The Scholarly Perspective by Hnin Azali

The Scholarly Perspective by Hnin Azali

Share

Dedicated to sharing about educational insights, scholarships, and opportunities for youths in Asia

28/05/2026

2026 ASEAN Scholarship form တင်ထားသူများ shortlist များစထွက်နေပါပြီရှင်။ Email စစ်ပေးကြပါ။

Photos from The Scholarly Hub Education's post 04/05/2026

Singapore Secondary 2-3 level ဝင်ခွင့်စာမေးပွဲများအတွက် အချိန်တိုအတွင်းသိသင့်သိထိုက်ပြီး၊အကျိုးရှိစေမယ့် သင်တန်းလေးဖွင့်ဖို့ ရှိပါတယ်ရှင်။ ဒီ page အသစ် လေးမှာ Singapore Education Exposure Kickstart (SEEK) program အကြောင်းစုံစမ်းနိုင်ပါတယ်။

Hnin Azali 27/04/2026

25 April မှာပြုလုပ်ခဲ့တဲ့ ASEAN Scholarship Information session 2026 ရဲ့ recording လေးတင်ပေးလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနက officer ရဲ့ briefing နဲ့ Q&A ပိုင်းကို recording လုပ်လို့မရတာကြောင့် scholar များရဲ့ sharing အပိုင်းတွေကိုပဲ စုစည်းတင်ပေးထားပါတယ်။

ဒီနှစ် session လေးကတော့ ၄ နှစ်မြောက် sharing session လေးဖြစ်ပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် မတူတဲ့ format လေးတွေနဲ့ ကဏ္ဍရှုထောင့်အစုံကနေ perspective လေးတွေရအောင် စီစဉ်ခဲ့ပါတယ်။ အရှေ့နှစ် session များမှ recording များကို ဒီ YouTube playlist မှာကြည့်နိုင်ပါတယ်။ https://www.youtube.com/watch?v=FGPWr-9HZgI&list=PLP5cZmiPzabNNicuBsGwSicYwMp9_aBvP

ASEAN scholarship နဲ့ ပတ်သက်တဲ့ အကြောင်းဆွေးနွေးဖလှယ်ဖို့ telegram group လေးတစ်ခုလည်းဖွဲ့ထားပါတယ်။ https://t.me/ASEANScholarshipCommunity

အရှေ့မှာရေးထားတဲ့ applications tips and guides (English version) - https://medium.com//how-to-prepare-for-asean-scholarship-application-ceb357a41c19

MOE Officer နဲ့ Q&A segment က record လို့မရပေမယ့် အရမ်းကောင်းတဲ့ insights လေးတွေရှိပါတယ်။ မနှစ်က session ရဲ့ Q&A မှာ MOE officer ပြောခဲ့တဲ့ အရေးကြီးတဲ့ အချက်လေးတွေကို စုစည်းပေးထားတဲ့ မနှစ်က post ကို ဒီမှာဖတ်လို့ရပါတယ်။ https://www.facebook.com/share/v/1DNFAT8WPy/?mibextid=wwXIfr

နောက်ဆုံးအနေနဲ့ shortlist ရွေးချယ်ခံရသူများ ဆက်သွယ်ပေးစေလိုပါတယ်။ ဒီနှစ် ဖြေဆိုကြမဲ့ မောင်လေးညီမလေးများ အဆင်ပြေချောမွေ့စွာ အောင်မြင်မှုရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Brenda တို့နှစ်တွေမှာ scholarship ရရှိသူ ၄-၅ ယောက်ပဲရှိခဲ့ပေမယ့် 2024 မှာ ရရှိသူ ၁၂ ယောက်၊ 2025 မှာ အောင်မြင်သူ ၁၈ ယောက်ရှိခဲ့ပါတယ်။ MOE officer ကလည်း သတ်မှတ်ထားတဲ့ အရေအတွက်မဟုတ်ပဲ quality ပြည့်မှီတဲ့သူ ရှိရင်ရှိသလောက်ခေါ်ဖို့ရှိပါတယ်ပြောတဲ့ အတွက်ကြောင့် 2026 မှာလည်း Myanmar scholar junior ဒီထက်ကိုအများကြီး ကြိုဆိုချင်ပါတယ်။ 😊

