Studybound Visas

Studybound Visas

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Studybound Visas, Educational consultant, Kuala Lumpur.

Expert support for Myanmar students with "Visa assistance", "Consultation", "University/College applications" and more.

🇦🇺 Australia
🇨🇦 Canada
🇲🇾 Malaysia
🇺🇸 USA

26/05/2026

🇺🇸 US မှာ Nonimmigrant Visa နဲ့ ရောက်နေသူတွေအ‌နေနဲ့ Green Card လျှောက်ချင်ရင် ကြုံတွေ့ရတော့မယ့် အကြပ်အတည်း 🚧
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

🙋🏻‍♂️ အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေပြီး Adjustment of Status (နိုင်ငံတွင်းမှာတင် Green Card ပြောင်းလဲလျှောက်ထားခြင်း) ပြုလုပ်လိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အလိုအလျောက် ခွင့်ပြုချက်ရဖို့ ခက်ခဲသွားတော့မှာဖြစ်ပြီး၊ အလွန်ခိုင်လုံတဲ့ တင်ပြမှု မဟုတ်ရင် US က ထွက်ခွာပြီး မိခင်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကနေတစ်ဆင့်ပဲ ပြန်လည်လျှောက်ထားရမယ့် (Consular Processing) အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း ထရမ့်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ May 22 ရက်နေ့မှာ မူဝါဒအသစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
___


🔳 မူရင်းသတင်းထုတ်ပြန်ချက် အကျဉ်းချုပ် 📰

💬 U.S. Citizenship and Immigration Services (USCIS) မှ ပြောရေးဆိုခွင့်ရှိသူ Zach Kahler က "နိုင်ငံခြားသားတွေအနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို စနစ်တကျ အသုံးပြုသွားလာနိုင်စေဖို့ ဥပဒေရဲ့ မူလရည်ရွယ်ချက်အတိုင်း ပြန်လည်ကျင့်သုံးတာဖြစ်ပါတယ်။ အခုအချိန်ကစပြီး အမေရိကန်နိုင်ငံထဲကို ယာယီရောက်ရှိနေပြီး Green Card လျှောက်ထားချင်တဲ့ နိုင်ငံခြားသားဟာ ရှောင်လွှဲရခက်တဲ့ ထူးကဲဆန်းပြားတဲ့ အခြေအနေမျိုး (Extraordinary Circumstances) ကလွဲလို့ မိမိရဲ့ မိခင်နိုင်ငံကို ပြန်ပြီးတော့ပဲ လျှောက်ထားရမှာဖြစ်ပါတယ်။" ဆိုပြီး ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

▪️ဒီ Policy Memo (PM-602-0199) အရ Green Card ပေး၊ မပေး ဆုံးဖြတ်မှုကို USCIS အရာရှိတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် (Discretionary Power) အဖြစ် အပြည့်အဝ ပုံပေးလိုက်တာဖြစ်ပါတယ်။ လျှောက်ထားသူမှာ အပြုသဘောဆောင်တဲ့ အချက်အလက် (Positive Factors) အလွန်ခိုင်လုံမှသာ နိုင်ငံတွင်းမှာတင် AOS ခွင့်ပြုမှာဖြစ်ပြီး၊ အားနည်းချက်ရှိရင် ကိုယ့်နိုင်ငံရှိ သံရုံးမှာပြန်‌လျှောက်ခိုင်းဖို့ တွန်းပို့လာမှာ ဖြစ်ပါတယ်။

​▪️ဒါ့အပြင် ပြည်ပရှိ အမေရိကန်သံရုံးတွေကနေ အခုလို Consular Processing ကို လွှဲပြောင်းလုပ်ဆောင်ပေးခြင်းအားဖြင့် USCIS အနေနဲ့ အခြားအရေးကြီးတဲ့ case တွေ (ဥပဒေအရ လူကုန်ကူးမှု/အကြမ်းဖက်မှုခံရသူများအတွက် ဗီဇာ၊ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားလွှာများ) အပေါ် ပိုပြီး အာရုံစိုက်လာနိုင်မှာ ဖြစ်ကြောင်း၊ အခုလို စိစစ်ခြင်းက စနစ်ကို ပိုမိုမျှတပြီး ထိရောက်မြန်ဆန်လာစေမှာ ဖြစ်ကြောင်း USCIS ရဲ့ တရားဝင် Website မှာ ဖော်ပြထားပါတယ်။

​▪️အခု‌ထုတ်ပြန်ထားတဲ့ မူဝါဒအသစ်က ချက်ချင်း အာဏာတည် သက်ရောက်မှာဖြစ်ပြီး၊ ဘယ်လိုအ‌ခြေအနေမျိုးကို "Extraordinary Circumstances" သို့မဟုတ် ခိုင်လုံတဲ့တင်ပြချက်အဖြစ် သတ်မှတ်မလဲဆိုတာကတော့ USCIS အရာရှိတစ်ဦးချင်းစီရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်နေတော့မှာ ဖြစ်ပါတယ်။
___

🤷🏻‍♂️ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲ?

🧑‍🧒‍🧒 လူသန်းပေါင်းများစွာအပေါ် ရိုက်ခတ်မှု - ဒီရုတ်တရက်ပြောင်းလဲမှုဟာ အမေရိကန်နိုင်ငံမှာရောက်နေကြတဲ့ နိုင်ငံတကာကျောင်းသားများ၊ ယာယီအလုပ်သမားများ၊ အထူးဗီဇာရထားသည့် ဒုက္ခသည်များနဲ့ အမေရိကန်နိုင်ငံသား အိမ်ထောင်ဖက်ရှိသူများအပါအဝင် Nonimmigrant Visa ကိုင်ဆောင်ထားသူ သန်းနှင့်ချီသောသူ‌တွေကို ပူပန်သောကများစေပါတယ်။

⏳ ကြာမြင့်ချိန်နှင့် မိသားစုခွဲခွာရမှု - အမေရိကန်ပြင်ပကနေ Green Card ပြန်လည်လျှောက်ထားရတာဟာ ပုံမှန်အားဖြင့် Processing Time ပိုကြာမြင့်နိုင်တဲ့အတွက် လျှောက်ထားလိုသူများအနေနဲ့ ရရှိထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လက်လွှတ်ရနိုင်သလို၊ ကိုယ့်ရဲ့ အမေရိကန်နိုင်ငံသား အိမ်ထောင်ဖက် သို့မဟုတ် အခြားမိသားစုဝင်တွေနဲ့လည်း ကာလတစ်ခုကြာ ခွဲခွာနေရမယ့် အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

📮 သံရုံးဝန်ဆောင်မှု အခက်အခဲ - မြန်မာအပါအဝင် အချို့သောနိုင်ငံတွေမှာ ဗီဇာနှင့် ကောင်စစ်ဝန်ရုံး ဝန်ဆောင်မှု‌အများစုကို ဆိုင်းငံ့ထားတဲ့အတွက် ဒီလိုနိုင်ငံသားတွေအတွက်က ဘယ်လိုရှေ့ဆက်ရမလဲ၊ ဘယ်လိုကင်းလွတ်ခွင့်တွေရနိုင်မလဲ ဆိုတာကလည်း ရှင်းလင်းစွာ မသိရသေးပါဘူး။
___


🇲🇲 အမေရိကန်ရောက် မြန်မာဗီဇာကိုင်ဆောင်ထားသူများနှင့် ကျောင်းသားများ (F-1) အတွက် အကြံပြုချက် 📌

လက်ရှိအချိန်မှာ အမေရိကန်က မြန်မာနိုင်ငံအပေါ် ဗီဇာကန့်သတ်ချက် (Visa Ban/Restrictions) ပြုလုပ်ထားတဲ့အပြင်၊ ပြည်တွင်းအခြေအနေတွေကြောင့် မြန်မာနိုင်ငံကို ပြန်ပြီး ဗီဇာပြန်လျှောက်ဖို့ဆိုတာ မြန်မာကျောင်းသားတွေအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှု လို ဖြစ်နေပါတယ်။ ဒါကြောင့် လက်ရှိ US ရောက် Green Card မလျှောက်ထားရသေးတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ အောက်ပါအချက်တွေကို အထူးသတိပြု ပြင်ဆင်ကြဖို့ အကြံပြုလိုပါတယ်။

