Burma Bike

Burma Bike ဆိုင်ကယ်အလှဆင်ပစ္စည်း အမျိုးမျိုး ?

Modified Bike ကနေ Burma Bike ဆိုပီး Page Name ပြောင်းလိုက်တာကို Biker ညီအကိုတွေကို အသိပေးလိုပါတယ်။ Burma Bike မှာ Websit...
04/10/2021

Modified Bike ကနေ Burma Bike ဆိုပီး Page Name ပြောင်းလိုက်တာကို Biker ညီအကိုတွေကို အသိပေးလိုပါတယ်။

Burma Bike မှာ Website လည်း ထည့်သွင်းပေးထားပါတယ်။

Website မှာလည်း Bike ညီကိုတွေအတွက် အထောက်အကူဖြစ်စေမဲ့ အကြောင်းအရာတွေ တင်ပေးမှာဖြစ်လို့ အောက်က Link ကနေ ဝင်ပီး ဖတ်ရှုနိုင်ပါတယ်လို့ အသိပေးလိုက်ရပါတယ်။

Web link 👉 burmabike.wordpress.com

Biker ညီအကိုအပေါင်း ဘေးရန်ကင်းကွာ ကြပါစေ 🙏

”Helmet  အမျိုးအစား ၆ မျိုး အကြောင်း ”Biker တို့ အတွက် မရှိမ​ဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်တဲ့ Helmet တွေအကြောင်းကို ဖော်ပြလ...
02/08/2021

”Helmet အမျိုးအစား ၆ မျိုး အကြောင်း ”

Biker တို့ အတွက် မရှိမ​ဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်တဲ့ Helmet တွေအကြောင်းကို ဖော်ပြလိုက်ရပါတယ်။

ပုံတစ်ပုံချင်းစီ ကို ထောက်ပီး ဖတ်ရှုပါ...

မိုးရေထဲမှာ ဆိုင်ကယ် စီးတော့မယ်ဆိုရင် ဘာတွေ သိထားရမလဲ....? ပုံတစ်ပုံချင်းစီကို ထောက်ပီး ဖတ်ရှုနိူင်ပါတယ်။
01/08/2021

မိုးရေထဲမှာ ဆိုင်ကယ် စီးတော့မယ်ဆိုရင် ဘာတွေ သိထားရမလဲ....?

ပုံတစ်ပုံချင်းစီကို ထောက်ပီး ဖတ်ရှုနိူင်ပါတယ်။

မအိပ်တတ်တဲ့ ဘရားသားတွေ အတွက် အိပ် နည်း ပြလိုက်ပီနော် 😜
01/08/2021

မအိပ်တတ်တဲ့ ဘရားသားတွေ အတွက် အိပ် နည်း ပြလိုက်ပီနော် 😜

ဆိုင်ကယ်တစ်စီးရဲ့ အသည်းနှစ်လုံး လို့ ဆိုလိုက်ရင် သူ့ရဲ့ Engine ကြီးကိုပဲ ပြေးမြင်မိကြမှာပါ။ဘာကြောင့်လဲဆို ရှင်းပါတယ်၊ ဆိ...
08/07/2021

ဆိုင်ကယ်တစ်စီးရဲ့ အသည်းနှစ်လုံး လို့ ဆိုလိုက်ရင် သူ့ရဲ့ Engine ကြီးကိုပဲ ပြေးမြင်မိကြမှာပါ။ဘာကြောင့်လဲဆို ရှင်းပါတယ်၊ ဆိုင်ကယ်တစ်စီးလုံးရဲ့ power ကို သူက ထုတ်ပေးနေတာဖြစ်လို့ပါပဲ။ အင်ဂျင်တစ်ခုထည်းနဲ့ ဆိုင်ကယ်တစ်စီးရွေ့လျားဖို့ မဖြစ်နိုင်သေးပါဘူး။ သူကနေ ထုတ်ပေးတဲ့ Power ကို အရွေ့စွမ်းအင်အဖြစ်ပြောင်းလဲပေးမဲ့ အစိတ်အပိုင်းတွေလိုပါတယ်။အဲဒါကတော့( Rear wheel)နောက်ဘီးပါပဲ။ အဲ့ဒီလို အင်ဂျင်က ထုတ်ပေးတဲ့ Power ကို နောက်ဘီးဆီ အရွေ့စွမ်းအင်ဖြစ်ဖို့ ကူးပြောင်းပေးတဲ့ အပိုင်းကို ( Drivetrain)လို့ခေါ်ပါတယ်။ (အင်ဂျင်နဲ့ နောက်ဘီးနဲ့ အဆက်လို့ပြောလဲ ပီးတာပဲကို စာတတန်ပေတန်ရေးမိသွားလို့ ခွင့်လွှတ်ပါ 😜)

