Min Win Ko Ko - Growing Wealth Wisely

Min Win Ko Ko - Growing Wealth Wisely

Share

"Your journey to financial freedom starts here! 🌟 Together, we’ll explore smart investing and simple strategies to build a life of abundance.

It’s not just about money—it’s about creating opportunities, chasing dreams, and living wisely. 💡💪 Let’s grow,

18/06/2026

US စတော့ဈေးကွက်ရဲ့ လစဉ် Options Expiry date က ပုံမှန်ဆို
လ တစ်လရဲ့ ၃ ပါတ်မြောက် သောကြာနေ့
3rd Week of Friday ဖြစ်ပေမယ့် မနက်ဖန်က
Juneteenth Day, Freedom Day ဖြစ်နေလို့
ရှေ့ ၁ရက် တိုးပီး ဒီနေ့ 18 June မှာ Options တွေ Expiry ဖြစ်ပါမယ်.

Juneteenth ဆိုတာ အမေရိကန်နိုင်ငံမှာ ကျွန်စနစ် (Slavery) အဆုံးသတ်ခြင်းကို အထိမ်းအမှတ်ပြုတဲ့ အမျိုးသားအားလပ်ရက် ဖြစ်ပါတယ်။

Juneteenth ဆိုတာ ဘာလဲ?

June 19 (Juneteenth) ဆိုတာ June + Nineteenth ကို ပေါင်းထားတဲ့ စကားလုံး ဖြစ်ပါတယ်။

1865 ခုနှစ် ဇွန်လ 19 ရက်နေ့မှာ Texas ပြည်နယ်ရှိ ကျွန်ဘဝရောက်နေတဲ့ အာဖရိကန်-အမေရိကန်များကို လွတ်မြောက်ကြောင်း တရားဝင် ကြေညာခဲ့တဲ့နေ့ ဖြစ်ပါတယ်။

သမိုင်းအကျဉ်း

ခုနှစ်ဖြစ်ရပ်

1863
Abraham Lincoln က Emancipation Proclamation ကို ထုတ်ပြန်ပြီး ကျွန်များကို လွတ်မြောက်ကြောင်း ကြေညာ

1865 June 19
Texas တွင် ကျွန်များအား လွတ်မြောက်ကြောင်း တရားဝင် အသိပေး

2021
Juneteenth ကို အမေရိကန်၏ Federal Holiday အဖြစ် သတ်မှတ်

ဘာကြောင့် အရေးကြီးတာလဲ?

Juneteenth ဟာ
လွတ်လပ်ခွင့် (Freedom)
လူ့အခွင့်အရေး (Human Rights)
တန်းတူညီမျှမှု (Equality)
ကျွန်စနစ် အဆုံးသတ်ခြင်း
တို့ကို အမှတ်ရစေတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

အမေရိကန်မှာ ဘယ်လို ကျင်းပကြသလဲ?
Parade များ
မိသားစုတွေ စုပေါင်းစားသောက်ပွဲများ
သမိုင်းပညာပေး အခမ်းအနားများ
ဂီတဖျော်ဖြေပွဲများ
Community Events များ
ကျင်းပကြပါတယ်။

မြန်မာလို အလွယ်တကူ ပြောရရင်

Juneteenth ဆိုတာ အမေရိကန်နိုင်ငံမှာ ကျွန်စနစ်ကနေ လွတ်မြောက်ခဲ့တဲ့ အာဖရိကန်-အမေရိကန်များရဲ့ လွတ်လပ်ရေးနေ့ကို အထိမ်းအမှတ်ပြုတဲ့ နေ့ ဖြစ်ပါတယ်။

Freedom Day (လွတ်လပ်ရေးနေ့) လို့လည်း ခေါ်ကြပြီး၊ လူတိုင်း တန်းတူအခွင့်အရေး ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းကို အမှတ်ရစေတဲ့ အရေးကြီးတဲ့ အားလပ်ရက်တစ်ရက် ဖြစ်ပါတယ်။