1️⃣ လက်ရှိ Status ကို အပျက်မခံပါနဲ့။
• အခုအချိန်မှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ လက်ရှိကျောင်းတက်နေတဲ့ Status (F-1), အလုပ်လုပ်နေတဲ့ Status (H-1B) စတာတွေကို မပျက်စီးအောင် ရာနှုန်းပြည့် ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။
• Nonimmigrant Visa စည်းမျဉ်းစည်းကမ်းတွေလိုက်နာပြီး၊ ကျောင်းခေါ်ချိန် (Attendance)၊ Credit Hours ပြည့်မီမှု စတာတွေကိုလည်း အထူးဂရုစိုက်ပါ။ Status တစ်ကြိမ် ပြတ်တောက်သွားရင် အမေရိကန်နိုင်ငံတွင်းမှာတင် ပြန်လည်‌လျှောက်ထားဖို့ (Reinstatement) အတွက်လည်း ခက်ခဲသွားနိုင်ပါတယ်။

2️⃣ US ရှိ တရားဝင် တရားရေးရာရှေ့နေများနဲ့ တိုင်ပင်ပါ။
• လက်ရှိမှာ Green Card လျှောက်ဖို့ ပြင်ဆင်နေသူများအနေနဲ့ အတွေ့အကြုံရှိတဲ့ Immigration Lawyer များနဲ့ ချက်ချင်းတိုင်ပင်ပါ။
• မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် မိမိတို့ case ဟာ USCIS ဘက်က ခြွင်းချက်အဖြစ် သတ်မှတ်‌ပေးမယ့် "Extraordinary Circumstances" အဖြစ် အကျုံးဝင်အောင် ဘယ်လို အပြုသဘောဆောင်တဲ့ အထောက်အထားခိုင်လုံမှုတွေနဲ့ တင်ပြရမလဲဆိုတာ သေချာတိုင်ပင် ပြင်ဆင်ပါ။ (Pending case ရှိပြီးသားသူတွေအနေနဲ့လည်း လန့်ပြီး case ကို ရုပ်သိမ်းတာမျိုး လုံးဝမလုပ်ပါနဲ့ဦး)

3️⃣ Third-Country Processing အလားအလာကို လေ့လာထားပါ။
• အကယ်၍ နိုင်ငံတွင်း AOS အငြင်းခံရပြီး မိခင်နိုင်ငံပြန်ရမယ် လို့ ဆိုလာရင်၊ ရန်ကုန်မှာပြန်လျှောက်ဖို့ အဆင်မပြေတဲ့အတွက် ထိုင်း၊ စင်ကာပူ စတဲ့ အိမ်နီးချင်း တတိယနိုင်ငံ‌တွေမှာရှိတဲ့ အမေရိကန်သံရုံးများမှာ ဗီဇာအင်တာဗျူး ဝင်ရောက်လျှောက်ထားလို့ ရနိုင်ခြေ (Third-Country National Processing) ရှိ၊ မရှိကိုလည်း ရှေ့နေနဲ့ ကြိုတင်ဆွေးနွေး ပြင်ဆင်ထားသင့်ပါတယ်။

4️⃣ စိတ်လောပြီး အလျင်စလို ဆုံးဖြတ်ချက်မချပါနဲ့။
• ဒီသတင်းကြောင့် စိုးရိမ်စိတ်လွန်ကဲပြီး ဥပဒေကြောင်းအရ မခိုင်လုံတဲ့ လမ်းကြောင်းတွေကို မရွေးချယ်မိဖို့ကလည်း အရေးကြီးပါတယ်။ ဒီခေါင်းဖြူကောင်လက်ထက်မှာ တ‌ဖြည်းဖြည်းနဲ့ ပိုမိုတင်းကြပ်လာတာ‌ကြောင့် ကျွမ်းကျင်တဲ့ Immigration Lawyer တွေရဲ့ လမ်းညွှန်မှုအတိုင်း စာရွက်စာတမ်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြင်ဆင်တာကသာ အကောင်းဆုံး ဖြစ်ပါတယ်။
___

💁🏻‍♂️ ခြုံငုံပြောရရင်တော့ ဒီထုတ်ပြန်ချက်ဟာ US ရောက် Nonimmigrant တွေအတွက် Green Card လျှောက်ရတာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုတင်းကြပ်ပြီး ခက်ခဲသွားစေတာ သေချာပါတယ်။ ဒါပေမဲ့ ဥပဒေအရ လုံးဝလျှောက်ခွင့်ပိတ်သွားတာ မဟုတ်တဲ့အတွက် မိမိရဲ့ Status ကို အပျက်မခံဘဲ ကျွမ်းကျင်တဲ့ ရှေ့နေတွေနဲ့ စနစ်တကျ ပြင်ဆင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်! 🇺🇸

19/05/2026

🇨🇦 ကနေဒါမှာ ကျောင်းတက်ရင်း Part-time Job ဘယ်လိုရှာမလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

🙋🏻‍♂️ Canada ရောက်ပြီးရင် “Part-time အလုပ် ဘယ်မှာရှာရမလဲ?” ဆိုပြီး စိတ်ပူနေကြလား? 🤔

💁🏻‍♂️ အရင် Post တွေမှာ ကနေဒါမှာ ကျောင်းတက်ရင်း အလုပ်လုပ်ဖို့ဆိုရင် ဘာတွေသိထားရမလဲ၊ ဘယ်လောက်ထိ ဝင်ငွေရနိုင်မလဲဆိုတာ ပြောပြခဲ့ပြီးပြီဆိုတော့... ဒီနေ့မှာတော့ "တကယ်လက်တွေ့မှာ Part-time အလုပ် ဘယ်လိုစရှာရမလဲ" ဆိုတာ ကို မျှဝေပေးသွားပါမယ်။ 👇🏻
➖➖➖

🔎 အလုပ်ရှာနိုင်မယ့် Platforms များ 🔍

🔹 Indeed & Job Bank Canada စတဲ့ အလုပ်ရှာတဲ့ website တွေမှာ ပုံမှန်စစ်ဆေးလျှောက်ထားခြင်း
🔹 LinkedIn Profile ကို စနစ်တကျပြင်ဆင်ပြီး Professional Network ချိတ်ဆက်ခြင်း
🔹 ကိုယ်ရောက်ရှိနေတဲ့ မြို့၊ ဒါမှမဟုတ် တက်ရောက်နေတဲ့ ကျောင်း ရဲ့ Facebook Community Groups များတွင် လေ့လာခြင်း
🔹 ကိုယ်တက်ရောက်နေတဲ့ ကျောင်းမှာရှိတဲ့ Career Hub မှာ အကြံဉာဏ်ရယူခြင်း
🔹 Vacancy ကြေညာထားတဲ့ လုပ်ငန်းခွင်တွေဆီမှာ လူကိုယ်တိုင်သွားရောက်ပြီး Resume တိုက်ရိုက်တင်ခြင်း (Walk-in Drop)
➖➖➖

💼 ကျောင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းရနိုင်တဲ့ လုပ်ငန်းခွင်များ 💼

▪️☕ Cafe / Restaurant / Bubble Tea Shop စတဲ့ စားသောက်ကုန်လုပ်ငန်းတချို့
▪️🛒 ကုန်စုံဆိုင်နှင့် စူပါမားကတ်များ
▪️📦 ပစ္စည်းသိုလှောင်ရုံနှင့် ထုပ်ပိုးမှုလုပ်ငန်းများ
​ဒီလို လုပ်ငန်းခွင်မျိုးတွေမှာ ကျောင်းသားတွေအတွက် Part-time အလုပ်အကိုင်တွေကို အများဆုံး ခေါ်ယူလေ့ရှိပါတယ်။
➖➖➖