Scholarship Application form official link - https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar

Deadline ကတော့ 15 May 2026 (Friday) 11:59pm SGT (Myanmar time 10:29pm) ပါရှင်။ အနည်းဆုံး ၁-၂ ရက်စောပြီးတင်ဖို့ တိုက်တွန်းချင်ပါတယ်။

Hnin Azali 1 like. "ASEAN Scholarship Information Session 2026"

23/04/2026

ASEAN scholarship sharing session 2026 sign up final call!

မနက်ဖြန်ညနေ ၆နာရီထက်နောက်မကျပဲ sign up ပေးပါ။ ဒီနေ့အထိ register လုပ်ထားသူများ Zoom link ကို email ကနေပို့ထားပါတယ်။ Email လေးစစ်ပေးပါရှင့်။ Link မရသေးသူများ chatbox ကနေ ဆက်သွယ်ပေးပါရှင်။

Signup link - https://bit.ly/ASEAN-scholars-2026

၃ နှစ်ဆက်တိုက် စီစဉ်ပေးဖြစ်ခဲ့တဲ့ Singapore ASEAN Scholarship Information Session ကို ဒီနှစ်မှာ 25 April 2026 (Saturday) 4-5:30pm Myanmar time မှာ စီစဉ်ထားပါတယ်။

ဒီ session မှာ scholarship ကို ပေးအပ်တဲ့ Singapore ပညာရေးဝန်ကြီးဌာနမှ MOE officer နှင့် တိုက်ရိုက်တွေ့စုံ မေးမြန်းခွင့်ရမယ့် အပြင် အရှေ့နှစ်မှာ အောင်မြင်စွာ ရရှိခဲ့ကြတဲ့ scholars - ညီမလေး Rachel (Year 2026), မောင်လေး Bryan (Year 2025) နဲ့ ညီမလေး Sandy (Year 2024) တို့က sharing လုပ်ပေးမှာဖြစ်ပါတယ်။

ဒီ session ရဲ့ MOE officer ပါတဲ့ segment recording ကိုတော့ public ကို share လို့မရတဲ့အတွက် ကိုယ်တိုင်တက်ရောက်ပြီး မေးခွန်းမေးရန် တိုက်တွန်းချင်ပါတယ်။

Sign up link ကတော့ https://bit.ly/ASEAN-scholars-2026

Zoom link ကို email ကနေတဆင့် အနည်းဆုံးတစ်ရက်ကြိုပြီးပို့ပေးပါမယ်ရှင့်။ Zoom limit အရ အယောက်ရေကန့်သတ်ချက်ရှိတဲ့အတွက် limit ကျော်သွားရင် ဦးရာလူစနစ်နဲ့ Zoom link ပို့ပေးပါမယ်။ Email လေးကို သေချာစစ်ပေးပါ။

Registration form ထဲမှာ share စေချင်တဲ့ topic လေးတွေရှိရင်လည်း တစ်ခါထဲဖြည့်ပေးသွားပါရှင်။

02/04/2026

၃ နှစ်ဆက်တိုက် စီစဉ်ပေးဖြစ်ခဲ့တဲ့ Singapore ASEAN Scholarship Information Session ကို ဒီနှစ်မှာ 25 April 2026 (Saturday) 4-5:30pm Myanmar time မှာ စီစဉ်ထားပါတယ်။

ဒီ session မှာ scholarship ကို ပေးအပ်တဲ့ Singapore ပညာရေးဝန်ကြီးဌာနမှ MOE officer နှင့် တိုက်ရိုက်တွေ့စုံ မေးမြန်းခွင့်ရမယ့် အပြင် အရှေ့နှစ်မှာ အောင်မြင်စွာ ရရှိခဲ့ကြတဲ့ scholars - ညီမလေး Rachel (Year 2026), မောင်လေး Bryan (Year 2025) နဲ့ ညီမလေး Sandy (Year 2024) တို့က sharing လုပ်ပေးမှာဖြစ်ပါတယ်။

