06/07/2021
🙏မင်္ဂလာပါ🙏
ယခုလက်ရှိဖြစ်ပေါ်နေသော Covid-19ကူးစက်မှုများကြောင့် Ye English Centreမှသင်တန်းများအား ရက်အကန့်အသတ်မရှိ ခေတ္တရပ်နားထားမည်ဖြစ်ပါသည်။ သင်တန်းပြန်လည်စတင်မည့်ရက်အား ပြန်လည်အကြောင်းကြားပေးပါ့မည်။ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်နိုင်ပါသည်။
09788941683
09 789 362340
09 763 849688
09 761754412
English Centre-YEC
Ye English Centre-YEC
Send a message to learn more
04/07/2021
(4.7.2021)မှာကျရောက်တဲ့ ကျောင်းသားလေးရဲ့(၇)နှစ်ပြည့် မွေးနေ့ 🎊🎉🎁👏
သင်တန်းမှာသူငယ်ချင်းတွေကို အာဟာရဒါနပြု
သားသားရဲ့ မွေးနေ့မှသည် နောင်အနာဂတ်မှာ အမှားအမှန်ကိုခွဲခြားသိမြင်နိုင်တဲ့ လူရည်မွန် လူရည်ချွန်လေးဖြစ်ပါစေ🙏❤️🙏
Happy Birthday Our Dear Student🎁🎉🎊. May you be the brightest star in your future🙏❤️🙏
Ye English Centre
14/06/2021
This is the first day of YEC again.
We are always ready for the improvement of our local youth's education.
14/06/2021
YEC open the door,but you must enter by yourself.
07/06/2021
🙏မင်္ဂလာပါ 🙏
ကျွန်တော်တို့ YEC အဖွဲ့သားများအနေဖြင့် သင်တန်းအပ်လက်ခံမည့်ရက်ကို မနက်ဖြန် (8.6.2021 မှ 10.6.2021) ရက်နေ့အထိ
(၃)ရက်ထပ်မံတိုးမြှင့် လက်ခံပေးမှာဖြစ်ပြီး သင်တန်းအား (၁၄.၆.၂၀၂၁)၌ စတင်ဖွင့်လစ်မည် ဖြစ်ပါသည်။
သင်တန်းကာလမှာ 2 လခန့်ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးမှာ 20000ကျပ်ဖြစ်ပါသည်။ သင်တန်းကြေးအခက်အခဲရှိသူများအတွက် scholar လျှောက်ထားနိုင်ပါသည်။ သတ်မှတ်ချက်များနှင့်ပြည့်စုံပါက သင်တန်းကြေးအပါအဝင် စာအုပ်ခဲတံစသည်တို့အား(အခမဲ့)ထောက်ပံ့ပါမည်။
Ye English Centre-YEC
06/06/2021
မင်္ဂလာပါခင်ဗျာ
ကျနော်တို့ရဲ့ YECသင်တန်းတွေဟာ ကျနော်တို့မြို့မှာရှိတဲ့ကလေးများရဲ့ အင်္ဂလိပ်စာတိုးတက်ရေးကိုရည်ရွယ်ပြီး ၁၈.၉.၂၀၁၃ ရက်နေ့ကတည်းကနေပြီးခုချိန်ထိ တစိုက်မတ်မတ်ကြိုးစားပေးခဲ့ပါတယ် ကလေးတွေရဲ့ အင်္ဂလိပ်စာတိုးတက်လာမှုနဲ့ မြို့နယ်မှာရှိတဲ့ကလေးတွေရဲ့ရဲ့အင်္ဂလိပ်စာအဆင့်ပြောင်းလည်းလာမှုကိုလည်း အားလုံးသတိထားမိကြမယ်လို့ယုံကြည်ပါတယ်
ယခုနှစ်မှာလည်း ကလေးတွေရဲ့အင်္ဂလိပ်စာတိုးတက်မှုအတွက် အငယ်တန်းလေးတွေကို စတင်လေ့ကျင့်ပေးမှာဖြစ်ပါတယ်
ယခင်ညဘက်အတန်းတွေကိုလည်းဖွင့်ပေးချင်ပါတယ် အခြေအနေအရပ်ရပ်ကိုလည်းနားလည်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်
သို့ပါ၍ ကျနော်တို့သင်တန်းချိန်များကိုလည်း ကျောင်းချိန်အတွင်းမှာသင်ကြားမှာမဟုတ်ပဲ #ကျောင်းချိန်ပြင်ပ၌သာလျှင် ကလေးများရဲ့ပညာရေးကိုရှေ့ရှု၍ ဆက်လုပ်သင်ကြားပေးမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်
ကလေးများ အင်္ဂလိပ်စာတိုးတက်နိုင်ကြပါစေ
We Are Y.E.C.
