BOE - KALAW

BOE - KALAW မြို့နယ်ပညာရေးဘုတ်အဖွဲ့(ကလောမြို့)

ယနေ့ အောက်တိုဘာလ (၅) ရက်နေ့တွင်ကျရောက်သောကမ္ဘာ့ဆရာများနေ့တွင် ဆရာ၊ဆရာမ များကို ကလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ ကဂါရဝပြုကန်တေ...
05/10/2025

ယနေ့ အောက်တိုဘာလ (၅) ရက်နေ့တွင်ကျရောက်သော
ကမ္ဘာ့ဆရာများနေ့
တွင် ဆရာ၊ဆရာမ များကို ကလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ က
ဂါရဝပြုကန်တော့လိုက်ပါတယ်။

B.Ed Correspondence course Batch(1)အတွက် အချက်အလက်ဖြည့်သွင်းနိုင်ရေးဆက်သွယ်ပေးကြပါရန် အကြောင်းကြားတိုက်တွန်းပါသည်။
21/09/2025

B.Ed Correspondence course Batch(1)
အတွက် အချက်အလက်ဖြည့်သွင်းနိုင်ရေး
ဆက်သွယ်ပေးကြပါရန် အကြောင်းကြားတိုက်တွန်းပါသည်။

အသိပေးကြေညာခြင်း

16/07/2025
16/07/2025

“ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး၏ တိုက်တွန်းနှိုးဆော်ချက်
ရည်မှန်းချက် - အမေရိကန်ဒေါ်လာ (၄) သိန်း
ကမ်ပိန်းကာလ - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့်ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Message of Encouragement from the Union Minister of the Ministry of Education and Ministry of Health, National Unity Government (NUG), Professor Dr. Zaw Wai Soe, for the “Safe Schools, Safe Education” Fundraising Campaign
Target: USD 400,000
Campaign Duration: July 15 – August 31, 2025
This campaign calls for support to ensure that children in Myanmar can continue their education in safe learning environments equipped with protection measures.
We invite you to join and support the “Safe Schools, Safe Education” campaign to help protect the right to education for every child in conflict-affected areas.
Ministry of Education, National Unity Government








ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.orgကြေညာချက်အမှတ် (၁၁/၂၀...
22/06/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၁/၂၀၂၅)
၁၃၈၇ ခုနှစ်၊ နယုန်လဆုတ် ၁၂ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်)

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း"

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်နှင့်အညီ စတင်ဖြေဆိုနိုင်မည့်ရက်နှင့် ဖြေဆိုနိုင်သည့်ကာလကို ထုတ်ပြန်ကြေညာအပ်ပါသည်။

၁။ အွန်လိုင်း(Online) ဖြင့်ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့မှစတင်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့အထိ အွန်လိုင်း (Online) တွင် ဖြေဆိုနိုင်မည် ဖြစ်ပါသည်။

၂။ မြေပြင် (Offline) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ဖြေဆိုခွင့်မဆုံးရှုံးစေရေးနှင့် နောက်ကျကျန်ရှိမှု မဖြစ်စေရေးတို့အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ စာဖြေဌာနများနှင့် ဆွေးနွေး၍ ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၅) ဖြင့် “အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော ကြားကာလ ပြည်သူ့ပညာရေးကျောင်းများအားလုံးကို ယာယီရပ်နားထားရန် ညွှန်ကြားချက်” ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်ချက်တွင် စာသင်ကျောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ယာယီရပ်နားထားရန် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြေပြင် (Offline) တွင် ဖြေဆိုမည့် စာဖြေဌာနများသည်လည်း ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများ ဆောင်ရွက်ပြီးချိန်၌ မိမိတို့ သက်ဆိုင်ရာမြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ်ရက်တွင် စတင်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ




12

Happy Birthday  ပါအမေစု။အသက်(၈၀) ပြည့်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ သက်ရှည် ကျန်းမာပါစေ။
19/06/2025

