ဇီးကုန်းမြို့နယ်-ဓမ္မစကူးလ်မိသားစု

  • Home
  • Myanmar
  • Zigon
  • ဇီးကုန်းမြို့နယ်-ဓမ္မစကူးလ်မိသားစု

ဇီးကုန်းမြို့နယ်-ဓမ္မစကူးလ်မိသားစု ပညာပြည့်ဝနှလုံးလှဖို့ ဓမ္မအမွေဖြန့

အကယ်ဒမီသုမောင် သမီးကြီးအဆိုတော် ဖိုးသောကြာ အစ်မသာဓုမျိုးဆက် -ဓမ္မစကူးလ်ဆရာမ ဒေါ်စိုးအိမ်သူ ရဲ့ဓမ္မစကူးလ်အမြင်+++++++++++...
14/11/2020

အကယ်ဒမီသုမောင် သမီးကြီး
အဆိုတော် ဖိုးသောကြာ အစ်မ
သာဓုမျိုးဆက် -
ဓမ္မစကူးလ်ဆရာမ ဒေါ်စိုးအိမ်သူ ရဲ့
ဓမ္မစကူးလ်အမြင်
+++++++++++ copy
စိုးအိမ်သူ

အခုနေတဲ့ အိမ်နားမှာ ဓမ္မစကူးလ်မရှိဘူး။
ရှိစေချင်တယ်။ ရှိစေချင်တယ်သာ ပြောရတာ
တကယ်တမ်းကျတော့ တစ်ချို့နေရာတွေမှာ ဖွင့်လက်စကျောင်းတွေတောင် ရပ်မသွားအောင် ရပ်ကွက်ရုံးကို အကူအညီတောင်းပြီး ကျောင်းလာဖို့ လော်နဲ့ဆော်သြရတာမျိုးတွေတောင်ရှိပါတယ်။

နယ်တွေမှာတော့ ကလေး ရာနဲ့ချီနေလို့ ဆရာအင်အားတောင် မလုံလောက်ပါဘူးတဲ့။
ဒါကိုအလွတ်သဘော စဉ်းစားကြည့်ရင် ရန်ကုန်ကမိဘတွေက ဘာသာရေးဘက်အားလျော့ပြီး ပညာရေးဘက် အလေးသာနေတယ်လို့ ခံစားရပါတယ်။

အခုလုပ်အားပေးနေတဲ့ မဟာဝိသုတာရာမကျောင်းတိုက်မှာဆိုလဲ အမြဲပုံမှန်တက်တဲ့ကလေးတွေရှိသလို မိဘတွေအားမှလာရတဲ့ကလေးတွေလဲရှိပါတယ်။

စတုတ္ထတန်းအခန်းက တစ်ချို့ကလေးတွေက နီးတော့ လူကြီးတွေပို့စရာမလိုဘဲ သူတို့ဖာသာလာကြပါတယ်။
တော်ရုံကျောင်းမပျက်ကြပါဘူး။
နေမကောင်းရင်တောင်လာကြပါတယ်။
တစ်ချို့ကလေးတွေကျတော့လဲ အဖွဲ့လိုက်ကြီး ကားနဲ့လာကြပါတယ်။
အဲလိုများဆို ဘုန်းဘုန်းတွေ တပြုံးပြုံးနဲ့ပေါ့။
တစ်ချို့မိဘကျတော့လဲ မိဘကိုယ်တိုင် မပျက်မကွက် လိုက်ပို့ပေးတတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေလာကြတာ ဝမ်းသာစရာပါ။

တစ်ပါတ်ကို ၃နာရီတောင်အချိန်ပေးရတယ်ဆိုပေမယ့် ကျမအနေနဲ့ကတော့ ကလေးတွေကိုပို့သင့်တယ် လို့ထင်ပါတယ်။