04/06/2021
🙏မင်္ဂလာပါ 🙏
ကျွန်တော်တို့ Y.E.C အဖွဲ့သားများအနေဖြင့်
ကလေးများအတွက် သင်တန်းဖွင့်လှစ်ပေးဖို့ စီစဉ်လျက်ရှိပြီး (14.6.2021) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါမည်။ သင်တန်းကာလမှာ 2 လခန့်ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးမှာ 20000ကျပ်ဖြစ်ပါသည်။ သင်တန်းကြေးအခက်အခဲရှိသူများအတွက် scholar လျှောက်ထားနိုင်ပါသည်။ သတ်မှတ်ချက်များနှင့်ပြည့်စုံပါက သင်တန်းကြေးအပါအဝင် စာအုပ်ခဲတံစသည်တို့အား(အခမဲ့)ထောက်ပံ့ပါမည်။
သင်ကြားမည့် ဘာသာရပ်များမှာ
( ၁ ) မြန်မာစာ
( ၂ ) အင်္ဂလိပ်စာ (5 skills)
( ၃ ) ပန်းချီ
( ၄ ) Moral life skills and general knowledges
တို့ပဲ ဖြစ်ပါသည်။
တက်ရောက်နိုင်မည့် အသက်အရွယ်မှာ
အသက် (၅)နှစ် မှ (၁၂) နှစ်အထိဖြစ်ပြီးသင်တန်းသားဦးရေအား ကန့်သတ်ထားပါသည်။
သင်တန်းအပ်နှံရမည့်နေရာမှာ ....
မရမ်းကျောင်း ဓမ္မာရုံဖြစ်ပါသည်။
တက်ရောက်မည့်သင်တန်းသူ/သားအနေဖြင့် သင်တန်းမှ ချမှတ်ထားသောစည်းကမ်းချက်များအား လိုက်နာပါမည်ဟု ၀န်ခံကတိပြုရန်လိုပါသည်။
အသေးစိပ်သိရှိလိုပါက အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
09455895050
09788941683
09789362340
09763849688
သင်တန်းအပ်နှံရမည့်အချိန်နှင့်ရက်မှာ (6.6.2021)နှင့် (7.6.2021) တို့ဖြစ်ပြီး
မနက် (၉:၀၀) မှ (၁၁:၀၀) ထိဖြစ်ပါသည်။
Ye English Centre ( Y.E.C )
27/05/2021
ကလေးများအတွက် ပညာဒါနတန်းတွေကို ဒီလာမဲ့ ဇွန်လမှာပြန်ဖွင့်ပေးနိုင်ဖို့ YECအဖွဲ့သားများပြင်ဆင်နေကြပါတယ်
အသေးစိတ်ကိုပြန်ကြေငြာပါ့မယ်
05/11/2020
#ရေးမြို့နယ်ကကျောင်းသူကျောင်းသားများအတွက်အခွင့်အလမ်းတစ်ရပ်ပါ
ACCEPTING APPLICATIONS!
The Community Leadership & Research Institute (CLRI) is now accepting applications for the Research Diploma in Community Leadership program- January 2021 intake.
Interested applicants should have the following:
☑️ Age between 20-28 years old
☑️ 1-2 years’ experience in community related work
☑️ Pre-intermediate English level for writing and communication
☑️ Bachelor’s Degree preferred (ethnic education accepted)
☑️ Demonstrated academic potential and social commitment (essay required)
☑️ Proven suitability (interview required)
To apply scan the QR Code or follow the link below:
https://forms.gle/voxFwq3MvsAbodfP8
APPLICATION DEADLINE 30 NOVEMBER 2020
Learn more about CLRI at http://www.thabyay.org/clri.html
လျှောက်လွှာများကိုလက်ခံခြင်း
Community Leadership & Research Institute (CLRI) သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ အတွက် လျှောက်လွှာများကိုလက်ခံနေပါပြီ။
သင်တန်းလျှောက်ရန်လိုအပ်ချက်များ
☑️ အသက် ၂၀ မှ ၂၈ နှစ်အတွင်းဖြစ်ရမည်။
☑️ ရပ်ရွာအကျိုးပြုလုပ်ငန်းနှင့် ဆက်စပ်သော လူမှုရေးပရဟိတလုပ်ငန်း အတွေ့အကြုံ ၁နှစ် မှ၂နှစ် အတွင်း ရှိရမည်။
☑️ အင်္ဂလိပ်စာ တတ်ကျွမ်းမှုအဆင့်သည် အင်္ဂလိပ်စာ ဖြင့် ရေးသား ပြောဆိုဆက်ဆံနိုင်သည့် Pre-intermediate အဆင့်ဖြစ်ရမည်။
☑️ တက္ကသိုလ်ဘွဲ့ ရရှိပြီးသူကို ဦးစားပေးမည်။(တိုင်းရင်းသားဒေသများမှ တက္ကသိုလ်အဆင့် ပညာရေးလည်း အကျုံးဝင်သည်။)
☑️ သင်တန်းတက်ရောက်နိုင်ဖို့ အရည်အချင်းရှိကြောင်းနှင့် လူမှုရေးလုပ်ငန်းအပေါ် စိတ်ဝင်စားမှု အမှန်တကယ်ရှိကြောင်း ပြသနိုင်ရမည်။ (စာစီစာကုံးရေးရမည်။)
☑️ သင်တန်းတက်ရောက်ရန် သင့်တော်သူဖြစ်ကြောင်း သက်သေပြချက် (အင်တာဗျူး မည် ဖြစ်သည်။)
လျှောက်ထားရန် QR Code ကိုစကင်ဖတ်ရန် သို့မဟုတ် အောက်ပါ link သို့သွားပါ။
https://forms.gle/voxFwq3MvsAbodfP8
လျှောက်လွှာနောက်ဆုံးရက်။ ။ နို၀င်ဘာလ ၃၀၊ ၂၀၂၀။
CLRI အကြောင်းပိုမိုလေ့လာလိုပါက http://www.thabyay.org/clri.html