ပုံတစ်ပုံချင်းစီကို ထောက်ပီး ဆက်လက်ဖတ်ရှု နိုင်ပါတယ်။

Carburetor လား...? EFI လား..?ဆိုင်ကယ် သမိုင်းမှာ ကြီးမားတဲ့အပြောင်းအလဲကြီးနှစ်ခု ကြုံခဲ့ရပါတယ်။ တစ်ခုကတော့ 2 Stroke ၊ 4 ...
06/07/2021

Carburetor လား...? EFI လား..?

ဆိုင်ကယ် သမိုင်းမှာ ကြီးမားတဲ့အပြောင်းအလဲကြီးနှစ်ခု ကြုံခဲ့ရပါတယ်။ တစ်ခုကတော့ 2 Stroke ၊ 4 Stroke အပြောင်းအလဲ ဖြစ်ပီး နောက်တခုကတော့ ကာဗရိုက်တာ ကနေ EFI အပြောင်းအလဲပါပဲ။ အပြောင်းအလဲကြီး နှစ်ခုစလုံးရဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချဖို့ပါ။ ဆိုင်ကယ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းကမ်းသတ်မှတ်ချက်တွေကြောင့် 2 Stroke Bike တွေကို Off Road တွေမှာ သုံးဖို့ပဲ ထုတ်လုပ်ကြပါတော့တယ်။ Drit Bike တွေလိုပေါ့။

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေးတွေ တွင်တွင်ကျယ်ကျယ် ခေတ်စားလာခဲ့ပီးနောက်မှာ ကာဗရိုက်တာ ကနေ Efi အပြောင်းအလဲဟာလဲ တရိပ်ရိပ်တွင်ကျယ်လာပါတယ်။ ဒါကြောင့်ပဲ EFI ဆိုတာဘာလဲ..? ကာဗရိုက်တာနဲ့ ဘယ်လိုတွေကွာခြားလဲ...? ကောင်းကျိုး ဆိုးကျိုး က ဘာတွေလဲ...ဆိုတာ ဒီဆောင်းပါးအဆုံးမှာ ကောင်းကောင်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

