08/06/2026
သင်ကလေးငယ်ကိုအမှန်တကယ်ချစ်ပါ
+++++++++++++++++++++++++++++
ယနေ့မှစ ကလေးငယ်များကို
ဖုန်းမပြရန်တောင်းဆိုချင်ပါသည်
ဖုန်းနဲ့ ငြိမ်တယ်
++++++++++++
ကလေး၏ လူမှု့ဘ၀ပါ
ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့
ဖုန်း TV လုံး၀မပေးပါနှင့်။
Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ
+++++++++++++++++++++++++++(
ဦးနှောက်အာရုံကြော
ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှု
မလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး
ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင်
မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်း အာဟာရကို
ပုံမှန်ကလေးများလို
မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ
မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊
ကလေးငယ်စဉ်မှာ မိသားစုများ
မအားလပ်လို့ကလေးအား
Phone, Tablet, Games, TV, ကာတွန်း
စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင်
အခက်အခဲများစွာ
ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ
အဆင်သင့်ပြင်ထားပါ။
ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို
ပေးဆပ်ရပါလိမ့်မည်။
ကလေးများ ငယ်စဉ်မှာ
သင်
အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ်
အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။
ကလေးများကို ငြိမ်နေဖို့
ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ
ငြိမ်သွားစေနိုင်ပါတယ်။
မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြဿနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။
နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို
တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။
ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင်
ငြိမ်သွားစေတာပါပဲ။
ကလေးကို ကလေးမိသားစုက
ကူညီမှ ဖြစ်မှာပါ။
ကလေးကို ချစ်ရင် ကလေးနဲ့အတူ
အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက်
ထူးချွန်နေပါလိမ့်မည်။
သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။
လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ
ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့
အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။
တကယ်ချစ်ပေးပါ။
စာရေးသူ-------ဂုရု
08/05/2026
လွှတ်တော်နှင့် သတ်ပုံ
________________________ စစ်ကိုင်းဦးဘိုးသင်း
မြို့စိုးမင်း ဦးထင်သည် လွှတ်တော်ကြီးမှ အမိန့်အတိုင်း လွှတ်တော်သို့ ရောက်လာရာ အိမ်ရှေ့မင်း မင်းဝိုင်းလည်း လွှတ်တော်သို့ ထွက်၍ အသင့် ရှိလေ၏။ ထိုအခါ လွှတ်တော်ဝန်ကြီးချုပ်သည် ဦးထင်အား ဤသို့ဆီးကာ ဆိုလေ၏။
“ကိုင်း … မြို့စိုးမောင်ထင်၊ ဘယ်လိုများ တောင်စဉ်ရေမရနှင့် ထုချေမလဲ”
“ကျွန်တော့်ကို ဘုရင်မင်းမြတ်က ချီးကျူးထားပါ၍ ကျွန်တော့်မှာ ဆု အချီးအမြင့် ခံရဖို့သာ ရှိသည်။ ထုချေဖို့ မလိုပါကလား”
“မောင်ထင့်ထံမှာ အမိန့်တော် ထန်းဖူးလွှာ ပါသလား
“ပါကြောင်းပါ”
“ပြစမ်း”
မြို့စိုးဦးထင်သည် အောက်ပါ အမိန့်တော် ထန်းဖူးလွှာကို ထုတ်ပြလေ၏။
“မင်းကြီးသည်၊ နိုင်ငံတော်အကျိုးကို မြော်မြင်ကာ ကောင်းစွာ ဆင်ခြင်စဉ်းစားခြင်းဖြင့် ကြေးမုံမြို့စား မောင်ထင်၏ စီမံဆောင်ရွက်ပုံကို ကိုယ်တော်တိုင် ကောင်းစွာ သိသည့်အတိုင်း မောင်ထင်သည် လွှတ်တော်သို့ အမြန်လာရောက်ရမည်”
“ဒါကို မြို့စားမောင်ထင်က ဘာပြောချင်လို့လဲ”
“ကျွန်တော်သည် နိုင်ငံတော်အကျိုးကို မြော်မြင်ကာ ကောင်းစွာ ဆင်ခြင် စဉ်းစားခြင်းဖြင့် ဆောင်ရွက်ပုံကို ဘုရင်မင်းမြတ် ကိုယ်တော်တိုင် သိနေမင့်ပဲ၊ ကျွန်တော်က ဘာကို ထုချေရမလဲ။ ဆုခံဖို့သာ ရှိပါသည်”
“မဟုတ်ဘူး။ မင်းကြီးက နိုင်ငံတော်အကျိုးကို မြော်မြင်ကာ ကောင်းစွာ ဆင်ခြင်စဉ်းစားခြင်းဖြင့် မောင်ထင်၏ ညစ်ညစ်ပတ်ပတ် ဆောင်ရွက်ခြင်းကို သိတော်မူသဖြင့် ထုချေဖို့ ဆင့်ခေါ်တာ”
“အမိန့်စာ သဘောက သည်လို မဟုတ်ပါ။ နှုတ်တရာ စာတလုံးပါတဲ့”
