Hsu’s Talk

Hsu’s Talk Share about medicines related information and education to public.

01/12/2024

Page လေးကနေ ဆေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကိုမျှဝေသွားမှာပါ။
သာမန်နေမကောင်းဖြစ်ရင် သောက်သုံးလို့ရတဲ့ဆေးက ဘာတွေလဲ?
ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို ဘယ်လို စနစ်တကျသောက်သုံး၊ သုံးစွဲမလဲ?
ဘယ်လိုဆေးမျိုးကတော့ဖြင့် ဘယ်လိုဆေးမျိုး၊ ရောဂါအခံရှိလျှင်မတည့်ဘူးလဲ?
ဆေးတွေကိုဘယ်လိုစနစ်တကျထားသိုမလဲ?
ဆေးနဲ့ ပတ်သတ်တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေနှင့်တကွ စာရေးသူရဲ့ အတွေ့အကြုံတွေကိုပါဝေမျှပေးသွားမှာပါ။

ဆေးအကြောင်းကို သေချာသိရှိနားလည်ချင်တယ်
စနစ်တကျ အကျိုးရှိအောင်သောက်သုံးချင်တယ်ဆိုတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

ဒီနေ့ကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ စကြရအောင်ပါ။
ဆေးရဲ့ Drug Allergy နဲ့ Side effects ဘယ်လိုခွဲမလဲ ?

ဆေးတစ်မျိုးမျိုးကို ခုမှစသောက်မယ်ဆို ကိုယ်က အဲ့ဒီဆေးနဲ့ တည့်မတည့် Drug allergy ဖြစ်မဖြစ်နဲ့ ဆေးရဲ့ side effects လို့ခေါ်တဲ့ ဘေးထွက်ဆိုးကျိုး ဘာတွေကို စောင့်ကြည့်ရမလဲ?

ဆေးသောက်ပြီးလို့
၁။ ယားယံပြီး အဖုအပိန့်တွေ ထွက်လာတာ
၂။ မျက်လုံး၊ နှုတ်ခမ်း၊ မျက်နှာ ယောင်ရမ်းလာတာ
၃။ အသက်ရှူကြပ်လာတာ စတဲ့ လက္ခဏာတွေက ဆေးနဲ့ဓာတ်မတည့်တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

အဲ့ဒါတွေကလွဲလို့ တခြား လက္ခဏာတွေ ကိုယ့်မှာ ဖြစ်လာတယ်ဆိုရင်တော့ ဆေးရဲ့ဘေးထွက်ဆိုးကျိုး (side effects) လို့ခေါ်ပါတယ်။ တချို့ဆေးတွေရဲ့ side effects တွေက ဆေးစသောက်သောက်ချင်းမှာပဲတွေ့ရတတ်ပြီး သောက်တာကြာလာတာနဲ့ side effects တွေ သက်သာလာတာကိုတွေ့ရမှာ ဖြစ်သလို တချို့ဆေးတွေကတော့ ဆေးရပ်မှ side effects တွေ သက်သာသွားတာမျိုးလဲ ရှိတတ်တဲ့အပြင် ဆေးသောက်ရင်းနဲ့ side effects တွေကို မခံနိုင်တော့လို့ ဆရာဝန်က ဆေးပြောင်းပေးရတာမျိုးလဲ ရှိတတ်ပါတယ်။

အဲ့ဒီတော့ ဆေးနဲ့ မတည့်တဲ့ အပေါ်က ၃ မျိုးဖြစ်ရင် ဆရာဝန်ကို ချက်ချင်းပြပြီး ဆေးရပ်/ ဆေးပြောင်း ပြုလုပ်ရမှာ ဖြစ်ပေမဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရတယ်ဆိုရင်တော့ ဆရာဝန်က ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ခုဆိုရင် side effects နဲ့ drug allergy ခွဲတတ်ပြီလို့ထင်ပါတယ်ရှင်။

ဆု (ဆေးဝါး)
၁.၁၂.၂၀၂၄

ဒီနေ့ကဘာနေ့လဲ ❓❓❓October 15 October 15 ကဘာနေ့လဲ ❓❓❓🤔🤔🤔Global Hand Washing Day ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဆေးရုံတွေမှာ ဒီန...
15/10/2020

ဒီနေ့ကဘာနေ့လဲ ❓❓❓
October 15

October 15 ကဘာနေ့လဲ ❓❓❓
🤔
🤔
🤔
Global Hand Washing Day ဖြစ်ပါတယ်။
အထူးသဖြင့်တော့ ဆေးရုံတွေမှာ ဒီနေ့ကို အမှတ်တရ ကျင်းပပြီး ဆေးရုံဝန်ထမ်းတွေရော၊ လူနာတွေ၊ လူနာရှင်တွေကိုရော လက်ဆေးခြင်းဟာ ဘယ်လိုအရေးပါကြောင်း Hands Washing Awareness တွေလုပ်ကြပါတယ်။

ကဲ.... အိမ်မှာပဲနေတယ်ဆိုပေမဲ့ စနစ်တကျလက်ဆေးကြလား....
✅ချောင်းဆိုး / နှာချေပြီးသည့်အခါ
✅အစားအစာ မချက်ပြုတ်ခင်/ ချက်ပြုတ်နေစဉ်/ ချက်ပြုတ်ပြီး
✅အစာမစားမီ/ အစာစားပြီး
✅နေထိုင်မကောင်းသူများကို ပြုစုပြီးသောအခါ
✅အိမ်သာတက်ပြီးသောအခါ
✅အညစ်အကြေးများ ပေကျံစွန်းထင်းနေသောအခါ
✅တိရိစ္ဆာန်များနှင့် ၄င်းတို့၏အညစ်အကြေးများကို ကိုင်တွယ်ပြီးသောအခါ တို့တွင် လက်ဆေးသင့်ပါတယ်...

