဘဝကိုယ့်တွေ့ အတွေ့အကြုံတွေ ဆွေးနွေးမျှဝေတာကိုကိုယ်တိုင်ကိုယ်ကျ လာရောက်နားထောင်နိုင်ဖို့ (၃)ရက်ပဲလိုတော့တယ်နော်။
‘Register Now” ကို နှိပ်ပြီး ပွဲအသေးစိတ်ကို လေ့လာနိုင်ပါတယ်။ နေရာအများကြီးမကျန်တော့တာမို့ တစ်နေရာစာ စိတ်ချရအောင်အမြန်စာရင်းသွင်းထားလိုက်ပါဦး။
cloud.email.sim.edu.sg
နာရီပိုင်းအချိန်ပေးရုံနဲ့ ကမ္ဘာ့အဆင့်မီ ပညာရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်စေမယ့်ပွဲ ✨
22/07/2026
နည်းပညာနဲ့ စီးပွားရေးပညာရပ် နှစ်ခုလုံးကို သင်ယူဖို့ စိတ်ဝင်စားတာလား 👩🎓
IT နဲ့ Business ပညာရပ် ၂ ခုကို ပေါင်းစပ်သင်ယူနိုင်မယ့် Bachelor of Business Information Systems နဲ့ဆို ကွက်တိပဲပေါ့။
🎓 QS World University Rankings 2026 အရ ဩစတြေးလျနိုင်ငံအဆင့် (၁၃) ရရှိထားတဲ့ University of Wollongong က တိုက်ရိုက်ချီးမြှင့်မယ့် ဘွဲ့
🎓 စီးပွားရေးလုပ်ငန်းတွေရဲ့ ဖွဲ့စည်းပုံ၊ လူမှုရေးနဲ့ အချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်တွေကို နားလည်စေမယ့် ဘွဲ့
🎓 အချက်အလက်စနစ်တွေကို ဆန်းစစ်ခြင်း၊ ဒီဇိုင်းဆွဲခြင်းနဲ့ အကောင်အထည်ဖော်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားရမယ့် ဘွဲ့
🎓 မတူညီတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေမှာ အချက်အလက်စနစ်တွေကို စီမံခန့်ခွဲရာမှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေကို နားလည်ပြီး အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်စေမယ့် ဘွဲ့
🎓ကမ္ဘာ့အဆင့်ဘွဲ့ရော၊ လုပ်ငန်းခွင်ထိတွေ့မှုပါ ရရှိစေမယ့်ဘွဲ့
ပညာသင်ကာလ ၃ နှစ်ပဲ ကြာမြင့်မယ့် ဒီဘွဲ့ကို စင်္ကာပူက SIM GE မှာတင် နီးနီးနားနား တက်ရောက်နိုင်ပြီမို့ အသေးစိတ် မေးမြန်းချင်တယ်ဆိုရင်
📲 09 5085373 (Viber)
💬 m.me/simgemyanmar
18/07/2026
နည်းပညာနယ်ပယ်မှာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို နောက်တစ်ဆင့် မြှင့်တင်ချင်လား ✨🎓
ကဲ... နည်းပညာလောကရဲ့ သင်ယူမှုခရီးလမ်းမှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် ဘွဲ့ဒီဂရီက ဘာဖြစ်မလဲဆိုတာ သိရဖို့ တစ်ပုံချင်းစီ နှိပ်ပြီး ကြည့်လိုက်ပါဦး။
✅ စာသင်နှစ် နှစ်(၆၀) အတွေ့အကြုံနဲ့ ဘွဲ့ရအလုပ်အကိုင်ရရှိမှုနှုန်း ၈၁% * ရှိတဲ့ SIM မှာ သင်ယူနိုင်မယ်။
✅ အဘက်ဘက်က တိုးတက်နေတဲ့ စင်္ကာပူနိုင်ငံမှာပဲ အဆင်ပြေပြေ သင်ယူနိုင်မယ်
✅ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့မို့ ဘွဲ့ရပြီးတာနဲ့ အခွင့်အလမ်းကောင်းတွေကို ဖမ်းဆုပ်နိုင်မယ်
ဒီလိုအခွင့်အရေးမျိုးကို SIM နဲ့ Cardiff University တို့ လက်တွဲပြီး ပေးအပ်နေပြီး လက်လွှတ်မခံချင်ဘူးဆိုရင်
📲 09 5085373 (Viber)
💬 m.me/simgemyanmar
*Based on Skills and Workforce Development Agency (SWDA) Survey 2024/2025 released by SkillsFuture Singapore (SSG) (https://bit.ly/PEIGES24-25).