“ခက်တယ် မောင်ထင်”
“မခက်ပါ ဝန်ကြီးချုပ်မင်း”
အိမ်ရှေ့မင်း မင်းဝိုင်းသည် ထိုအမိန့်စာကို ယူ၍ ကြည့်၏။ ဝန်ကြီးချုပ်လည်း ဤသို့ ဆို၏။
“ဘယ့်နှယ်လဲ ကိုယ်တော်ကလေး”
“ကိုယ်တော်ကလေး၊ ကျွန်တော်မျိုး အစီရင်ခံခြင်းသည် မှန်နေသည် မဟုတ်ပါလောဘုရား”
“ခက်တယ်။ နှစ်မျိုးယူစရာ ဖြစ်နေပြီ။ ဝန်ကြီးချုပ် ယူဆခြင်းသည်လည်း စာသဘော၊ ဦးထင် ယူဆခြင်းသည်လည်း စာသဘော၊ ထုတ်ဆင့်တဲ့ ဝန်ထောက်ကလည်း လူတတ်လုပ်ချင်။ ခု ခက်နေပြီ”
“မခက်ပါ။ ပညာရှိအဖွဲ့ တင်ပါဘုရား”
“ဦးထင်၊ ဤမျှနှင့် ပညာရှိအဖွဲ့သို့ တင်ရမှာ ရယ်ဖွယ် ဖြစ်နေပါ့မယ်။ ခမည်းတော်က လက်ခုပ်တီးပြီး ရယ်ပါ့မယ်”
“ဒါဖြင့်လည်း ကျွန်တော်မျိုးအား ဆုချပါဘုရား”
“ခက်နေပါပြီ”
“ကိုယ်တော်ကလေး၊ ပညာရှိအဖွဲ့ကိုသာ တင်။ မောင်ထင်က အင်မတန် လူတွင်ကျယ် လုပ်တယ်။ သူနှင့် ပတ်သက်တဲ့ ထန်းဖူးစာတွေကို ဝန်ထောက်မင်းက အကုန်လုံး ယူခဲ့”
“တင်ပါ့ဘုရား”
ထိုသို့ လွှတ်တော်တွင် အငြင်းအခုံ ဖြစ်နေ၍ မဖြစ်စလောက်ဟု ဆိုသော ကိစ္စကလေးသည် ဘုရင်မင်းမြတ် အမှူးရှိသော ပညာရှိအဖွဲ့သို့ ရောက်သွား၏။
ပညာရှိအဖွဲ့၌ ပုရောဟိတ်၊ နန်းရင်းဝန်ကြီး၊ သေနာပတိ၊ လွှတ်တော်တရားဌာနချုပ် ဝန်ကြီး၊ ကျွန်ရုပ်မတို့ ပါလေ၏။ ဤကိစ္စ၌ကား အိမ်ရှေ့မင်းနှင့် လွှတ်တော်ဝန်ကြီး ဝန်ထောက်များ၊ မြို့စိုးဦးထင်တို့လည်း တက်ရောက်ကြရလေသည်။
“ကျွန်တော်မျိုးသည် နိုင်ငံတော်အကျိုးကို မြော်မြင်ကာ ကောင်းစွာ ဆင်ခြင်စဉ်းစားခြင်းဖြင့် ဆောင်ရွက်ပုံကို ကျေးဇူးတော်သခင်အရှင် ဘုရင်မင်းမြတ်က သိတော်မူပြီး ဖြစ်ပါ၍ ကျွန်တော်မျိုးသည် လွှတ်တော်၌ ထုချေရန် မရှိ။ ဆုတော်လာဘ်တော်သာ ရဖို့ ရှိကြောင်းပါဘုရား”
ဘုရင်မင်းမြတ်က ဤသို့ မိန့်တော်မူသည်။
“မောင်မင်းအား နိုင်ငံတော်အကျိုးကို မြော်မြင်ကာ ကောင်းစွာ ဆင်ခြင်စဉ်းစားခြင်းဖြင့် ဆောင်ရွက်တယ်လို့ ဘယ်သူက ဆိုသလဲ”
“အမိန့်တော်စာက ဆိုနေပါသည်ဘုရား”
“တင်ပြစမ်း”
ကျွန်ရုပ်မသည် သေချာစွာကြည့်၍ ဤသို့ ဆိုလေ၏။
“အဟုတ်သားကပဲ”
“ဟင်…… ဟင်..…… ဟင်……ဟင်”
“ဘာကြောင့်လဲ သမီးတော်”
“အမိန့်တော်ထန်းဖူး၌ `မင်းကြီးသည်' ဟုရေး၍ ပုဒ်ထီး ကပ်ထားခဲ့သဖြင့် `နိုင်ငံတော်အကျိုးကို ကောင်းစွာ ဆင်ခြင်စဉ်းစားခြင်းဖြင့်' သည် ကတ္တားခြားနေပါ၍ မင်းကြီးနှင့် မဆိုင်၊ မြို့စိုးမောင်ထင်နှင့်သာ ဆိုင်နေလေသည်။ မောင်ထင်ကို အထူးပြုရာ ရောက်နေသည်။ `မင်းကြီးသည်' နှင့်ဆိုင်သော စာပိုဒ်မှာကား `ကိုယ်တော်တိုင် ကောင်းစွာ သိသည့်အတိုင်း' နှင့်သာ သက်ဆိုင်ပါသည်။
အကယ်၍ `မင်းကြီးသည်' `နိုင်ငံတော် အကျိုးကို မြော်မြင်ကာ' နှင့် သက်ဆိုင်စေလိုသော် `မင်းကြီးသည်' ဆိုသော စာပိုဒ်၏ နောက်က ပုဒ်ထီးကို မတပ်ဘဲ ရေးရာသည်။ ယခုသော် ပုဒ်ထီးကပ်၍ ရေးသောကြောင့် ကတ္တားခြားနေသဖြင့် ထိုစကားပိုဒ်သည် မင်းကြီးနှင့် မဆိုင်၊ မောင်ထင်နှင့်သာ ဆိုင်နေသညိ။ မောင်ထင်ကို အထူးပြုထားသည်။ မောင်ထင် ထုချေနေဖွယ် မရှိချေ”
ဘုရင်မင်းမြတ်သည် ပြုံးတော်မူ၍ “ငါ့လွှတ်တော်ကလည်း ချွတ်တော် ဖြစ်သွားတာကိုး” ဟု မိန့်တော်မူရာ လွှတ်တော်ဝန်ကြီးချုပ်က ဆည်တော်အလုပ်သမားများ၏ အောက်ပါတိုင်စာကို တင်ပြလေ၏။
“ကြေးမုံမြို့စိုး မောင်ထင်သည် ဘဏ္ဍာတော်တိုက်မှ ငွေတော် ထုပ်သော်လည်း ဆည်တော်အလုပ်သမားများအား မပေးပါဘုရား”
“ဟဲ့ငထင်……၊ ဒါကိုဘာပြောမလဲ”
“ထန်းဖူးလွှာမှာ ပါနေပါတယ်ဘုရား”
“အေးလေ”
“ကြည့်တော်မူပါ ဘုရား”
ကျွန်ရုပ်မ ဤသို့ဆိုလေ၏။
“ဘဏ္ဍာတော်တိုက်မှ ငွေတော်ထုပ်သော်လည်း ဆိုစကားမှာ `ထုပ်' သည် ထ-အပေါင်းအုပ် ဖြစ်၍ ဘဏ္ဍာတော်တိုက်တွင် ငွေများကို ထားပြီးသော် အုပ်ဆိုင်းကာ သိမ်းဆည်းရာ ရောက်နေပါသည်။ မောင်ထင်သည် ဘဏ္ဍာတော်တိုက်မှာ ငွေကို ထုတ်ရာ မရောက်ချေ။ ထို့ကြောင့် ထိုထန်းဖူးလွှာသည် အမြီးအမောက် မတည့်ချေ။ မောင်ထင်သည် ဘဏ္ဍာတော်တိုက်မှ ငွေမထုတ်၊ ငွေကိုထုပ်ထားရာသာ ရောက်ချေသည်”
“ကိုင်း…… ဘယ့်နှယ် ပညာရှိများ၊ မောင်ထင်ကို ဘယ်လို အရေးယူမလဲ”
လွှတ်တော်ဝန်ကြီးချုပ်ကား နှုတ်ခမ်းမွှေးကြီးကို ကုပ်လျက် ဤသို့ ဆိုတော့၏။
“စာပစ်တဲ့ အကောင်က”