ပညာရေးနဲ့ သံသရာကမလွတ်မြောက်နိုင်ပါဘူး။
ဘာသာရေးနဲ့သာ သံသရာကလွတ်မြောက်နိုင်မှာပါ။
ဗုဒ္ဓဘာသာမှာ အထက်တန်းစားနဲ့ မိရိုးဖလာဆိုတာရှိတယ်လို့ ကြားနာဖူးပါတယ်။

ဒီမိ ဒီဖ ဝမ်းထဲဝင်စားလို့ ဒီဘာသာကိုးကွယ်ရတယ်ဆိုတာကိုက ဗုဒ္ဓဘာသာဝင်တို့အတွက် ကံထူးလွန်းလှပါပြီ။ ကိုယ်ကိုးကွယ်တဲ့ဘာသာကို ကိုယ်မှတန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားပါမလဲ။

ဓမ္မစကူးလ်မှာ ဘာတွေသင်ကြားလဲ။
တကယ်တော့ သင်ပေးနေတာမဟုတ်ပါဘူး။
မျှဝေ‌နေတာပါ။

ဗုဒ္ဓဘာသာဝင် ကလေးတွေ သိသင့် သိထိုက်တာတွေအားလုံးကို တဖြေးဖြေးချင်း ကလေးတွေ သိလာအောင် လက်ခံလာအောင် မျှဝေပေးနေတာပါ။

ဗုဒ္ဓမြတ်စွာဘုရားက ၄၅ ဝါလုံးတရားတော်တွေဟောတော်မူခဲ့တယ်ဆိုတာမှာ သံသရာလွတ်ကြောင်းတရား
ဒုက္ခငြိမ်းရာနိဗ္ဗာန်ရောက်ကြောင်းတရားတွေချည်းဟောခဲ့တာမဟုတ်ပါဘူး။

လောကီလို့ခေါ်တဲ့ လူ့လောကမှာကျင်လည်နေသေးသမျှ လူတွေနဲ့ဆိုင်တဲ့ မင်္ဂလာတရားတော်တွေ၊ ကျင့်ဝတ်တွေ၊ စောင့်ထိန်းရမယ့် သီလတွေကိုလဲ ဆုံးမတော်မူခဲ့ပါတယ်။

ကိုယ့်ရဲ့မမှီတဲ့ဥာဏ်သေးသေးနဲ့ စဉ်းစားကြည့်တာတောင် မြတ်စွာဘုရားတရားတော်အဆုံးအမတွေထဲမှာမလိုက်နာသင့်တဲ့အချက်ဆိုတာ တစ်ချက်ကလေးမှ မပါဝင်ပါဘူး။
ဆုံးမစကားတွေကိုသာ လိုက်နာကြမယ်ဆို အေးချမ်းတဲ့ ကမ္ဘာလောကကိုဖန်တီးနိုင် ပိုင်ဆိုင်ကြရမှာပါ။

ဒီလိုဆုံးမစကားတွေ
ကို မြတ်စွာဘုရားရဲ့သားတော်သံဃာတော်အရှင်သူမြတ်များနဲ့ ဆရာကြီး ဆရာလေးများ လူပုဂ္ဂိုလ်ပညာရှင်အပေါင်း
တို့က ကလေးတွေအတွက် အစီအစဉ်တကျ စနစ်တကျစီစဉ်ပြီးမှ ဒီကျောင်းတော်တွေဖွင့်လှစ်နိုင်ခဲ့ကြတာပါ။

စာအုပ်တစ်အုပ်ဖြစ်လာဖို့တောင် မလွယ်ဘူးဆိုတာ စာအုပ်တွေကိုမြင်မှသိနိုင်မှာပါ။
ခုဆို အသက် 5 နှစ်ကစပြီး တက်နိုင်မယ့် Kg ကနေ Grade 8အထိ သင်ကြားဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပညာတတ်သူငယ်ချင်းတစ်ယောက်က လွှတ်ခနဲပြောခဲ့ဖူးပါတယ်။

