Nyo's Library

Nyo's Library

Share

Learn More. Earn More. Live More.

03/06/2026

✅နာကျင်စရာတွေကို ရှောင်ပြေးချင်လို့ဆိုတဲ့
Pain ရယ်
✅ပျော်ရွှင်စရာတွေကို ပိုင်ဆိုင်ချင်လို့ဆိုတဲ့
Pleasure ရယ်

ဒီအကြောင်းပြချက် ၂ ချက်က
လုပ်ရပ်တွေကို ပိုပြီးပီပြင်ခိုင်မာစေတယ်...

ဒိလိုဘဝမျိုး မလိုချင်ဘူး ဆိုတဲ့သူက
ဒီလို ဘဝမျိုးကို ရှောင်ရှားဖို့ ပိုပြီးအာရုံစိုက်တယ် ...

အခက်အခဲလေး နည်းနည်းကြုံတာနဲ့
ရှောင်ပြေးချင်နေသေးရင် သေချာတယ်
ဒါ "ဘာကြောင့်" ဒါကိုလုပ်ဆောင်နေသလဲဆိုတဲ့
WHY မသိသေးလို့ပဲ...

ကိုယ့်ရဲ့နာကျင်စရာတွေကို
အောင်မြင်မှုကို တက်လှမ်းဖို့ အားအင်လက်နက်အဖြစ်
အသုံးချတတ်ဖို့ လိုပါတယ်...

တစ်ခုခုကို ရယူဖို့ ကြိုးစားတဲ့ခါ
"ဘာကြောင့် ဒါကို မရလို့မဖြစ်တာလဲ" ဆိုတဲ့
အကြောင်းရင်းကို ရှာပါ ၊ မေးပါ...

လက်လျော့လိုက်တော့မယ်လို့
စဉ်းစားတိုင်း " ငါ ဒါကြောင့် မရလို့ မဖြစ်တာ"
ဆိုတဲ့အချက်ကို ခဏ ခဏ ပြန်ပြောပေးပါ...

WHY ကြီးလေ ကျမတို့လုပ်ရပ်က
ပိုခိုင်မာတိကျလေပါပဲ...


25/05/2026

အကောင်းဆုံးလက်စားခြေခြင်းဆိုတာ
အောင်မြင်အောင်လုပ်ပြခြင်းပဲ ...

ကိုယ့်ကို ဝေဖန်သူတွေ ရှိနေရင်
နှိမ်ချသူတွေရှိနေရင်
အဖက်မလုပ်သူတွေရှိနေရင်

ဒါကို ကြိုးစားဖို့ အကောင်းဆုံး
တွန်းအားတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ပါ...

အကောင်းဆုံးလက်စားခြေခြင်းဆိုတာ
သူတို့ လစ်လျူရှုလို့မရအောင်
အောင်မြင်ပြလိုက်ခြင်းပါပဲ...



24/05/2026

Content လုပ်ရတာ
မာရသွန်ပြေးရသလိုပဲ
မြန်မြန်ပြေးဖို့ထက်
ကြာကြာ၊ ဝေးဝေး ပြေးနိုင်ဖို့လိုတယ်...

တစ်ရက် တမနက်နဲ့ ပြီးသွားတဲ့အမျိုးမဟုတ်တော့
နေ့စဉ် လုပ်နိုင်ဖို့ ဘယ်လိုဆိုရင် လုပ်နိုင်မလဲဆိုတာ
စနစ် လုပ်ထားရတယ်...

တစ်လစာ Video content ကို
တစ်လမှာ ၃ ရက်လောက်ပဲ အချိန်ပေးပြိးရိုက်တယ်...

ဒါဆို ၃ရက်ပဲ အချိန်ကုန်တယ်
၂၇ ရက်က ကြိုက်တာလုပ်လို့ရတယ်...
အချိန်ပိုတွေ အများကြီးထွက်လာစေတယ်...

အလုပ်ပြီးဖို့ အချိန်ပြည့်လုပ်နေစရာမလိုပါဘူး
ဘယ်အချိန်မှာ ဘာကို အဓိက ပြီးအောင်လုပ်မယ်လို့
စနစ်ချ၊ ပလန်ချပြီးလုပ်တတ်ဖို့ပဲလိုပါတယ်...