“လွှတ်တော်က ချွတ်တော်မဖြစ်အောင် ကြည့်မှပေါ့”
“ဝန်ထောက်မင်း တခုထပ်တင်”
လွှတ်တော်ဝန်ထောက်မင်းလည်း အောက်ပါ ထန်းဖူးလွှာကို ထပ်တင် လေ၏။
“မြို့စိုးမင်းဦးထင်သည် သူ့ရှေ့တွင် မိန်းမနှစ်ယောက် ရန်ဖြစ်၍ တယောက်နှင့်တယောက် လှန်ပြသည်ကို မြင်ပါလျှက် အမှုမလုပ်ပါဘုရား”
“ဟဲ့ …… ငထင်”
“ဘုရား”
“နင်ကြည့်ကောင်းလို့ ကြည့်နေသလား။ အရေးယူရမယ် ဆိုတာကို နင်မသိဘူးလား။ နင့်အား လွှတ်တော်ဝန်ကြီးချုပ်က တော်တယ်လို့ ကြေးမုံမြို့မှာ စိုးထားတယ် မဟုတ်လား”
“ပစ်လွှာကို သေချာစွာကြည့်ပါဘုရား”
“ပြစမ်း”
ကျွန်ရုပ်မသည် ထိုထန်းဖူးလွှာကို သေချာစွာကြည့်၍ ဤသို့ ဆိုလေ၏။
“ဒီထန်းဖူးစာ၌ `မြင်ပါလျက်' ဆိုသော် မြို့စိုးကို အရေးယူလိုက ယူတော်မူသင့်ပါသည်။ ယခုမှာ `မြင်ပါလျှက်' ဆိုခြင်းကြောင့် မြို့စိုးမှာ အပြစ်လွတ်နေပါသည်”
“ဟင်…… ဟင်…… ဟင်…… ဟင်”
“ဆိုစမ်း သမီးတော်”
“လျက်- ဆိုသော စကားသည် အချိန်ပြဝိဘတ်စကား ဖြစ်၍ `ကား၊ ရာတွင်၊ စဉ်၊ စဉ်တွင်' ဆိုသော စကားတို့နှင့် သဘောတူ ဖြစ်ပါသည်”
“အင်း”
“လျှက်- ကား လ-အပေါင်းယှက် ဖြစ်၍ ထိုအချိန်တွင် ဖြစ်ပျက်ရာ၌ ရှုပ်ယှက်ခတ် ဖြစ်နေသည်ဟု ဆိုရာရောက်၍ မြို့စိုးသည် မြင်ပါသော်လည်း ရှုပ်ယှက်ခတ် ဖြစ်နေ၍ အရေးမယူပါ ဆိုလိုရာ ရောက်နေပါသည်။
`လျက်နှင့် လျှက်' သည် အဓိပ္ပာယ်ခြင်း ခြားနားရာတွင် လ-အသံ၊ လ-အက္ခရာသည် အလွန်ကျယ်ပြန့်သော အနက် ရှိပါသည် ဘုရား”
“အင်း…… လနှင့်ပတ်သက်၍ ဆိုစမ်း သမီးတော်”
“ဦးတည့်ရပ်ပါ ဘုရား။
`တောကြီးဆိတ်ညံ၊ သာယာဟန်တွင်
တွန်သံဖြဖြ၊ ဟန်ရေးပသည်
ကြက်ဖတောင်ပံ လဖြုန်းတည်း'
`ကန္တာရဦး၊ နေခြည်မြူးတွင်
ဘီလူးသွားကို လဖြဲတည်း'
ထိုသို့သော စာ၌ လ-သည် ‘လည်း' အဓိပ္ပာယ် ဖြစ်ပါသည်။
`ကုန်နှင့် မိန်ခါ၊ ထိုသည့်ရာတွင်း
သင်းအုံသည်မှာ လဥတည်း'
`မြောက်လေကျော့ကျော့၊ တောင်လေဆော့တွင်
ကြော့ကြော့ ဟင်္သာ၊ စီးနင်းကာနှင့်
မင်းကြီးရွှေညာ လဆန်တည်း'
ထိုသို့သောစာ၌ လ-သည် အချိန်အခါကို ပြသော လ ပါတည်း။
ထိုသို့လျှင် လ- အက္ခရာသည် အသံအားဖြင့်၊ ရေးထုံးအားဖြင့် အမျိုးမျိုး အဓိပ္ပာယ်နက် ထွက်နေပါသည် ဘုရား”
“အင်း…… ငထင့်အတွက် ဘယ်လိုကောက်ချက် ဆိုမလဲ”
“ဆုတော်ပေးသင့်ပါ ဘုရား”
“ဟင်…… ဟင်…… ဟင်”
“ကိုင်းဆို သမီးတော်၊ ဘယ်လို ဆုတော်လဲ”
“ကြေးမုံမြို့အား မောင်ထင်သည် ယခုထက် တိုးတက်စည်ကား၍ သာယာဝပြောစေရန် တရားသဖြင့် စီမံအုပ်ချုပ်လေ။ ထိုဆုတော်ကို ဘုရင်မင်းမြတ်က ပေးလိုက်သည်။ မြို့စားမောင်ထင်သည် ဦးလည်မသုန် ရယူစေ။ လွှတ်တော်ဝန်ကြီးက ဆင့်”
ဘုရင်မင်းမြတ်မင်းခေါင်က ပညာရှိများ သတိပေးခြင်းသည် အရသာရှိ၍ အဖိုးတန်လှပါတကားဟု မိန့်တောိမူလေ၏။
(စစ်ကိုင်းဦးဘိုးသင်း)
◾◾◾
#ဆရာကြီးစစ်ကိုင်းဦးဖိုးသင်း_အား_အစဉ်ချစ်ခင်လေးစားကြည်ညိုလျက်....🙏🥰🌹
စာပေချစ်မြတ်နိုးသူများနှင့်တကွ
မြန်မာနိုင်ငံသူ/နိုင်ငံသား
ကမ္ဘာသူ/ကမ္ဘာသားများအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...🙏🌹🤍🥰
ချစ်ခြင်းများစွာဖြင့်
ဝတ္ထုတို_ဝတ္ထုရှည်များ & ပြည်သူ့စာကြည့်တိုက်
👇👇👇👇👇
https://www.facebook.com/356Myat.Thu.Aung
ဝတ္ထုတို ဝတ္ထုရှည်၊ ကဗျာ၊ ဆောင်းပါးများနှင့် ရသစာတမ်း များကို အခမဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်>>>>
👇👇👇👇👇
https://www.facebook.com/share/p/16HgQYfB2z/
မေတ္တာဖြင့်
#ရှေးစာကဗျာများ ၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာထဲမှတဆင့် ပြန်လည်ကူးယူမျှဝေပေးပါသည်။
#ပြန်လည်ကူးယူမျှဝေသည့်_အချိန်_နေ့_ရက်၊
#မြန်မာသက္ကရာဇ်_၁၃၈၈_ခုနှစ်
#ဥတုဂိမ္မန္တ_နွေလရာသီ။
#ကဆုန်လပြည့်ကျော်_၇_ရက်_ကြာသပတေးနေ့။
#သန်းခေါင်ယာမ်_၁၁_နာရီ_၃၆_မိနစ်။
(၂၂-၁-၁၃၈၈)
#ကဆုန်လ (၄း၅၀ ) အရုဏ်တက်ချိန်_နေ့ကူးချိန်။) #ဝတ္ထုတိုဝတ္ထုရှည်များ #စာဖတ်ပွဲတော် #စာဖတ်ဝိုင်း #ပြည်သူ့စာကြည့်တိုက် #အွန်လိုင်းအခမဲ့_စာကြည့်တိုက် ဝတ္ထုတို ဝတ္ထုရှည်များ
08/05/2026
အပြုံးတစ်ခုသည်ခံစားချက်တစ်ထောင်ကိုဖုံးကွယ်ထားတတ်သည်မို့ပြုံးနေလို့ပျော်နေသည်ကားမဟုတ်
02/02/2026
အောင်နက် ၏ခွေးသာနုစိတ်ဓာတ်