ဒီ session ရဲ့ MOE officer ပါတဲ့ segment recording ကိုတော့ public ကို share လို့မရတဲ့အတွက် ကိုယ်တိုင်တက်ရောက်ပြီး မေးခွန်းမေးရန် တိုက်တွန်းချင်ပါတယ်။

Sign up link ကတော့ https://bit.ly/ASEAN-scholars-2026

Zoom link ကို email ကနေတဆင့် အနည်းဆုံးတစ်ရက်ကြိုပြီးပို့ပေးပါမယ်ရှင့်။ Zoom limit အရ အယောက်ရေကန့်သတ်ချက်ရှိတဲ့အတွက် limit ကျော်သွားရင် ဦးရာလူစနစ်နဲ့ Zoom link ပို့ပေးပါမယ်။ Email လေးကို သေချာစစ်ပေးပါ။

Registration form ထဲမှာ share စေချင်တဲ့ topic လေးတွေရှိရင်လည်း တစ်ခါထဲဖြည့်ပေးသွားပါရှင်။

28/12/2025

Last call! Deadline : 4 Jan 2026

စင်ကာပူအစိုးရ တက္ကသိုလ်များဖြစ်တဲ့ National University of Singapore နဲ့ Nanyang Technological University ကို full scholarship, annual allowance နဲ့ ဝင်နိုင်မဲ့ အခွင့်အရေးပါ။

ပထမနှစ်မှာတုန်းကတော့ pilot run အနေနဲ့ ကျောငိးက တဆင့် invite ရတဲ့ ကျောင်းသားတွေပဲ ဖြေခွင့်ရှိပေမယ့် ဒီနှစ်ကိုတော့ open ဖွင့်ပေးလိုက်ပါပြီ။

မြန်မာကျောင်းသားတွေ အတွက် special lane ဖြစ်တဲ့ အတွက် official website ကလျှောက်လွှာအပြင် google form နောက် ၁ခု ဖြည့်ပေးရပါမယ်။
https://forms.gle/2QR3JjyCQb3yDtvz9

ဘယ်သူတွေ လျှောက်လို့ရလဲဆိုတော့ Track ၂ မျိုးရှိပါတယ်။

1. National Curriculum Track:
2024 and 2025 မှာ ကျောင်းပြီးရပါမယ်။
Eligibility:
သိပ္ပံ Science Score >= 510
ဝီဇ္ဇာ Economics Score >= 470
(updated as of today)

2. International Curriculum Track:
Qualifications: A-Levels, IB, or Grade 12 equivalent.
Requirement: Candidates must be nominated by their school.

Track ၂ မျိုးစလုံးအတွက် Google forms ထဲမှာ Resume/CV နဲ့ ထောက်ခံစာ recommendation ရေးပေးနိုင်မယ့် ကျောင်းအုပ်/ ဆရာ contact details ပေးဖို့လိုပါမယ်။ International track ကတော့ ကျောင်းက စကာတင်လူရွေးပေးတဲ့စာရင်း ထဲပါဖို့လိုပါမယ်။ Nomination ရတဲ့သူတွေကို ဦးစားပေးစဉ်းစားတယ်လို့သိရပါတယ်။

တစ်ခုရှိတာက ဒီ scholarship ကို NUS က Computing majors တွေနဲ့ NTU STEM majors တွေကိုပဲ ဝင်ခွင့်သတ်မှတ်ထားပါတယ်။ Majors List ကို Google form ထဲမှာ ဖတ်ပြီး preferred ranking ရွေးချယ်ပေးရပါမယ်။