22/05/2026

အပြင်ပန်း လှပမှုထက်
အတွင်းအားကို တည်ဆောက်ပါ...

စံထားရတဲ့သူတွေရဲ့ ပို့စ်တွေကို
ရှေ့နောက်ဖတ်ရင်း ညို အတွေးတစ်ခုဝင်လာတယ်...

တစ်ယောက်ရဲ့ ဗီဒီယို content လေးကိုကြည့်ပြီး
"ကင်မရာကောင်းကောင်းဝယ်မယ်၊ background လှလှလေးပြင်မယ်၊ အဝတ်အစားလေး လှလှလေးဝတ်ပြီး ရိုက်မယ်" လို့ ချက်ချင်းစိတ်ကူးယဉ်မိတယ်... သူ့လို ကြည့်ကောင်းချင်တာကိုး...

ဒါပေမဲ့ နောက်တစ်ယောက်ရဲ့ ပို့စ်က
ညို့ကို ချက်ချင်း အသိတရားဝင်သွားစေတယ်...
သူရေးထားတာက "ရှပ်အဖြူဝတ်ထားတဲ့သူရဲ့
ခန္ဓာကိုယ်ကို အားကျပြီး လိုက်ဝတ်လိုက်ရုံနဲ့
သူ့လို ကြည့်ကောင်းတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး" တဲ့...

တကယ်တော့ အပြင်ပန်း အလှတရားထက်
သူတို့ရဲ့ နောက်ကွယ်က ချွေးထွက်တာတွေ၊
ကြိုးစားအားထုတ်မှုတွေကို
မြင်အောင်ကြည့်တတ်ဖို့ လိုတာပါ...

ခန္ဓာကိုယ်မလှရင် ဘာဝတ်ဝတ် မပီပြင်သလို...

အရည်အချင်းမရှိတဲ့ အခွံသက်သက်
အလှတွေက အချိန်တန်ရင် အလကားပါပဲ...

ဒါကြောင့် အပြင်ပန်း အလှအပတွေနောက်ပဲ
အချိန်ကုန်မနေဘဲ ကိုယ့်ကိုယ်ကို
ထက်မြက်အောင် အမြဲသွေးနေဖို့ လိုပါတယ်...

အရည်အချင်းဆိုတဲ့ အတွင်းအားသာ ပြည့်ဝနေရင်...
လူတော်တွေ၊ ပညာရှင်တွေရဲ့ တန်ဖိုးကို သိတဲ့သူတွေက
ကိုယ့်ဆီကို အလိုလို တန်းစီလာကြမှာပါ...

အပြင်ပန်းကို ရင်းနှီးမြှုပ်နှံတာထက်...
ကိုယ့်ရဲ့ "အရည်အချင်း" ကိုသာ
ရင်းနှီးမြှုပ်နှံလိုက်ပါ...

ဒါဟာ အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပါပဲ...



21/05/2026

"ဒီနေ့ခေတ်မှာ အရင်းအနှီးအကြီးဆုံးက
ပိုက်ဆံ မဟုတ်ဘူး

ကိုယ့်အချိန်နဲ့ အာရုံစူးစိုက်မှုကို
ဘယ်နေရာမှာ အသုံးချမလဲ ဆိုတာဖြစ်တယ်" တဲ့

ဘာကို အာရုံစိုက်သလဲ
အချိန်ဘယ်လောက်ပေးပြီး
လေ့ကျင့်လုပ်ဆောင်သလဲ ပေါ်မူတည်ပြီး
ဘဝတွေ ကွာခြားသွားလိိမ့်မယ် ...

ညိုကတော့
Personal Development
Business Education
Content Marketing
Personal Branding နဲ့
AI နည်းပညာတွေ အပေါ်အချိန်ပေးဖြစ်တယ် ...

သင်တို့ရော ဘယ်နေရာတွေမှာ
အချိန်ပေးဖြစ်လဲ မန့်ခဲ့ပေးနော်...



