Baby & Kids

Baby & Kids Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby & Kids, Shah Alam.

13/08/2025
11/07/2025

11-07-2025 ငွေစျေး
မလေးရှား -မြန်မာ
1033 -1035 အကြား

မလေးရှားမှာနေပြီး မြန်မာစားစရာလေတွေကိုစားချင်တယ်ဆိုရင်တော့ စိတ်ရှည်တဲ့ဒီညီမလေးဆီမှာ မှာစားလို့ရတယ်နော် ပေးရတဲ့စျေးနဲ့တန်...
07/07/2025

မလေးရှားမှာနေပြီး မြန်မာစားစရာလေတွေကိုစားချင်တယ်ဆိုရင်တော့ စိတ်ရှည်တဲ့
ဒီညီမလေးဆီမှာ မှာစားလို့ရတယ်နော်
ပေးရတဲ့စျေးနဲ့တန်အောင်စိတ်ကျေနပ်မှု
ရစေလိမ့်မယ်။
https://www.facebook.com/share/15qRXoyon6/

ချစ်မဝလေးတွေအတွက် ချစ်စရာကောင်းတဲ့  ကုတ်ကုတ်ဘုတ်လေးတွေလိုချင်ရင် ဒီ page လေးကိုသွားကြည့်ကြနော်...
03/07/2025

ချစ်မဝလေးတွေအတွက် ချစ်စရာကောင်းတဲ့ ကုတ်ကုတ်ဘုတ်လေးတွေလိုချင်ရင် ဒီ page လေးကိုသွားကြည့်ကြနော်...

စိတ်ချယုံကြည်စွာမှာယူနိုင်ပါတယ်
03/07/2025

စိတ်ချယုံကြည်စွာမှာယူနိုင်ပါတယ်

03/07/2025
02/07/2025

အချိန်က ဘယ်သူ့အတွက်နဲ့
ဘယ်တော့မှ ရပ်တန့်နေမှာ မဟုတ်ပါဘူး။
ဒါပေမဲ့
ခေတ္တရပ်နား ခလုတ်ကို နှိပ်ပြီး
ကော်ဖီလေးသောက်၊
တိမ်တွေကို ငေး၊ ပန်းရနံ့တွေ ရှုပြီး
ခရီးပြန်ဆက်တဲ့အခါ
ခြေလှမ်းတွေက ပိုပေါ့ပါး သွက်လက်နေလိမ့်မယ်။

အလင်းရဖို့ ဆိုပြီး
နေရောင်နောက် အပြေးလိုက်စရာ မလိုပါဘူး။
ကိုယ့်မှာ ကိုယ်ပိုင်အလင်းရှိပါတယ်။
စလှုပ်ရှား လုပ်ဆောင်ပြီဆိုတာနဲ့
လောကကြီးက ကိုယ့်အတွက်
အလိုလို လမ်းဖယ်ပေးပါတယ်။