The World is Fair & Square!🌐🌎


Education is Expensive!💸💸💰



Think. Learn. Grow. Build Wealth!📖📚💹💸💸💰💯

Min Win Ko Ko - Growing Wealth Wisely








Photos from Min Win Ko Ko - Growing Wealth Wisely's post 12/05/2026

Peter Lynch ရဲ့ Stock Investing အကြံပေးချက်

Peter Lynch က ပြောတာက —
စတော့ဝယ်မယ်ဆိုရင် “နားလည်တဲ့ business” ကိုပဲ ဝယ်ပါ။
စတော့ရှယ်ယာ ဈေးတက်နေလို့
TV မှာ recommend လုပ်လို့
Technology company ဖြစ်လို့
သူများတွေ profit ရနေလို့
ဈေးကွက်ထဲ လူပြောများတဲ့ စတော့ဖြစ်နေလို့

👉 အဲ့လိုနဲ့ မဝယ်သင့်ဘူး။

အရင်ဆုံး ကိုယ်နားလည်ရမှာက —

✅ Company က ဘယ်လိုငွေရှာလဲ
✅ ဘာ product / service ရောင်းတာလဲ
✅ Customer တွေ ဘာကြောင့် အဲ့ကုမ္ပဏီရဲ့ ပစ္စည်းတွေသုံးလဲ
✅ Competitor သူ့ရဲ့ ပြိုင်ဖက်တွေထက် ဘာအားသာချက်ရှိလဲ
✅ အနာဂတ် growth story က တကယ်ဖြစ်နိုင်လား

Peter Lynch ရဲ့ နာမည်ကြီးစကားတစ်ခွန်း👇

“ကလေးတွေကာတွန်းဆွဲတဲ့ ရောင်စုံခဲတံ နဲ့တောင် ရှင်းပြလို့မရတဲ့ စီးပွားရေးဆို မရင်းနှီးပါနဲ့ ”

အဓိပ္ပါယ်က —
👉 ကိုယ်တောင် ရိုးရိုးလေး မရှင်းပြနိုင်ရင်
အဲ့ business ကို တကယ်မနားလည်သေးဘူးဆိုတာပါ။

သူက “Invest in what you know” ဆိုတာလည်း အရမ်းအရေးကြီးတယ်လို့ ပြောတယ်။

ဥပမာ👇

• လူတွေများအမြဲပြည့်နေတဲ့ shop
• လူငယ်တွေ အမြဲသုံးနေတဲ့ brand
• ကိုယ်အလုပ်လုပ်တဲ့ industry ထဲက growing company
• လူတွေ နေ့တိုင်းသုံးနေတဲ့ product
တချို့ company က Wall Street analyst တွေမသိခင်
သာမန်လူတွေက အရင်သတိထားမိနိုင်တယ်လို့ သူယုံကြည်ခဲ့တယ်။

ဒါပေမယ့်…
❌ ကိုယ်ကြိုက်တဲ့ company တိုင်း မဝယ်ရ
❌ Emotion နဲ့ invest မလုပ်ရ
❌ Financial statement မကြည့်ဘဲ မဝယ်ရ

Business ကောင်းတယ်ထင်ရင်တောင်
ဒီအချက်တွေ ဆက်လေ့လာရမယ်👇
📈 Revenue Growth
📈 Profit / Earnings Growth
📉 Debt (အကြွေး)
💵 Cash Flow
💰 Valuation
⚠️ Competition Risk

Peter Lynch ရဲ့ စကားအရ

Company ကို ကောင်းကောင်းနားလည်ထားရင် —
✅ Market crash ဖြစ်လည်း မကြောက်ဘူး
✅ Panic sell မလုပ်ဘူး
✅ Bad news က temporary လား permanent လား ခွဲနိုင်တယ်
✅ Hype stock နဲ့ business ကောင်းကို ခွဲနိုင်တယ်
အဓိက lesson က👇
“Investing ဆိုတာ Economy ကိုခန့်မှန်းတာမဟုတ်ဘူး။

Business ကောင်းကို လူများထက်ပိုနားလည်တာပါ။”

