Gant Gaw Private School, Ye-U

Gant Gaw Private School, Ye-U education

26/08/2020

အသိပေး အကြောင်းကြားခြင်း

COVID-19 ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ကျောင်းယာယီပိတ်ရမည်ဖြစ်ပါသောကြောင့် မနက်ဖြန်(၂၇.၈.၂၀၂၀) ရက်နေ့ မနက် (၇:၃၀) နာရီမှစ၍ "ကံ့ကော်" ကိုယ်ပိုင်ကျောင်း (ပင်မနေရာ) သို့ လာရောက်လက်မှတ်ရေးထိုး၍ သား/သမီးများအား ခေါ်ဆောင်ပေးကြပါရန် မိဘများအား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

09/08/2020

ကံ့ကော် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၊ ရေဦးမြို့။
*2020 ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ

(၅)ဘာသာ_ဂုဏ်ထူးရှင်_(၅) ဦး

ောင်းဟိန်းအာကာကျော်_လားရှိူး

်းပပကျော်_အရာတော်

ူလိုင်စိုး_မရမ်းအင်း/ခင်ဦး

ောင်စိုးမင်းထက်_မုံရွာ

်းသန့်_ထနောင်းပကား/ကနီ

09/08/2020

ကံ့ကော် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၊ ရေဦးမြို့။
*2020 ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ

#ဘာသာစုံ_ဂုဏ်ထူးရှင်_(၃) ဦး

်ဖူးဖူးဇင်_မြစ်ကြီးနား

ေသဇင်မိုး_ကိုးတောင်ဘို့

ြည်စင်သန့်_ရေဦး

08/08/2020

ကံ့ကော် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၊ ရေဦးမြို့။
*2020 ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးတွင်

#ကျောင်းသား_၆၂_ဦးဖြေ_၆၂_ဦးအောင်
#ကျရှူံးသူမရှိ

#ကျောင်းသူ_၁၁၆ဦးဖြေ_၁၁၃ဦးအောင်

#ဂုဏ်ထူးရှင်ပေါင်း_၁၅၁_ဦးဖြင့်_မိဘပြည်သူများအား_အကောင်းဆုံးကျေးဇူးဆပ်နိုင်ခဲ့ပါပြီ။

၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ
ဂုဏ်ထူးရှင်များ

#ဘာသာစုံဂုဏ်ထူးရှင်_၃_ဦး
# (၅) ဘာသာဂုဏ်ထူးရှင် (၅) ဦး
# (၄) ဘာသာဂုဏ်ထူးရှင် (၂၂) ဦး
# (၃) ဘာသာဂုဏ်ထူးရှင် (၃၆)ဦး
# (၂) ဘာသာဂုဏ်ထူးရှင် (၄၇) ဦး
# (၁) ဘာသာဂုဏ်ထူးရှင် (၃၈)ဦး

#မြန်မာစာဂုဏ်ထူးရှင် (၂၇) ဦး
#အင်္ဂလိပ်စာဂုဏ်ထူးရှင် (၁၆) ဦး
#သင်္ချာဂုဏ်ထူးရှင် (၈၅) ဦး
#ဓါတုဗေဒဂုဏ်ထူးရှင် (၈၇) ဦး
#ရူပဗေဒဂုဏ်ထူးရှင် (၁၃) ဦး
#ဇီဝဗေဒဂုဏ်ထူးရှင် (၁၄၃) ဦး

ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၅၁) ဦး
ရိုးရိုးအောင်မြင်သူ (၂၄) ဦး

#ဂုဏ်ထူးထွက်မှူရာခိုင်နှူန်း_၈၆ဒသမ၂၉ရာခိုင်နှုန်း
(86.29%)

‌ဖြေဆိုသူပေါင်း (၁၇၈) ဦး
အောင်မြင်သူပေါင်း (၁၇၅) ဦး
ကျရှူံးသူ (၃)ဦး

အောင်စာရင်း
08/08/2020

အောင်စာရင်း

အောင်စာရင်းစဇပ 25 မှ 202 အထိ
08/08/2020

အောင်စာရင်း
စဇပ 25 မှ 202 အထိ

24/07/2020

၂၀၂၀-၂၀၂၁ ပညာသင်နှစ်

"ကံ့ကော်" ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း

ရေဦး မြို့။

"ကံ့ကော်" ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းသည် COVID-19 ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ (A)အဆင့်ဖြင့် လာမည့် (၂၇. ၇. ၂၀၂၀) ရက်နေ့တွင်နေ့တက်ကျောင်းအဖြစ်စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။

- ၂၇.၇.၂၀၂၀ ရက်နေ့တွင် စတင်သင်ကြားနိုင်ရန်

- စာသင်ချိန် အချိန်ဇယားများပေးဝေရန်

- ကျောင်းစည်းကမ်းများရှင်းပြရန်

- ဝန်ဆောင်မှု ပစ္စည်းများထုတ်ယူရန်နှင့်

- နေရပ်လိပ်စာ ရယူထားရန် စသည့်အချက်များ

လုပ်ဆောင်ရန်အတွက် အောက်ပါအတိုင်း အဆင်ပြေသည့် နေ့ရက်အချိန်တွင် လာရောက်တွေ့ဆုံ အပ်နှံသတင်းပို့ပေးကြပါရန် မိဘများနှင့်ကျောင်းသားကျောင်းသူများအားလေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