Google forms ကို 4 Jan မတိုင်ခင်တင်ပြီးရင် official website က application form ကို deadline အမှီ ထပ် ဖြည့်ပေးရပါမယ်။ Scholarship အတွက်ရွေးချယ်ခံရရင် admission ရပြီးသားဖြစ်တဲ့အတွက် form ၂ခုလုံးကို မပျက်မကွက် ဖြည့်ပေးကြပါရှင့်။

NUS Admission (before 23 February 2026): https://www.nus.edu.sg/oam/admissions

NTU Admission (before 20 January 2026): https://www.ntu.edu.sg/admissions/undergraduate/admission-guide

Frequently Asked Questions တွေကိုတော့ ဒီ link မှတဆင့် ဖတ်နိုင်ပါတယ် https://docs.google.com/document/d/10F2B1yQv6iv-RB9LUQqvLBkbgzRS7_7vmNYTrsLpdZk/edit?usp=sharing

မေးခွန်းများထပ်ရှိရင် NUS က program coordinator ကို email [email protected] ကနေ တဆင့်တိုက်ရိုက်မေးလို့ရပါတယ်။

မနှစ်က ရွေးချယ်ခံရတဲ့ ကျောင်းသား ကျောင်းသူများထဲက Win Htut Hein Lin Htet Nay Min Thar တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ မောင်လေးတို့ရဲ့ account တွေက​နေ sharing လုပ်ပေးထားတာတွေကို ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

ဒီ program ကို မြန်မာကျောင်းသား ကျောင်းသူတွေကို ယုံကြည်ပေးပြီး ပထမနှစ်ထဲက ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ NUS မှ professor နဲ့ ဆရာဦးထွန်းသူရသက် ကိုကျေးဇူးအထူးတင်ပါတယ်။ မြန်မာ ကျောင်းသားတွေအတွက် စင်ကာပူ ပညာရေးစနစ်ကို နောက်ထပ်ဝင်နိုင်မယ့် တံခါးနောက်ထပ်တစ်ခုပါ။

09/09/2025

ဒီနှစ်အတွက် ASEAN Scholarship (AY2026) interview results များထွက်ပါပြီရှင်။ 🎉

စုစုပေါင်း အောင်မြင်သူ ၁၇ ယောက်ရှိပါတယ်။
နှစ်စဉ်​ခေါ်ဖူးတဲ့ထဲမှာ အများဆုံးပါ။ Myanmar scholars တွေ တစ်နှစ် တစ်နှစ် ပိုပို​ခေါ်တာ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ 🥳

Congratulations to all the scholarship receipients! So happy for all of you 👏🏻✨

05/06/2025

📩 ASEAN Scholarships shortlist များမနေ့က စပြီး invitation email ပို့နေပါပြီ။ အားလုံးပဲ ကံ​ကောင်းကြပါ​စေရှင်။ 😊

June လ 28 ရက်​နေ့မှာ selection test ဖြေရမှာဖြစ်ပါတယ်။ Shortlist email ရသူများ ၃ရက်အတွင်း attendance confirm လုပ်ပေးရပါမယ်။

Scholarship နဲ့ပတ်သက်ပြီး update တွေ၊ information sharing နဲ့ အချင်းချင်း support ပေးရအောင် Telegram မှာ community လေးတစ်ခုဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီနှစ်​လျှောက်တဲ့သူ​တွေ၊ shortlist ပါတဲ့သူ​တွေ၊ နောက်နှစ်​တွေမှာ လျှောက်ဖို့ စိတ်ဝင်စားရင် ဒီ link က​နေ ဖြစ်ဖြစ် QR code ကို scan ပြီးဖြစ်ဖြစ် join ပေးပါရှင့်။ မိတ်​ဆွေများကိုလည်း share ပေးပါ။

https://t.me/ASEANScholarshipCommunity

29/05/2025

📣 Applications for the ASEAN Scholarship 2025 closes tomorrow!