Peter Lynch investing style =

✔️ Simple Thinking
✔️ Long-Term Mindset
✔️ Independent Thinking
✔️ Real World Observation
✔️ ကိုယ်နားလည်တဲ့ business ထဲမှာပဲ invest လုပ်ခြင်း စတဲ့

Investing philosophy တွေဟာ Peter Lynch က
1977 မှ 1990 အတွင်း Fidelity Investments ရဲ့ Magellan Fund ကို
စီမံခန့်ခွဲစဉ်မှာ အလွန်ထူးခြားတဲ့ investment returns တွေ ရရှိနိုင်ခဲ့တဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

Alpha Bargain Engineer Min Win Ko Ko - Growing Wealth Wisely

Education is Expensive!💸💸💰


The World is Fair & Square!🌐🌎










Photos from Min Win Ko Ko - Growing Wealth Wisely's post 06/05/2026

ယနေ့ခေတ် အချိန်ခါမှာ
ငွေကြေးဆိုင်ရာ ပညာရေးဗဟုသုတ အကြောင်းပြောလာကြတဲ့အထဲမှာ
Financial Freedom ငွေကြေးလွတ်မြောက်မှု ကို အဓိကထားပီး
ပြောလာကြပေမယ့်

တကယ်တမ်းကျ အဲ့လမ်းက ဘယ်ကစလို့ ဘယ်မှာဆုံးလဲ ပန်းတိုင်ကိုသွားဖို့ ခရီးလမ်းက ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာ ဘယ်သူမှ ရေရေရာရာ သေသေချာချာမပြောနိုင်ကြတာ တွေ့ရတာများပါတယ်...

တချို့ကလည်း
ငွေကြေးလွတ်မြောက်မှု ရပီဆိုရင် လခစားအလုပ် လုပ်စရာမလိုတော့ဘူးလို့ အဓိပ္ပာယ်ဖွင့်ကြပီး လိုရာဇောင်းပေးပြောတတ်ကြပါတယ်

တချို့ကလည်း
ငွေကြေးလွတ်မြောက်မှု ရပီး လခစားအလုပ် ဆက်လုပ်နေကြသူတွေ
ကိုယ်မြတ်နိုးတဲ့ဝါသနာ တစ်ခုကိုအရင်းတည်ပီး ဒုတိယငွေဝင်လမ်းကြောင်း အနေနဲ့ အပိုဝင်ငွေရှာဖွေကြသူတွေလည်းရှိကြပါတယ်..

တချို့လည်း
သူတို့ ဘဏ်အကောင့်ထဲ ငွေကြေးလွတ်မြောက်မှု ရယူနိုင်လောက်တဲ့
ငွေသားတွေရှိနေကြပေမယ့် သူ့တို့ကိုယ်သူတို့ Financial Freedom ရနေကြမှန်းမသိကြပဲ လခစား / Rat Race သံသရာထဲလည်နေကြသူတွေရှိကြပါတယ်...

အဓိက ကတော့
နေ့စဉ် လူမှုဘဝ သွားလာလှုပ်ရှား စားသောက်ဖို့ ငွေကြေးသုံးစွဲနေရတဲ့ အရာတွေအပေါ် Assets နဲ့ Liabilities ကို ကွဲကွဲပြားပြား နားမလည်ကြတာရယ်...

Financial Freedom ဆိုတဲ့ အရာက ဘယ်နေရာမှစလို့ ဘယ်နေရာမှာဆုံးပီး ခရီးလမ်းဘယ်လိုရှိတယ်ဆိုတာ မသိတာ နဲ့

ငွေကြေးရှာဖွေနေရမှုရဲ့ အကြောင်းတရား ရည်ရွယ်ချက် Purpose ကို မသိခြင်းတွေကနေ လမ်းပျောက်နေကြတာပါ...

တကယ်တော့ Financial Freedom ဆိုတာ ငွေကြေးလွတ်မြောက်မှု
၁ ခုထဲမဟုတ်ပဲ ကိုယ်လုပ်ချင်တဲ့အရာ / ဖြစ်ချင်တဲ့အရာကို အချိန်အခါမရွေးဘယ်သူ့ခွင့်ပြုချက်မှမလိုပဲ လုပ်နိုင်/နေနိုင် မှ အဆင်ပြေမှာပါ..