++++++++++++++++++++++++
ယနေ့ခေတ် တိုးတက်လှသောတက်ခေတ်ကြီး ဝယ် သြကာသလောကကြီးရှိ သက်ရှိလူသားအားလုံးသည်အရာအားလုံး၌ အံ့ချီးမခန်း အသိအမြင်အတွေးအခေါ်များ တိုးတက် နေပေသည်သာ မက ခွေးတို့သည်ပင် တက်ခွေးခေတ်ဖြစ်နေချေပြီ
အကြောင်းမှုကား-
ဃရာဝါသ ကိစ္စများမြောင် ခွေးတို့ဘောင်ဝယ် လူ့စရိုက် လူအကျင့်ကို
တက်လှမ်းလင့်ကုန်သော ခွေးသူတော်ကောင်း အပေါင်းတို့သည်ပင်လျှင် ဝါဝင်ကိုရှောင်ကာ တပို့တွဲလတွင် ရက်ရွေးကြလေပြီ
သုနက္ခ တိုင်းပြည်ကြီးကို တုန်လှုပ်ခြောက်ချား စေခဲ့သည့် ဦးလူ ရဲ့ ခွေးယုံတော်ကြီး အောင်နက် သည်ခွေးတို့၏ လွတ်လပ်ရေးကို သူရဲ့ အူသံဖြင့် စတင်ခဲ့လေသည့် ဖြစ်ရပ်
အောင်နက်၏ မွေးသက္ကရာဇ်ကို တွက်စစ်ကြည့်သော်
မနှစ်က တော်သလင်းလမှာ လူပျိုတော်ဝင်ခဲ့သည်
သို့သော် အောင်နက်တစ်ကောင်အဖို့ အရာမရောက်သေးသဖြင့် သူတစ်ပါး အခြားသူတို့ အိမ်ထောင်သားမွေးမူ ပြုကြသည်ကို သူနှင့်ရွယ်တူ တမ်းတူခွေးပျို
ကာလသားတို့ အပေါ်တွင် ခွေးကာလသားခေါင်းလုပ်ကာ လမ်းစုံ လမ်းမ၌ အူ၍ ခဲဖိုးတောင်းခဲ့သည်
တစ်နှစ်ဟူသောအချိန်သည် မှတ်သားရင်း တရွေ့ရွေ့ ကုန်ဆုံးခဲ့ပြီ
အောင်နက် တစ်ကောင် ယခုနှစ် အချိန် အရွယ်ရောက်လာငြားလည်း
ခွေးသာနုစိတ်ဝင်စားရာကနေ ဓမ္မတာဖြစ်သော ရာဂစိတ်တို့ကို ချိုးနှိမ်ဖိဆီး
ထားလိုက်လေသည်
အောင်နက်၏စိတ်အစဥ်ဝယ်စွဲစွဲမြဲမြဲ
ဆုံးဖြတ်ချက်ချထားမိလေသည်ကား
ဤသုနက္ခပြည်သည် ခွေးတို့အဖို့
ခွေးတို့၏ လွတ်လပ်ရေးသည် ပထမ
ဒုတိယ တတိယ စတုတ်ထပဉ်စမ ဧကုနာဝီသတိ
အောင်နက်တစ်ကောင် အဖိုးတန်လှသည့် ခွေးသာနုစိတ်ကိုမွေးမြူရင်း
သုနက္ခပြည်တွင် ခွေးတို့ချို့တဲ့ရသော အကြောင်းအရင်း ဇစ်မြစ်ကိုရှာဖွေ
ရာ
ခွေးအပေါင်းတို့သည် ခွေးဆင်းရဲဘဝသို့ ရောက်ရှိလို့ နေချေသည်တကား.....
ရှေးအခါကာလများဆီက အလှူအိမ် မသာအိမ်တို့တွင် ခွေးတစီစီဖြင့် စည်ကားခဲ့သည် ယခုမှု ခွေးများထိုကဲ့သို့ရွှင်မြူး စွာမအူနိုင်ကြပြီ
ပြီးခဲ့သည့်နှစ် မွန်းတည့်ချိန် စာရင်းအရ လွန်ခဲ့သော ဆယ်စုနှစ်ကထက်
ခွေးအကောင်ရေဆယ်ဆမျှတိုးလို့လာချေပြီ မြို့အစွန်မြို့အဖျားသို့ ရောက်ရှိနေထိုင်ကြကုန်သော ခွေးများကားပေါများလှချေပြီ အဘယ်အကြောင်း
ကြောင့်နည်း ?ဖြစ်လေသည်ကို အောင်နက်တစ်ကောင် စုံစမ်းထောက်လမ်း တွေးခေါ်လို့နေပြီ
ရှေးက လူတစ်အိမ်ထောင်လျှင် ခွေးနှစ်အိမ်ထောင် ချောင်ချိစွာနေနိုင်သည်
ယခုတော့ လူတို့အိမ်တွင် ခွေးနေရာအစား မျောက်ရောက်လို့နေချေပြီ
ကြောင်များကမင်းမူနေကြပြီ
ကြက်တူရွေးတို့က ချယ်လှယ်နေကြပြီ
ခေတ်မီပြီးချမ်းသာကြွယ်ဝသူတို့၏
အိမ်တို့၌ ကျား ဝက်ဝံ မြွေ စသည့်တို့ကိုပင် အလှမွေးမြူထားကြကုန်ပြီ
ဤသည်ကား မှတစ်ပါး အခြားမဟုတ်ချေ
ခွေးသာနုတရားလျော့နည်းပါး၍ ခွေး ခြင်းမညီညွတ်မူကြောင့် မဟုတ်တုံ့လော
ရှေးခေတ်ကာလများဝယ် အလှူအိမ် ခွေးများစုဖွဲ့စားရလေသော ဘုံဝါဒပျောက်ဆုံး၍ ငါတကော ဝါဒရောက်ရှိကြကုန်လေခြင်းကြောင့်ပင်ဖြစ်၏
ရှေးခေတ်ခွေးများနှင့် ယခုခေတ်ခွေးများ စိတ်ဓာတ်ချင်း မတူကြ
ရှေးခေတ် ခွေးများသည်သစ္စာရှိကြ၏
ယခုခေတ်ခွေးများသည်ကား သစ္စာမဲ့ကြကုန်၏
ရှေးခေတ်ခွေးများသည် မိမိသခင်သေဆုံးလေသည့် အခြားမဲ့၌ပင် သခင်ဖြစ်သူ၏ မြေပုံထက်ဝယ် ထိုင်ကာ အူခဲ့ကြသည်
ယခုခေတ်ခွေးများသည် မိမိသခင်သေ၍ မြေမြုပ်ပြီးသကာလ အလောင်းကောင်ကို ဖော်၍စားကြသည်
သခင်အပေါ် ကျွေးကျေးဇူး သိတတ်ပုံသည်ကား ရှေးခေတ်ခွေးနှင့် ယခုခေတ်ခွေးတို့ မတူကြပေတော့
ရှေးခေတ်ခွေးတို့သည် သခင်ဥစ္စာကို စောင့်ရှောက်သော အားဖြင့် လူစိမ်း သူစိမ်း လာလျှင် အူတော်ဟောင်တော်
ရှိကြသည်
ယခုခေတ်ခွေးများသည်ကား-
သခင်အလစ်ချောင်းကာနေပြီး လစ်သည်နှင့်တပြိုင်နက် မီးဖိုချောင်ထဲဝင်လျက် ထမင်ကြမ်းအိုး ကိုနူတ်သီးစွပ်ကြကုန်၏
ရှေးကခွေးများသည် အကြောင်းရှိ၍ တစ်ကောင်က အူသံပေးသည်နှင့်တပြိုင်နက် တစ်ရွာလုံးရှိ ခွေးအပေါင်းတကာတို့ အူကြကုန်၏
ယခုခေတ်ခွေးများသည်ကား ဤသို့မဟုတ်ချေ တစ်ကောင်က အူသံပေးသည်နှင့် အခြားတစ်ကောင်က ခေတ်မဆန်သူဟု ဆိုလေသည်
ခေတ်ဆန်သူက အူပြန်လျှင်လည်း
""ဝူး........"ဟုမအူလဘေဲ
အဂ်လိပ်လို ""ဘောင်း..........ဝေါင်း..."