Singapore time ဆိုတော့ time difference အရ မြန်မာချိန် ည ၁၀:၃၀ မတိုင်ခင်တင်ရပါမယ်။

MOE နဲ့ session မှ Q&A အပြင် လတ်တ​လော အ​မေးများတဲ့ အချက်​လေး​တွေကို နောက်ဆုံး remind ချင်ပါတယ်။ Last minute form တင်တာ error တက်ရင် no.4 ကိုဖတ်ပါရှင့်။

၁။ အခု application အဆင့်မှာ recommendation letters/ certificates/ report cards တွဲတင်ဖို့မလိုပါ။ Application form ဖြည့်တာကိုပဲ ကြည့်တာမို့ သေ​သေချာချာ ကိုယ့်ဆီမှာရှိတာကို အ​ကောင်းဆုံးဖြည့်လိုက်ပါ။

၂။ Acheivements/ Extracurricular Activities sections တွေမှာ phrasing လေး​တွေကို ကိုယ့်ရဲ့ contribution/ အားသာချက် ပေါ်လွင်​အောင် ရေးပါ။ Variety ပါသလို အ​ရေးကြီးဆုံးဆု နဲ့ ပါဝင်မှုကို ထိပ်ဆုံးမှာထားပါ။

၃။ Exam results မှာ final exam အမှတ်မထွက်သေးရင် mid year at result ပဲထည့်လို့ရပါတယ်။ နောက် ကျောင်းရဲ့ report card မှာအမှတ်မပါဘဲ letter grade ပဲပါရင် အမှတ်​နေရာမှာ N/A ပဲဖြည့်ပါ။

၄။ form က submit လုပ်လို့မရပဲ error တက်​နေရင် section အားလုံးရဲ့ progress ကိုပြတဲ့ green circle 🟢 လေးက တဝက်ပဲခြယ်ထားတဲ့ section မှာ ဖြည့်ဖို့ကျန်တဲ့ နေရာရှိလား၊ Save button နှိပ်ပြီးပြီလား စစ်ကြည့်ပါ။ မဖြည့်ထားတဲ့ field တွေမှာ အ​ဖြေမရှိရင် N/A option ပါရင် N/A ဖြည့်ပြီး ပြန်တင်ကြည့်ပါ။

၅။ နောက်ဆုံးမတင်ခင် application မှာဖြည့်ထားတာအားလုံးကို download pdf or screenshot ရိုက်ပြီး save ထားပါ။ နောက်အဆင့်တွေမှာ အကျိုးရှိနိုင်ပါတယ်။

အခု form တင်ပြီးရင် shortlisted ရတဲ့သူ​တွေကို June လ အတွင်းမှာ selection test အတွက် ရန်ကုန်မှာ​ဖြေဖို့ ဖိတ်​ခေါ်ခံရပါမယ်။ Selection test အတွက် ပြင်ဆင်ဖို့ crashcourse သ​ဘော program လေး အချိန်ရရင် ရသလို စီစဉ်ပေးဖို့ရှိတာကြောင့် page မှာ announcement လေးစောင့်ပေးပါရှင့်။

အားလုံးပဲ ကံ​ကောင်း အောင်မြင်ကြပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်ရှင့်။ 🍀 Shortlist သတင်းလေးတွေ စောင့်မျှော်နေပါမယ်။ 😊

11/05/2025

9 May မှာပြုလုပ်ခဲ့တဲ့ ASEAN Scholarship Sharing session ရဲ့ recording လေးတင်ပေးလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနက officer ရဲ့ briefing နဲ့ Q&A ပိုင်းကို recording လုပ်လို့မရတာကြောင့် scholar များရဲ့ sharing အပိုင်းတွေကိုပဲ စုစည်းတင်ပေးထားပါတယ်။