ကျန်းမာရေးကလည်း ကောင်းနေမှဖြစ်မှာပါ..

အချိန်ပေးနိုင်မှလည်းအဆင်ပြေမှာပါ...

ကိုယ့်အနားရှိနေသူတွေကလည်း ကိုယ်ဖြစ်ချင်/လုပ်ချင်တာကို အသာတကြည်လိုက်လျောပီး ဖြည့်ဆည်းပေးနိုင်မှ ဖြစ်မှာပါ

တချို့တွေကျ ငွေကြေးဥစ္စာပစ္စည်းအလျှံပယ် ကြွယ်ဝ ချမ်းသာကြပေမယ့်
ကျန်းမာရေး မကောင်းဖြစ်နေသူတွေ

ဟိုဟာနဲ့မတည့် ဒီဟာနဲ့မတည့် စားချင်တာ မစားနိုင်ကြသူတွေ

စားချင်သောက်ချင်ပေမယ့် ကိုယ့် ဇနီး/ခင်ပွန်း နဲ့ အနီးနားရှိသူတွေက မကြိုက်လို့ စား/သောက်ခွင့် မရသူတွေ ရှိကြပါတယ်...

အဲ့အတွက် Ultimate Freedom ရဖို့ တည်ဆောက်မယ်ဆိုရင်
- အစခရီး နဲ့ အဆုံးခရီး ကို တဆင့်ပီးတဆင့် သိရှိနားလည်ပီး
- ငွေကြေးရှာဖွေနေရခြင်းရဲ့ အကြောင်းတရား ရည်ရွယ်ချက် purpose
- ကျန်းမာရေး ကောင်းစေမယ့် အလေ့အထများ
- အများသူငှာ လက်ခံနိုင်မယ့် ကိုယ်ကျင့်တရား အလုပ်အကိုင် နဲ့
- မိတ်ကောင်း ဆွေကောင်းတွေရှိနေစေဖို့ ကြိုးစားဖန်တီးကြဖို့လိုအပ်မယ်လို့ထင်မြင်ယူဆမိပါတယ်
(သဘောထား ခံယူချက် ကွဲလွဲနိုင်ပါတယ်).
Min Win Ko Ko - Growing Wealth Wisely


The World is Fair & Square!🌐🌎


Education is Expensive!💸💸💰










Photos from Min Win Ko Ko - Growing Wealth Wisely's post 23/04/2026

Option Selling ကပေးတဲ့ ငွေသားတွေက အခွန်ဆောင်စရာမလိုပါဘူး

တဖက်ကတွေးကြည့်ပြန်တော့ ကာယအား ညာဏအားတွေ စိုက်ထုတ်ပီးလုပ်ထားတာကရတဲ့ အလုပ်လုပ်ပြီး ရရှိတဲ့ဝင်ငွေ လစာတွေကျပြန်တော့ အခွန်ဆောင်ရတယ်

ဘာကြောင့်လဲ?

နိုင်ငံအများစုမှာ — အထူးသဖြင့် စင်္ကာပူလို ဝင်ငွေခွန် အခွန်စည်းကျပ်မှု စနစ်တကျရှိတဲ့နိုင်ငံတွေမှာ အလုပ်လုပ်ပြီး ရရှိတဲ့ဝင်ငွေ (earned income) ကို အခွန်ပေးရပါတယ်။

ဒါပေမယ့် စတော့ဈေးကွက်ကနေ ရတဲ့ အမြတ်တွေကိုတော့ အများအားဖြင့် အခွန်မကောက်ပါဘူး။

အကြောင်းကတော့
အလုပ်လုပ်ပြီး ရရှိတဲ့ဝင်ငွေကို လူတစ်ယောက်ရဲ့ အလုပ်လုပ်အား (labor) ကနေ ရတဲ့ အကျိုးအမြတ်လို့ ယူဆကြပြီး၊