ဟု အူကြသည်
ခွေးလောက ခွေးအပေါင်းတို့ဝယ်
မတရားမူ အဓ္ဓမမှု များကြီးစိုး လွှမ်းမိုးလို့နေချေပြီ
ဒါကြောင့်....
အသင်ခွေးတို့ ညီညွတ်ကြကုန်လော..
ခွေးသာနုတရား ပွားများကြကုန်လော
ခေတ်နှင့်အညီ ရင်ဘောင်တန်းကြကုန်လော...
ယနေ့ခေတ်ဆိုး ခေတ်ပျက်ထဲဝယ်
ခွေးတို့၏ လွတ်လပ်မူသည် တားဆီး
ပိတ်ပင်ခြင်း ခံနေရချေပြီ
သွားချင်တိုင်းမသွားရ
အူချင်တိုင်းမအူရ
စားချင်တိုင်းမစားဝံ့
မိမိပေါင်းဖက်ယှက်ဖြာချင်းတိုင်း အချစ်မေတ္တာအကြင်နာ ပေးခွင့်မရကြ
စည်းလုံးကြကုန်
ညီညွတ်ကြကုန်
စည်းလုံးညီညွတ်မူဖြင့် ခွေးတို့၏လွတ်လပ်ရေးကို ဆောင်ရွက်ကြကုန်အံ့
အောင်နက်သည် နားရွက်စွင့်
သွားကိုဖြီးပြီး လျှာကိုထုတ်ကာ သွားရည်ယိုလျက် အမြီးကိုကောက်
ဒေါမာန်ပါပါနှင့် ကြက်ဥထည့်သော
ထင်းရူးသေတ္တာ စင်မြင့်ထက်ပေါ်ဝယ်
ဆောင့်ကြောင့်ထိုင်ကာ နောက်လိုက်
တက်ခွေးပျို ပရိသတ် အပေါင်းအကောင် ၅၀ ကျော်(ဂျာနယ်သတင်းမီဒီယာအလိုဌာ တစ်စောင်က ၅ကောင်ကျော် တစ်စောင်က ၅၀၀၀ကျော်)ရှေ့၌" ခွိန္ဒြေ သမ္မတ္တိ" ဖြင့်
ခွေးဝံသာနုတရားကို တစ်နေ့သော နံနက်ခင်းတစ်ချိန်တွင် ဖြန့်ချီလို့နေလေ၏
အောင်နက်၏ ရှည်လျားလှသော တရားအဆုံး၌ ခွေးအပေါင်းတို့သည်လည်း ကောင်းချီးမဂ်လာ ""အူ""ဘာပေးကြလေကုန်၏
ထိုအခိုက်ဝယ် နူတ်သီးမဲမဲ ခွေးဝဲစားတစ်ကောင်သည် အောင်နက် ဦးစီးကျင်းပပြုလုပ်နေလေသော တက်ခွေးများ၏ တော်လှန်ရေး အစည်းအဝေး
နား သို့ သိုးကာသီကာ ဖြတ်လျောက်ကာသွားလေ၏
အောင်နက် နောက်လိုက် တက်ခွေးတစ်သိုက်က
""ခွေးသားစုံထောက်တွေ""
ခွေးရာဇသတ် ပုဒ်မ တွေကို အားကိုးပြီး အစိုးရနဲ့ ရန်တိုက်ပေးနေတာပဲ
ဒီခွေးကောင်စားမျိုးတွေ ငါတို့ အလိုမရှိဘူး ဝိုင်းမောင်းထုတ်ကြရအောင်ဟု
ဟောင်ကြလေကုန်၏
တချို့ကလည်း သူတို့ရှိ ထက်လှပေသော အစွယ်ကို ဖြဲပြကြ၏
ဤသည်ကို မြင်တွေ့လေသော ခွေးစုံထောက်နောက်လိုက် ခွေးပုလိပ်တစ်ကောင်က လက်နက်ဥပဒေနှင့်ထိရောက်စွာ အရေးယူမည်ဟု ဟိန်းဟောင်သံပြုလိုက်သေးသည်
သို့သော် ထိထိရောက် ရောက်အရေးမယူလိုက်နိုင်လိုက်သောကြောင့် တက်ခွေးများအစည်းအဝေး အထမြောက်အောင်မြင်ခဲ့သည်
နောက်ဆုံးတွင် အောင်နက် ဦးဆောင်လေသော ခွေးအစည်းအဝေးပွဲသည်
ခွေးဆပ်ကော်မတီဖွဲ့၍ ခွေးလုပ်ငန်းနှင့် ခွေးဝါဒဆိုင်ရာများ ဆွေးနွေးကြပြီး အဆုံးသတ်လေသည်
ခွေးကော်မတီ၏ ဆုံးဖြတ်ချက်အရ
အောင်နက်ကဦးဆောင်ကာ တက်ခွေးများသည် လူတို့ထံမှ သုံးဌာနပေးရန်
တောင်းဆိုကြရမည်
ထိုသုံးဌာနသည်ကား.....