တစ်ပါတ်တစ်ရက်နဲ့ဘာမှထူးမှာမဟုတ်ပါဘူးတဲ့။
ဒါဆို တစ်ပါတ်ဘယ်နှစ်ရက်ပို့နိုင်လဲမေးကြည့်ချင်ခဲ့မိပေမယ့် မမေးခဲ့ပါဘူး။

သူက ဘာသာရေးနဲ့ပါတ်သက်လာရင် ဓမ္မစကူးလ် စတုတ္ထတန်းက ကလေးလောက်တောင်သိမယ်မထင်ပါဘူး။

ကျောင်းမှန်မှန်တက်တဲ့
ကလေးတွေက ပါရမီ ၁၀ပါး ဆိုတာ ဘာတွေလဲ စွန့်ခြင်းကြီးငါးပါးဆိုတာ ဘာတွေလဲ နောက် ဒုစရိုက် ၁၀ပါးက ဘာတွေလဲ သိနေကြပါပြီ။

ကျွန်မလဲ တကယ်တော့ ကလေးတွေကို ပြန်လည်မျှဝေဖို့ လုံလောက်တဲ့ ဘာသာရေးဗဟုသုတ မရှိသေးပါဘူး။

ကလေးတွေအတွက် သင်ခန်းစာတွေ ပြင်ဆင်ရင်း လေ့လာရင်း ဖတ်ရင်း မှတ်ရင်းကမှ သိရတာတွေ အများကြီးပါ။

ဒါကြောင့် ကျွန်မတို့အခုနေတဲ့မြောက်ဒဂုံက အိမ်နားမှာ ဓမ္မစကူးလ်ရှိစေချင်ပါတယ်။ ရပ်ကွက်တိုင်းမှာ ရှိစေချင်ပါတယ်။
ဖွင့်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှဘူးဆိုတာလဲ
သဘောပေါက်ပါတယ်။

ကျောင်းထိုင်ဆရာတော်၊ ကျောင်းက ဘုန်းဘုန်းတွေ၊ အတန်းခွဲဖို့အခန်းတွေ၊ ဆရာဆရာမတွေ၊ ဝေရာဝစ္စတွေ၊ အလှူရှင်တွေ၊ ကျောင်းသားတွေနဲ့ ဘဏ္ဌာရေးအခြေအနေ အားလုံး စိတ်တူကိုယ်တူ အခြေအနေအရပ်ရပ် အပ်စပ်ပါမှ ဓမ္မစကူးလ်ကျောင်းတစ်ကျောင်းပေါ်ထွက်လာရတာပါ။

ဒါကြောင့် တပည့်တော်တို့ ဒီလိုကုသိုလ်တွေအရယူနိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးတဲ့ဓမ္မစကူလ်းဖောင်ဒေးရှင်းမှ ဆရာတော်များ၊ မဟာဝိသုတာရာမကျောင်းတိုက်ဆရာတော်ဘုရားနဲ့တကွ ဘုန်းဘုန်းတို့ကို ရှိခိုးဦးတင်ရင်း ကျေးဇူးလဲ တင်ကြောင်း လျှောက်ထားအပ်ပါတယ်ဘုရား

2015 နိုဝင်ဘာလ 13။

# # #

အပေါ်က စာပိုဒ်က လွန်ခဲ့တဲ့ ၅ နှစ်က ရေးခဲ့တာပါ။
ခုဆို ကျမ ဓမ္မစကူးလ်ဆရာဖြစ်သင်တက်ခဲ့တာ ၇ နှစ်ရှိပါပြီ။ တစ်နိုင်ငံလုံးအနှံ့မှာလဲ ကျောင်းတွေ အတ်ာများများဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဓမ္မစကူးလ်အသိုက်အမြုံကြီး ကြီးမားကျယ်ပြန့်လာတာတဲ့ အမျှ ဓမ္မစကူးလ်တက်တဲ့ ကလေးတွေလဲ များလာမှာပါပဲ။ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။
ဒါပေမယ့် ဒီလိုပဲ တဖြေးဖြေးချင်း လိုအပ်တာတွေဖြည့်သွားရမှာ ပြင်ဆင်သွားရမှာပါပဲ။