🔑 အလုပ်ရဖို့ အဓိကကျတဲ့ Factors များ 🔑

🗝️ Resume format (Canadian Style)
Canada စံနှုန်းနဲ့ကိုက်ညီတဲ့ Resume Format ဖြစ်ဖို့ အရေးကြီးပါတယ်။
ရှုပ်ရှုပ်ထွေးထွေးမရှိဘဲ Simple & Clear ဖြစ်နေရမှာဖြစ်ပြီး ကိုယ့်ရဲ့ Relevant Experience, Skills နဲ့ အလုပ်ဆင်းနိုင်မယ့် အချိန် (Availability) ကို အဓိက ထည့်သွင်း‌ဖော်ပြထားရပါမယ်။

🗝️ Communication skills
Customer Service နဲ့ ပတ်သက်တဲ့ အလုပ်တွေမှာ Communication Skill ကို အဓိကထား ကြည့်တတ်ပါတယ်။
အင်္ဂလိပ်စာ အလွန်အမင်း ကျွမ်းကျင်နေဖို့မလိုပေမယ့်၊ ကိုယ့်ဘက်က ယုံကြည်မှုရှိရှိနဲ့ ဖော်ဖော်ရွေရွေ စကားပြောနိုင်ဖို့၊ အလုပ်အပေါ် စိတ်အားထက်သန်မှုရှိကြောင်း ပြသနိုင်ဖို့က အဓိကပါ။

🗝️ Availability (အလုပ်ဆင်းနိုင်မယ့် အချိန်)
အလုပ်ရှင်တွေ အများစုက Peak hours တွေဖြစ်တဲ့ Friday ညဘက်၊ Saturday၊ Sunday (Weekends) တွေနဲ့ ညပိုင်း Shift တွေမှာ အလုပ်ဆင်းပေးနိုင်မယ့်သူတွေကို ပိုဦးစားပေးတတ်ပါတယ်။
ကိုယ့်ရဲ့ Schedule က Flexible ဖြစ်လေ၊ အလုပ်ရဖို့ အခွင့်အလမ်း ပိုများလေပါပဲ။

🗝️ Location & Transportation
နေအိမ်နဲ့ အလုပ်နေရာ အရမ်းဝေးရင် သွားရေးလာရေး အခက်အခဲ ရှိနိုင်ပါတယ်။ ဆောင်းရာသီမှာဆိုရင် လမ်းလျှောက်ရတာ၊ ကားစောင့်ရတာ တကယ် မလွယ်ကူပါဘူး။
အလုပ်ရှင်တွေဆိုတာကလည်း ရာသီဥတု ဘယ်လောက်ဆိုးဆိုး အလုပ်ကို အချိန်မှန် ရောက်လာနိုင်မယ့် အနီးအနားက ကျောင်းသားတွေကိုပဲ ဦးစားပေး ခေါ်ချင်ကြတာပါ။
ဒါကြောင့် အစကတည်းက ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အနီးအနားက အလုပ်တွေကို ဦးစားပေးလျှောက်တာ အကောင်းဆုံးပါ။
➖➖➖

📌 အရေးကြီးတာက —
“ရောက်ရောက်ချင်း ချက်ချင်းအလုပ်ရရမယ်” လို့ စိတ်လောမနေဘဲ၊ အခြေအနေပေါ်မူတည်ပြီး စိတ်ရှည်လက်ရှည်နဲ့ စနစ်တကျ ပြင်ဆင်လျှောက်ထားကြည့်ဖို့ပါပဲ။
တချို့ကျောင်းသားတွေက Canada ရောက်ပြီး ၁ လအတွင်းမှာတင် အလုပ်ရသွားတတ်သလို၊ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ရတဲ့သူတွေလည်း ရှိပါတယ်။
ဒါကြောင့် စစရောက်ချင်း ပထမ Semester မှာတော့ ပတ်ဝန်းကျင်အသစ်နဲ့ အသားကျအောင် (Adaptation Period အဖြစ်) အချိန်ပေးရင်း ပညာရေးကိုပဲ အဓိက အာရုံစိုက်တာ အကောင်းဆုံးပါပဲ။ 📌

🙋🏻‍♂️ ​အားလုံးပဲ Study-Work Balance ညီညီနဲ့ အောင်မြင်တဲ့ ကျောင်းသားဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🎓✨


12/05/2026

🇨🇦 "Canada မှာ ကျောင်းတက်ဖို့ ပြင်ဆင်နေပေမဲ့ အချက်အလက်တွေက ဟိုတစ်စ ဒီတစ်စနဲ့ ရှုပ်ထွေးနေပါသလား?" 🇨🇦
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

💁🏻‍♂️ ကနေဒါမှာ ကျောင်းသွားတက်ဖို့ဆိုတာ ကျောင်းကိစ္စတင်မကဘဲ ဗီဇာ၊ အလုပ်အကိုင်နဲ့ နေထိုင်မှုပုံစံတွေအထိ ကြိုတင်လေ့လာရမယ့်အရာတွေ အများကြီးပါ။ ဒါကြောင့် Studybound Visas ရဲ့ Page မှာ တင်ခဲ့သမျှ ကနေဒါပညာရေးဆိုင်ရာ Post တွေကို ရှာရလွယ်ကူအောင် ကဏ္ဍအလိုက် ပြန်လည်စုစည်းပေးလိုက်ပါတယ်။ 📌

💁🏻‍♂️ အရင်တစ်ခေါက်က တင်ပေးခဲ့တဲ့ Studybound Visas ရဲ့ ကနေဒါပညာရေးနဲ့ပတ်သက်သမျှ post စုစည်းမှုကိုလည်း အောက်ပါ link မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
🔗
https://www.facebook.com/share/1AeFpb4HpC/
➖➖➖

အခုတစ်ခေါက် စုစည်းမှုမှာတော့ -
ကျောင်းဝင်ခွင့်ဆိုင်ရာ ဗဟုသုတတွေ၊ ရွေးချယ်စရာ ကျောင်းအမျိုးမျိုးနဲ့ ဗီဇာပိုင်းဆိုင်ရာ‌ ဝေမျှမှုတွေတင်မကဘဲ... ကျောင်းတက်ရင်း အလုပ်လုပ်နိုင်မယ့် အကြံပြုချက်တွေကနေစလို့ ကျောင်းပြီးရင် ဆက်လက်နေထိုင်ခွင့်ရမယ့် PGWP နဲ့ PR အခြေအနေတွေအထိ လက်တွေ့ကျကျ မြင်သာအောင် အပိုင်းလိုက် ခွဲခြားဖော်ပြပေးထားပါတယ်။

ဒီတော့... အောက်က Category လေးတွေထဲမှာ မိမိစိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်လေ့လာနိုင်ပါပြီ! 👇
➖➖➖

📌 𝗔𝗱𝗺𝗶𝘀𝘀𝗶𝗼𝗻 𝗧𝗶𝗽𝘀 & 𝗚𝘂𝗶𝗱𝗲𝘀 📌

"IGCSE အောင်မြင်ပြီးနောက် ကနေဒါ မှာ ကျောင်းဆက်တက်ဖို့ ဘယ်လို လမ်းကြောင်းတွေ ရွေးနိုင်မလဲ?"
https://www.facebook.com/share/1B6axsmDtF/

"ကနေဒါမှာ Master's Degree တက်ဖို့ ဘာတွေလိုအပ်မလဲ?"
https://www.facebook.com/share/18V5kbVEJU/

🇨🇦 Study in Canada as an International Student in 2026 🇨🇦🎓
[ 📌 မြန်မာကျောင်းသားများ စဉ်းစားသင့်တဲ့ အချက်များ 📝 ]
https://www.facebook.com/share/1CcZ12UCJp/

🇨🇦 ၂၀၂၆ မှာ ကနေဒါသို့ ပညာသင်သွားမည့် ကျောင်းသားတိုင်း မဖြစ်မနေ မေးခွန်းထုတ်ရမယ့် အချက် ၁၂ ချက်
https://www.facebook.com/share/18thDXKS5z/
➖➖➖

📌 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗖𝗵𝗼𝗶𝗰𝗲𝘀 (𝗕𝘂𝗱𝗴𝗲𝘁-𝗙𝗿𝗶𝗲𝗻𝗱𝗹𝘆) 📌