စတော့ဈေးကွက်ကနေရတဲ့ အမြတ်တွေကိုတော့ မိမိရင်းနှီးမြှုပ်နှံထားတဲ့ ငွေ (capital investment) ကနေ ရတဲ့ အကျိုးအမြတ် (capital gains) လို့ သတ်မှတ်ကြလို့ ဖြစ်ပါတယ်။

Capital Gains vs. Earned Income

Earned Income (အခွန်ပေးရ)
ဒီမှာတော့ လစာ (salary), ဘောနပ်စ် (bonus), ကော်မရှင် (commission) နဲ့ ဝန်ဆောင်ခ (fees) စတဲ့ အလုပ်လုပ်ခြင်း (employment) သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်း (self-employment) မှ ရရှိတဲ့ ဝင်ငွေတွေ ပါဝင်ပါတယ်။

ဒါကို ကိုယ့်အလုပ်အား (labor) နဲ့ တိုက်ရိုက်ဆိုင်တဲ့ Active Income လို့ ယူဆပြီး အခွန်ပေးရပါတယ်။

Stock Market Income (အများအားဖြင့် အခွန်မပေးရ)
စင်္ကာပူမှာတော့ စတော့ရှယ်ယာတွေ ဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရတဲ့ အမြတ်တွေကို အများအားဖြင့် Capital Gains လို့ သတ်မှတ်ပါတယ်။

Inland Revenue Authority of Singapore (IRAS) အရ ဒီလိုအမြတ်တွေကို မိမိရင်းနှီးမြှုပ်နှံမှု တိုးတက်လာမှု (investment growth) လို့ပဲ ယူဆပြီး မကြာခဏလုပ်နေတဲ့ လုပ်ငန်းဝင်ငွေ (business income) မဟုတ်တဲ့အတွက် အများအားဖြင့် အခွန်မကောက်ပါဘူး။

👉 လူအများစုက အလုပ်လုပ်ပြီး ရလာတဲ့ငွေထဲက အခွန်ပေးပြီး ကျန်တဲ့ငွေနဲ့ လောက်ငှအောင်နေပီး အသက်ရှင်တယ်

👉 Smart Investor တွေကတော့ ရလာတဲ့ လစာငွေကို အလုပ်လုပ်ခိုင်းပီးဝင်ငွေတိုးပွားအောင်စီမံတယ်

Option Selling လုပ်ခြင်းက ပုံမှန် လစာဝင်ငွေ ၁ ခုထဲပေါ် မမှီခိုတော့ပဲ
Earned Income + Investment Income ဒီနှစ်ခုကိုပေါင်းပြီး
Real Wealth ကို တည်ဆောက်တာဖြစ်တယ်..

Option Selling လုပ်ပီး အပိုဝင်ငွေရှာနည်းကို စနစ်တကျလေ့လာချင်လား?

Portfolio ကို Income Generating Machine ပြောင်းချင်လား?

အောက်မှာ "MYVIV" လို့ မန့်ခဲ့ပေးပါ 👇



Education is Expensive!💸💸💰


The World is Fair & Square!🌐🌎








Photos from Min Win Ko Ko - Growing Wealth Wisely's post 19/04/2026

မနေ့က Value Investing သင်တန်းတက်ထားတဲ့ အသိ ၁ ယောက်နဲ့ဆုံလို့ စကားပြောဖြစ်ကြရင်း

သူက ဘာတွေဝယ်ထားလဲ ကိုယ်ကဘာတွေဝယ်ထားလဲ မေးကြည့်မိတော့

သူ Option Contract တွေရောင်းရင်းလက်ထဲကိုင်ထား မိတဲ့ စတော့ရှယ်ယာ ၁ ခုပြောပြတော့ ကိုယ်တွေရဲဲ့ Value Investing က စတော့တွေ ရွေးချယ်တဲ့ Criteria တွေနဲ့ စစ်ချလိုက်တဲ့အခါ

အဆိုပါကုမ္ပဏီရဲ့
ရောင်းအား /ငွေရှာနိုင်အား/ဝင်ငွေ Revenue အနေနဲ့က အဆင်ပြေသလိုတွေ့ရပေမယ့်

ပကတိအမြတ်(Profit) Net Income

စတော့ရှယ်ယာ ၁ ခုချင်းရဲ့ အမြတ် Earning Per Share

တန်ဖိုးတွေလည်းရောက်ရော

ပီးခဲ့တဲ့ ၁၀ နှစ်အတွင်း ၁ နှစ်မှ အမြတ်မရှိခဲ့ပဲ

အရှုံးတွေပဲပေါ်နေတာ တွေ့ရတော့

အဲ့တာတွေ ဘာလို့ဖြစ်တာလဲ သိလား..