(၂၅.၇.၂၀၂၀) စနေနေ့ နှင့် (၂၆.၇.၂၀၂၀)တနဂ်နွေနေ့။

- ပထမတွေ့ဆုံချိန် - နံနက်(၁၀:၀၀)နာရီ။

- ဒုတိယတွေ့ဆုံချိန်- နေ့(၁၁:၃၀)နာရီ။

- တတိယတွေဆုံချိန်- ညနေ(၄:၀၀)နာရီ။

မိဘများနှင့်ကျောင်းသားကျောင်းသူများ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

14/06/2020

၂၀၂၀-၂၀၂၁ ပညာသင်နှစ်
"ကံ့ကော်" ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း
ရေဦးမြို့
ရက်စွဲ။ ။၁၄.၆.၂၀၂၀
မိဘများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပေး အကြောင်းကြားခြင်း
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဝင်ခွင့်အောင်မြင်ထားကြသော နဝမတန်း - ဒသမတန်း ကျောင်းသား/သူများနှင့် မိဘပြည်သူများအား လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။
ယခု ဖွင့်လှစ်မည့် ပညာသင်နှစ်သည် Covid- 19 ကပ်ရောဂါကြောင့် အခက်အခဲများကြားကနေ ကျောင်းဖွင့်ကြရ ကျောင်းတက်ရောက်ကြရ ကျောင်းအပ်နှံကြရမည့် နှစ်တစ်နှစ် ဖြစ်ပါသည်။
"ကံ့ကော်" ကိုယ်ပိုင်ကျောင်းအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စာသင်ဆောင်နှင့် အိပ်ဆောင်များ ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင် ဆောင်ရွက်ထားရမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် တက်ရောက်ပညာသင်ယူမည့် ကျောင်းသား/သူဦးရေ အတိအကျ သိရှိမှသာ ပိုမိုအဆင်ပြေချောမွေ့မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဝင်ခွင့်အောင်မြင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ သား/သမီးကို ဆက်လက်မအပ်နှံဖြစ်ပါက ကူညီသည့်အနေဖြင့် ( အားနာစရာမလိုဘဲ) ဇွန်လ (ယခုလ) (၂၅) ရက်နေ့ နောက်ဆုံးထား၍ အောက်ပါဖုန်းနံပါတ်များကို (ရုံးချိန်အတွင်း) မဖြစ်မနေ ဆက်သွယ်အကြောင်းပြန်ကြားပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။


မှတ်ချက်။ ။ * ဆက်လက် အပ်နှံမည့်
ကျောင်းသား/သူများအတွက်
အကြောင်းပြန်ကြားရန်မလိုပါ။

* ကျောင်းဖွင့်မည့်ရက်နှင့် ကျောင်းအပ်နှံချိန်တွင် လူစု လူဝေးမဖြစ်ပေါ်စေရေး မြို့ ရွာနယ်ပယ် အသုတ်ခွဲ၍ အပ်နှံနိုင်စေရန် ထပ်မံအကြောင်းကြားပေးပါမည်။
ကျေးဇူးအထူးတင်ရှိပါသည်။

အုပ်ချုပ်ရေးအဖွဲ့
"ကံ့ကော်" ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း
ရေဦးမြို့။
၀၉-၈၉၆၄၇၀၂၄၂ ၀၉-၄၀၂၅၃၁၄၅၀
၀၉-၉၁၀၅၃၅၁၅ ၀၇၅-၄၀၅၁၃

၂၀၁၉-၂၀၂၀ ပညာသင်နှစ်" ကံ့ကော် "ကိုယ်ပိုင်ကျောင်း  နဝမတန်း အောင်စာရင်း
13/06/2020

၂၀၁၉-၂၀၂၀ ပညာသင်နှစ်
" ကံ့ကော် "ကိုယ်ပိုင်ကျောင်း
နဝမတန်း အောင်စာရင်း

16/05/2020

"ကံ့ကော်" ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း ရေဦးမြို့မှ လေးစားစွာ အသိပေးအကြောင်းကြားခြင်း
COVID -19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဇွန်လ (၁) ရက် နေ့တွင် ကျောင်းစတင် မဖွင့်လှစ်နိုင်သေးပါ ကြောင်းနှင့် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ခွင့် ပြုချိန်တွင် ထပ်မံ၍ အကြောင်းကြားပေးမည်ဖြစ်ပါကြောင်း ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

01/04/2020
ကံ့ကော်  ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၂၀၂၀-၂၀၂၁  ပညာသင်နှစ်နဝမတန်း နှင့်ဒသမတန်း ဝင်ခွင့်အောင်စာရင်း
24/03/2020

ကံ့ကော် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း
၂၀၂၀-၂၀၂၁ ပညာသင်နှစ်
နဝမတန်း နှင့်ဒသမတန်း ဝင်ခွင့်အောင်စာရင်း

Address

ကံတွင်းကျောင်းလမ်း
Ye-U

Telephone

+95991053515

Website

Alerts

Be the first to know and let us send you an email when Gant Gaw Private School, Ye-U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category