22/04/2024
ဂျပန်စကားပြောကို ပြေပြစ်ကျွမ်းကျင်စွာ ပြောတတ်ဖို့ဆိုရင် kotoba တွေကျက်မှတ်၊ သဒ္ဒါပိုင်းတွေနားလည်ရုံနဲ့ မလုံလောက်ပါဘူး...အပြင်ဗဟုသုတစာတွေကို များများဖတ်ပေးရပါမယ်...အဲဒီလိုဖတ်ပေးမှ ဦးနှောက်ကစာကြောင်းပုံစံ အသွားအလာတွေကို မှတ်မိပြီး အရေးနဲ့အကြောင်းနဲ့ ပြောစရာရှိရင်ထွက်လာမှာပါ...မိမိက စာမဖတ်ထားတဲ့အခါ၊ ကြိုတင်မပြင်ဆင်ထားတဲ့အခါ စကားလုံးတွေဟာ ရုတ်တရက်သူ့အလိုလို ထွက်မလာတတ်ပါဘူး...ဂျပန်စာလေ့လာတာကြာပေမယ့် စာလည်းရပေမယ့် စကားမပြောတတ်ဘူး..ကိုယ်ပြောချင်တာကို ရှင်းရှင်းလင်းလင်းပြေပြေပြစ်ပြစ် မပြောတတ်ဘူးဆိုတာ စာမရလို့မဟုတ်ဘဲ မလေ့ကျင့်ထားလို့ဖြစ်ပါတယ်...အမေးအဖြေစာကြောင်းတွေဖြစ်တဲ့ လွယ်ကူသော စကားတွေကတော့ ဘယ်ကိုသွားခဲ့သလဲ၊စျေးနှုန်းဘယ်လောက်လဲ၊မိမိကိုယ်ကိုယ်မိတ်ဆက်ခြင်း စ တာတွေကတော့ နေ့စဥ်လုပ်နေရင်း ပြောကြည့်လို့ရပါတယ်...ဟော်တယ်မှာ Booking တင်ဖို့၊ စူပါမှာ မသိတာတွေမေးမြန်းဖို့ကို ကိုယ့်ဖာသာ စိတ်ကူးယဥ်ပုံဖော်ပြီး နေ့စဥ်ပြောကြည့်မယ်ဆိုရင် လိုအပ်တဲ့အခါ စကားကသူ့အလိုလိုထွက်လာပါလိမ့်မယ်...
နောက်ထပ် အကြံပြုချင်တာတစ်ခုကတော့ ငယ်ငယ်ကစာစီစာကုံးတွေရေးကြသလိုပဲ ကိုယ်နှစ်သက်တဲ့ အကြောင်းအရာ ဥပမာ- ခရီးသွားတဲ့အကြောင်း၊ မြို့တစ်မြို့အကြောင်းကို အနည်းဆုံး စာကြောင်း ၁၀ ကြောင်းလောက်ရေးကြည့်စေချင်ပါတယ်..ပြီးရင် သူငယ်ချင်းတစ်ယောက်ကို ပြောပြသလို တစ်ပုဒ်လုံးကို အေးအေးဆေးဆေးပြန်ပြောပြကြည့်ပါ...ပြောနေရင်း အချိတ်အဆက်မိလား စိတ်ဝင်စားဖို့ကောင်းလားဆိုတာကို ကိုယ့်ဖာသာဆုံးဖြတ်ရင်း ပြန်ပြင်ရေး ပြောကြည့်ရင်းနဲ့ စကားပြောကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်...အဲဒီလို ခရီးသွားတဲ့အကြောင်းနမူနာကိုတော့ နောက်ရက်မှာ တင်ပေးပါမယ်။ ဒီနေ့တော့ လွယ်ကူတဲ့ ဟော်တယ်ကို ဖုန်းနဲ့ Booking လုပ်တဲ့ပုံစံလေး စိတ်ကူးယဥ်ပြီးပြောကြည့်ရအောင်...အလွတ်ကျက်မှတ်ခြင်းထက် နှုတ်မှ အသံထွက် ဖတ်ရှုခြင်းက ပိုအကျိုးရှိပါတယ်...ကိုယ်နှစ်သက်သလို စိတ်ကူးပုံဖော်ပြီး စကားတွေကို ပြောင်းလဲပြောဆိုကြည့်နိုင်ပါတယ်
Hotel Receptionist: こんにちは、ホテルABCです。ご予約をお受けいたします。
(Konnichiwa, Hotel ABC desu. Go-yoyaku o uketeshimasu. )
မင်္ဂလာပါ၊ ဒါက Hotel ABC ပါ။ ကြိုတင် Booking များကို လက်ခံပါမည်ရှင်။
Guest: こんにちは、私は来週金曜日から2泊の宿泊を予約したいのですが、空きがありますか?
(Konnichiwa, watashi wa raishuu kinyoubi kara 2-haku no shukuhaku o yoyaku sh*tai no desu ga, aki ga arimasu ka? )
မင်္ဂလာပါ၊ လာမည့်သောကြာနေ့မှစတင်၍ နှစ်ညတာတည်းခိုရန် ကြိုတင်မှာယူချင်ပါတယ်။ အခန်းလွတ် ရှိပါသလား။
Hotel Receptionist: はい、もちろんです。お名前を教えていただけますか?
