15/03/2022
ကာချုပ်ကို ကျေးဇူးတင်ပါတယ်။
NLD လက်ထက်တုန်းက ဆိုရင် ညဘက်အိပ်တဲ့အခါ အခန်းဖော်နဲ့ စကားခဏ၊ ခဏများရတယ်။
သူက မီးဖွင့်ပြီးအိပ်ချင်တယ်၊ ကိုယ်က မီးပိတ်မှ အိပ်တတ်တယ်၊
ဟောကြည့် ...၊
အခုဆိုရင် မီးပိတ်စရာမလိုတော့ဘူး၊
-------------------
ကာချုပ်ကို ကျေးဇူးတင်ပါတယ်။
NLD လက်ထက်တုန်းက ကျုပ်ရည်းစားမိဘတွေက
ကျုပ်ဆိုရင် အရမ်းနှိမ်တာ၊ သူတို့က ပိုက်ဆံတွေ ဘဏ်မှာအပ်ပြီး အရမ်းချမ်းသာကြတာ၊ ကျုပ်က လယ်တွေ၊ နွားတွေ၊ စက်တွေရှိပေမယ့် သူတို့လို ပိုက်ဆံမချမ်းသာဘူး။
ဟောကြည့် ...၊
အခုဆိုရင် မြန်မာငွေကျပ်တွေ တန်ဖိုးမဲ့ကုန်တော့
အရင်လိုမဟုတ်ကျတော့ဘူး။ ပါးစပ်ဖျားက သား၊ သားနဲ့လေ။
----------------
ကာချုပ်ကို ကျေးဇူးတင်ပါတယ်။
NLD လက်ထက်စားဆီတွေပေါများနေတုန်းက
အိမ်မှာ ဟင်းချက်ရင် ဆီကိုအများကြီးမသုံးနဲ့၊ ကျန်းမာရေးနဲ့မညီဘူး၊ လျှော့သုံးဖို့ အတန်တန်ပြောခဲ့ပေမယ့် မရခဲ့ဘူး။
ဟောကြည့် ...၊
အခုဆိုရင် စားဆီတောင် ဟင်းချက်ရင် ရေစက်ချသလိုချပြီး စားတတ်နေကြပြီ။
-------------------
ကာချုပ်ကို ကျေးဇူးတင်ပါတယ်။
NLD လက်ထက်ဓာတ်ဆီဈေး သုံးရာကျော်လောက်က ဘယ်နေရာကိုပဲ သွားချင်၊ သွားချင် ဆိုင်ကယ်ဆွဲထုတ်ပြီး ရောက်ချင်ရာရောက် သွားပစ်လိုက်တာပဲ၊ (တစ်ရက်တလေ အိမ်ကပ်ပါဦးလို့) အာပေါက်အောင် ပြောတဲ့အမေ့စကား ဒီနားဝင် ဟိုနားထွက်ပဲ။
အခုဆိုရင် အိမ်ကဆိုင်ကယ်ကြီး နိူးလို့မှ ရသေးရဲ့လားမသိ။
-----------------
ကာချုပ်ကို ကျေးဇူးတင်ပါတယ်။
NLD လက်ထက်ကဆိုရင် ဖုန်းတို့ ပိုက်ဆံအိတ်တို့ လွယ့်လင့်တကူ ထားချင်သလိုထားပြီး သတိကပ်မထားပဲ စိတ်ချလက်ချ လမ်းသလားခဲ့တာ။
ဟောကြည့် ...၊
အခုဆိုရင် ကိုက်တစ်ရာလောက်ဝေးတဲ့ ဈေးဆိုင်ကို ထွက်တာတောင်မှ ဘယ်ကောင်က ဆွဲလုလေမလဲလို့တွေးရင် အချိန်ပြည့် သတိရှိရှိနေတတ်ခဲ့ပြီလေ။
----------------
ကာချုပ်ကို ကျေးဇူးတင်ပါတယ်။
NLD လက်ထက်ကဆိုရင် အပြင်မှာနေအရမ်းပူပြီး အိုက်စပ်လာပြီဆိုရင် YBS ပေါ် ၂၀၀ပေးတက်ပြီး အဲလ်ယားကွန်း အေးစက်စက်နဲ့ စတိုင်ကျကျ မြို့တပတ်,ပတ်ပြီး ဘော်ကျော့ နေတတ်ခဲ့တာ။
ဟောကြည့် ...၊
အခုဆိုရင် မီးမလာ၊ အိုက်စပ်ကာနေရင်၊ ယပ်တောင်လေးကို တဖျပ်ဖျပ်ခပ်၊ ကိုယ့်အားကိုကိုးတတ်နေပြီလေ။
--------------
ကာချုပ်ကို ကျေးဇူးတင်ပါတယ်။
NLD လက်ထက်တုန်းက စီးပွားရေးအခွင့်အလမ်းတွေ တအားကောင်းပြီး နားရက်မရှိအောင်ကိုပဲ ကျုပ်တို့စက်ရုံကြီး ဖွင့်ခဲ့တာ။
ဟောကြည့် ...၊
အခုဆိုရင် မီးတွေကပျက်၊ ဆီဝယ်ဖို့လည်း မတတ်နိုင်ကြတော့မှ ရက်အကန်အသတ်မရှိ ပိတ်လိုက်သည်တဲ့လေ၊ ကျုပ် ... နားလို့ရပြီပေါ့။
-----------------
ကာချုပ်ကို ကျေးဇူးတင်ပါတယ်။
NLD လက်ထက်တုန်းက အိမ်ကအဖိုး၊ အဖွားတွေက လတိုင်းကျုပ်ကို လေသံမာမာနဲ့ ပြောကြတယ်၊
(အသုံးစရိတ်မပေးနိုင်လည်း ဂရုမစိုက်ဘူး၊ ငါတို့မှာ လစဉ်ထောက်ပံ့ပေးနေတဲ့ အမေစုရှိတယ်တဲ့လေ)
ဟောကြည့် ...၊
အခုဆိုရင် လစဉ်မပြောနဲ့၊ တစ်နှစ်တစ်ခါတောင် မထောက်ပံ့ပေးတဲ့ ကာချုပ်ကြီးတို့နဲ့ကြုံရမှ ကျုပ်ကို ဟိုအရင်ကလို လေသံချိုချိုလေးနဲ့ ပြောတတ်နေကြပြီ။
ငါ့
မြေး
လေး
ရယ် ...။
အမေစုကို ..... လွ မ်း လို က် တ ာ တဲ့ လေ။ 😔😔
-------------------
နေဝေးလူ
Credit #