🇨🇦 Budget ချွေတာပြီး ကနေဒါမှာ ကျောင်းတက်နိုင်မယ့် ပြည်နယ် (၃) ခု 🇨🇦
https://www.facebook.com/share/18jx9Wov5S/

🇨🇦 Budget ချွေတာပြီး ကနေဒါမှာ ကျောင်းတက်နိုင်မယ့် နောက်ထပ်ပြည်နယ် (၃) ခု 🇨🇦
https://www.facebook.com/share/1DiCwEg87A/

🇨🇦 Ontario နဲ့ BC မှာရော Budget Friendly ဖြစ်တဲ့ University တွေ ရှိလား? 🇨🇦 {Part - 1}
https://www.facebook.com/share/1bBqRnazsC/

🇨🇦 Ontario နဲ့ BC မှာရော Budget Friendly ဖြစ်တဲ့ University တွေ ရှိလား? 🇨🇦 {Part - 2}
https://www.facebook.com/share/1CWF4niasD/
➖➖➖

📌 𝗧𝗿𝗮𝗻𝘀𝗳𝗲𝗿 & 𝗖𝗿𝗲𝗱𝗶𝘁 𝗠𝗮𝘁𝘁𝗲𝗿𝘀 📌

🇨🇦 "Canada တက္ကသိုလ်တွေကို ကျောင်းပြောင်း (Transfer) လို့ ရသလား?" 🤷🏻‍♂️
https://www.facebook.com/share/17a9HJuh3S/

🇨🇦 Canada နဲ့ Credit Transfer 🌐
https://www.facebook.com/share/1Kpkryukun/
➖➖➖

📌 𝗗𝗲𝗽𝗼𝘀𝗶𝘁 𝗣𝗮𝘆𝗺𝗲𝗻𝘁 📌

🇨🇦 ကနေဒါကျောင်းဝင်ခွင့်ရပြီးနောက် သွင်းရလေ့ရှိတဲ့ Deposit အကြောင်း သိကောင်းစရာများ 💵
https://www.facebook.com/share/1D4mdL5Sov/
➖➖➖

📌 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗩𝗶𝘀𝗮 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗧𝗶𝗽𝘀 📌

🇨🇦 Canada Student Visa — မြန်မာကျောင်းသားများ Refusal အဖြစ်များစေသည့် အဓိကအချက် (၅) ချက်
https://www.facebook.com/share/1CeU4rzCvz/

🇨🇦 Canada Study Permit အတွက် ဆေးစစ်ခြင်း (Medical Exam) - ဘယ်အချိန်မှာ စစ်သင့်လဲ? 💡
https://www.facebook.com/share/1H5Matu227/

🇨🇦 Canada Study Visa အတွက် SOP မရေးခင် ဒါလေးတွေ သတိပြုပါ! 🎓
https://www.facebook.com/share/18eXznpPnk/
➖➖➖

📌 𝗣𝗮𝗿𝘁-𝘁𝗶𝗺𝗲 𝗝𝗼𝗯𝘀, 𝗣𝗚𝗪𝗣 & 𝗣𝗥 📌

✨ ကနေဒါမှာ ကျောင်းတက်ရင်း အလုပ်လုပ်ဖို့ စဉ်းစားနေပြီလား? ✨
https://www.facebook.com/share/1EjXGwLmnM/

"ကနေဒါမှာ ကျောင်းတက်ရင်း Part-time Job လုပ်ရင် ဘယ်လောက်ရမလဲ?" 🤔🧐
https://www.facebook.com/share/1Ai7erGTGn/

"ကနေဒါမှာ ကျောင်းပြီးနောက် အလုပ်လုပ်ခွင့် Post-Graduation Work Permit (PGWP) အတွက် သိထားသင့်တဲ့ အချက်လေးတွေ!" 📌🇨🇦📌
https://www.facebook.com/share/17zSe9ptCJ/

" Canada မှာ International Student တစ်ယောက်အနေနဲ့ PR ဖြစ်ဖို့ သေချာလား? "
https://www.facebook.com/share/1DfDEh3sjL/
➖➖➖

🙋🏻‍♂️ ကနေဒါသွားဖို့ ပြင်ဆင်ရတာ အချက်အလက်တွေ များလွန်းလို့ မျက်စိမလည်သွားစေဖို့ ဒီ Post လေးက သင့်အတွက် Shortcut တစ်ခု ဖြစ်မှာပါ။ 🇨🇦✨

🔎 လိုအပ်တဲ့အချိန်တိုင်း ပြန်ရှာရလွယ်အောင် 'Save' လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ ဒီထဲမှာ မပါသေးတဲ့အကြောင်းအရာ ဒါမှမဟုတ် တခြားသိချင်တာလေးတွေ ရှိရင်လည်း Comment မှာ မေးထားခဲ့လို့ ရပါတယ်။ 💬

07/05/2026

🇪🇺 ဥရောပနိုင်ငံတွေမှာ ပညာသင်ဖို့ ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားတွေအတွက် သိထားသင့်တဲ့ လက်တွေ့ကျတဲ့ အချက်များ 🇪🇺🎓
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

▪️အခုနောက်ပိုင်း UK နဲ့ US ကျောင်းသားဗီဇာတွေ ပိတ်ပင်စိစစ်လာတဲ့အတွက် Europe ဘက်ကို ခြေဦးလှည့်လာကြတဲ့ မြန်မာကျောင်းသားတွေ တော်တော်များလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အများစုက “Europe ဆိုရင်တော့ ပိုလွယ်မှာပါ” ဆိုတဲ့ အတွေးနဲ့ လွယ်လွယ်စတင်မိတတ်ကြပါတယ်။

▪️တကယ်လည်း European countries မှာ opportunity ကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စနစ်တွေရော၊ ဗီဇာ Assessment ပုံစံတွေပါ လုံးဝမတူပါဘူး။ Research သေချာမလုပ်ဘဲ ဆုံးဖြတ်မိရင်တော့ နောက်ပိုင်းမှာ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းပြီး မှန်းထားသလောက် အဆင်မပြေတာမျိုး ဖြစ်သွားနိုင်ပါတယ်။

▪️ဒါ‌ကြောင့် ဥရောပနိုင်ငံတွေမှာ ကျောင်းတက်ဖို့ မဆုံးဖြတ်ခင် ကြိုတင်လေ့လာထားသင့်တဲ့ လက်တွေ့ကျတဲ့ အချက်တွေကို ဝေမျှပေးပါစေ။ 👇🏻
➖➖➖

1️⃣ Admission System ကို ကြိုတင်လေ့လာပြီးမှ ဆုံးဖြတ်ပါ။

နိုင်ငံတစ်ခုနဲ့တစ်ခု ဝင်ခွင့်သတ်မှတ်ချက်တွေ မတူညီတာကြောင့် ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ Admission System ကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။ 💯

▫️ဥပမာ - Germany မှာ Bachelor's program တက်ဖို့ဆိုရင် ၁၂ တန်းအောင်ရုံနဲ့တင် မလုံလောက်ဘဲ Studienkolleg (Foundation/ Preparation) တက်ဖို့ လိုအပ်တတ်ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်း ၂၀၂၆ Intake တွေမှာဆိုရင် တက္ကသိုလ်အလိုက် Internal Exams တွေ ဒါမှမဟုတ် TestAS လိုမျိုး Aptitude Tests တွေ ဖြေဆိုဖို့ သတ်မှတ်လာတာမျိုးတွေ ရှိလာပါတယ်။
Italy ဆိုရင်လည်း တက္ကသိုလ်အလိုက် တချို့ဘာသာရပ်တွေအတွက် TOLC Exam လိုမျိုး ဝင်ခွင့်စာမေးပွဲတွေ ဖြေဆိုရလေ့ ရှိပါတယ်။

Master's လျှောက်ထားသူတွေအနေနဲ့လည်း ကိုယ့်ရဲ့ Academic Background က လျှောက်မယ့် Program နဲ့ match ဖြစ်နိုင်ရဲ့လား ဆိုတာအပြင် လျှောက်ထားလိုတဲ့နိုင်ငံရဲ့ Admission Criteria တွေနဲ့ ဘောင်ဝင်ခြင်း ရှိ၊ မရှိကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဒါမှသာ အချိန်ကုန်သက်သာပြီး မိမိနဲ့အကိုက်ညီဆုံး လမ်းကြောင်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ✅
➖➖➖

