07/04/2026
ကျောင်းသကြင်္န်အကြိုပွဲလေး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့တဲ့ပုံရိပ်လေးတွေပါ
တကယ်အမှတ်တရဖြစ်ပြီး အားလုံးအဆင်ပြေစိတ်ချမ်းသာရတယ်ဆိုလို့ ဝမ်းသာပါတယ်
ပိုကောင်းစေချင် ပိုပျော်စေချင်တဲ့ စေတနာနဲ့ စီစဉ်
ဖြစ်တာလေးတွေက တနှစ်ထပ်တစ်နှစ် ပိုအဆင်ပြေလာတာမို့ ကိုယ့်ဘာသာလည်း ကျေနပ်နေမိတာပါ
ကိုယ်နဲ့အတူ စတုဒီသာမုန့်အလှူလေးမှာ ပါဝင်ပေးကြတယ် မိဘများလည်းကျေးဇူးအများကြီးပါနော်
လိုအပ်တဲ့”ရေ”အတွက် ကူညီအားဖြည့်ပေးတဲ့
ဦးစိုးညွန့်နဲ့ အဖွဲ့သားများ (အဖြူရောင်တွဲလက်
ညီအစ်ကိုများ) ကိုလည်း ကျေးဇူးအထူးပါရှင့်
ကလေးလေးတွေရဲ့ အကလေးတွေကို လှပအောင်
စိတ်ရှည်ရှည်နဲ့ သင်ပြပေးတဲ့ သမီး Myo Pyi Thitကိုလည်း ကျေးဇူးပါ (ကိုယ်စာစသင်စက ကိုယ့်ဆီ
စတက်တဲ့ ကျောင်းသူဟောင်းလေးပါ)
ကိုယ့်စိတ်တိုင်းကျ ကိုယ်ပြောသမျှ နားထောင်ပြီး ကူညီပေးတဲ့ assistant teachers ညီမလေးတွေလည်း ကျေးဇူးတင်ရပါတယ်
လိုအပ်တာလေးတွေရှိရင်တောင် အပြစ်မမြင်ပဲ ဖြည့်တွေးနားလည်ပေးကြတဲ့ မိဘတွေရော တီချာ့စကားနားထောင်ကြတဲ့ ကလေးလေးတွေရောကိုလည်း ကျေးဇူးပါ
ကိုယ်ဖြစ်ချင်တာတွေကို မငြီးမငြူအကုန်လိုက်
လုပ်ပေးတဲ့ တို့အဖေနဲ့အစ်ကို ကိုလည်း အချစ်တွေအများကြီးပါကွယ် 🥰
#အမှတ်တရကျောင်းသကြင်္န်
#6.4.2026
#၁၃၈၈ခုနှစ်