Department of Animal Science

Department of Animal Science This is Department of Animal Science, from the University of Veterinary Science, Yezin, Nay Pyi Taw, Myanmar.

22/09/2025
 #မွေးမြူရေးသမားတစ်ဦးတွင် ရှိသင့်သော အရည်အသွေး (၃) ရပ်မွေးမြူရေးလုပ်ငန်းအောင်မြင်ရန် မွေးမြူရေးသမားတစ်ဦးသည် လုပ်ငန်းတွင်...
13/09/2025

#မွေးမြူရေးသမားတစ်ဦးတွင် ရှိသင့်သော အရည်အသွေး (၃) ရပ်

မွေးမြူရေးလုပ်ငန်းအောင်မြင်ရန် မွေးမြူရေးသမားတစ်ဦးသည် လုပ်ငန်းတွင် ကြုံတွေ့ရမည့် ပြဿနာများ၏ အရင်းအမြစ်ကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ကာ ထိရောက်သောအဖြေရှာနိုင်ရမည်။ ထိုသို့ စွမ်းဆောင်နိုင်ရန်အတွက် မွေးမြူရေးသမားတစ်ယောက်အနေဖြင့် (၁) အသိပညာဗဟုသုတ၊ (၂) လုပ်ငန်းကျွမ်းကျင်မှု နှင့် (၃) ကိုယ်ကျင့်တရား ကောင်းမွန်မှု ဆိုသည့် အခြေခံ အရည်အချင်း (၃) ရပ်နှင့် ပြည့်စုံဖို့ လိုအပ်ပါသည်။

(၁) အသိပညာဗဟုသုတ

မွေးမြူရေးသမားတစ်ဦးသည် မိမိ၏ လုပ်ငန်းနှင့် သက်ဆိုင်ရာ နည်းပညာများ၊ အသိပညာများနှင့် ခေတ်မီတိုးတက်မှုများကို အဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်သည်။ ထို့အပြင် အခြားသော မွေးမြူရေးသမားများနှင့် အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ခြင်းဖြင့် ဗဟုသုတများ ပိုမိုတိုးပွားအောင် ကြိုးပမ်းသင့်သည်။

(၂) လုပ်ငန်းကျွမ်းကျင်မှု

မွေးမြူရေးသမားတစ်ဦးသည် မိမိ၏ တိရစ္ဆာန်များနှင့် ပတ်သက်၍ ခြံသန့်ရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုမှအစ၊ ကာကွယ်ဆေးထိုးခြင်း၊ အစာ/ရေ ကျွေးမွေးရေးစီမံခန့်ခွဲမှုများ၊ ရောဂါကုသမှုများ အဆုံး၊ မွေးမြူရေးထုတ်ကုန်များကို စျေးကွက်တင်ပို့ ရောင်းချသည့်အထိ ကိုယ်တိုင် စနစ်တကျ လုပ်ကိုင်နိုင်သော လက်တွေ့ ကျွမ်းကျင်မှု ရှိရမည်။

(၃) ကိုယ်ကျင့်တရား ကောင်းမွန်မှု

မွေးမြူရေးလုပ်ငန်းသည် သက်ရှိသတ္တဝါများနှင့် နေ့စဉ်ထိတွေ့ လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သဖြင့် မွေးမြူရေးသမားတစ်ဦးအနေဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန် အထူးလိုအပ်သည်။ ယင်းတွင် မွေးမြူထားသော တိရစ္ဆာန်များအား အစာ၊ ရေ ပြည့်ဝလုံလောက်စွာ ထောက်ပံ့ပေးခြင်း၊ နေထိုင်ရန် သက်တောင့်သက်သာ ရှိအောင် စီမံပေးခြင်း စသည့် တိရစ္ဆာန်များအပေါ် စာနာနားလည်မှု ထားရှိခြင်း၊ မတော်လောဘထားခြင်းမရှိဘဲ ရိုးသားဖြောင့်မတ်ခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း နှင့် မိမိ၏လုပ်ငန်းအပေါ် ဇွဲလုံ့လဝီရိယ အပြည့်အဝဖြင့် ကြိုးပမ်းအားထုတ်နိုင်ခြင်း စသည့် ဂုဏ်သိက္ခာရှိသော အရည်အသွေးများ ပါဝင်သည်။

ဤအရည်အသွေး (၃) ရပ်သည် အောင်မြင်သော မွေးမြူရေးသမားတစ်ဦး၏ အုတ်မြစ်ပင်ဖြစ်ပါသည်။
#မွေးမြူရေး

လေးစားရပါသော 🙏 မွေးမြူရေး ကုမ္ပဏီ လုပ်ငန်းရှင်များ 🤵🏼‍♂️၊ မွေးမြူရေးတောင်သူများ 👨🏻‍🦰၊ မွေးမြူရေးအစာဆိုင်လုပ်ငန်းရှင်များ...
03/09/2025