15/07/2026
စင်္ကာပူမှာ ကျောင်းတက်ဖို့ ပညာရေးအခွင့်အလမ်းတွေကို ကိုယ်တိုင်တက်ရောက် နားထောင်နိုင်မယ့်ပွဲ 🇸🇬🎉
ဒီပွဲမှာဆိုရင် SIM ကိုယ်စားလှယ်နဲ့ အထူးဖိတ်ကြားထားတဲ့ ပညာသင်ဆုရကျောင်းသား၊ ကျောင်းသားဟောင်းတွေက
✨ ပညာရေးလမ်းကြောင်းနဲ့ အခွင့်အလမ်းတွေ
✨ ပညာသင်ဆု လျှောက်ထားနည်းနဲ့ စင်္ကာပူကျောင်းသားဘဝ ဖြတ်သန်းမှုအကြောင်းတွေ
✨ ဘွဲ့ရပြီးနောက်ပိုင်း ဘဝဖြတ်သန်းမှုနဲ့ သက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင်တက်ရောက်လာသူတွေအတွက် လက်ဆောင်ပစ္စည်းတွေအပြင် အခြားစိတ်လှုပ်ရှားဖွယ်အစီအစဥ်တွေလည်း ထည့်ထားသေးတာနော် 😉
နေရာအကန့်အသတ်ရှိတာမို့ အထူးအခွင့်အရေးတွေကို လက်မလွတ်ရအောင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
14/07/2026
သင်က ဒီထဲက တစ်ယောက်ဆိုရင်တော့ SIM ပညာရေး ဆွေးနွေးပွဲကြီးကို အရောက်လာခဲ့ဖို့ လိုပြီနော် 👌
✅ စင်္ကာပူမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား၊ ကျောင်းသူ
✅ Bond-Free ပညာသင်ဆုနဲ့ Diploma, Bachelor အတန်း တက်ရောက်လိုသူ
✅ စင်္ကာပူဒေါ်လာ ၅၁၀၀၀ အထိ ပေးမယ့် SIM STARRR Awards အကြောင်း အသေးစိတ် သိလိုသူ
✅ ကမ္ဘာ့အဆင့်မီ ပညာရေးလမ်းကြောင်းကို စနစ်တကျ ရွေးချယ်ပေးချင်တဲ့ မိဘ
✅ ဘွဲ့ရပြီးနောက်ပိုင်း အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းကို လျှောက်လှမ်းချင်တဲ့သူ
✅ အသက်အရွယ်၊ အချိန်အခါမရွေး စတင်နိုင်တဲ့ ပညာရေးလမ်းကြောင်းကို ရွေးချယ်ချင်တဲ့သူ
SIM ကိုယ်စားလှယ်နဲ့ ကျောင်းသားဟောင်းတွေက ပညာရေးအခွင့်အလမ်းတွေ၊ ကျောင်းသားဘဝ အတွေ့အကြုံတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တက်ရောက်လာသူတွေအတွက်
🎁 ကျောင်းလျှောက်ကြေးကင်းလွတ်ခွင့် x (၃) ဆု
🎁 SIM Tote Bag နှင့် လက်ဆောင်ပစ္စည်းတွေနဲ့
🎁 ကံစမ်းမဲ အစီအစဉ်တွေပါ ထည့်သွင်းပေးထားသေးတယ်နော်။
ကိုယ်သိချင်တဲ့ မေးခွန်းတွေရဲ့ အဖြေကို တစ်နေရာတည်းမှာ သိခွင့်ရမယ့် ပွဲကြီးမို့ နေရာမပြည့်ခင် အခုပဲ စာရင်းသွင်းလိုက်ပါ။
13/07/2026
နာရီပိုင်းအချိန်ပေးရုံနဲ့ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီဆီ စတင်လျှောက်လှမ်းနိုင်စေမယ့်ပွဲ ✨
ကျောင်းသား၊ ကျောင်းသူတွေနဲ့ အုပ်ထိန်းသူမိဘတွေ စောင့်မျှော်နေကြတဲ့ SIM ပညာရေး ဆွေးနွေးပွဲကြီးကို -
📆 ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် (စနေနေ့)
🕔 မွန်းလွဲ ၁:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ
🏨 Novotel Yangon Max (Eureka Room, 4th Floor) မှာ
SIM ကိုယ်စားလှယ်၊ ကျောင်းသားဟောင်းတွေနဲ့ ပညာသင်ဆုရမြန်မာကျောင်းသားက ပုံဖော်ပြပါအချက်တွေကို အသေးစိတ်
ဆွေးနွေးပေးသွားမယ့်အပြင်၊ သိလိုရာမေးခွန်းတွေကိုလည်း ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
🚨 လူဦးရေ ကန့်သတ်ထားလို့ ဆွေးနွေးပွဲ မတက်လိုက်ရဘူး မဖြစ်အောင် အခုပဲ ကောမန့်က လင့်ခ်မှာ စာရင်းသွင်းလိုက်တော့နော်။