အဲ့ Criteria တွေကိုရော နားလည်လားလို့ မေးတော့

သူ့မှာ ပါးစပ်အဟောင်းသားနဲ့ ဖြေစရာစကားရှာမရဖြစ်သွားတယ်...

အဲ့အချိန်မှာပဲ ကိုယ့်အတွေးထဲ အတွေးစတခု ဖြတ်ကနဲပေါ်လာတယ်..

“သူ Options တွေမရောင်းခင်တုန်းက ကိုယ်တွေလုပ်နေကျ စစ်ရမယ့်အချက်တွေ မစစ်ခဲ့ပဲ Premium ရတာကိုပဲကြည့်ပီး လောဘရဲ့နောက်လိုက်ရင်း ဆုံးဖြတ်ချက်မှားခဲ့တာပဲဖြစ်မယ်လို့”..

လူတွေဟာ ဘာတွေဘယ်လိုပဲ သင်ထားထား
ဘယ်ဟာမှန်တယ်/မှားတယ်ဆိုတာ သိကြပေမယ့်
ငွေနဲ့ ပါတ်သတ်လာရင် စတော့ဈေးကွက်ပေါ်ရောက်သွားရင်
လောဘရဲ့ခေါ်ဆောင်ရာကို လက်ကအလိုက်သင့်လေးလိုက်သွားပီး
ဦးနှောက်ရဲ့ထိန်းကြောင်းနိုင်စွမ်းက ပျောက်သွားကြတာ ...

နောက်ဆုံးတော့

ဪ ဒါသူရှာထားတဲ့ သူ့ငွေနဲ့ သူလုပ်ချင်ရာလုပ်တာပဲလေလို့
နားလည်လိုက်ပီး သူနဲ့ အလိုက်ထိုက်လေးပဲ စကားပြောရင်း
အခြားအကြောင်းရာတွေပြော လမ်းကြောင်းပြောင်းပီး
စကားလက်စသတ်ခဲ့ရတယ်…

ဒါကြောင့် စီးပွားရေးရင်းနှီးမြှုပ်နံတဲ့ ဂုရုတွေပြောနေကျ စကားလေး
သွားသတိရမိလိုက်တယ်

Revenue is Vanity. Profit is Sanity.

Revenue = အပြင်ပန်းအလှ (Vanity) 💫

Profit = အမှန်တကယ်အရေးကြီးတာ (Sanity) 🧠

Revenue (ဝင်ငွေ) = ဝင်လာတဲ့ ပိုက်ဆံ

Profit (အမြတ်) = တကယ်ကျန်တဲ့ ပိုက်ဆံ

Revenue က အပြင်ပန်းမြင်ရင် တော်တော်လှတယ်
လူတွေကလည်း “ငါတို့ revenue ဘယ်လောက်ရှိတယ်” လို့ ဂုဏ်ယူပြောတတ်တယ်

ဒါပေမယ့်…

Business တကယ် အသက်ရှင်နေဖို့ အရေးကြီးတာက Profit ပဲ

Investor Mindset (တကယ် powerful ဖြစ်တဲ့နေရာ)

Warren Buffett လို Investor ကြီးတွေက Revenue နောက်မလိုက်ကြဘူး

သူတို့ focus လုပ်တာတွေက
• Profit Margin (အမြတ်နှုန်း)
• Cash Flow (ငွေစီးဆင်းမှု)
• Efficiency (လုပ်ဆောင်မှုထိရောက်မှု)

နောက်ဆုံးမှာတော့..
Revenue = လူကြိုက်များမှုကိုပြတယ်
Profit = Business ရဲ့ အရည်အသွေးကိုပြတယ် 💯

အကျဉ်းချုပ်အနေနဲ့
Revenue က လူတွေကို impress လုပ်တယ်
Profit က business ကို ကာကွယ်ပေးတယ် ဆိုတာနားလည်ရမယ်..