ကျမလဲ ခုထိ ကလေး‌တွေအတွက် လေ့လာရင်း မိမိကိုယ်တိုင် လေ့လာဆဲသင်ယူပါပဲ။ ကိုယ့်စိတ်တွေကို ပြုပြင်နေရဆဲပါ။

လူ့ဘဝမှာ ကျင်လည်တဲ့အခါ ပညာတတ် ပညာထူးချွန်ရုံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

ဗုဒ္ဓဘာသာဝင်မှန်ရင် ဗုဒ္ဓဘာသာဝင်နာမည်ခံယူထားရင် သိသင့်သိထိုက်တွေသိဖို့ မိဘက အမွေပေးဖို့လိုပါတယ်။ ဒါမှသာ အမွေစစ်စစ်ဖြစ်မှာပါ။ သံသရာထိ ပေးနိုင်မယ့် အမွေပါပဲ။

လူ့လောကမှာ လူပီသစွာ လူ့ယဉ်ကျေးဘဝနဲ့ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ဆိုတာ ပညာတတ်ရုံနဲ့ မရပါဘူး။

မြန်မာမှန်ရင် မြန်မာပြည်မှာနေရင် မြန်မာစာတတ်ကိုတတ်ရမယ်။ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဆက်ဆံနိုင်ဖို့ အင်္ဂလိပ်စာမဖြစ်မနေတတ်ကိုတတ်သင့်တယ်။ ခုဆို သင်္ချာကပါ မပါမဖြစ် ဖြစ်နေပြီ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ရပ်တည်အမည်ခံမယ်ဆိုရင်ရော ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာတွေ မသိသင့်ဘူးလား။

မိဘတွေက မသိနိုင်လို့ မပြောပြပေးနိုင်ရင် ပြောပြပေးမယ့်ဘုန်းတော်ကြီးကျောင်းတွေကို ပို့ပေးရပါမယ်။ ဒီ့အတွက် ဓမ္မစကူးလ်ကျောင်းတွေတည်‌ထောင်နိုင်ဖို့ အပင်ပန်းခံပြီး ကြိုးစားအားထုတ်ခဲ့ကြတာပါ။ ကျမတို့ငယ်စဉ်က ယဉ်ကျေးလိမ္မာကျောင်းတွေမှာ နွေရာသီဆို တက်ရပါတယ်။

ခုကတော့ ဗုဒ္ဓဘာသာအတွက် ပညာရှင်အပေါင်းက ပိုမိုစနစ်ကျတဲ့ ဓမ္မ‌ကျောင်းတွေအဖြစ် ဓမ္မစကူးလ်တွေကို တည်ထောင်ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပါတယ်။

Kg ကနေစပြီး တစ်နှစ်ကို တစ်တန်း တက်သွားကြရမှာပါ။ စာမေးပွဲမရှိပါဘူး။ ဓမ္မစကူးလ်လို့ နာမည်တပ်ပေမယ့် ဘာသာရေးနဲ့ဆိုင်တာတွေချည်းပဲသင်တာမဟုတ်ပါဘူး။ ယဉ်ကျေးမှု ကိုယ်ချင်းစာတတ်မှု ကိုယ့်ကျင့်တရား စသဖြင့် ဘဝတစ်လျှောက် လူ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့အခါ လိုအပ်မယ့် တန်ဖိုးရှိမယ့် အရာတွေကိုလဲ လေ့ကျင့်သင်ကြားပေးတာပါ။