လေးစားရပါသော 🙏 မွေးမြူရေး ကုမ္ပဏီ လုပ်ငန်းရှင်များ 🤵🏼‍♂️၊ မွေးမြူရေးတောင်သူများ 👨🏻‍🦰၊ မွေးမြူရေးအစာဆိုင်လုပ်ငန်းရှင်များ👨🏼‍💼၊ တက္ကသိုလ်များမှ သုတေသနပညာရှင်များ 👨🏼‍🔬ခင်ဗျာ …
လူကြီးမင်းတို့၏ မွေးမြူရေးတိရစ္ဆာန် 🐷🐮🐥🪿🐟🐏🐄🐂🐓🐖 အစာများ (Feed) နှင့် အစာမယ်တစ်ခုချင်း (Feed ingredients) 🌾🌽🫘 စီတွင်ပါဝင်သော စွမ်းအင်ပမာဏ (Energy value; Gross Energy & Metabolizable Energy) သိရှိလိုပါက မွေးမြူရေးပညာဌာနရှိ သုတေသနဓာတ်ခွဲခန်း 🧑🏼‍🔬🏢 တွင် အောက်ပါနှုန်းထားများအတိုင်း စစ်ဆေးနိုင်🔬ပါသည်။
💸စျေးနှုန်း - အစာတစ်မျိုးအတွက် ၂၀၀၀၀ ကျပ် (20000 kyats/ one sample)
📦ပေးပို့ရမည့်အစာပမာဏ - အနည်းဆုံး ၂၀၀ ဂရမ် (At least 200 g) ပေးပို့ရပါမည်။
⏳အချိန် - တစ်ပတ်အတွင်း အဖြေရရှိနိုင်ပါမည်။
ဆက်သွယ်ရန်လိပ်စာ …
📞၀၉၉၇၈၅၉၅၃၄၀
🏢မွေးမြူရေးပညာဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်။
👉🏻page - Department of Animal Science
Viber: +959689762968
#မွေးမြူရေး #အစာ #စွမ်းအင်

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဓာတ်ခွဲခန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်း အမှတ်စဉ် (၁)(၁၇.၅.၂၀၁၉) ရက်​​နေ့, ​မွေးမြူ​ရေ...
17/05/2019

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဓာတ်ခွဲခန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်း အမှတ်စဉ် (၁)
(၁၇.၅.၂၀၁၉) ရက်​​နေ့, ​မွေးမြူ​ရေးပညာဌာနမှ သင်​တန်းပို့ချမှုများ

30/08/2017

မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​၊ သရုပ်​ပြဝက်​​မွေးမြူ​ရေးခြံမှ 6.9.2017 ရက်​​နေ့တွင်​ နို့ခွဲမည့်​ (DYL) ဝက်​ငယ်​က​လေးများ ကို​10 Kg အ​လေးချိန်​ရှိလျှင်​ 80000/- ကျပ်​ ​ဈေးနှုန်းဖြင့်​ ​ရောင်းချပါမည်​။
ဆက်​သွယ်​ရန်​ဖုန်းနံပါတ်​များ ... 0949203072, 09797684066, 09797168944, 09976915721

To all 2nd to final year students!!!
21/08/2017

To all 2nd to final year students!!!

12/04/2017

မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​၊ သရုပ်​ပြဝက်​​မွေးမြူ​ရေးခြံမှ 18.4.2017 ရက်​​နေ့တွင်​ နို့ခွဲမည့်​ ဝက်​ငယ်​က​လေးများ(DYL) ကို​10 Kg အ​လေးချိန်​ရှိလျှင်​ 80000/- ကျပ်​ ​ဈေးနှုန်းဖြင့်​ ​ရောင်းချပါမည်​။
ဆက်​သွယ်​ရန်​ဖုန်းနံပါတ်​များ ... 0949203072, 09797684066, 09797168944, 09976915721

မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​၊ သရုပ်​ပြဝက်​​မွေးမြူ​ရေးခြံ ရှိ သားခွဲဝက်​​ပေါက်​ ၉ ​ကောင်​ကို Dr သီဟ​နောင်​မှ ၂၈.၃.၂...
29/03/2017

မွေးမြူ​ရေးဆိုင်​ရာ​ဆေးတက္ကသိုလ်​၊ သရုပ်​ပြဝက်​​မွေးမြူ​ရေးခြံ ရှိ သားခွဲဝက်​​ပေါက်​ ၉ ​ကောင်​ကို Dr သီဟ​နောင်​မှ ၂၈.၃.၂၀၁၇ ရက်​​နေ့တွင်​ လာ​ရောက်​ဝယ်​ယူသွားပါသည်​။

Address

Yezin
Yezin

Alerts

Be the first to know and let us send you an email when Department of Animal Science posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category