Acoustica Guitar Class

Acoustica Guitar Class Acoustic Guitar Lessons Thu,Fri,Sat ( 9AM to 9 PM )

16/08/2026

ညာလို့မရတဲ့ကိစ္စပါ။ Classical Guitar မှာတော့ ပိုပြီးသိသာပါတယ်။





14/08/2026

207 BPM နဲ့အမှားအယွင်းမရှိ အကောင်းဆုံးတီးနိုင်သူကို
၁၀၀၀၀၀ ( ၁ သိန်းကျပ် ) ဝန်းကျင်တန်ဖိုးရှိတဲ့
Guitar ကြိုး ၁ စုံ လက်ဆောင်ပေးမှာဖြစ်ပြီး
ဒုတိယအကောင်းဆုံး တီးနိုင်သူ ၂ ဦးကိုလည်း
၅၀၀၀၀ ( ၅ သောင်း ကျပ် ) ဝန်းကျင်တန်ဖို့းရှိတဲ့
Guitar ကြိုး ၁ စုံစီ လက်ဆောင်ပေးသွားမှာပါ။
သင်တန်းစတက်တဲ့ ရက်မှ ၃ လ အတွင်းတီးနိုင်ဖို့တော့
လိုပါတယ်။ Chapter 2 မှာတီးရမယ့်သီချင်းတွေက
Challenge များပါတယ်။
တကယ်လေ့ကျင့်သူတွေကတော့
အချိန်တိုင်းအတာတစ်ခုအတွင်းမှာ အမြန်ဆုံး
တိုးတက်လာမယ်ဆိုတာ ယုံကြည်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

( မှတ်ချက် - Note ၁ လုံးမှမှားလို့မရပါ။
Metronome ၁ ချက်မှလွတ်လို့မရပါ။ )

တီးကြည့်ချင်တဲ့မိတ်ဆွေများရှိရင် တီးလို့အဆင်​ပြေအောင် Comment မှာ Tablature ထည့်ပေးထားပါတယ်။





13/08/2026

"ဒါတွေကိုသိဖို့လိုပါတယ်။"
သင်တန်းမှာတော့ နားလည်သဘောပေါက်မှုက
ပထမဦးစားပေးဖြစ်ပြီး လက်တွေ့တီးခတ်မှုက
​ဒုတိယအဆင့်ပါ။ လေ့ကျင့်တဲ့အခါမှာ အခက်အခဲ
တစ်ခုခုရှိလာရင် သင်တန်းသားတိုင်းအတွက်
ဒီလိုအသေးစိတ်ရှင်းပြပေးဖြစ်ပါတယ်။




13/08/2026

ဒါတွေကို မသိတဲ့သူတွေက အသုံးချခံလိုဖြစ်နေပါလိမ့်မယ်




09/08/2026

Fingerstyle သင်တန်းတက်မယ်ဆိုရင်တော့ ဒီလိုသင်ခန်းစာတွေ မဖြစ်​မနေသင်ရပါမယ်။
သင်တန်းကာလကြာချိန်ကို ကန့်သတ်မထားပါ။
Music Education ဖြစ်တဲ့အတွက် ဖြတ်လမ်းမရှိပါ။




08/08/2026

တီးခဲ့ဖူးသမျှထဲမှာ အလေးလံဆုံး Interpretation ပါပဲ။
Lob der Tränen by Franz Schubert
Arrange ကတော့ J. K. Mertz ပါ။
အရမ်းလေးပင်တာတွေ မတီးချင်တော့လို့
ပြန်မတီးဖြစ်တော့တဲ့သီချင်းပေါ့။




အကောင့်အတုနဲ့ စကားနိုင်လုပြောဖို့အတွက်တော့အချိန်ကုန်မခံပါနဲ့။ဝေဖန်ချင်ရင်၊ မှတ်ချက်တစ်ခုခုပေးချင်ရင်တော့ကျိုးကြောင်းဆီလျ...
07/08/2026