Grade 7 ကလေးတွေကို သင်တုန်းက နှစ်ကုန်တော့ ကလေးတွေကို ဓမ္မစကူးလ် တက်တဲ့အတွက် သူတို့ရဲ့ ပြောင်းလဲမှုတွေကို ပြောပြစေခဲ့ဖူးပါတယ်။ အဲဒီမှာ သားတစ်ယောက်က

"အရင်ကဆို ကျောင်းမှာဘောလုံးကန်လို့ သားတို့ကို လူချရင် သားက ပြန်ချတာပဲ။ သူနာအောင်ချရင် သားကလဲ အလစ်ချောင်းပြီး နာအောင်ပြန်လုပ်တာပဲ။ ခုတော့ သူတို့ လူချရင် ‌အေးဆေးပြန်ပြောလိုက်တယ်။ မင်းတို့ လူမချနဲ့လေ။ ငါ ပြန်မလုပ်ဘူးနော်။ ပျော်ချင်လို့ ဘောလုံးကန်တာလေ။ မင်းတို့ကို လုပ်ရင်လဲမကြိုက်ဘူးမလား။ အေးဆေး ကန်မယ်လေကွာ လို့ပြန်ပြောလိုက်တယ် ဆရာမ။ ဓမ္မစကူးလ်က သင်ပေးတယ်လေ။ သူများမကောင်းတိုင်း ကိုယ်လိုက်ပြီး မကောင်းတာမျိုးမလုပ်ရဘူး။ ဒေါသနဲ့ မတုန့်ပြန်ရဘူးလို့" လို့ ပြောခဲ့ဖူးတာလေး အမှတ်ရမိပါတယ်။ ဒါက မြီးကောင်ပေါက် ဆယ်ကျော်သက်ယောကျာ်းလေးတစ်ယောက်ရဲ့စကားပါ။

ဓမ္မစကူးလ်ဆရာကိုင်စာအုပ်တိုင်းမှ

အနာဂတ်မျှော်မှန်းချက်တွေ
ရည်ရွယ်ချက်‌တွေ
သင်ရိုးညွှန်းတမ်းရည်ရွယ်ချက်တွေ
အခြေခံမူတွေ
သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံတွေပါပါတယ်။

ခု ပထမတန်းဆရာကိုင်စာအုပ်ထဲက
ရိုက်ပြပေးထားပါတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါတယ်။

သိရီလင်္ကာနိုင်ငံက အစပြုခဲ့တဲ့ ဓမ္မစကူးလ်ပါ။ သီရိလင်္ကာနိုင်ငံမှာ ကလေးငယ်တိုင်း မဖြစ်မနေတက်ကြရပါတယ်။ ဝန်ကြီးချုပ်ကအစ ဓမ္မစကူးလ်ကျောင်းဆင်းပါ။ အလုပ်လုပ်မယ်ဆို ဓမ္မစကူးလ်သင်တန်းဆင်းလက်မှတ်ပါ ပြရပါတယ်။

မြန်မာနိုင်ငံမှာတော့ အခုမှစတာ သိပ်မကြာသေးတဲ့အတွက် တစ်ပတ်တစ်ရက် နှစ်နာရီ သင်ရုံနဲ့ ဟတ်ချလောင်းဆိုပြီး ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျန်တဲ့ များစွာသောအချိန်တွေမှာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်ရဲ့ အထိ‌အတွေ့တွေက ပိုများပါတယ်။

ပုံမှန်ဓမ္မစကူးလ်တက်တဲ့ကလေးများကတော့ မတက်တဲ့ ကလေးတွေနဲ့ ဘာသာရေးအသိ လူမှုဆက်ဆံရေး စသဖြင့် ကွာကိုကွာခြားသွားမှာပါပဲ။

ဓမ္မစကူးလ်တက်တဲ့အတွက် ကလေးတစ်ယောက်ချင်းဆီအတွက်သာမက မိသားစု ပတ်ဝန်းကျင် နောက်ဆုံး တိုင်းပြည်အထိပါ ကောင်းသောအကျိုးများရရှိမှာ မလွှဲဧကန်ပါပဲ။