2️⃣ Financial Proof လိုအပ်ချက်တွေက ငွေရှိကြောင်းပြရုံနဲ့ မလုံလောက်တာ သတိပြုပါ။

▫️ဥပမာ - Germany ဆိုရင် လက်ရှိမှာ တစ်နှစ်စာ နေထိုင်စရိတ်အတွက် Blocked Account ဖွင့်ပြီး ယူရို €11,904 ထည့်သွင်းပြသနိုင်ဖို့လိုပါတယ်။
Netherlands ဆိုရင်တော့ ကျောင်းသားဗီဇာလျှောက်ထားနိုင်ဖို့ ပထမနှစ်တစ်နှစ်စာ Tuition Fee ကို တက္ကသိုလ်အကောင့်ထဲသို့ ကြိုတင်လွှဲပြောင်းပေးချေရလေ့ရှိပြီး၊ နေထိုင်စရိတ်အတွက်လည်း မိမိရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲမှာ တစ်လလျှင် အနည်းဆုံး €1,130 ဝန်းကျင်နှုန်းနဲ့ တစ်နှစ်စာအတွက် လုံလောက်တဲ့ ငွေပမာဏ ရှိနေကြောင်း ပြသနိုင်ရပါတယ်။
အလားတူပဲ Finland နိုင်ငံဆိုရင်လည်း Student Residence Permit လျှောက်ထားတဲ့အခါ တစ်လကို €800 နှုန်းနဲ့ တစ်နှစ်စာအတွက် စုစုပေါင်း €9,600 ကို မိမိဘဏ်အကောင့်ထဲမှာ အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။

ဒါကြောင့် နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ Financial Proof ပမာဏတင်မကဘဲ တင်ပြရတဲ့ ပုံစံနဲ့ စည်းမျဉ်းတွေကိုပါ ကြိုတင်စစ်ဆေးပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
➖➖➖

3️⃣ Documentation Process က ထင်ထားတာထက် ပိုပြီး အချိန်ပေးရတတ်ပါတယ်။

နိုင်ငံခြားကျောင်းလျှောက်ထားတဲ့အခါ စာရွက်စာတမ်းပြင်ဆင်မှု (Documentation) က အချိန်အယူရဆုံး အပိုင်းဖြစ်လေ့ရှိပါတယ်။

▫️ဥပမာ - Italy ဆိုရင် ကိုယ့်ရဲ့ မြန်မာနိုင်ငံက ဘွဲ့ ဒါမှမဟုတ် အောင်လက်မှတ်ဟာ အီတလီနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ဘယ်လောက်အထိ ညီမျှမှုရှိလဲဆိုတာကို သက်ဆိုင်ရာက ထောက်ခံပေးတဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ CIMEA တို့၊ DOV တို့လိုမျိုး စာရွက်စာတမ်း လိုအပ်တာမို့ အချိန်တစ်ခုပေးပြီး လုပ်ရပါတယ်။
Poland နဲ့ Hungary နိုင်ငံတွေဆိုလည်း Police Clearance နဲ့ ပညာရေးအထောက်အထားတွေကို အစစ်အမှန်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာသံရုံးမှာ တရားဝင် အသိအမှတ်ပြု တံဆိပ်တုံး ထုရတဲ့ လုပ်ငန်းစဉ် Authentication (သို့မဟုတ်) Consular Legalization အဆင့်ဆင့် လုပ်ရတာတွေက အချိန်တော်တော်ယူရပါတယ်။

ဒီလို စာရွက်စာတမ်း ပြင်ဆင်မှုတွေမှာ အချိန်တွက်ချက်မှု မှားယွင်းပြီး နောက်ကျသွားရင် ကိုယ်သွားချင်တဲ့ Intake မမီတာမျိုး ဖြစ်တတ်တာကြောင့် စောစောစီးစီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
➖➖➖

4️⃣ Tuition Fees က သက်သာပေမဲ့ Living Expenses တွေကိုလည်း ကြိုတင်တွက်ချက်ထားဖို့ လိုအပ်ပါတယ်။

▫️ဥပမာ - Germany နဲ့ Finland မှာ ကျောင်းလခ သက်သာပေမဲ့ နေထိုင်စရိတ်၊ အာမခံနဲ့ သွားလာစရိတ်တွေက နှစ်စဉ်တိုးမြင့်လာတာကြောင့် ကိုယ့်ရဲ့ Budget ကို သေသေချာချာ တွက်ချက်ထားဖို့ လိုပါတယ်။ Netherlands မှာတော့ လက်ရှိ Housing Crisis ကြောင့် အိမ်ငှားခ ဈေးကြီးတာတင်မကဘဲ အိမ်ရှာရခက်တဲ့ ပြဿနာကပါ ကျောင်းသားတွေအတွက် အခက်ဖြစ်စေပါတယ်။

ဒါကြောင့် ကျောင်းလခတင်မကဘဲ မိမိသွားမယ့် မြို့ရဲ့ အိမ်ငှားခဈေးနှုန်းနဲ့ နေထိုင်စရိတ် အပြောင်းအလဲတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
➖➖➖

5️⃣ Graduation ပြီးနောက် ရေရှည်စီမံကိန်းကိုပါ ထည့်သွင်းစဉ်းစားပါ။

ကျောင်းပြီးတဲ့အခါ အဆိုပါနိုင်ငံမှာပဲ ဆက်လက် အလုပ်လုပ်ကိုင်ဖို့ ရည်မှန်းထားတယ်ဆိုရင် Language Barrier က အဓိက စိန်ခေါ်မှုဖြစ်လာမှာကို ကြိုတင်သတိပြုရပါမယ်။

ဥရောပနိုင်ငံ အတော်များများမှာ အင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားတဲ့ English-taught program တွေ အများအပြား ရှိတာကြောင့် ကျောင်းတက်နေစဉ်မှာ အဆင်ပြေနိုင်ပေမဲ့၊ လက်တွေ့အလုပ်ခွင် (Local Job Market) ထဲ ဝင်ရောက်တဲ့အခါမှာတော့ မိမိရောက်ရှိနေတဲ့ နိုင်ငံရဲ့ Local Language ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့နိုင်ငံရဲ့ဘာသာစကား မတတ်မြောက်ထားရင် မိမိအရည်အချင်းနဲ့ ထိုက်တန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေရာမှာ အကန့်အသတ်တွေ ရှိနိုင်ပြီး တော်တော်လေး ရုန်းကန်ရတတ်ပါတယ်။

ဒါကြောင့် ဘွဲ့ရပြီးနောက်ပိုင်း Career Path ကို အောင်မြင်အောင် တည်ဆောက်ချင်တယ်ဆိုရင် ကျောင်းစမတက်ခင် ဒါမှမဟုတ် ကျောင်းတက်နေစဉ် ကတည်းက Local Language ကို လေ့လာထားဖို့ အထူးအကြံပြုလိုပါတယ်။
➖➖➖

🙋🏻‍♂️ တကယ်စဉ်းစားသင့်တာက ဘယ်နိုင်ငံက လွယ်လဲဆိုတာထက် ကိုယ့်ရဲ့ ပညာရေးအခြေခံ၊ ငွေကြေးအင်အား နဲ့ Career Goal တွေအရ ဘယ်နိုင်ငံက ကိုယ့် Profile နဲ့ အကိုက်ညီဆုံးလဲ ဆိုတာပါပဲ။

✈️ Study Abroad Plan ဆိုတာ Destination တစ်ခုကို ရွေးလိုက်ရုံနဲ့ မပြီးပါဘူး။ Preparation, Documentation နဲ့ ရေရှည် Strategy တွေ အားလုံးပေါင်းမှသာ အောင်မြင်တဲ့ ဆုံးဖြတ်ချက် ဖြစ်လာမှာပါ။ ✨