(၁)အလှူအိမ်
(၂)မီးဖိုချောင်
(၃)ယိုအိမ်သာ တို့နှင့်ပတ်သက်လေရာတောင်းဆိုချက်များပင် ဖြစ်ကြသည်
အောင်နက်ဦးဆောင်လေသော တက်ခွေးတို့ အလိုအားဖြင့်
လူသားတို့သည် အလှူအတန်းလုပ်ရာတွင် ဖိတ်ထားသောလူဦးရေအရ
အတိအကျ ကျွေးမွေးသော စနစ်ဖြင့်
ခွေးများအတွက် စားရန်ခွေးစာ မကျန်
ကျွေးမွေးမှုပြုခြင်းသည် ခွေးတို့အားပိတ်ပင် တာဆီးမူမြောက်ပေ၏
ရှေးခေတ်ကာလဆီက မီးဖိုချောင်နေရာဒေသသည် ခွေးတို့၏နေရာဖြစ်သော်လည်း ယခုအခါ အိမ်ရှင်မများကသာ အပိုင်သိမ်း ချုပ်ချယ်လေမူ
ယိုအိမ်သာထွက်စားသောက်စရာသည် ခွေးတို့အတွက် ဘိုးဘွားပိုင် ပစ္စည်းဖြစ်ပေသော်လည်း ယခုအခါ
မြူနီစီပယ်က အပိုင်သိမ်းလေမူ
လူသားတို့ ကျူးလွန်ကြကုန်သော ထိုသုံးမှု သုံးဌာန ကို လူသားတို့ထံမှ ပြန်လည် ရအောင်တောင်းဆိုကြရမည်
များစွာသော တက်ခွေးအပေါင်းတို့
၏ စိတ်ဘဝင်ဝယ် နောက်ဆုံးအချက်ဖြစ်သော အိမ်သာကို မြူနီစီပယ်က အုပ်စိုးမူသည် ဒိုင်အာခီစနစ်ထက် ဆိုးဝါးလှပေသည်ဟု ယူဆကြကုန်၏
အဆိုပါ တောင်းဆိုချက်များမရမခြင်း
တက်ခွေးအပေါင်းတို့သည် လူတို့အိမ်၌စောင့်ရသော အရေးတွင်သပိတ်မှောက်ခြင်း အလုပ်ရပ်ဆဲခြင်း
ဆူပူထကြွသောင်းကျန်းရန်တို့ကို တက်ခွေးဆပ်ကော်မတီက အလေးအနက်ထား ဆုံးဖြတ်ခဲ့လေသည်
တစ်နေ့သော နံနက်ခင်း အရှေ့အရပ်ဆီက နေမင်းသည်လည်း အမှောင်ထုကို ဝါးမျိုရင်း ပြူထွက်လာလေပြီ
အောင်နက်သည် တက်ခွေးအဖော်အပေါင်းများ ခြံရံလျက် သုနက္ခ အလံကိုလွှင့်ထူကိုက်ချီကာ တက်ခွေးအပေါင်းသည်ကား ခွေးပါးစပ်ဘင်ဆိုင်းတီးအူပြီး ခွေးတပ်ကြီးချီလို့လာချေပြီ
တက်ခွေးတို့၏ ခေါင်းဆောင်ကြီး အောင်နက် ရှေ့ဘက်တွင် တက်ခွေးပျိုမ သူနာပြုတပ် သည်
ခွေးတို့ "လွတ်လပ်ရေးသုံးဌာနေ တောင်းဆိုချက်"
""လူတွေကို အလိုမရှိ နေရင်းအဝီစိသို့ပြန်သွား""
"အမဲရိုးထက် အမဲသားက အရသာရှိသည်""
ဟူသော စာတမ်းများကိုင်စွဲကာ ချီတက်ကြကုန်၏
အောင်နက်တို့ တက်ခွေး တစ်သိုက်ကို
ဗိုလ်ခွေး သဘော်ခွေး အိမ်ခွေး နှင့် ခွေးပျိုနာစွဲကပ် ကာ မလိုက်နိုင်ကြကုန်သော ခွေးတို့သည်ကား သူတို့၏တည်ရာ ဌာနေနေရာမှနေ ရူံ့ချ ကဲ့ရဲ့သော အားဖြင့် အူကြ ဟိန်းကြ ဟောင်ကြကုန်လေသည်
အောင်နက်ဦးဆောင်လေသော တော်လှန်ရေးတက်ခွေး တပ်ကြီး ချီတက်လေရာ များမကြာမီမှာ အငြိမ်းစား အထောက်အပံ့ရ ရိက္ခာတော်အရာရှိ ဖြစ်လေသူ ဦးလူ ၏အိမ်
ရှေ့သို့ ရောက်ရှိကြလေ၏
ဦးလူ၏ အိမ်ရှေ့ရောက်သည်နှင့်တစ်ပြိုင်နက် တက်ခွေးတို့ ခေါင်းဆောင် အောင်နက်သည် သူ့နောက်လိုက် ချီတက်လာကြသူ တက်ခွေးအပေါင်းတို့အားဟောင်စေပြီး သူကိုယ်တိုင်ကလည်း ဓနရှင်ဝါဒ အလိုမရှိဟု ဆိုကာ စူးဝါးစွာအူသံပြုလေ၏
အိမ်ရှင် ဦးလူတစ်ယောက် ခွေးတပ်ကြီးရဲ့ ဟောင်သံ ဟိန်းသံ အူသံများကြောင့် အိမ်ရှေ့ ဖိနပ်ချွတ် စင်အနီးထောင်ထားလေသော ဝါးအဆစ်ပိတ် ဝါးရင်းတုတ်ကို စွဲကိုင်ကာ ပုဆိုးကို တိုတိုဝတ်လျက် တုတ်စွဲကာထွက်လာလေပြီ
အောင်နက်၏ရှေ့ ခွေးသူနာပြုတပ်တက်ခွေးမပျိုတို့သည် ဦးလူရဲ့ လက်က ဝါးရင်းတုတ် ကိုမြင်ရလေသည်နှင့်တစ်ပြိုင်နက် တုန်လှုပ်ခြောက်ချား အကြောက်ကြီးကြောက်ကာ အမြီးကုတ်လျက် အဝေးသို့ ပြေးကြလေ၏
အောင်နက်သည်ကား တက်ခွေးခေါင်းဆောင်ပီပီ ခွေးတို့၏ အလယ် ခွေးထိုင် ထိုင်ကာ ခွေးတို့၏ သုံးဌာနေ အတွက် အူသံဟောင်သံပြု တောင်းဆိုလေသည်
ဦးလူတစ်ယောက် ခွေးအူသံဟောင်သံကိုနားမလည် ခွေးရူးထသည်ထင်ပြီး
""ဟေ့...ခွေးတွေ""ဟု မောင်းနှင်ကာ တုတ်ဖြင့်ခြောက်လန့်လေ၏
အောင်နက်က ခြောက်၍လည်း မကြောက်
ဘဲ ဦးလူ၏ ပုဆိုးစကို မာန်ဖီကာဟပ်လေသည်
ဦးလူလည်း ချက်ချင်းဆိုသလို ဝါးရင်းတုတ် ကို လွှဲကာအောင်နက်အား ရိုက်ချလေရာ အောင်နက်၏
နူတ်သီးကို ထိလေ၏
ထိုအခါမှာတော့ တက်ခွေးအာဇာနည် အောင်နက် နောက်ပြန်မလှည့် ဘဲ နောက်လိုက်နောက်ပါ တက်ခွေး တို့ကို ညာသံပေးကာ ဟောင်လေ၏
"ခွေးပြည်သည်ကား ခွေးအဖို့""
""အမဲရိုးသည် ဒို့အစာ""