(Hai, mochiron desu. O-namae o oshiete itadakemasu ka?)
ရှိပါတယ် ။ နာမည်ပြောပြပေးပါရှင်။
Guest: もちろんです。田中太郎です。
(Mochiron desu. Tanaka Taro desu.)
ဟုတ်ကဲ့ Taro Tanaka ပါ။
Hotel Receptionist: ありがとうございます、田中様。どのようなお部屋をご希望ですか?
(Arigatou gozaimasu, Tanaka-sama. Dono you na oheya o gokibou desu ka?)
ကျေးဇူးပါ မစ္စတာ Tanaka။ ဘယ်လိုအခန်းမျိုးကိုလိုချင်ပါသလဲ?
Guest: シングルルームで、禁煙希望です。窓からの景色があるといいなと思っています。
(Shinguru room de, kin'en kibou desu. Mado kara no keshiki ga aru to ii na to omotteimasu.)
တစ်ယောက်ထဲနေမယ့် တစ်ခန်း၊ ဆေးလိပ် သောက်ခွင့်မရှိတဲ့ အခန်း ။ ပြတင်းပေါက်ကနေ အပြင်ရှုခင်းကြည့်လို့ရရင် ကောင်းမယ်။
(ဆေးလိပ်သောက်ခွင့်ရှိတဲ့အခန်းတွေက အနံသိပ်မကောင်းတတ်ပါ)
Hotel Receptionist: 了解しました。田中様、シングルルームで禁煙のお部屋をご用意いたします。窓からの景色は、庭園をご覧いただけるお部屋があります.
(Ryoukai shimash*ta. Tanaka-sama, shinguru room de kin'en no oheya o go-yoyami itashimasu. Mado kara no keshiki wa, teien o goran itadakeru oheya ga arimasu)
နားလည်ပါပြီ။ မစ္စတာ တာနာကာ၊ ဆေးလိပ်မသောက်ရ တစ်ယောက်ခန်းကို ပေးပါမယ်။ အခန်း ပြတင်းပေါက်ကနေ ဥယျာဉ်ကိုမြင်နေရတယ်။
Guest: はい、それで結構です。
(Hai, Sore de kekkou desu.)
ဟုတ်ကဲ့ အဆင်ပြေပါတယ်။
Hotel Receptionist: 分かりました。また、朝食はご希望ですか?
(Wakarimash*ta. Mata, choushoku wa go-kibou desu ka?)
ကောင်းပါပြီ။ နောက်ပြီး မနက်စာစားဖို့အတွက်ရော စိတ်ဝင်စားပါသလား။
Guest: はい、朝食付きでお願いします。
(Hai, choushoku-tsuki de onegai shimasu.)
ဟုတ်ကဲ့၊ မနက်စာ ပါဝင်ပါတယ်။
Hotel Receptionist: 了解しました。田中様、金曜日から2泊のシングルルーム、禁煙、朝食付きでのご予約で間違いありませんか?
(Ryoukai shimash*ta. Tanaka-sama, kinyoubi kara 2-haku no shinguru room, kin'en, choushoku-tsuki de no go-yoyaku de machigai arimasen ka?)
နားလည်ပါပြီ။ Mr. Tanaka၊ သောကြာနေ့မှ 2 ညအတွက် ဆေးလိပ်မသောက်သောအခန်း၊ မနက်စာ ပါ၀င်သော တစ်ယောက်အခန်းကို ကြိုတင်မှာထားတာ မမှားဘူးမဟုတ်လား(သေချာအောင်ထပ်မေး)
Guest: はい、それでよろしいです。
(Hai, sore de yoroshii desu.)
ဟုတ်ကဲ့၊ အဲဒါ အဆင်ပြေပါတယ်။
Hotel Receptionist: かしこまりました。予約は完了しましたので、到着時にお名前でお申し付けください。何か他にご質問はございますか?
(Kashikomarimash*ta. Yoyaku wa kanryou shimash*ta node, touchaku-ji ni o-namae de omochi-tsuke kudasai. Nanika hoka ni go-sh*tsumon wa gozaimasu ka?)
ကောင်းပါပြီ။ ကြိုတင်မှာကြားမှုမှာ ယခုပြီးသွားပြီဖြစ်သောကြောင့် ဟိုတယ်သို့ရောက်ရင် အမည်ကိုပြောပြပေးပါ။ အခြားမေးခွန်းများ ရှိပါသလားရှင်။
Guest: いいえ、以上です。ありがとうございました。
(Iie, ijou desu. Arigatou gozaimash*ta.)
မရှိပါဘူး၊ ဒါပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်။
Hotel Receptionist: どういたしまして、田中様。楽しいご旅行をお過ごしくださいませ。
(Douitashimash*te, Tanaka-sama. Tanoshii go-ryokou o osugoshi kudasai mase.)
ကြိုဆိုပါတယ် မစ္စတာ Tanaka။ ပျော်စရာကောင်းတဲ့ ခရီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။