🙋🏻‍♂️ ဒါကြောင့် Research သေချာမလုပ်ဘဲ Trend နောက်လိုက်တာမျိုးထက် မိမိ Profile နဲ့ အကိုက်ညီဆုံးလမ်းကြောင်းကို သေချာရှာဖွေဖို့ တိုက်တွန်းချင်ပါတယ်။ 🎓

02/05/2026

🇲🇾 မလေးရှားမှာ ကျောင်းတက်ဖို့ စဉ်းစားနေပြီလား?
သင့်ရဲ့ Priority က ဘာလဲ? 🎓 👀
•••••••••••••••••••••••••••••••••••••••••••••••••

💁🏻‍♂️ မလေးရှားနိုင်ငံဟာ ပညာရေးအရည်အသွေး ကောင်းမွန်ပြီး ကုန်ကျစရိတ် သက်သာတာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် အမြဲတမ်း ရေပန်းစားတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ "ဘယ်ဘာသာရပ်ကို ရွေးချယ်ရင် အနာဂတ်အတွက် အလားအလာ အကောင်းဆုံး ဖြစ်မလဲ?" ဆိုတာကတော့ အရေးကြီးဆုံး မေးခွန်းတစ်ခုပါ။ 🤔

🙋🏻‍♂️ ကျောင်းတက်ဖို့ ဘာသာရပ်ရွေးချယ်တဲ့အခါ လူတိုင်းရဲ့ လိုအပ်ချက်နဲ့ ဝါသနာက မတူကြပါဘူး။ ဒါကြောင့် သင့်ရဲ့ ဦးစားပေးအချက်ပေါ် မူတည်ပြီး ၂၀၂၆ ခုနှစ်အတွက် ရွေးချယ်သင့်တဲ့ ထိပ်တန်းဘာသာရပ်တွေနဲ့ နာမည်ကြီးကျောင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် 👇
_____

1️⃣ စာသင်စရိတ် သက်သာပြီး အလုပ်အကိုင် အခွင့်အလမ်းများဖို့ က ပထမဆိုရင်... 🎓

▪️ဘာသာရပ်များ — Business, Hospitality, IT, Education

▪️ရွေးချယ်သင့်သောကျောင်းများ — SEGi University & Collegs, INTI International University, UCSI University

▪️အားသာချက် — ယေဘုယျအားဖြင့် တချို့ဘာသာရပ်တွေထက် စာသင်စရိတ် သက်သာပြီး ဘယ်လုပ်ငန်းခွင်မှာမဆို အသုံးဝင်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ် (ROI) ကို အမြန်ဆုံး ပြန်လည်ရရှိစေမယ့်၊ အလုပ်အကိုင်အခွင့်အလမ်း ပေါမယ့် အားသာချက်တွေရှိပါတယ်။
°°°°°

2️⃣ အနာဂတ်ရဲ့ နည်းပညာအသစ်တွေကို အသုံးချပြီး ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လိုရင်... 🎓

▪️ဘာသာရပ်များ — Artificial Intelligence, Cybersecurity, Data Science, UX Design, Software Development

▪️ရွေးချယ်သင့်သောကျောင်းများ — APU (Asia Pacific University), Monash University Malaysia

▪️အားသာချက် — Fourth Industrial Revolution ရဲ့ အခြေခံ ဘာသာရပ်တွေ ဖြစ်တာကြောင့် ကျောင်းပြီးတာနဲ့ ဈေးကွက်မှာ လစာနှုန်းထားကောင်းကောင်း ရရှိနိုင်သလို High-Tech နည်းပညာရှင် လိုအပ်နေတဲ့ ခေတ်မှာ အနာဂတ် ဆယ်စုနှစ်များစွာအထိ အလုပ်အကိုင်အခွင့်အလမ်း အကောင်းဆုံး ဖြစ်နေမှာပါ။
°°°°°

3️⃣ နှစ်ကာလအကြာကြီး မတက်ချင်ဘူး၊ လုပ်ငန်းခွင်ထဲ အမြန်ဝင်ချင်ရင်... 🎓

▪️ဘာသာရပ်များ — Culinary Arts, Hotel Management, Events Management

▪️ရွေးချယ်သင့်သောကျောင်း — Taylor's University, Sunway University

▪️အားသာချက် — စာတွေ့အပြင် လက်တွေ့ Internship (10 weeks to 20 weeks) နဲ့တွဲဖက်သင်ကြားပေးတာဖြစ်လို့ ၂ နှစ်တာကာလအတွင်းမှာတင် နိုင်ငံတကာအဆင့်မီ ဟိုတယ်နဲ့ အစားအသောက်လုပ်ငန်းတွေမှာ တန်းပြီးအလုပ်‌လျှောက်ထားနိုင်တဲ့ အခွင့်အလမ်းရှိစေပါတယ်။
°°°°°

4️⃣ လစာ‌ကောင်းကောင်း ရနိုင်တဲ့ Professional တစ်ယောက် ဖြစ်ချင်ရင်... 🎓

▪️ဘာသာရပ်များ — Actuarial Science, Engineering, Medicine, Data Science, Dentistry

▪️ရွေးချယ်သင့်သောကျောင်းများ — IMU University, Monash University Malaysia, Heriot-Watt University Malaysia, Sunway University

▪️အားသာချက် — Global Recognized Degree ကို ရရှိမှာဖြစ်လို့ ပြည်တွင်းမှာတင်မကဘဲ ပြည်ပနိုင်ငံတွေမှာပါ အလုပ်အကိုင် အခွင့်အလမ်းတွေကို ယုံကြည်မှုရှိရှိ ရှာဖွေနိုင်မှာဖြစ်သလို ၊ Job Security အတွက်လည်း စိတ်ပူစရာမလိုဘဲ ရေရှည်ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းကို ပိုင်ဆိုင်နိုင်မှာပါ။
°°°°°

5️⃣ ဖန်တီးမှုအားကောင်းပြီး အနုပညာဝါသနာပါသူ (Creative Person) ဆိုရင်... 🎓

▪️ဘာသာရပ်များ — Animation, Graphic Design, UI/UX Design, Game Development, Branding, Advertising

▪️ရွေးချယ်သင့်သောကျောင်းများ — The One Academy, Taylor's University, Sunway University

▪️အားသာချက် — မိမိရဲ့ ဝါသနာနဲ့အလုပ်ကို ထပ်တူကျစေပြီး Creative Industry မှာ ကိုယ်ပိုင် Freelance (သို့မဟုတ်) ပညာရှင်အဖြစ် လွတ်လပ်စွာ ဖန်တီးလုပ်ကိုင်နိုင်တဲ့အပြင် စာမေးပွဲ‌ရမှတ်တွေထက် ကိုယ်ပိုင်ဖန်တီးမှု (Portfolio) က ပိုစကားပြောတာကြောင့် အနုပညာစိတ်ကူးရှိသူတွေအတွက် နေရာကောင်းရမယ့် လမ်းကြောင်းပါပဲ။
_____

🙋🏻‍♂️ ကဲ... ဒါဆိုရင် ကိုယ့်ရဲ့ ဝါသနာနဲ့ ရည်မှန်းချက်က ဘယ်လမ်းကြောင်းနဲ့ ပိုနီးစပ်နေသလဲ? မှန်ကန်တဲ့ ဘာသာရပ်နဲ့ ကျောင်းကို ရွေးချယ်ခြင်းက ရှေ့ဆက်မယ့် ဘဝအောင်မြင်မှုရဲ့ တစ်ဝက်ကို ပိုင်ဆိုင်လိုက်တာနဲ့ အတူတူပါပဲ။ 👍🏻

🎓 တကယ်တော့ အနာဂတ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်တဲ့ ရွေးချယ်မှုတွေပေါ်မှာပဲ မူတည်နေတာပါ။ ဒီနေ့ တက်ရောက်မယ့် ပညာရပ်က နောက်ထပ် ဆယ်စုနှစ်များစွာအထိ အဓိပ္ပာယ်ရှိတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်လို့ မိမိနဲ့ အကိုက်ညီဆုံးဖြစ်မယ့် လမ်းစကို ရှာဖွေတွေ့ရှိပြီး အောင်မြင်တဲ့ ကျောင်းသားဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ ✨