2023 က စပြီး ASEAN Scholarship အကြောင်း scholar တွေစုစည်းပြီး sharing session လေးတွေလုပ်ခဲ့တာ ဒီနှစ်ဆို ၃ နှစ်ရှိခဲ့ပါပြီ။ တစ်နှစ်နဲ့ တစ်နှစ် မတူတဲ့ format လေးတွေနဲ့ ကဏ္ဍရှုထောင့်အစုံကနေ perspective လေးတွေရအောင် စီစဉ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ panel discussion ပုံစံမျိုးနဲ့ အရင်နှစ်မှာ အောင်မြင်ခဲ့ကြတဲ့ မောင်လေး ညီမလေးတို့ရဲ့ profile ၊ ပြင်ဆင်ခဲ့ပုံ၊ ထူးခြားတဲ့အချက်များနဲ့ life as an ASEAN scholar အတွက်လိုအပ်တဲ့ အချက်များကို target ထားတဲ့ အမေးအဖြေ များပါဝင်ပါတယ်။

အရှေ့နှစ် session များမှ recording များကို ဒီ YouTube playlist မှာကြည့်နိုင်ပါတယ်။ https://www.youtube.com/watch?v=FGPWr-9HZgI&list=PLP5cZmiPzabNNicuBsGwSicYwMp9_aBvP

MOE Officer နဲ့ Q&A segment ကလည်း record လို့မရပေမယ့် အရမ်းကောင်းတဲ့ insights လေးတွေရှိပါတယ်။ Officer ပြောခဲ့တဲ့ အရေးကြီးတဲ့ အချက်လေးတွေကို Brenda ရဲ့ interpretation အရ အောက်မှာ takeaway အချို့စုစည်းပေးထားပါတယ်။

၁။ Shortlisting criteria မှာ academic performance, proficiency in English, performance in co-curricular activities, leadership နဲ့ other capabilities (listed on FAQ site as well) ကို ဘက်စုံခြုံငုံပြီး စဉ်းစားပါတယ်။
MOE ကတော့ ဘယ်လို profile ရှိရမယ်၊ CCA ဘာယူထားရမယ် သတ်မှတ်ပြီး မပါတဲ့သူကိုပယ်တာမျိုးမဟုတ်ဘဲ ပထမဆုံးအနေနဲ့ Eligible ဖြစ်ရဲ့လား၊ နောက် academic performance က ဒီဘက်မှာလိုက်နိုင်မလား၊ ကျောင်းတွင်း ကျောင်းပြင်ပမှာ တက်တက်ကြွကြွပါဝင်ထားလား၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတွေရှိလားကိုစဉ်းစားပါတယ်။ မရှိတာကို ကြည့်ပြီးပယ်တာမဟုတ်ပဲ ရှိတာကိုပဲကြည့်ပါတယ်လို့ officer က emphasize လုပ်ပြီးပြောသွားပါတယ်။ အဲ့တော့ ရှိသမျှ achievements, ပါဝင်မှုတွေကို အကောင်းဆုံး phrase လုပ်ပြီးတင်သင့်ပါတယ်။ Confident မရှိသေးလို့ မတင်ရင် chance က 0% ပေမယ့် တင်လိုက်ရင် သေချာပေါက် chance က 0% ထက်ပိုပါမယ်။

၂။ Brenda က ထောင်နဲ့ချီတဲ့ လျှောက်လွှာတွေကို AI နဲ့ အရင်စစ်ပါလားလို့မေးတော့ မဟုတ်ပါဘူးပြောပါတယ်။ Human evaluators တွေက တစ်ခုချင်းဖတ်ပြီး စစ်ပါတယ်။
အဲ့မှာ Brenda စီစဉ်ဖူးတဲ့ပြိုင်ပွဲ အကဲဖြတ်တဲ့ process တွေအရ applicants volume အရမ်းများတဲ့အခါ assessor တစ်ယောက်ထဲက အကဲဖြတ်တာမဟုတ်ဘဲ ခွဲစစ်တာ၊ fair ဖြစ်အောင် မတူတဲ့ assessor တွေက application တစ်ခုကို round အဆင့်ဆင့်လှည့်စစ်တာဖြစ်နိုင်တဲ့အတွက် shortlist stage မှာတော့ ဘယ်လောက် profile ကကောင်းကောင်း luck(ကံ) factor နဲ့လည်းဆိုင်ပါတယ်။