Send a message to learn more

20/05/2026

စိတ်တိုင်းမကျလို့ မတင်ရသေးဘူး တဲ့
စိတ်တိုင်းကျ ပြည့်စုံတာကို စောင့်နေတာထက်
စိတ်တိုင်းမကျပေမဲ့ တင်လိုက်တာက
လူတွေသိဖို့ အခွင့်အရေးပိုများပါတယ် ...
စိတ်တိုင်းကျတဲ့ ပုံစံဖြစ်လာဖို့မြန်စေပါတယ်...

ဒါကြောင့် ဘာပဲဖြစ်ဖြစ် စတင်ပါ...


18/05/2026

အလုပ်ကို အချိန်ဆွဲထားမိလို့
အပြစ်ရှိသလိုမျိုး ခံစားရဖူးလား ?

ညိုတော့ အရင်က ခဏ ခဏ
ခံစားဖူးတယ် ...

လုပ်ရမှာကိုလဲ သိတယ်
လုပ်သင့်လုပ်ထိုက်မှန်းလဲ သိတယ်
ဒါပေမဲ့ အချိန်ဆွဲရင်း မလုပ်ဖြစ်ဘူး...

ဒီလို မလုပ်ဘဲနေတော့လည်း
စိတ်က အေးအေးဆေးဆေး နားနေရတာမဟုတ်ဘဲ
"ငါတော့ လုပ်သင့်တာတွေကို မလုပ်ဘူး" ဆိုတဲ့
အသိကြီးနဲ့ စိတ်မွန်းကြပ်ပြီး အပြစ်ရှိသလို
ခံစားနေရပြန်တယ် ...

ဒါကို သတိထားကြည့်မိတဲ့အခါမှာ
အချိန်ဆွဲတာဟာ ပျင်းလို့မဟုတ်ဘဲ
အလုပ်တစ်ခုခုအပေါ် စိတ်ထဲမှာ ဖိအားများနေတာ
ဒါမှမဟုတ် ဘယ်ကစလုပ်ရမှန်း မသိလောက်အောင်
အလုပ်က ကြီးမားနေတာကြောင့်ဆိုတာ
သဘောပေါက်လာတယ် ...

ဒါကြောင့် ညို ဒီလို အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုး
(Procrastination) ကို ဘယ်လို ကျော်ဖြတ်ခဲ့လဲဆိုရင် ...

✅အလုပ်တွေကို အပိုင်းအစ သေးသေးလေးတွေ ခွဲပစ်တာ
တစ်ခါတည်း အပြီးလုပ်မယ်လို့ မတွေးဘဲ "၅ မိနစ်လောက်ပဲ
အရင်လုပ်ကြည့်မယ်" ဆိုပြီး စတင်လိုက်တာက
အများကြီး အထောက်အကူပြုတာတွေ့ရတယ် ...

✅ပြီးပြည့်စုံချင်တဲ့စိတ် (Perfectionism) ကို လျှော့ချတာ
Perfect ဖြစ်မှတင်မယ်၊ Perfect ဖြစ်မှ လုပ်မယ်ဆိုတာထက်
"Done is better than perfect" ဆိုတဲ့အတိုင်း
အရင်ဆုံး ပြီးအောင်လုပ်ဖို့ပဲ အာရုံစိုက်လိုက်တယ် ...
ဒါက လုပ်ဖြစ်သွားစေတယ် ...

✅ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ ရပ်လိုက်တာ
အပြစ်ရှိတယ်လို့ ခံစားနေရမယ့်အစား
"အိုကေ ... အခုကစပြီး ပြန်လုပ်ကြတာပေါ့" ဆိုပြီး
လုပ်နိုင်တာလေးက စလုပ်လိုက်တယ် ...

အခုဆိုရင် ညို အလုပ်တွေကို အချိန်မဆွဲတော့ဘဲ
ပေါ့ပေါ့ပါးပါးနဲ့ ပိုပြီး လုပ်လာနိုင်တယ် ...

သင်ရော အခုလက်ရှိ အချိန်ဆွဲထားမိလို့
စိတ်လေးနေတဲ့ အလုပ်တွေရှိနေလား ...

ရှိတယ်ဆိုရင် ဒီ post ကို မြင်မြင်ချင်းပဲ
၅ မိနစ်လောက် အချိန်ပေးပြီး
အခုချက်ချင်း စလုပ်လိုက်ရအောင် ...