ခု COVID ကာလအတွင်းတော့ အဲ့ထက်ပိုပြီးဆေးရမှာပေါ့...
✅Delivery လက်ခံပြီးသည့်အခါ
✅စျေးဝယ်ပြီးသည့်အခါ
✅ပိုက်ဆံကိုင်ပြီးသည့်အခါ
✅တစ်ခုခုကိုင်ပြီးသည့်အခါ
ဆေးသင့်ပါတယ်...

အပြင်ထွက်ရတဲ့သူတွေကတော့ Hand Sanitizer Gel/ Spray ဆောင်ထားသင့်ပြီး
Delivery ခဏခဏမှာတဲ့သူတွေကတော့ Sanitizer Spray ဆောင်ထားသင့်ပါတယ်....

14/10/2020

Phamily - for your personal care ရဲ့ founder ကတော့ University of Pharmacy(Ygn)က ဘွဲ့ရထားတဲ့ Pharmacist တစ်ယောက်ဖြစ်ပြီး Singapore က Mount Elizabeth Hospital နှင့် မြန်မာပြည်က နာမည်ကြီး ပုဂ္ဂလိကဆေးရုံတို့မှာ Hospital Pharmacist အဖြစ်နဲ့ 8 နှစ်ကျော် လုပ်ခဲ့ပါတယ်...

ခုလို COVID ကာလ မဖြစ်ခင်ကတည်းက သူမအပါအဝင် ဆေးရုံမှာလုပ်တဲ့ professionals အများစုက လက်ကိုဘယ်အချိန်မှာဆေးရမယ်၊ ဘယ်လို step-by-step ဆေးရမယ်၊ Handgel နဲ့ဆို ဘယ်လိုဆေးရမယ် ဆိုတာကို ရင်းနှီးထားပြီးသားဖြစ်ပါတယ်။ (Step by step လက်ဆေးတာတော့ ခုတော်တော် ရင်းနှီးနေကြပါပြီ... )
လက်ကအရေပြားတွေခြောက်တဲ့အထိ လက်ခဏခဏဆေးကြရလွန်းလို့ Hand Cream တောင်ဆောင်ပြီး ပြန်လိမ်းရတဲ့ အထိပါပဲ။ ..................................…………...............

COVID first wave မှာ Handgel လုံးဝ ဝယ်မရလောက်အောင်ပြတ်သွားခဲ့တာဆိုရင် မြန်မာနိုင်ငံမှာသာမဟုတ်ဘဲ အိမ်နီးချင်း တခြားနိုင်ငံတွေမှာလဲ ထိုနည်းတူပါပဲ။

ထို့ကြောင့် ခုလောလောဆယ် လိုအပ်ချက်တစ်ခုဖြစ်တဲ့ (ဟိုးးးတုန်းထဲကလဲလိုအပ်ပါတယ် လူသုံးမတွင်ကျယ်သေးတာပါ)၊ နောင်လဲ New Normal Lifestyle အတွက်လိုအပ်မဲ့ ....အရည်အသွေးပြည့်ဝတဲ့ Hand sanitiser & Alcohol Spray များကို လိုအပ်ချက်ကိုဖြည့်ဆည်းရန် ထုတ်လုပ်ပါတယ်။

ဒါ့အပြင် ရေရှည်သုံးစွဲသူများအတွက် alcohol ကြောင့် အရေပြားခြောက်သွေ့တာကို လျှော့ချပြီး အသားအရေ စိုပြေစေဖို့ Ingredients တွေထည့်ပြီး Phamily မှ ထုတ်လုပ်ထားပါတယ်...
⛔️Alcohol Hand Sanitiser က water+gel base+alcohol ကိုပဲ အဆင်ပြေသလို ထည့်မွှေထားရုံနဲ့ ပိုးသေမှာ မဟုတ်သလို ရေရှည်သုံးရင် လက် အရေပြားကိုလဲ ထိခိုက်နိုင်ပါတယ်။
✅ထို့ကြောင့် အရေပြားကို ထိခိုက်မှုအနဲဆုံးဖြစ်စေပြီး ပိုးမွှားလဲသေရန် ထုတ်လုပ်ထားတဲ့ Phamily Products လေးတွေကို ယှဉ်သုံးကြည့်ရင် ရေရှည်မှာ သိသာစေမဲ့ Quality Product ဖြစ်ကြောင်းကို 💯% အာမခံပါတယ်။


,HandGel

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Hsu’s Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category