EFI ကြောင်းမပြောခင် ကာဗရိုက်တာအကြောင်း အနည်းငယ်ရှင်းပြပါရစေ။ ကာဗရိုက်တာဆိုတာ အင်ဂျင်မီးလောင်ပေါက်ကွဲစေဖို့ လိုအပ်တဲ့ ဆီနဲ့ လေ ကို အချိုးကျ (manually) အင်ဂျင်စီ ပို့ပေးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ယေဘူယျ အားဖြင့် ကာဗရိုက်တာ တစ်လုံးရဲ့ အကောင်းဆုံးပေးနိုင်တဲ့ လေ နဲ့ ဆီ အချိုးဟာ 12.5 : 1 ဖြစ်ပါတယ်။ ဆိုလိုတာက ဆီတစ်ဆမှာ လေ ၁၂.၅ ဆ အရောအနှောဖြစ်ပါတယ်။ ဒီအချိုးဟာလဲ အတည်တကျရှိနေမှာမဟုတ်ပါဘူး။ ရာသီဥတုအခြေအနေ ၊အသုံးပြုလာတဲ့သက်တန်း၊ ဆီ / လေ မသန့်ခြင်းအပေါ် အများကြီးမူတည်ပီး ပြောင်းလဲနိုင်ပါတယ်။ ဒီမှာ အများဆုံးကြုံရတဲ့ က ဆီမသန့်တဲ့ ပြသနာပါပဲ။ ဆီမသန့်တော့ရင် fuel inlet ကနေ အင်ဂျင်ထဲကို ဆီဖြန့်ဝေမှုတွေ မမှန်တော့ပါဘူး။ ဒါကြောင့်ပဲ လွယ်လွယ်နဲ့ စက်နိုးမရတာတွေ Choke ဆွဲပေးမှ စက်နိုးတာမျိုးတွေ (ဒါကြောင့်လဲ ကာဗရိုက်တာတွေမှာ Choke တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်)Fuel inlet တွေ ကျယ်သွားရင်လဲ ပိုင်ရှင်က Service ကောင်းကောင်းမဝင်ပဲ ပေစီးနေမိရင် ဆီစားနှုန်းများလာပီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမဲ့ အခြေအနေတွေ ဖန်လာပါတော့တယ်။ ဒီလိုအခြေအနေမျိုးတွေကို ကာဗရိုက်တာက အလိုအလျောက်ချိန်ညှိမပေးနိုင်ပါဘူး။ ကိုင်း... ကျွန်တော်တို့ သိချင်တဲ့ Efi အကြောင်း ဆက်ကြရအောင်...

EFI ဆိုတာဘာလဲ။

Electronic Digital နည်းပညာတွေထွန်းကားလာပီးနောက်ပိုင်းမှာ Mechanics ( စက်မှု) နည်းပညာတွေမှာ Electronic စနစ်တွေထည့်သွင်းတည်ဆောက်ထားတဲ့ ဆာဗို ( servo) နည်းပညာတွေ တွင်ကျယ်လာပါတယ်။ EFI စနစ်ဆိုတာလဲ ဒီနည်းပညာတွေထဲက တစ်ခုပါပဲ။

Efi ဆိုတာ (Electronic Fuel injection ) အီလက်ထရောနစ်ထိန်းချုပ်မှုနဲ့ ဆီဖြန့်ဝေတဲ့ စနစ်ကို ခေါ်တာပါ။ Digital နည်းအရ အလိုအလျောက် ထိန်းချုပ်တဲ့ ဆီပေးစနစ် တစ်ခုကို ထည့်သွင်းတည်ဆောက်လိုက်တာပါပဲ။ အင်ဂျင် တစ်လုံး Complete combustion ဖြစ်ဖို့ လိုအပ်တဲ့ ဆီနဲ့လေ အချိုးဟာ 14.7: 1 ဖြစ်ပါတယ်။ ဆီတစ်ဆ မှာ လေ ၁၅ ဆ နီးပါး အရောအနှောပါ။ ဒီ အရောအနှောအချိုးကို ကာဗရိုက်က ထုတ်မပေးနိုင်ပါဘူး။ကာဗရိုက်တာရဲ့ အကောင်းဆုံး လေနဲ့ဆီ အချိုးဟာ 12.5 : 1 ဖြစ်တယ်ဆိုတာ ရှေ့မှာဖော်ပြခဲ့ပြီးပါပီ။ အာရုံခံဆင်ဆာ တွေ အသုံးပြုပီး Digital စနစ် နဲ့ ထိန်းချုပ်ပေးတဲ့ EFI စနစ်ကပဲ အတိအကျ ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ EFI စနစ်က ကာဗရိုက်တာ ထက် ဆီစားသက်သာနေရတာပါပဲ။

