26/09/2026
ယခုတစ်ပတ် “စနေ”အတွက် “Knowledge Sharing Post” လေးဖြစ်ပါတယ်ရှင့်✅
📚 Part-7 / Foundation / OSSD Programme မအပ်ခင် ဘာတွေသေချာစစ်သင့်လဲ? 🎓🔍
“International Education Pathway Series”ရဲ့ နောက်ဆုံး Part လေးပါရှင့်။ 🤍
Part-6 မှာ International Programme တစ်ခုရဲ့ “Recognition” ကို ဘယ်လိုစစ်သင့်လဲဆိုတာ မျှဝေခဲ့ပါတယ်။
ဒီတစ်ပတ်မှာတော့ အခုနောက်ပိုင်း မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စိတ်ဝင်စားလာကြတဲ့ Foundation နဲ့ OSSD ကို မအပ်ခင် ဘာတွေသိထားသင့်လဲဆိုတာ ဆက်ပြီးမျှဝေချင်ပါတယ်။
Programme တစ်ခုရွေးတဲ့အခါ-
❌ “Internationally Recognised” လို့ ရေးထားတာ
❌ University Logos အများကြီး ပြထားတာ
❌ “University Progression ရှိတယ်” လို့ ပြောထားတာ
လောက်နဲ့ မဆုံးဖြတ်စေချင်ပါဘူး။
အရေးကြီးတာက-
🎯 “ဒီ Programme ပြီးရင် ကိုယ့်ကလေးသွားချင်တဲ့ University နဲ့ Degree ဆီ တကယ်ဆက်သွားနိုင်မလား?”
ဆိုတာပါ။
🎓 Foundation ရွေးမယ်ဆိုရင်…
“Foundation ပြီးရင် University တက်လို့ရတယ်” ဆိုတာတစ်ခုတည်း မကြည့်ဘဲ-
📌 Official Programme / Qualification Name က ဘာလဲ?
📌 ဘယ် Institution က Award / Validate လုပ်တာလဲ?
📌 ဘယ် Universities / Degree Programmes တွေဆီ Progression ရှိလဲ?
📌 Minimum Grades, Subjects, English Requirements ဘာတွေလိုလဲ?
📌 Progression ဆိုတာ Guaranteed Admission လား၊ University ကို ပြန်လျှောက်ရမှာလား?
ဆိုတာတွေကို Programme Fee မသွင်းခင် သိထားသင့်ပါတယ်။
Foundation Programme တိုင်းရဲ့ Structure, Recognition နဲ့ Progression တူညီတာမဟုတ်တဲ့အတွက် ကိုယ်ရည်မှန်းထားတဲ့ University + Degree Programme က လက်ခံမလားဆိုတာ သက်ဆိုင်ရာ Official Source ကနေ ပြန်စစ်ဖို့ အရေးကြီးပါတယ်။
🇨🇦 OSSD ရွေးမယ်ဆိုရင်…
ဒီဘက်မှာတော့ မိဘတွေ အထူးသတိထားစေချင်တဲ့ အချက်တစ်ခုရှိပါတယ်။
📌 OSSD Programme သင်ပေးတဲ့ Centre / Partner နဲ့ OSSD Credits ကို အမှန်တကယ် Grant လုပ်မယ့် School က တစ်ခုတည်းဖြစ်ချင်မှ ဖြစ်ပါမယ်။
ဒါကြောင့်-
🏫 OSSD Credits ကို အမှန်တကယ် ဘယ် School က Grant လုပ်မှာလဲ?
✅ အဲဒီ School က လက်ရှိ OSSD Credits Grant လုပ်ခွင့်ရှိတဲ့ School ဟုတ်လား?
📄 Previous Education ကို ဘယ်လို Credit Equivalency သတ်မှတ်ပေးထားလဲ?
📚 OSSD ရဖို့ ဘယ် Graduation Requirements တွေ ကျန်သေးလဲ?
🎓 Future University / Degree အတွက် လိုအပ်မယ့် Grade 12 Courses တွေကို ဘယ်လို Plan ချပေးထားလဲ?