Happy Birthday ပါအမေစု။
အသက်(၈၀) ပြည့်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ သက်ရှည် ကျန်းမာပါစေ။

“အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ပြဋ္ဌာန်း၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်ပြည်ထောင်စုသမ္မတမြန်...
13/06/2025

“အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ပြဋ္ဌာန်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီ (CDM Success Committee) က အောက်ပါ ရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည် -

၁။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံရေးခံယူချက်အား လေးစားတန်ဖိုးထား၍ နိုင်ငံသားအခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးအား အကာအကွယ်ပေးရန်၊

၂။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများအား လေးစားဂုဏ်ပြုအပ်သည့် ဝန်ထမ်းကောင်းများအဖြစ် အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်ရန်၊

၃။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စွမ်းရည်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် လိုအပ်သော အကူအညီများ ပံ့ပိုးပေးရန်၊

၄။ စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ၏ နစ်နာမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည်ကုစားပေးခြင်းနှင့် အမှန်တရားနှင့်တရားမျှတမှု ရှာဖွေ‌ဖော်ထုတ်ခြင်း အစီအမံများ ဆောင်ရွက်ရန်၊

၅။ ဂုဏ်သိက္ခာရှိပြီး အမှန်တရားနှင့် တရားမျှတမှုကို တန်ဖိုးထားသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်းယန္တရားကို ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊

၆။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ မြင့်မြတ်သော ခံယူချက်နှင့်စိတ်ဓာတ်များ ရေရှည်တည်တံ့စေရန်၊

၇။ စီဒီအမ် မလုပ်သော နိုင်ငံ့ဝန်ထမ်းများကို ဥပဒေနှင့်အညီ စိစစ်၍ ၄င်းတို့၏ ပြုလုပ်မှု၊ ပျက်ကွက်မှုများအပေါ် အရေးယူမှုများ ပြုလုပ်ရန်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

pdf file - download ရယူနိုင်ရန် : https://crphmyanmar.org/publications/cdm-enacted-law/

အသိပေးကြေညာခြင်း
08/06/2025

အသိပေးကြေညာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြာ...
25/05/2025

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် ညွှန်ကြားချက်
ညွှန်ကြားချက်အမှတ်(၁/၂၀၂၅)
၂၀၂၅ ခုနှစ်၊ မေလ (၂၅)ရက်
၁။ နိုင်ငံတော်အာဏာကို စစ်တပ်မှ မတရားသိမ်းပိုက်ပြီးချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနသည် ကလေးလူငယ်များ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက် ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သင်ကြားပေးလျက်ရှိပါသည်။
၂။ ယခုအချိန်တွင် မတရားအာဏာသိမ်းစစ်တပ်သည် စာသင်ကျောင်းများ၊ ဆေးရုံများ စသည့် လူစုလူဝေး ရှိရာနေရာများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့် လူသားများ အပေါ် စစ်ရာဇ၀တ်မှု (War crimes against humanity) ကို နေ့စဉ် ဆိုးရွားစွာကျူးလွန်လျက် ရှိနေပါသည်။
၃။ သို့ဖြစ်ပါ၍ နိုင်ငံသားကောင်းရတနာ ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများ အသက် အန္တရာယ်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော အခြေခံပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနှင့် သက်မွေးပညာကျောင်းများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တယာယီ ရပ်နားထားရန် ညွှန်ကြားလိုက်သည်။
၄။ ညွှန်ကြားချက်အား သက်ဆိုင်ရာ အဆင့်ဆင့်သောတာဝန်ရှိအဖွဲ့အစည်းများမှ ကြီးကြပ်ကူညီပူးပေါင်း ပါဝင်ဖော်ဆောင်ပေးကြရန်နှင့် သင်ကြားသင်ယူမှုစဉ်ဆက်မပြတ်စေရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် ပေးရန် ဖြစ်ပါသည်။
၅။ ဤညွှန်ကြားချက်သည် နောက်ထပ်ညွှန်ကြားချက် မထုတ်ပြန်ခင်ထိ အတည် ဖြစ်သည်။ဒေါက်တာဇော်ဝေစိုး
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကလောမြို့နယ်ပညာရေးဘုတ်အဖွဲ့အမိန့်ပြန်တမ်းရက်စွဲ။၂၃၊မေလ၊၂၀၂၅၁။ အမှတ်(၁)အခြေခံပညာအ...
25/05/2025

အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကလောမြို့နယ်ပညာရေးဘုတ်အဖွဲ့
အမိန့်ပြန်တမ်း
ရက်စွဲ။၂၃၊မေလ၊၂၀၂၅
၁။ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ကလောမြို့ တွင် အလယ်တန်းပြအဖြစ် တာဝန်ထမ်း
ဆောင်ခဲ့သော CDM ဆရာမ “ဒေါ်သီတာလွင်” သည် ကင်ဆာရောဂါဖြင့် ၂၀၂၅ ခုနှစ်၊မေလ(၂၂)
နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရှိရသည့်အတွက် ကလောမြို့နယ် CDM ပညာရေး
မိသားစုများအနေဖြင့် CDMဆရာမဒေါ်သီတာလွင် ၏ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်း
ကြေကွဲရပါသည်။
၂။မတရားသဖြင့်အာဏာသိမ်းမှုကို ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ(၆)ရက်နေ့မှစတင်၍ အကြမ်းမဖက်
အာဏာဖိဆန်‌ရေးလှုပ်ရှားမှုတွင်ပါဝင်ပြီး ကြမ်းတမ်းသောနွေဦးတော်လှန်ရေးခရီးတွင် မြင့်မြတ်သော
အမှန်တရားဘက်တွင် ပြည်သူနဲ့အတူရပ်တည်ခဲ့သော “CDMဆရာမဒေါ်သီတာလွင် အား
ကလောမြို့နယ်ပညာရေးဘုတ်အဖွဲ့၏တော်လှန်ပညာသူရဲကောင်း”အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်
ပါသည်။
၃။ကင်ဆာဝေဒနာဖြင့် ကွယ်လွန်သွားသော CDMဆရာမဒေါ်သီတာလွင် အနေဖြင့် ယနေ့မှစ၍
ကလောမြို့နယ် CDMပညာရေးအသိုက်အဝန်းနဲ့ မသက်ဆိုင်တော့ပါကြောင်း သင်သွားလိုရာသို့
စိတ်အေး ချမ်းသာစွာ သွားနိုင်ပြီဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။
ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေ

ကလောမြို့နယ်ပညာရေးဘုတ်အဖွဲ့

ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့သတ္တဝါအားလုံးကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ကလောမြိုနယ်ပညာရေးဘုတ်အဖွဲ့
11/05/2025

ကဆုန်လပြည့်
ဗုဒ္ဓအခါတော်နေ့
သတ္တဝါအားလုံးကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ကလောမြိုနယ်ပညာရေးဘုတ်အဖွဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို  (၁-၅-၂၀၂၅ မှ (၃၁-၅-၂၀၂၅) အထိ ခေါ်ယူမည်ဖြစ်ပြ...
28/04/2025

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို (၁-၅-၂၀၂၅ မှ (၃၁-၅-၂၀၂၅) အထိ ခေါ်ယူမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေနှင့် “တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်” နှင့် "မြန်မာ့ပညာရေးစနစ် (MES) မှတဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနည်းလမ်းညွှန်အတိုင်း သေချာစွာဖတ်ရှု၍ လျှောက်ထားနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

Address

Federal Government New Street
Singapore

Telephone

+959753467997

Website

Alerts

Be the first to know and let us send you an email when BOE - KALAW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to BOE - KALAW:

Shortcuts

Share