02/07/2020
မင်္ဂလာပါရှင်
ဒီနေ့မှာတော့ Kals Classes ကနေ သင်ခန်းစာအတိုလေးတစ်ခု မျှဝေပေးမှာဖြစ်ပါတယ် 💁🏻♀️
🗣 Post vs Pose
တစ်ချို့တွေ Facebook မှာ ရေးကြတဲ့အခါ post နဲ့ pose ကို မှားပြီး အသုံးပြုမိတာကို တွေ့ရပါတယ်။ ဒါကြောင့် post နဲ့ pose ရဲ့ ကွာခြားမှုကို ဒီနေ့သင်ခန်းစာမှာ ရှင်းပြမှာဖြစ်ပါတယ်။
✏️
Post ရဲ့ အဓိပ္ပာယ်ကတော့ တင်ပြခြင်း၊ အသိပေးခြင်းဖြစ်ပြီး Facebook မှာ ပုံတင်ပါလို့ပြောရင် " Post a photo on Facebook" ဆိုပြီး သုံးရပါတယ်။
✏️
Pose ရဲ့ အဓိပ္ပာယ်ကတော့ ကိုယ်ဟန်အနေအထား ဖြစ်ပါတယ်။ ဒီစကားလုံးကိုတော့ ဓာတ်ပုံရိုက်တဲ့အချိန် အမူအရာတစ်ခုလုပ်တဲ့အခါမှာ သုံးရပါတယ်။
ဥပမာအနေနဲ့ဆိုရင် "strike a pose for a picture" ဆိုပြီး အသုံးပြုရပါတယ်။
ဒါဆိုရင်တော့ post နဲ့ pose ရဲ့ အဓိပ္ပာယ်ကွာခြားမှုနဲ့ အသုံးပြုပုံတို့ကို သိကြပြီလို့ မျှော်လင့်ပါတယ်။ နောက်ထပ် ဒီလိုသင်ခန်းစာအတိုလေးတွေ လိုချင်ရင်တော့ Pageကို အခုပဲ like and follow လုပ်ထားဖို့ တိုက်တွန်းပါတယ်✨
သင်တန်းစုံစမ်းချင်ရင်လည်း page ထဲမှာ ဝင်ကြည့်ဖို့မမေ့နဲ့နော် 😄
အသေးစိတ်သိလိုပါက +65 9448 2003 ကို whatsapp သို့မဟုတ် viber မှတစ်ဆင့် မေးမြန်းနိုင်ပါတယ်။ Page ရဲ့ chat box မှလည်း ဆက်သွယ်နိုင်ပါတယ်။
အားလုံးအတွက် အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင် ☺️