အချို့‌သော ကလေးများအတွက် လိုအပ်ချက်တွေရှိနိုင်ပေမယ့် အားလုံးရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ ကောင်းမွန်သထက်ကောင်းမွန် ပြည့်စုံသထက် ပြည့်စုံလာမှာကို ယုံကြည်ပါတယ်။

တခါတလေ ကျမစဉ်းစားကြည့်မိတယ်။ အလကားသင်ပေးနေလို့ တန်ဖိုးမထားကြတာလားလို့။

အဲတော့ တန်ဖိုးထားကြရအောင် တလ ဘယ်လောက်စသဖြင့် ငွေကြေးကိန်းဂဏန်းတန်ဖိုးတစ်ခု သတ်မှတ်ပြီး ဖွင့်ရင်များ လာတက်ကြမယ့် သူတွေများ ရှိမလားလို့။ အဲဒီအခါလဲ ရှိလာနိုင်ပါတယ်။

နောက်တစ်ခုကတော့ ကလေးပေါင်းစုံ အလွှာပေါင်းစုံက လာတာဖြစ်တဲ့ အတွက် မိဘတွေအနေနဲ့ ငါ့သားသမီး ရိုင်းတဲ့ကလေးနဲ့ပေါင်းပြီးရိုင်းသွားမလား။ ကြမ်းတဲ့ကလေးနဲ့တွေ့ပြီးကြမ်းသွားမလားလို့ စိုးရိမ်မိကြမှာပါပဲ။

ဓမ္မစကူးလ်မှာက တစ်ပတ်မှ နှစ်နာရီ လောက်ပဲ တွေ့ရတာပါ။ အချိန်တိုင်းလိုလို ဆရာမမျက်စိရှေ့အောက်မှာရှိနေပါတယ်။ အဲဒီအတွက် သိပ်စိတ်ပူစရာမရှိပါဘူး။ ဒါကိုစိတ်ပူပြီးမပို့ရင် တကယ်တန်ဖိုးရှိတဲ့ အနှစ်သာရတွေကိုဆုံးရှုံးသွားရမှာပါ။

ဒီလို စုံလင်တဲ့ ဘဝတွေကို တွေ့မြင်ရတဲ့အတွက် ကလေးတွေအတွက်ပိုကောင်းပါတယ်။ ပြီးတော့ အတန်းကျောင်းမှာလို လူရွေးပြီးပေါင်းလို့မရပါဘူး။ အဖွဲ့လိုက် အလှည့်ကျ အားလုံးပါဝင်လှုပ်ရှားကြရတဲ့အတွက် အားလုံး အတူတူ ချစ်ခင်ကြပါတယ်။ ပြည့်စုံတာတွေ မပြည့်စုံတာတွေ စာ‌တော်တာ စာမလိုက်နိုင်တာတွေ ဓမ္မစကူးလ်မှာမရှိပါဘူး။
အားလုံး တပြေးညီပါပဲ။ လူကလေးတွေအဖြစ်ပဲ အားလုံးတူတူ လေ့ကျင့်သင်ယူကြရမှာပါ။

အားငယ်နေတဲ့ကလေး ကြမ်းတဲ့ကလေးတွေရှ်ိရင် မေတ္တာတရားနဲ့ တတ်နိုင်သရွေ့ ပြုပြင်ပေးသွားမှာပါ။

ဗုဒ္ဓဘာသာဝင်မိဘအပေါင်းတို့ရှင်

ကိုယ့်ရဲ့ အသက်ထက်မက ချစ်မြတ်နိုးကြတဲ့ သားသမီးတွေကို ပါရမီ ဆယ်ပါး ဆိုတာ ဘာလဲ ဆိုတာလောက်မှပြောမပြတတ်ဘူးဆိုလျင်တော့ ဓမ္မစကူးလ်‌တွေ ပြန်ဖွင့်ကြတဲ့အခါ မဖြစ်မနေပို့ပေးကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်ရှင်။