ဆိုတာတွေကို သေချာမေးထားသင့်ပါတယ်။
ပြီးတော့-
❌ “IGCSE ပြီးရင် OSSD 6 Credits ပဲယူရမယ်”
❌ “7 Credits ပဲယူရမယ်”
ဆိုပြီး Student အားလုံးအတွက် Fixed Number တစ်ခုရှိတယ်လို့ မယူဆသင့်ပါဘူး။
Student ရဲ့ Previous Secondary Education နဲ့ Academic Records တွေကို စစ်ဆေးပြီး Credit Equivalency နဲ့ ကျန်ရှိနေတဲ့ Graduation Requirements ကို သက်ဆိုင်ရာ Policy အတိုင်း Student တစ်ယောက်ချင်းစီအလိုက် ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။
ပြီးတော့ OSSD Diploma ရဖို့ပဲ Plan ချထားတာလည်း မလုံလောက်သေးပါဘူး။
“Future Degree”ပေါ်မူတည်ပြီး University Admission အတွက် လိုအပ်တဲ့ Grade 12 Prerequisite Courses တွေ ကွာခြားနိုင်တာကြောင့်
🎯 Target University → Degree → Prerequisite Courses → OSSD Course Plan
ဆိုပြီး ကိုယ်သွားချင်တဲ့ Destination ကနေ နောက်ပြန်စဉ်းစားပြီး Plan ချထားတာ ပိုသင့်တော်ပါတယ်။
🌱 ဒီ Series ရဲ့ နောက်ဆုံးအနေနဲ့…
Part-1 ကနေ Part-7 အထိ ကျွန်မမျှဝေချင်ခဲ့တဲ့ အဓိကအချက်ကတော့-
“နာမည်ကြီးတဲ့ Programme ကို ရွေးဖို့ထက် ကိုယ့်ကလေးသွားချင်တဲ့ Destination ဆီ ရောက်နိုင်မယ့် Pathway ကို ရွေးဖို့ပါပဲ။” 🎯
IGCSE ဖြစ်ဖြစ်၊ A Level / IAL ဖြစ်ဖြစ်၊ Foundation ဖြစ်ဖြစ်၊ OSSD ဖြစ်ဖြစ်-
Programme ကို အရင်ရွေးပြီး Future ကို နောက်မှစဉ်းစားတာထက်-
🎓 Future Degree
⬆️
🏫 Target University Requirements
⬆️
📚 Pre-University Pathway
⬆️
🌱 Current Academic Plan
ဆိုပြီး ကိုယ်သွားချင်တဲ့ Destination ကနေ နောက်ပြန်စဉ်းစားပြီး Plan ချတာ ပိုအရေးကြီးပါတယ်။
ဒီ Part-7 နဲ့ International Education Pathway Series လေးကို ဒီမှာပဲ အဆုံးသတ်ပါမယ်ရှင့်။ 🤍
အပတ်စဉ် စောင့်ဖတ်ပေးကြတဲ့ မိဘတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ အားပေးကြသူအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 🌱💕
⚛️ နောက်တစ်ပတ်ကစပြီးတော့ IGCSE Physics ဘက်ကို ပြောင်းပြီး “Knowledge Sharing Series”အသစ်လေး စတင်ပါမယ်။
IGCSE Physics ကို ဘယ်လိုလေ့လာရမလဲ၊ ဘာကြောင့် ကျောင်းသားတချို့ ခက်တယ်လို့ ခံစားရတာလဲ၊ Exam မှာ Marks မဆုံးရှုံးအောင် ဘာတွေသတိထားသင့်လဲ စတဲ့ မိဘတွေရော ကျောင်းသား၊ ကျောင်းသူတွေရော သိထားသင့်တဲ့ အကြောင်းအရာလေးတွေ ဆက်ပြီး မျှဝေပေးသွားပါမယ်ရှင့်။ 📚⚛️✨
နောက်တစ်ပတ် IGCSE Physics Knowledge Sharing Series မှာ ပြန်တွေ့ကြမယ်နော်။ 😊🤍
📝 မှတ်ချက်
ယခုမျှဝေထားသော အကြောင်းအရာများသည် ကျွန်မ၏ ကိုယ်ပိုင်အတွေ့အကြုံများ၊ လေ့လာထားသော အချက်အလက်များနှင့် Research များအပေါ် အခြေခံ၍ မျှဝေထားခြင်း ဖြစ်ပါတယ်။
Programme, School, University နဲ့ နိုင်ငံအလိုက် Recognition, Admission, Progression နဲ့ Graduation Requirements များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်တာကြောင့် မိမိရွေးချယ်မယ့် Academic Pathway အတွက် သက်ဆိုင်ရာ Official Requirements များကို အမြဲပြန်လည်စစ်ဆေးပေးကြဖို့ အကြံပြုချင်ပါတယ်။ 🌱
💬 International Education Pathway နဲ့ပတ်သက်ပြီး သိချင်တာ၊ မရှင်းလင်းတာလေးတွေရှိရင်လည်း Comment မှာ မေးထားခဲ့လို့ရပါတယ်ရှင့်။ 🤍
Tr Linn Sandar Win
📘 IGCSE Physics Teacher
🎓 Academic Advisor
🏫 Founder, Future Life Education Centre (Myanmar)
📚 Franchise Owner
Gakken Classroom Yankin Centre