28/04/2026

"တက်ချင်တာနဲ့ တက်လို့ရတာ… မတူပါဘူး"
••••••••••••••••••••••••••••••••••••••••

💁🏻‍♂️ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စဉ်းစားတဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ Course တစ်ခုကို တွေ့ရုံနဲ့တင် လျှောက်ဖို့ မလောသင့်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်တန်းတစ်ခုကို “တက်ချင်တာ” က ကိုယ့်ရဲ့ဆန္ဒဖြစ်ပေမယ့်၊ တကယ်တမ်း “တက်လို့ရဖို့” ကတော့ ဗီဇာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ နဲ့ ကိုယ့် Profile ကြားက ကိုက်ညီမှုရှိ/ မရှိ ပေါ်မှာ အများကြီး မူတည်နေလို့ပါ။

💁🏻‍♂️ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲ ရှေ့တန်းတင်ပြီး နောက်ဆက်တွဲ "Visa Risk" တွေကို လုံးဝ (လုံးဝ) လျစ်လျူရှုထားလို့ မရပါဘူး။

ကဲ... ဒါဆိုရင် ကျောင်းသားဗီဇာမလျှောက်ခင် ဘာတွေကို အဓိက ဆန်းစစ်ကြည့်ရမလဲ? အပိုင်း (၂) ပိုင်းနဲ့ ခွဲပြီး လေ့လာကြည့်ရအောင်!

1️⃣ ကိုယ့် Profile က ဗီဇာလိုအပ်ချက်‌တွေနဲ့ ကိုက်ရဲ့လား?

ပုံမှန်အားဖြင့် Visa Officer တွေက ကိုယ့်ကို ကျောင်းသားစစ်မစစ် စိစစ်ဆုံးဖြတ်တဲ့နေရာမှာ အောက်ပါ အချက်တွေကို အဓိကကြည့်‌လေ့ရှိတတ်ပါတယ်။

▪️𝐂𝐨𝐮𝐫𝐬𝐞 𝐑𝐞𝐥𝐞𝐯𝐚𝐧𝐜𝐞: အခုတက်မယ့်ဘာသာရပ်က အရင်ကကျောင်းပြီးထားတဲ့ Background ဒါမှမဟုတ် လက်ရှိလုပ်နေတဲ့ အလုပ်အတွေ့အကြုံနဲ့ ဘယ်လိုချိတ်ဆက်မှုရှိသလဲ?
(ဥပမာ - Engineering ဘွဲ့ရထားသူက Business တက်မယ်ဆိုရင် ခိုင်လုံတဲ့ 'Career Shift' အကြောင်းပြချက် လိုအပ်ပါတယ်။)

▪️𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐆𝐚𝐩: ကျောင်းပြီးထားတာ ကြာပြီလား? အဲဒီ Gap ထဲမှာ ဘာတွေလုပ်ခဲ့သလဲ? အခုမှ ကျောင်းပြန်တက်ရတဲ့ ရည်ရွယ်ချက်က လက်တွေ့ကျရဲ့လား? ၊ ကိုယ့်ဘက်ကရော အဲ့ရည်ရွယ်ချက်ကို သေချာ တင်ပြနိုင်ရဲ့လား?
(ဥပမာ - ဘွဲ့ရပြီးတာ ၅ နှစ်လောက် ကြာနေပြီဆိုရင် အဲဒီ ၅ နှစ်အတွင်းမှာ လုပ်ခဲ့တဲ့ အလုပ်အတွေ့အကြုံတွေ၊ တက်ခဲ့တဲ့ သင်တန်းတွေကို သက်သေအထောက်အထားနဲ့ တင်ပြရမှာပါ။ "အလုပ်ထဲမှာ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဒီပညာရပ်ကို ထပ်မံလေ့လာဖို့ လိုအပ်လာလို့" ဆိုတဲ့အချက်မျိုးက Academic Gap ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ အကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။)

▪️ 𝐂𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲 & 𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬𝐢𝐨𝐧: ကိုယ်တက်မယ့် ပညာရေးအဆင့် (Level) က အရင်ပြီးခဲ့တဲ့အဆင့်ထက် ပိုမိုမြင့်မားလာတာမျိုး သို့မဟုတ် ပညာရေးလမ်းကြောင်းအရ ပိုတိုးတက် ကျယ်ပြန့်လာတာမျိုး ဖြစ်ရပါမယ်။
(ဥပမာ - Master ဘွဲ့ရပြီးသူက ကိုယ်ရထားတဲ့ဘွဲ့နယ်ပယ်နဲ့ ဆက်စပ်တဲ့ နောက်ထပ် Master တစ်ခုကို အထူးပြုလေ့လာဖို့ ထပ်တက်တာမျိုးက ခိုင်လုံမှုရှိပေမဲ့၊ Graduate Diploma လိုမျိုး Level နိမ့်တာကို ပြန်တက်ရင် Visa Risk ကိုဖိတ်ခေါ်နေသလို ဖြစ်စေပါတယ်။)

▪️𝐋𝐨𝐠𝐢𝐜𝐚𝐥 𝐂𝐚𝐫𝐞𝐞𝐫 𝐏𝐚𝐭𝐡: ဒီပညာရပ်သင်ယူပြီးရင် ကိုယ့်နိုင်ငံမှာ ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေ ရလာနိုင်မလဲ? ဆိုတာကို Logic ကျကျ ရှင်းပြနိုင်ရပါမယ်။
(ဥပမာ - "အခုတက်မယ့် Data Analytics ပညာရပ်က ကိုယ့်နိုင်ငံရဲ့ လက်ရှိ Digital Marketing နယ်ပယ်မှာ အလွန်လိုအပ်နေတာကြောင့်၊ ပြန်လာတဲ့အခါ လုပ်ငန်းခွင်မှာ လက်တွေ့ကျကျ ပြန်လည်အသုံးချပြီး Specialist တစ်ယောက်အဖြစ် လုပ်ကိုင်သွားမှာပါ" ဆိုတာမျိုး သေချာရှင်းပြနိုင်ရပါမယ်။)
___

2️⃣ ငွေရှိရုံ မဟုတ်ဘဲ၊ ငွေလမ်းကြောင်း ခိုင်မာရဲ့လား?

Financial Integrity ပြဖို့လိုအပ်တဲ့ Australia နဲ့ Canada လို နိုင်ငံတွေရဲ့ ဗီဇာစနစ်မှာ Bank Statement (Balance) တစ်ခုတည်းကို ကြည့်တာ မဟုတ်ပါဘူး။

▪️𝐒𝐨𝐮𝐫𝐜𝐞 𝐨𝐟 𝐈𝐧𝐜𝐨𝐦𝐞: ကျောင်းလခနဲ့ နေထိုင်စရိတ်တွေအတွက် အသုံးပြုမယ့် ငွေကြေးတွေဟာ ဘယ်ကနေ ရရှိလာတာလဲဆိုတာကို ခိုင်လုံတဲ့ အထောက်အထားပြနိုင်ရပါမယ်။ Sponsor ပေးမယ့်သူရဲ့ ဝင်ငွေနဲ့ စုဆောင်းထားတဲ့ ငွေပမာဏဟာ ကျိုးကြောင်းဆီလျော်မှု ရှိ၊ မရှိကို အဓိက ဆန်းစစ်ရမှာပါ။
(ဥပမာ - Sponsor ပေးမယ့်သူက ကုမ္ပဏီဝန်ထမ်းဆိုလျှင် ရရှိတဲ့လစာနဲ့ ဒီပမာဏကို စုဆောင်းနိုင်စွမ်း ရှိ၊ မရှိ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်ဆိုလျှင်လည်း လုပ်ငန်းရဲ့ နှစ်စဉ်ဝင်ငွေနဲ့ အမြတ်အစွန်းတွေက ကျောင်းစရိတ်ကို ထောက်ပံ့ဖို့ လုံလောက်မှု ရှိ၊ မရှိဆိုတာကို Logic ကျကျ တွက်ချက်တင်ပြရပါမယ်။)