Education is Expensive!💸💸💰


The World is Fair & Square!🌐🌎


Learn. Think. Invest Growing Wealth Wisely.📚📖🤔💸💸💰








18/04/2026

Vanguard Technology ETF (VGT) Share Split သတင်း

Vanguard Information Technology ETF (VGT) ဟာ
2026 ခုနှစ်၊ ဧပြီ 21 ရက်နေ့မှစပြီး
8-for-1 Share Split ပြုလုပ်မယ်လို့ ကြေညာထားပါတယ်..

📌 2026 ဧပြီ 17 ရက်နေ့အထိ ကိုင်ထားတဲ့ Investor တွေက
1 share ကို 8 shares အဖြစ် လက်ခံရရှိပါမယ်။

Share price ကတော့ အချိုးကျ လျော့ကျမယ်
ဒါပေမယ့်
👉 စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကတော့ မပြောင်းလဲပါဘူး

📊 Key Details (အရေးကြီးအချက်များ)
* Split Ratio — 8-for-1 (1 share ➝ 8 shares)
* Record Date — April 17, 2026
* Payable Date — April 20, 2026 (Market close နောက်ပိုင်း)
* Effective Date — April 21, 2026 (New price နဲ့ trading စတင်)

💰 Investor အတွက် အကျိုးသက်ရောက်မှု
Share Count အရေတွက်
ဥပမာ
100 shares ရှိရင် ➝ 800 shares ဖြစ်သွားမယ်

Price
Share တစ်ခုချင်းစျေးက 8 ဆ လောက် ခွဲကျမယ်
ဥပမာ
အရင်က Share ၁ စောင်စျေးက $640 ဆိုရင် ခုက ၁ စောင်ကနေ ၈ စောင် ကွဲတာဆိုတော့ $640/8 = ၁ စောင်စျေးက $80 လောက်ဖြစ်သွားမယ်

Value (အရေးကြီးဆုံး)
Total Portfolio Value = မပြောင်းလဲဘူး

📌 Tax အနေနဲ့က
👉 Tax effect မရှိပါဘူး

🎯 ဘာကြောင့် Split လုပ်တာလဲ?
✔ ETF ကို ပိုမိုလွယ်ကူစွာ ဝယ်နိုင်အောင်
✔ Liquidity (အရောင်းအဝယ် လှုပ်ရှားမှု) တိုးစေဖို့
✔ Retail Investors များအတွက် အဆင်ပြေစေဖို့

🔎 Extra Insight အနေနဲ့က
ဒီ VGT Split က
👉 Vanguard ရဲ့ ETF 5 ခုအတွက် ပြုလုပ်နေတဲ့
ပိုမိုကြီးမားတဲ့ Strategy တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်

📊 ခုလို Shares တွေ ကွဲမယ်လို့ ကြေငြာတဲ့ထဲမှာ
* VUG (6-for-1)
* MGK (5-for-1)
တို့လို အခြား ETF တွေလည်း ပါဝင်ပါတယ်

🔥 Investor Takeaway
👉 Share များလာတာက “ပိုချမ်းသာသွားတာ” မဟုတ်ဘူး
👉 ဒါပေမယ့် “ပိုလွယ်ကူစွာ ဝယ်နိုင်တဲ့ structure” ဖြစ်လာတာ

Smart investors က value ကို ပဲကြည့်တယ် — share count အရေတွက်ကို ရင်မခုန်ဘူး


The World is Fair & Square!🌐🌎


Education is Expensive!💸💸💰








Want your school to be the top-listed School/college in Central Region?

Click here to claim your Sponsored Listing.

Location

Address

27 ROSEWOOD Drive
Central Region
737920