၃။ Application form shortlist stage မှာ supporting documents နဲ့ certificates များတင်စရာမလိုပါ။ Email က ပို့လို့ရပေမယ့် လက်တွေ့မှာ ပို့တဲ့စာတွေများတဲ့အတွက် supporting documents နဲ့ application ကို match ဖို့ မလွယ်ပါ။ Form ပြင်ပမှ သီးသန့်ပို့ပေးတဲ့ document တွေ ထည့်မစဉ်းစားဘူးပြောပါတယ်။ Brenda နဲ့ ညီမလေး Berry တို့နှစ်တုံးက နဲ့ကွာခြားချက် ၁ခုပါ။ ဒါကြောင့် shortlist ကို application form မှာဖြည့်ထားတာပဲ ကြည့်တာဖြစ်လို့ သေသေချာချာဖြည့်ဖို့လိုပါမယ်။

၄။ Application shortlist ရပြီဆိုတာနဲ့ ကိုယ့် ရဲ့ academic နဲ့ extracurricular profile ကို ကြိုက်ပြီယူဆလို့ရပါတယ်။ နောက်အဆင့်တွေမှာ ရေးဖြေ essay ကအစ interview မှာပါ application form ထဲမှာ မမြင်ရတဲ့ အတွေးအခေါ်ရင့်ကျက်မှု၊ လိုက်လျောညီထွေနေထိုင်နိုင်မှု၊ အခက်အခဲကြုံရင် အားမလျော့ဘဲ ကြံ့ကြံ့ခံနိုင်မှု၊ သင်ယူချင်စိတ် စတဲ့ quality တွေက်ို ဖော်ပြနိုင်ရပါမယ်။

၅။ Scholarship အတွက်ရွေးချယ်ခံရပြီဆိုရင် Singapore ဘက်မှာတက်ရမယ့်ကျောင်းကို ရွေးချယ်ခွင့်မရှိပါဘူး။ MOE က interview, written tests, profile အရ သင့်တော်တဲ့ ကျောင်းကိုချပေးတယ်ပြောပါတယ်။ ကျောင်းပေါ်မူတည်ပြီး 2 နှစ်အကြာမှာ Olevel ဖြေရမလား ၊ 4 နှစ်အကြာမှာမှ Alevel ဖြေရတဲ့ Integrated Program (IP) တက်ရမလားသိပါမယ်။ Subject တွေ Co-curricular activities တွေကတော့ စိတ်ကြိုက်ရွေးခွင့်ရှိပါတယ်။

နောက်ဆုံးအနေနဲ့ shortlist ရွေးချယ်ခံရသူများ ဆက်သွယ်ပေးစေလိုပါတယ်။ ဒီနှစ် ဖြေဆိုကြမဲ့ မောင်လေးညီမလေးများ အဆင်ပြေချောမွေ့စွာ အောင်မြင်မှုရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 2025 မှာ Myanmar scholar junior အများကြီး ကြိုဆိုချင်ပါတယ်။ 😊

Scholarship Application form link - https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar

08/05/2025

📣 Last call! ASEAN Scholarship sharing session is happening tomorrow ✨ စင်ကာပူ ပညာ​ရေးဝန်ကြီးဌာနမှ officer နဲ့ တွေ့ဆုံခွင့်ရပြီး အောင်မြင်စွာ ရွေးချယ်ခံရတဲ့ ကျောင်းသူ​ကျောင်းသားများရဲ့ ပြင်ဆင်ခဲ့ပုံ၊ အ​တွေ့အကြုံများနဲ့ လက်ရှိ​ကျောင်းသားဘဝတို့ကို ဆွေး​နွေးမှာ ဖြစ်ပါတယ်။

ကျောင်းသား​ကျောင်းသူများနဲ့ တကွ မိဘများလည်း တက်​ရောက်ဖို့ ဖိတ်​ခေါ်ပါတယ်ရှင့်။

Date : 9 May Friday
Time : 7:30-9pm MMT

Sign up link - https://bit.ly/ASEAN-scholars-2025

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address

Singapore