▪️𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐫𝐲 𝐄𝐯𝐢𝐝𝐞𝐧𝐜𝐞: ဝင်ငွေရှိကြောင်း ပြောရုံနဲ့မရဘဲ Salary Slips, Tax Records, Business Registration, Income Statement စတဲ့ အထောက်အထား အပြည့်အစုံ တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။

▪️𝐅𝐮𝐧𝐝𝐬 𝐒𝐭𝐚𝐛𝐢𝐥𝐢𝐭𝐲: ဘဏ်စာရင်းထဲက ငွေကြေးဟာ လိုအပ်တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ အငြိမ် ရှိနေဖို့ လိုအပ်ပါတယ်။ ဗီဇာလျှောက်ခါနီးမှ အလုံးအရင်းနဲ့ ရုတ်တရက်ဝင်လာတဲ့ငွေ (Recent Large Deposits) မျိုးဟာ Source ရှင်းပြဖို့ ခက်ခဲစေပြီး ဗီဇာငြင်းပယ်ခံရနိုင်တဲ့ အဓိကအချက် ဖြစ်လာတတ်ပါတယ်။

▪️𝐀𝐟𝐟𝐨𝐫𝐝𝐚𝐛𝐢𝐥𝐢𝐭𝐲: ကျောင်းလစာပေးပြီးတဲ့နောက်မှာ Sponsor ရဲ့ ကျန်ရှိတဲ့ မိသားစုဝင်ငွေက သူတို့ရဲ့ နေထိုင်မှုအတွက် လုံလောက်မှု ရှိ၊ မရှိကို Realistic ကျကျ စိစစ်ကြည့်ရှုပါတယ်။
(ဥပမာ - Sponsor က သူ့မှာရှိတဲ့ စုစုပေါင်းဝင်ငွေ အကုန်လုံးကို ကျောင်းစရိတ်အတွက်ပဲ သုံးစွဲပစ်တာမျိုး မဟုတ်ဘဲ၊ ကျောင်းသားကို ထောက်ပံ့ပြီးချိန်မှာလည်း ကျန်ရှိတဲ့ မိသားစုဝင်တွေအတွက် ပုံမှန်အတိုင်း အဆင်ပြေပြေ ရပ်တည်နိုင်တဲ့ ငွေပမာဏ ကျန်ရှိနေကြောင်း တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။)
___

🙋🏻‍♂️ ဒါကြောင့် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ “တက်ချင်တဲ့ဆန္ဒ” တစ်ခုတည်းနဲ့ မလုံလောက်ဘဲ ကိုယ့်ရဲ့ Profile က ဗီဇာရဖို့ လုံလောက်နေရဲ့လား ဆိုတာ အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်တာပါ။ အချက်အလက်တွေ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ... တင်ပြပုံ Logic မကျရင် ဒါမှမဟုတ် ငွေလမ်းကြောင်း ခိုင်မာမှုမရှိရင် ဗီဇာရဖို့ ခက်ခဲနိုင်ပါတယ်။

🙋🏻‍♂️ ကိုယ့် Profile ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာနားလည်ပြီး စနစ်တကျ ပြင်ဆင်နိုင်မှသာ အချိန်နဲ့ ငွေကြေး အဆုံးအရှုံးမရှိဘဲ ကိုယ်မျှော်မှန်းထားတဲ့ ပညာရေးခရီးလမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ် လို့ အကြံပြုလိုက်ပါရစေ။ ✨

25/04/2026

"𝗦𝘁𝘂𝗱𝘆 𝗶𝗻 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮: 𝗧𝗵𝗲 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻" 🇦🇺✨
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🇦🇺 ဩစတြေးလျမှာ ပညာသင်ယူဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား‌ကျောင်းသူတွေအတွက် Studybound Visas ရဲ့ Page မှာ အရင်က တင်ဆက်ပေးခဲ့ဖူးတဲ့ Post တွေထဲက ဩစတြေးလျ ပညာရေးနဲ့ ကျောင်းသားဗီဇာနဲ့ ပတ်သက်သမျှတွေကို တစ်နေရာတည်းမှာ စုစည်းပေးလိုက်ပါတယ်။

🎓 ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေကနေ စလို့၊ GS Requirement တွေနဲ့ ကျောင်းရွေးချယ်နည်းတွေအထိ အရေးကြီးတဲ့ အချက်အလက်တွေကို တစ်ခုချင်းစီ လိုက်ရှာစရာမလိုအောင် တစုတစည်းထဲ ဖော်ပြပေးထားတာမို့ ဒီ post လေးကို Save ထားပြီး မိမိသိလိုတဲ့ အပိုင်းကို Link ကနေတစ်ဆင့် အလွယ်တကူ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 🔗
______

📌 July 1, 2025 စပြီး ဩစတြေးလျ ကျောင်းသားဗီဇာ ဘာတွေအပြောင်းအလဲ ရှိမလဲ? 🇦🇺
https://www.facebook.com/share/1JYoYa2vRM/
---

🇨🇦 ကနေဒါနဲ့ 🇦🇺 ဩစတြေးလျမှာ နိုင်ငံတကာကျောင်းသူကျောင်းသားများအတွက် ဗီဇာတင်းကြပ်မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ?
https://www.facebook.com/share/1UCUrgmu9a/
---

🇦🇺 ဩစတြေးလျမှာ ကျောင်းတက်ဖို့စဉ်းစားနေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် မဖြစ်မနေ သိထားရမယ့် COE နဲ့ CAAW အကြောင်း 🇦🇺
https://www.facebook.com/share/1Dwtb2V5Zx/
---

"သြစတြေးလျကျောင်းသားဗီဇာ လျှောက်ထားရာမှာ သတိပြုသင့်တဲ့ GS Requirement" 🇦🇺
https://www.facebook.com/share/186Fbk9Q2d/
---

"သြစတြေးလျ ကျောင်းသားဗီဇာ လျှောက်ထားလိုတဲ့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက် အဓိကသိထားသင့်တဲ့ 'Assessment Levels' အကြောင်း"
https://www.facebook.com/share/1Djdvkq4U6/
---

🇦🇺 Update အသစ်တွေကြောင့် သြစတြေးလျ ကျောင်းသားဗီဇာလျှောက်ရတာ ပိုခက်သွားမလား ၊ ပိုလွယ်ကူသွားမလား?
https://www.facebook.com/share/16inNMYH2G/
---

🇦🇺 ဩစ‌‌တြေးလျရှိ Green Zone ကျောင်းများကို ရှာဖွေနည်းနှင့် သိထားသင့်သည့် အချက်များ 🎓✅
https://www.facebook.com/share/18grcki3pm/
---

🇦🇺 ဩစတြေးလျကို ဘယ်လိုကျောင်းသားတွေ မရွေးချယ်သင့်ဘူးလဲ?
https://www.facebook.com/share/18WXRcfKAw/
---

🇦🇺 Australia Student Visa: ImmiAccount Form ထဲက GS မေးခွန်းတွေကို ဘယ်လို "နည်းလမ်းကျကျ" ဖြေမလဲ? 🇦🇺
https://www.facebook.com/share/17vH6RfLFV/
---

🇦🇺 Australia Student Visa: လက်ရှိအခြေအနေနဲ့ လူမေးအများဆုံးမေးခွန်းများ 🇦🇺
https://www.facebook.com/share/1CP2Ynb6nM/
______

🙋🏻‍♂️ ဒီစုစည်းမှုလေးက မိမိတို့ရဲ့ Australia ပညာရေးခရီးစဉ်အတွက် ခိုင်မာတဲ့ အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ✨

💁🏻‍♂️ ဩစတြေးလျကျောင်းသားဗီဇာ လျှောက်ထားခြင်းနဲ့ပတ်သက်ပြီး တစ်ဦးချင်းအလိုက် အသေးစိတ် ဆွေးနွေးတိုင်ပင်လိုတယ်ဆိုရင်တော့ Studybound Visas ရဲ့ Page Messenger မှတဆင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 💬

Want your school to be the top-listed School/college in Kuala Lumpur?

Click here to claim your Sponsored Listing.

Location

Website

Address

Kuala Lumpur

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00