""ဟောင်ခြင်းသည် ဒို့စကား""
ဟု အောင်နက်သည် အူသံပြုပြီးသော်
ဦးလူ ၏ လည်မျိုဆီသို့ ပြေးဝင်ကာဟပ်လေ၏
အောင်နက်၏ နောက်လိုက်နောက်ပါ
တက်ခွေးတစ်သိုက်သည်ကား ဦးလူနှင့် အောင်နက် တို့ကို ရူးတိုက်ပေးဟောင်ကြလေပြီးနောက် ဦးလူ၏ အိမ်ပေါ်သို့ပြေးဝင်ကြကာ အပေါ်ထပ် အောက်ထပ် မကျန် မီးဖိုချောင်အဆုံးအိမ်သာမကျန် အနှံ့အပြား ဝင်ရောက်လေကြပြီး
ဘဲကင် အမဲခြောက် ငါးပိ ငါးခြောက် ပုစွန်ခြောက် ဒိန်ခဲ ဒိန်ချဥ်
ကြက်ဥ ဆိတ်သားနှပ် မစင်ပါ မကျန်
ခွေးသုဒ္ဓအပေါင်းကို ပြေး၍ဟပ် ကြလေကုန်၏
တက်ခွေးခေါင်ဆောင် အောင်နက်သည်ကား
သုနက္ခပြည် အတွက် သူ့အသက်ကိုပင် ပမာမထားဘဲ အရိုးပင်ကြေကြေ အရေပင်ခမ်းခမ်း စိတ်ဓာတ်အပြည့်ဖြင့် သူပြေးကာဟပ်လေသည့် ဦးလူ ၏ လည်မျိုကို မဟပ်မိဘဲ ဦးလူ လက်ကောက်ဝတ်ကိုသာ ဟပ်မိလေရာ အောင်နက်တစ်ကောင် မလွှတ်တမ်း အံကိုခဲကာ ခဲထားလေ၏
ဦးလူသည် သူ၏လက်ကောက်ဝတ်ကို
ကိုက်ခဲထားသော အောင်နက် အား ဝါးရင်းတုတ်ဖြင့် အားကုန်လွှဲကာရိုက်ချလိုက်ရာ အောင်နက်၏ ဦးခေါင်းထက်သို့ အရှိန်ပြင်းစွာ ရိုက်မိလေတော့၏
အောင်နက်၏ နားရွက်စုတ်ထွက်သွားကာ သွေးများထွက်ဖြာကျလာ၏
အောင်နက်သည်ကား သူ၏စိတ်အသွင်ဝယ် ထွက်ဖြာကျလာသော သွေးတို့သည် သုနက္ခပြည်အတွက်ထွက်ကျလာလေသော သွေးတို့သည်သာဖြစ်၍ မလျော့သောဇွဲ သဲမဲသောဇာတိမာန်ဖြင့် ဦးလူ၏ လက်ကောက်ဝတ်ကို လွှတ်ချလိုက်သော်လည်း ဦးလူ၏ တင်ပါးစုံကို ထပ်မံခဲပြန်လေပြီ
ဦးလူလည်း ချက်ချင်းဆိုသလို လက်တွင်ကိုင်ထားလေသော ဝါးရင်းတုတ်ဖြင့် အောင်နက်၏ ခါးဆစ်ပိုင်းသို့ လွှဲကာရိုက်ချလိုက်ပြန်၏
ထိုအချိန်ဝယ် အောင်နက် ခင်ဗျာ သုနက္ခ တိုင်းပြည်လွတ်လပ်ရေးအတွက်
""ကိန်""ဟုသော အသံသာထွက်နိုင်လေပြီး ခွေကာကျ လို့ မထနိုင်ရှာတော့ပေ
ဦးလူသည် အောင်နက်ကိုရိုက်ချလိုက်ပြီးနောက် အိမ်အပေါ်သို့ လွှားခနဲ ခုန်တက်သွားလေသည်
သို့သော် တော်တော်နှင့်ပြန်၍ဆင်းမလာ အိမ်ပေါ်ထက်ရှိ တက်ခွေးတို့၏
ရန်ကို တွန်းလှန်တိုက်ဖျက်နေရ ဟန်ရှိပေသည်
ခွေကာလဲကျနေလေသော အောင်နက်သည် ဖင်တရွတ်တိုက်နှင့်တွားသွားကာ အိမ်ခြံစည်းရိုးပြုစိုက်ထားသော ပုဏ္ဏရိပ်ပင် များအောက်တွင် ပုံးခိုနေလေ၏
များမကြာမီ အချိန်မှာပဲ
ဦးလူ၏ လိုက်လံ နှိပ်ကွပ်ရိုက်ပုတ်မောင်းနှင်မူကြောင့် ဦးလူ၏ အိမ်ပေါ်မှနေ တက်ခွေးများ တစ်ကောင်ပြီး တစ်ကောင် ဖရိုဖရဲနှင့် တပ်ပျက်ကာ
ဆင်းပြေးလာကြကုန်သည်
ထိုဆင်းပြေးလာကြသော ခွေးတို့အနက် ပထမဦးဆုံး ခွေးတစ်ကောင်သည် လဲကျပုန်းခိုနေသော အောင်နက်ကို ခလုတ်တိုက်မိလေ၏
အောင်နက်၏ ပယောဂါကြောင့် သူပြေးထွက်ရာ လမ်းကြောင်းဝယ် ခလုတ်ကသင်းဖြစ် နှောင်နှေးရမှတ်သည်ဟု ထင်မှတ်ကာ အောင်နက်၏ ဂုတ်ကို ဟပ်ကာ နှစ်ခါလောက် ခါးယမ်းလေ၏
ခါးအကြောမြက်နေသော အောင်နက်တစ်ကောင် ဘာမှမတတ်နိုင်ရှာ တကိန် ကိန်နှင့်သာ နာကျင်မှုကို အံတုကာနေရရှာ၏
ပြေးဆင်းလို့ လာပါလေပြီ ဒုတိယမိအကြိမ်မြောက်ခွေး အမဲရိုးကို ကိုက်ချီလို့လာလေပြီး အောင်နက်နံဘေး နားရောက်ကာမှ ပါးစပ်ထဲက ကိုက်ချီလာလေသည့် အမဲရိုးက ပြုတ်ကျလေ၏
အောင်နက်လည်း သူအတွက်ယူဆောင်ပေးလာလေသည်ဟု ထင်မှတ်မှားကာ ပြုတ်ကျလာလေသော အမဲရိုးအား ဟပ်လိုက်လေရာ
ကိုက်ချီလာလေသော အမဲရိုးပိုင်ရှင်
တက်ခွေးသည် ဒေါသတကြီးနှင့် အောင်နက်ရဲ့ အကောင်းပကတိရှိနေလေသော နားရွက်တစ်ဖက်ကို တဇက်ဇက်မည်အောင်ကိုက်လျက် ခါယမ်းလေ၏ အောင်နက်သည် နာကျင်လွန်းလှသဖြင့် ကိုက်ထားမိသောအမဲရိုးကိုလွှတ်ချလိုက်ရာ အမဲရိုးပိုင်ရှင်ခွေးသည်လည်း ပြုတ်ကျလာသော အမဲရိုးအား ကိုက်ချီကာ ပြေးထွက်သွားလေသည်
ဒိန်ခဲချီလျက် ဆင်းပြေးလာလေသော တတိယမြောက် တက်ခွေးသည်ကား
အောက်နက်ခန္ဓာကိုယ်ထက်ပေါ်သို့ တက်နင်းကာ သုတ်ခြေတင်လေ၏
စတုတ္ထမြောက် တက်ခွေးသည်ကား