💌
#နိုင်းနိုင်းစနေ

06/05/2025

"Terrible Twosရဲ့ရှေ့ပြေးလေးနိမိတ်လေးများ"
ဘေဘီလေးတွေဟာ တစ်နှစ်ကျော်လာတဲ့အခါ
စိတ်ပိုင်းဆိုင်ရာရော အမူအကျင့်တွေပါ ပြောင်းလဲလာ
တတ်ကြပါတယ်။ဒီလို ရုတ်တရက်ပြောင်းလဲလာတာကို
တချို့မေမေတွေက သည်းမခံနိုင်ဘဲ ဒေါသနဲ့ အော်မိ
ရိုက်မိတတ်ကြပါတယ်။ကလေးတစ်ယောက်ကို
ပြုစုပျိုးထောင်ရတာဟာ မိခင်တစ်ယောက်အတွက်
ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတာပါပဲ။
တစ်နှစ်အထက်ကလေးတွေဟာ ပတ်ဝန်းကျင်ကို
စူးစမ်းလေ့လာလိုမှုများလာ/စပ်စုလာပြီး လွတ်လွတ်
လပ်လပ်သွားလာချင်ကြပါတယ်။တစ်နှစ်အထက်
ကလေးတစ်ယောက်မှာ တွေ့ရလေ့ရှိတဲ့ပုံမှန်အမူ
အကျင့်တွေကတော့
(၁)လိုချင်တာမရရင် သောင်းကျန်းလာပါတယ်။
ဒါဟာ တစ်နှစ်အထက်ကလေးတွေရဲ့ ပုံမှန်
စိတ်ခံစားမှုကို ထွက်ပေါက်ပေးတာပဲဖြစ်ပါတယ်။
ဒီအရွယ်မှာ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်သေးတဲ့အတွက် လုပ်ချင်တာမလုပ်ရရင်/သွားချင်တဲ့နေရာ မသွားရရင်
သောင်းကျန်းတတ်ပါတယ်။အဲလိုအချိန်မှာ သူ့ခေါင်း
ကို ရိုက်ပြီး နာကျင်စေတာ/နံရံနဲ့ ခေါင်းကို ကြိမ်ဖန်များ
စွာ ဆောငိ့နေရင်တော့ ဆရာဝန်ပြသင့်ပါတယ်။
(၂)အစာကျွေးရခက်တာ/အစာရွေးလွန်းတာဖြစ်တတ်ပါ
တယ်။
ဒီအရွယ်မှာသူတို့ဟာ နေ့ခင်းမှာ အဆော့မက်လွန်း
တာကြောင့် အစာအပေါ်စိတ်ဝင်စားမှုနည်းလာပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကလည်း နှေးသွားလို့
အစာကို အများကြီးမလိုအပ်တာလည်း ပါပါတယ်။
အစာကျွေးတ်ုင်း မေမေက စိတ်ဖိစီးနေရရင်/သွားရေစာနဲ့ပေါင်မုန့်ချည်းပဲ စားနေရင်/အစာစားတိုင်း နင်နေရင်
ဆရာဝန်ပြသင့်ပါတယ်။
(၃)လူတွေကို ကိုက်တာ/ရိုက်တာမျိုးဖြစ်တတ်ပါတယ်။
တခါတလေ ရိုက်တာမျိုးကို မလုပ်သင့်ကြောင်းသေချာရှင်းပြပါ။ဒါပေမဲ့ တစ်ချိန်လုံး လူတွေကိုက်ချင်
ရိုက်ချင်နေရင် ဆရာဝန်ပြသင့်ပါတယ်။
(၄)စကားမပီတာ/အသံထွက်မှားတာမျိုးဖြစ်တတ်ပါတယ်။
ဒီအရွယ်က ပတ်ဝန်းကျင်မှာကြားသမျှကို အတုယူ
ပြီး စကားပြောဖို့သင်ယူနေတဲ့အချိန်မို့ စကားမပီတာ
အသံထွက်မှားတာဟာ သဘာဝပါ။မေမေက ဘေးကနေ
အမှန်ကို ပြောပေး/သင်ပေးရပါမယ်။စကားတစ်လုံးမှ
ပြောဖို့ မကြိုးစားရင် ဆရာဝန်ပြသင့်ပါတယ်။
(၅)ညဖက် ခဏခဏ နိုးလာတာမျိုးဖြစ်တတ်ပါတယ်။
သူတို့ဟာ နေ့ခင်းဖက် တအားဆော့ထားတဲ့အတွက်
ညဖက်နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။အိပ်ခါနီး ရေပတ်တိုက်ပြီး ဆီလိမ်းနှိပ်နယ်ပေးပါ။
ညအိပ်ယာဝင်ဖို့ကို ကြောက်လန့်ပြီး ငိုနေရင် ဆရာဝန်ပြ
သင့်ပါတယ်။
မေမေတွေအနေနဲ့ ကလေးက
(၁)တစ်ရက်ထဲမှာ ထပ်ခါထပ်ခါ စိတ်ဆိုးပြီး
သောင်းကျန်းနေရင်
(၂)စိတ်ဆိုးချိန်တိုင်း ဘယ်လိုမှချော့မရရင်
(၃)သူ့ကိုယ်သူပဲဖြစ်ဖြစ် သူတပါးကိုပုဖြစ်ဖြစ်
တစ်ရက်ထဲမှာ ထပ်ခါထပ်ခါ နာကျင်စေရင်
တော့ ဒါဟာ ပုံမှန်အမူအကျင့်မဟုတ်တော့တာကို
သိထားပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရေးကြီးဆုံးကတော့ အနီးကပ်ပြုစုနေတဲ့မေမေက
စိတ်ရှည်ရှည် စိတ်အေးအေးထားပြီး ဖျောင်းဖျပြောဆို
ရပါမယ်။ဒေါသနဲ့ အော်ငေါက်တာမျိုးက ကလေးကို
ပိုပြီး အခြေအနေဆိုးလာစေပါတယ်။ကလေးက
ကောင်းတဲ့ အပြုအမူလုပ်တဲ့အခါတိုင်း ဆုပေးတာ/
ချီးကျူးတာမျိုး လုပ်ပေးရပါမယ်။အဲလိုဆိုရင် ကလေး
ဟာ သူ့ရဲ့ အမူအကျင့်ဆိုးတွေကို တဖြည်းဖြည်းပြုပြင်
လာမှာ ဖြစ်ပါတယ်ရှင်။
ညနေမိုး(ကလေး)
photo-Jacob Sang 2years old(2022)
-Kalay
Sang

Address

Shah Alam

Website

Alerts

Be the first to know and let us send you an email when Baby & Kids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share