အောက်မှာ "စလုပ်ပြီ" လို့ မန့်ခဲ့ပြီး
ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်လိုက်နော်...



16/05/2026

ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်ဖို့
အကောင်းဆုံး အချိန်က ဘယ်အချိန်လဲ?

တချို့က စောင့်နေတတ်ကြတယ်...
"ငွေပိုရှိလာမှ စာအုပ်ဝယ်ဖတ်မယ်"
"အချိန်ပိုရမှ သင်တန်းတက်မယ်"
"အဆင်သင့်ဖြစ်မှ စိန်ခေါ်မှုအသစ်တွေကို လုပ်မယ်"

ဒါပေမဲ့ အမှန်တရားကတော့...
ဘဝမှာ "အဆင်သင့် အဖြစ်ဆုံးအချိန်" ဆိုတာ
ဘယ်တော့မှ ရောက်မလာပါဘူး...

ကိုယ်က စလုပ်လိုက်တဲ့ အချိန်ကသာ
အကောင်းဆုံးအချိန် ဖြစ်သွားတာပါ...

💡 Don't wait for the perfect moment.
Take the moment and make it perfect.




16/05/2026

စီးပွားရေးတစ်ခုမှာ
အရေးကြီးဆုံးက ဖောက်သည်

ဖောက်သည်မရှိဘဲ ရောင်းလို့မရသလို
ဘယ်သူမှ မသိဘဲ ဘယ်လိုမှ မရောင်းရဘူး...

ဒါကြောင့် ထုတ်ကုန် မရှိခင်ထဲက
ဖောက်သည် အရင် ရှာပါ...

Social Media Channel တွေဖွင့်ပါ
ကိုယ်သွားမဲ့လမ်းကြောင်းတစ်ခု သတ်မှတ်ပါ
နေ့စဉ် Post တင်ပြီး စမ်းသပ်ပါ
အလုပ်ဖြစ်တဲ့ content ကိုရှာပါ
အလုပ်ဖြစ်တာကို ထပ်ခါထပ်ခါ လုပ်ပါ
Personal Branding တည်ဆောက်ပါ
Followers တည်ဆောက်ပါ...

ဒီီီီီီီလိုတည်ဆောက်ထားနိုင်ရင်
သေချာတာကတော့ ဘာရောင်းရောင်း
ဝယ်သူရှိပါလိမ့်မယ်...



Send a message to learn more

09/05/2026

ဒီသီချင်းကို Share ရင်
ငွေတွေအစုလိုက် အပြုံလိုက်ဝင်မယ်တဲ့

တကယ်တော့ ငွေဝင်စေတဲ့
အကြောင်းတရား ၂ ချက်ကြောင့် ဝင်တာပါ...

ပထမ တစ်ချက်က Mindset ပြောင်းစေတာပါ
Share လိုက်ရင် စိတ်ကပျော်သွားတာ
အပြုသဘောဆောင်တဲ့ဘက်ရောက်သွားတာ
ဒါကြောင့် Positive Vibration တွေတက်လာစေတာ...

နောက်တစ်ချက်က တကယ်ဝင်မယ်လို့
ယုံကြည်တဲ့စိတ်ကိုဖြစ်စေတာ
ဒီ ယုံကြည်တဲ့ စိတ်ကြောင့် ငွေဝင်စေမဲ့
အရာရာတွေကို ရွေးပြီးအာရုံစိုက်မိစေတာ...

ဒီလို Mindset ကိုပြောင်းလဲစေပါတယ်

ဒုတိယ တစ်ချက်က လက်တွေ့
ကြိုးစားအားထုတ်မှုပါ

ငွေတွေဝင်စေမဲ့ တန်ဖိုးတစ်ခုခုကို
မပေးနိုင်ဘဲနဲ့ အလိုလို ဝင်လာဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး ...

ဒါကြောင့် ငွေအပေါ်ထားတဲ့ Money Mindset ရယ်
လက်တွေ့ကြိုးစားအားထုတ်မှုရယ်
ပေါင်းဆုံလို့သာ ငွေတွေဝင်ပါလိမ့်မယ်နော်...



Send a message to learn more

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Singapore