လျှာ ကို ထုတ်ကာ တအီအီနှင့် အော်ငြီးလျက် အောင်နက်ကြောင့် ဦးလူ ဝါးရင်းတုတ်စာ မိ လာရသည်ကို မကျေမချမ်းဖြစ် သောစိတ်ဖြင့် အောင်နက်အနီးရောက်ချိန်ဝယ် အောင်နက်၏ မြက်နေသော ခါးကို ကိုက်၍ ချာချာလည်အောင်ခါလေသည်
ပဥ္စမ ဆဋ္ဌမ စသော တက်ခွေးအပေါင်းတို့သည် အောင်နက်ကို စိတ်နာလေသော အကြည့်တို့နှင့်ကြည့်လျက်
ဟိန်းကြ ဟောင်ကြလေ၏
အောင်နက်တစ်ကောင် သူရရှိထားလေသော ဒဏ်ရာများကြောင့် သူ၏နောက်လိုက် တက်ခွေးတစ်သိုက်ကို မတွန်းလှန်နိုင်လေသည်မို့
ဖင်ဒရွတ်ဆွဲကာ မလှမ်းမကမ်း ရှိ လွတ်ရာကျွတ်ရာ မန်ကျည်းပင်ရင်းအောက်သို့ ရွှေ့ပြောင်းကာ ဝပ်နေလေ၏
မကြာမီအချိန်တွင် ခွေးသံများတိတ်ဆိတ်လို့ သွားလေပြီ ဒဏ်ရာဘလည်ပွနှင့် အောင်နက်သည်ကား သူရရှိထားလေသော ဒဏ်ရာများ၏ ဝေဒနာကို ကြိတ်မှိတ် ခံစားရင်း ခွေးဘဝ ခွေးလောကကြီးအကြောင်း ကမ္မဋ္ဌာန်း စီးဖြန်းလို့နေလေသည်
ဟာနေသော ဝမ်းကလည်း တကြုတ်ကြုတ် မြည်သံပြုကာ တစ်နေ့ ကုန်ဆုံးလိုံသွားချေပြီ
နောက်တစ်နေ့ နေထွက်ကာ တစ်မိုးသောက်ချိန်တွင် ဦးလူတစ်ယောက် ခြံစည်းရိုးစိုက်ထားသော ပုဏ္ဏရိပ်ပင်တို့ကို ရေလောင်းစဥ် အနီးရှိ မန်ကျည်းပင်ရင်း အောက် ဒဏ်ရာများနှင့် လဲနေလေသော အောင်နက်ကို
မြင်လေ၏
အောင်နက်သည် စစ်ပြေငြိမ်းသော အထိမ်းအမှတ်ကိုပြကာ သူ၏နှာခေါင်းကို ရှုံ့ချီ ပွချီပြုလျက် အမြီးကိုနှံ့ရင်း မျက်နှာချိုသွေးလေသည်
ဦးလူသည် သူကို ကိုက်ခဲ့သောခွေးဖြစ်သော်လည်း အောင်နက်၏ ဒဏ်ရာ ဒဏ်ချက်တွေကိုကြည့်ပြီး သနားစိတ်ဝင်ကာ ချမ်းသာပေးလိုက်သည်
ထိုအချိန်မှစတင်၍ တက်ခွေးတို့၏ ခေါင်းဆောင် အောင်နက်သည် ဦးလူ၏ ခွေးယုံတစ်ကောင်ဖြစ်လာခဲ့သည်
အောင်နက်၏ သတ္တိကို လေးစားမိလေသူ ဦးလူသည် သူလက်ရှိမွေးထားလေသော အဂ်လိပ်ဗိုလ်ခွေးကပြားမ လေးနှင့် အတူ ထမင်းခွက်ဆုံ စားစေသည်
ဦးလူမွေးထားလေသော အဂ်လိပ်ကပြားမ ခွေးမလေးအမည်သည်ကား လူစီ မည်၏ လူစီသည် ကလက်တက်တက် ပျက်တက်တက်နှင့် အောင်နက်ရှေ့ဝယ် နန့်ကြောဆွဲပြနေလေ၏
အောင်နက်အဖို့ လူစီ၏ အထာပေးနန့်ကြောဆွဲပြလေသည်ကိုကြည့်မြင်မိလေချိန်မှာ ခွေးစိတ်တွေဝင်ကာ သွားရည် တဖြန်းဖြန်း ကျလို့ နေလေပြီ
တစ်နေ့သောနံနက်ခင်း၌ ဦးလူ မျက်နှာသစ်နေရင်း မြင်ရလေသည့်မြင်ကွင်းသည်ကား
အောင်နက်နှင့်လူစီတို့ မိတ်ဖက်ဆက်နေကြသည်
"""ရိုင်းလိုက်လေခြင်းကွာ တပို့တွဲလကြီးမှာ...."""ဟု ဆိုမြည်လေပြီး စကားကိုအဆုံးမသတ်နိုင်ရှာ သားရင်းသမီးရင်းလို ဖြစ်နေရလေသည်မို့ ဦးလူတစ်ယောက် မျက်နှာလွှဲလိုက်ရလေ၏
စာရေးသူ.....ဂုရု
28/01/2026
.
သံခဲ တို့လင်မယား ...
+=++=++++===++++
သံခဲတို့ လင်မယားနှစ်ယောက်သူတို့နေသည့် အိမ်ရဲ့ အခန်းလေးတွေကို မျက်စိ ပသာဒ ဖြစ်အောင်
ဆေးသုတ်ချင်၍ ... ဆေးသုတ်သမားကို ခေါ်ပြီး
ဘယ်အရောင်သုတ်သင့်သည်ဆိုသည်ကို အရောင်ရွေးကြလေသည် ။
ဧည့်ခန်းကိုဘာအရောင် ...အိမ်မျက်နှာစာကိုဘာအရောင် ...
မီးဖိုခန်းဆို ဘာအရောင် ရေချိုးခန်း အိမ်သာကအစ
သူတို့လင်မယား အရောင် ရွေးလာလိုက်ကြတာ ...
အဆင်ကိုပြေလို့ ...
ဒီလိုနှင့်အဆင်ပြေပြေ
သာသာယာယာနှင့်အရောင်ရွေးလာလိုက်ကြရာ ...
သူတို့လင်မယား အိပ်သည့်အိပ်ခန်းလည်း ကျရော
ပြဿနာ တက်ပါလေရော
သံခဲ၏ မိန်းမဖြစ်သူက ...အိပ်ခန်း၏ မျက်နှာကျက်ကို
ပန်းနုရောင် သုတ်ချင်နေသည် ။သံခဲကလည်း ...
အစိမ်းနုရောင် သုတ်ချင်နေသည်။
နောက်ဆုံး လင်မယားနှစ်ယောက် စကား များကြပါလေရော ...
ဆေးသုတ်သမားက ...လင်မယား ရန် ထ
မဖြစ်ရလေအောင် ဖျန်ဖြည် ပေးသည့်အနေဖြင့် ...
" ဆရာရယ်
လင်မယားချင်းပဲဗျာ... မိန်းမဖြစ်သူကို
ဦးစားပေးလိုက် ပါလားဗျာ."
.
" နောက်ပြီး
သူက အောက်က နေရတာလေဗျာ..သူကြည့်ရမဲ့ အရောင်ကို
သူရွေးတာ လက်ခံသင့်ပါ တယ် ..... ဆရာရယ်" ..
အာ့ စကားလည်း ကြားရော ...သံခဲတစ်ယောက်
ပေါက်ကွဲ သံကြီးနဲ့ ...
ခင်ဗျား ဘာသိလို့လည်း...
အာ့အရောင်က ...
ကျုပ်ပဲအမြဲကြည့်ရမှာဗျ ..." တဲ့ .....
" တိန်.."
စာရေးသူ.........ဂုရု