အကောင့်အတုနဲ့ စကားနိုင်လုပြောဖို့အတွက်တော့
အချိန်ကုန်မခံပါနဲ့။
ဝေဖန်ချင်ရင်၊ မှတ်ချက်တစ်ခုခုပေးချင်ရင်တော့
ကျိုးကြောင်းဆီလျော်တဲ့ ဝေဖန်မှုမျိုးဖြစ်အောင်
ဝေဖန်နိုင်တဲ့ အရည်အချင်းရှိဖို့အရင်လုပ်ပါလို့
ပြောချင်တယ်။
ကိုယ်ဝေဖန်မယ့် သူကဘယ်လိုလူဆိုတာကိုလည်း
သိအောင်အရင်လုပ်ဦး။
Simon Fox ကသူ့သီချင်းတီးလို့ဆိုပြီး ဘယ်လိုဝေဖန်ထားတယ်ဆိုတာလည်း ရှာကြည့်လိုက်ဦး။

မြန်မာ့လူအဖွဲ့အစည်းမှာက သည်းခံခွင့်လွှတ်မှုကို
ရှေ့တန်းတင်ပြီး အရေးမပါတဲ့ ဝေဖန်မှုတွေကို
မတုန့်ပြန်ကြတော့ ပိုဆိုးလာကြတာ။

တကယ်တော့ အဲလို စိတ်အာသာဖြေတဲ့ Comment တွေက
Social Media တွေရဲ့ Algorithm ကြောင့်ဖြစ်နေတာ။
ကိုယ့်စိတ်အခြေအနေ ဘယ်လိုဖြစ်နေတယ်ဆိုတာလည်း နားမလည်ကြတော့ဘူး။
အဲလိုဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို
Video နဲ့သေချာရှင်းပြပေးဦးမယ်။

06/08/2026

Fingerstyle သင်တန်းဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်က
ဒီလိုသီချင်းမျိုးတွေကို တီးစေချင်လို့ပါ။
Standard Tunning မဟုတ်တဲ့ Tunning တွေ
Technique တွေ၊ Articulation တွေကို
တီးကြည့်စေချင်လို့ပါ။





05/08/2026

သင်တန်းမှာတော့ နည်းစနစ်ပိုင်းနဲ့ပတ်သက်လာရင် တော်တော်ကို အလေးထားပြီးသင်ကြားပေးပါတယ်။
ပထမဦးဆုံး လေ့ကျင့်ချိန် ၂ လလောက်မှာတော့ လိုအပ်ချက်ရှိရင် သင်တန်းသားတိုင်း ပြန်ပြင်ကြရတာပါပဲ။ အားလုံးအလေးထားပြီး သေချာ ပြင်ကြတဲ့အတွက် တိုးတက်လာကြတော့ တော်တော် ဝမ်းသာမိပါတယ်။
အခြေခံကစပြီး စနစ်တကျလေ့လာချင်ပါက Messenger ကနေ သင်တန်းကိစ္စစုံစမ်းလို့ရပါတယ်။
သင်တန်းတက်ရင် ဘယ်လောက်တီးနိုင်မလဲဆိုတာက
ကျွန်တော်ပြောပြဖို့မလိုပါ။
အချိန်ကာလကပဲ သက်သေပြပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။




04/08/2026

အရမ်းအန္တရာယ်များတဲ့ အမှားမို့ ပြင်နိုင်ဖို့အတွက်သေချာရှင်းပြထားပါတယ်။ သမိုင်းကြောင်းအရရော လက်တွေ့တီးခတ်မှုအရရော အသေးစိတ်ရှင်းပြချင်တဲ့အတွက်
Video ကတော့ နည်းနည်းရှည်သွားပါတယ်။




Address

Zalun

Opening Hours

Thursday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959898999878

Website

Alerts

Be the first to know and let us send you an email when Acoustica Guitar Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Acoustica Guitar Class:

Shortcuts

Share