တစ်ပတ်မှ နှစ် နာရီခွဲ တည်းပါ။
ပို့ပေးကြပါရှင်။

မူရင်းလင့် https://m.facebook.com/story.php?story_fbid=3893711147314690&id=100000275301296

Credit: စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီ

 #ဓမ္မစကူးလ်မိသားစုများသို့ စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ​ရန်ကင်းဆရာတော်ကြီးအသိပေးရှင်းလင်းခြင...
28/10/2020

#ဓမ္မစကူးလ်မိသားစုများသို့

စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ​ရန်ကင်းဆရာတော်ကြီးအသိပေးရှင်းလင်းခြင်း
******************

 #ဓမ္မစကူးလ်မိသားစုများသို့ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) က အတိအလင်း အသိပေးကြေငြာခြင်း
28/10/2020

#ဓမ္မစကူးလ်မိသားစုများသို့

ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) က အတိအလင်း အသိပေးကြေငြာခြင်း

09/07/2020
11/04/2020
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)နှင့် ကာဘိုးဓမ္မစကူးလ်တို့ပူးပေါင်းကျင်းပသော (     )ကြိမ်မြောက် မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖ...
04/03/2020

ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)နှင့် ကာဘိုးဓမ္မစကူးလ်တို့ပူးပေါင်းကျင်းပသော ( )ကြိမ်မြောက် မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းကို ကားဘိုးစံပြကျေးရွာ၊ အရိယာဝံသကျောင်းတိုက်၊ ကာဘိုးဓမ္မစကူးလ်မှာ
၂-၄-၂၀၂၀ မှ
၈-၄-၂၀၂၀ ထိ ဖွင့်လှစ်မှာဖြစ်ပါတယ်။

ဇီးကုန်းမြို့နယ်ဓမ္မစကူးလ်ကော်မတီတွင်ပါဝင်သော ဓမ္မစကူးလ်ကျောင်းများမှ သင်တန်းသား သင်တန်းသူ (၄၀)ဦး တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

သင်တန်းသားစာရင်းပေးလိုသောဓမ္မစကူးလ်ကျောင်းများက ဆရာတော်များဘုရား ၁၀-၃-၂၀၂၀ နောက်ဆုံးထားပြီး
ဘဒ္ဒန္တသောဘိတ(မြို့နယ်ဥက္ကဋ္ဌဆရာတော်) 09- 400 477 236
ဦးဝင်းမင်းထွန်း(ပြန်ကြားရေး) 09- 250 220 649 တို့ထံ စာရင်းပေးနိုင်ပါတယ်ဘုရား။

သင်တန်းသားတစ်ဦးလျှင် (၁၂၀၀ဝိ/)ကျပ် သတ်မှတ်ထားပြီး အောက်ပါပစ္စည်းများ ပြန်လည်ပေးအပ်မှာ ဖြစ်ပါတယ်ဘုရား။

(လုံချည်/ပုဆိုး(ချုပ်ပြီး)
တဘက်
ရင်ထိုး
လက်ဆွဲအိပ်
စာအုပ်
ဘောပင်
ရေဗူး
နိမ်းကတ်)

(သင်တန်းသား/သူအမည်၊
အသက်၊ ပညာအရည်အချင်း၊ ကိုယ်စားပြုကျောင်း စတဲ့အချက်အလက်များ ပို့ပေးရန်ပါဘုရား)

Address

Sagaing Division, Kanbalu District
Zigon

Telephone

+959250220649

Website

Alerts

Be the first to know and let us send you an email when ဇီးကုန်းမြို့နယ်-ဓမ္မစကူးလ်မိသားစု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ဇီးကုန်းမြို့နယ်-ဓမ္မစကူးလ်မိသားစု:

Shortcuts

Share

Category