Digital စနစ်ဖြစ်တဲ့ အတွက် အီလက်ထရောနစ်ဆင်ဆာတွေ နဲ့ ဝိုင်ယာစနစ်တွေကတော့ ပိုလာမှာအသေအချာပါပဲ။လုပ်ဆောင်ပုံကတော့ ဆင်ဆာတွေကနေ အချက်အလက်တွေ ယူတယ်၊ Engine Control Unit လို့ခေါ်တဲ့ EFI စနစ်တစ်ခုလုံးကို ထိန်းချုပ်မောင်းနင်ပေးတဲ့ Device ကို အချက်အလက်တွေ ပို့ပေးပါတယ်။ ECU ကမှ တစ်ဆင့် ရရှိတဲ့အချက်အလက်တွေကိုဖတ်ပီး လုပ်ဆောင်ရမဲ့ အစိတ်အပိုင်းတွေစီ ညွှန်ကြားပါတယ်။ဒါပါပဲ ။ အလွယ်ဆုံးပြောရရင် Exhaust (အိတ်ဇောပိုက်) မှာ ပါတဲ့ Oxygen sensor ကနေ အာရုံခံပီးရလာတဲ့ Oxygen အနည်းအများပေါ် မူတည်ပီး ECU ကနေ လေနဲ့ဆီအချိုး 14.7 : 1 မှာ Stable ဖြစ်နေအောင် ထိန်းပေးထားတာပါ။ ဒါကြောင့် ဆီစားလဲသက်သာပီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလဲ လျော့ကျစေနိုင်တာပဲ ဖြစ်ပါတယ်။
EFI စနစ်မှာ Oxygen sensor တခုတင်မဟုတ်ပါဘူး တခြား ဆင်ဆာတွေနဲ့ အစိတ်အပိုင်းတွေ အများကြီးပါဝင်ပါသေးတယ်။ နောက်ထပ်ဆောင်းပါတွေမှာ ထပ်မီဖော်ပြပေးပါမယ်။

Efi စနစ်ရဲ့ ကောင်းကျိုးတွေက ဘာလဲ...?

* ဆီစားသက်သာစေတယ်
* ဆီစားသက်သာလာတာနှင့်အတူ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ကျစေတယ်
* Digital စနစ်နဲ့ ထိန်းချုပ်ပေးတာဖြစ်လို့ ဆီစားမှန်ကန်ပီး အင်ဂျင်သက်တန်းရှည်စေတယ်
* မှန်ကန်တဲ့ ဆီပေးစနစ်ကြောင့် မောင်းနှင်ရ သက်တောင့်သက်သာရှိစေပီး ပါဝါပိုထွက်နိုင်တယ်

EFI စနစ်ရဲ့ ဆိုးကျိုးတွေက ဘာလဲ...?

* စျေးကြီးတယ်
* Electronic Device ဖြစ်တာကြောင့် အထိအခိုက်မခံပါဘူး
* ကာဗရိုက်တာတွေထက်စာရင် ပြင်ဆင်ရမလွယ်ကူဘူး

ကာဗရိုက်တာပဲသုံးမလား ၊ EFI ပဲ ပြောင်းသုံးမလား ဆိုတာကတော့ မိတ်ဆွေရဲ့ အကြိုက်တွေ့စေမှုနဲ့ ရွေးချယ်မှုပေါ်ပဲ မူတည်ပါလိမ့်မယ် ။ အမှားအယွင်းများပါခဲ့လျင်လဲ ကျွန်တော့အမှားသာဖြစ်လို့ ထောက်ပြဝေဖန်ပေးခဲ့နိုင်ပါတယ်ခမျာ..

Efi နဲ့ ဆက်စပ်တဲ့ ဆောင်းပါးတွေကို နောက်ထပ်ဖော်ပြပေးပါဦးမယ်။

အားလုံးကိုလေးစားလျက်....

ကိုထက် (Modified-Bike-Burmese)
6.Jun. 2021

”မော်တော်ဆိုင်ကယ် ထိန်းသိမ်းခြင်း အကြံပြုချက်များ ”ပုံတစ်ပုံချင်းစီကိုထောက်ပီး ဖတ်ရှုနိုင်ပါတယ်။
05/07/2021

”မော်တော်ဆိုင်ကယ် ထိန်းသိမ်းခြင်း အကြံပြုချက်များ ”

ပုံတစ်ပုံချင်းစီကိုထောက်ပီး ဖတ်ရှုနိုင်ပါတယ်။

Address

Yenangyaung

Alerts

Be the first to know and let us send you an email when Burma Bike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Burma Bike:

Shortcuts

Share