15/05/2026
ဒီနေ့မှာတော့ 🍁နေ့စဉ်သုံးဝါကျတိုလေးတွေ🍁 လေ့လာကြပါမယ်
1🍁 明天7点,老地方,不见不散!
မင်ထျန်းချီးတျန် လောင်သိဖန်း ပူကျန့်ပူစန့်
Míngtiān qī diǎn, lǎo dìfang, bú jiàn bú sàn!
မနက်ဖြန် ၇ နာရီ၊ အမြဲတွေ့နေကျနေရာမှာနော်၊ မတွေ့မချင်း မပြန်ကြေး။
2🍁 我刚才没带伞,被雨淋湿了。
ဝေါ်ကန်းချိုင် မိန်သိုက်စန် ပိတ်ယွီလင်ရှီးလှာ
Wǒ gāngcái méi dài sǎn, bèi yǔ lín shī le.
ကျွန်မ ခုနက ထီးမပါလို့ မိုးရေစိုသွားတယ်။
3🍁 我们一定要克服困难。
ဝေါ်မန်ယီးသင့် ယောက်ခေါ့ဖူး ခွမ့်နန်
Wǒmen yídìng yào kèfú kùnnan.
ငါတို့ အခက်အခဲတွေကို မဖြစ်မနေ ကျော်လွှားရမယ်။
4🍁 你应该尽早做决定。
နီယင်းကိုင်းကျင်းကျောင် ကျော့ကျွယ်သင့်
Nǐ yīnggāi jǐnzǎo zuò juédìng.
မင်း ဖြစ်နိုင်သမျှ စောစော ဆုံးဖြတ်ချက် ချသင့်တယ်။
5🍁 我们要尽早出发。
ဝေါ်မန် ယောက် ကျင်းကျောင် ချူးဖား
Wǒmen yào jǐnzǎo chūfā.
ငါတို့ တတ်နိုင်သမျှစောစော ထွက်ကြရအောင်။
6🍁 别再让他伤心了。
ပြယ်ကျိုက် ရန့်ထား ရှန်းရှင်းလှာ
Bié zài ràng tā shāngxīn le.
သူ့ကို နောက်ထပ် စိတ်မကောင်းအောင် မလုပ်ပါနဲ့တော့။
7🍁 既然做错了,就不要找借口了,你必须为此道歉。
ကျိရန်ကျော့ချော့လှာ ကျုတ်ပူယောက်ကျောင်ကျဲ့ခုန်လှာ နီပိရွှီးဝိန့်ချစ်သောက်ချန့်
Jìrán zuò cuò le, jiù búyào zhǎo jièkǒu le, nǐ bìxū wèicǐ dàoqiàn.
မှားသွားပြီဆိုမှတော့ အခြေအနေတွေကို ဆင်ခြေပေးမနေပါနဲ့။ မင်းဒီအတွက် တောင်းပန်ရမယ်။
8🍁 对于您的大恩大德,我深表示感激。
သွေ့ယွီ နင်းသသာ့အန်းသာ့သဲ ဝေါ်ရှန်း ပျောင်ရှစ်ကန်ကျီး
duìyú nín de dà ēn dà dé, wǒ shēn biǎoshì gǎnjī.
ခင်ဗျားရဲ့ကြီးမားတဲ့ကျေးဇူးတရားတွေအပေါ် မှာ ကျွန်မနက်ရှိုင်းစွာကျေးဇူးတင်ရှိကြောင်း ဖော်ပြပါတယ်။
9🍁 他因为低血糖而晕倒在地上。
ထားပင်းဝိန့် သီးရွှဲ့ထန် အာယွန်းသောက် ကျိုက်သိရှန့်
Tā yīnwèi dī xuètáng ér yūndǎo zài dìshang.
သူဟာ သွေးတွင်းသကြားဓာတ်နည်းတာကြောင့် မြေပြင်ပေါ်ကို မူးလဲကျသွားတယ်။
10🍁 我吓得差点儿晕过去。
ဝေါ်ရှသချတျန် ယွန်းကော့ချွိ
Wǒ xià de chàdiǎnr yūn guòqù.
ကျွန်မလန့်လွန်းလို့ သတိလစ်ပြီးမူးလဲတော့မလို့ ဖြစ်သွားတယ်။
အသံထွက်က pīnyīn ကြည့်ဖတ်လို့ရပါတယ်နော်။ မြန်မာအသံထွက်က အနီးစပ်ဆုံးရေးပေးထားတာဖြစ်လို့သတိထားဖတ်စေလိုပါတယ်ရှင့်။