MHR Alumni

MHR Alumni

Share

Learn. Lead. Connect

Photos from MHR Management Centre's post 08/03/2026

MHR Management Centre ကနေ “Art of Networking Program (Batch - 2)” ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီးနော်🤩

MHR Alumni များအတွက်လဲ အထူး Discountတွေ ရှိတာကြောင့် စိတ်ဝင်စားသူများ register လုပ်လို့ရပါတယ်ရှင်။

𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐃𝐞𝐭𝐚𝐢𝐥𝐬📍
🗓️ 𝐃𝐚𝐭𝐞: 22𝐧𝐝 𝐌𝐚𝐫𝐜𝐡 2026 (𝐒𝐮𝐧𝐝𝐚𝐲)
🕘 𝐓𝐢𝐦𝐞: 1𝐏𝐌 – 5𝐏𝐌
📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝐏𝐚𝐧𝐬𝐨𝐝𝐚𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐨𝐰𝐞𝐫 (6𝐭𝐡 𝐅𝐥𝐨𝐨𝐫), 𝐘𝐚𝐧𝐠𝐨𝐧 + 𝐎𝐧𝐥𝐢𝐧𝐞 (𝐇𝐲𝐛𝐫𝐢𝐝)

💚 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐅𝐞𝐞𝐬
- ပုံမှန်သင်တန်းကြေး - 150,000 𝐊𝐬
- 𝐌𝐇𝐑 𝐀𝐥𝐮𝐦𝐧𝐢 များအတွက် - 50% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 အထိ အထူးခံစားခွင့် ရှိပါတယ်။

🔗 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐍𝐨𝐰: [https://docs.google.com/forms/d/e/1FAIpQLSceic1U0WGE6bxcKbrNdDCqnFHCxFmRlnpX-bhtF1nK7VnSug/viewform]






12/02/2026

🇲🇲 (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် 🇲🇲

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာဆိုရင်
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းတွင် အလွန်အရေးပါသောနေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါတယ်ရှင်။

ထိုနေ့တွင် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုကို အခြေခံ၍
ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြပြီး
မြန်မာနိုင်ငံ၏ အနာဂတ် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက်
အခြေခံအုတ်မြစ်ခိုင်မာစေခဲ့သော သမိုင်းဝင်ဖြစ်ရပ်တစ်ရပ် ဖြစ်ပါတယ်။

ယနေ့မှာ ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား
MHR Management Centre မိသားစုမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှုနှင့် ငြိမ်းချမ်းမှုတို့ကို
ထာဝရထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။




Photos from MHR Alumni 's post 08/02/2026

ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အောင်မြင်မှုခြေလှမ်းတွေကို လျှောက်လှမ်းတဲ့အခါ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ့်ပန်းတိုင်ကို စနစ်တကျ ရောက်ရှိချင်တယ်ဆိုရင် ဒီ Webinar လေးက သင့်အတွက်ပါရှင် 💚

“Beyond the Barriers: Strategy x Mindset” Webinar မှာဆိုရင်
လူငယ်တွေ၊ ကျောင်းသားကျောင်းသူများ၊ အလုပ်အကိုင်စတင်မယ့်သူတွေ၊ ကိုယ့်ဘဝလမ်းကြောင်းကို ပြန်လည်သုံးသပ်ချင်သူတွေ အတွက်
အောင်မြင်မှုဆီသို့ ရောက်ရှိဖို့ လိုအပ်တဲ့ မှန်ကန်တဲ့ Strategy နဲ့ Mindset အကြောင်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒီ Webinar မှာတော့
MHR Management Institute ရဲ့ Founder ဖြစ်သူ Teacher Swe Zin Aye မှ
၂၅ နှစ်ကျော်ကြာ ပညာရေးနဲ့ လုပ်ငန်းခွင်အတွေ့အကြုံများကို အခြေခံပြီး
လက်တွေ့အသုံးချနိုင်တဲ့ အကြံဉာဏ်များ၊ အောင်မြင်မှုရရှိဖို့ လိုအပ်တဲ့ အတွေးအခေါ်များကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်။

📅 ရက်စွဲ – 15 February 2026
⏰ အချိန် – 7:30 PM – 8:30 PM
💻 Platform – Zoom
🎟 Free Webinar

Registration link 🔗 :
https://forms.gle/w8g4JXgpckmoQKVi8

အနာဂတ်အောင်မြင်မှုအတွက် ဒီအခွင့်အရေးကို လက်မလွတ်ပါနဲ့နော် ✨









အနာဂတ်အောင်မြင်မှုအတွက် ဒီအခွင့်အရေးကို လက်မလွတ်ပါနဲ့နော် ✨

Photos from MHR Alumni 's post 04/02/2026

☄️𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐍𝐢𝐠𝐡𝐭 for Myanmar Entrepreneurs and Professionals (𝟒𝐭𝐡 𝐄𝐝𝐢𝐭𝐢𝐨𝐧) ✨

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် Impact Hub Venture Holdings နဲ့ VMRD Holdings တို့ ပူးပေါင်းကျင်းပတဲ့ Networking Night (4th Edition) မှာ MHR Management Institute က Main Feature Organization အဖြစ် ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ 🤗

ဒီညနေခင်းဟာ ရိုးရှင်းတဲ့ တွေ့ဆုံပွဲတစ်ခုထက် ပိုခဲ့ပြီး နယ်ပယ်အသီးသီးက စီးပွါးရေးလုပ်ငန်းရှင်များ၊ ခေါင်းဆောင်များနဲ့အတူ စီးပွားရေးအမြင်သစ်တွေကို ဖလှယ်ရင်း အနာဂတ်အတွက် Network တွေကို တည်ဆောက်နိုင်ခဲ့တဲ့ အဖိုးတန် အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ 🥰

MHR အနေနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုသာမက၊ ကျွန်မတို့ရဲ့ ကျောင်းသား/သူတွေနဲ့ ပညာရှင်တွေအတွက် စာတွေ့ Theory များအပြင်၊ လုပ်ငန်းခွင် လက်တွေ့နယ်ပယ်မှာပါ အခွင့်အလမ်းသစ်တွေ ပွင့်လန်းလာအောင် အစဉ်တစိုက် ဖန်တီးပေးနေမှာဖြစ်ပါတယ်ရှင်။ ✨

ယခုကဲ့သို့ အဓိပ္ပာယ်ရှိသော ချိတ်ဆက်မှုများမှတစ်ဆင့် ပိုမိုအားကောင်းသော စီးပွားရေးအသိုက်အဝန်းတစ်ခုကို အတူတကွ တည်ဆောက်သွားနိုင်မည်လို့ ယုံကြည်ပါတယ်ရှင်။ အဖိုးတန်တဲ့ အခိုက်အတန့်များကို အတူတကွ ဖန်တီးပေးခဲ့ကြသော ပွဲစီစဉ်သူများနှင့် မိတ်ဖက်များအားလုံးကိုလည်း 𝐌𝐇𝐑 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်...🎊✨

𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 & 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞! 🥂

Photos from Times City Yangon - Myanmar's post 29/01/2026

🎓ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ့် 𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 2026မှာ “𝐌𝐇𝐑” အနေနဲ့ ပါဝင်အားဖြည့်သွားမှာဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်နော်🎉

"Times City Education Fair 2026"
📅 နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့ မှ (၈)ရက်နေ့အထိ
⌚️ အချိန် - မနက် (၁၀) နာရီ မှ ညနေ (၅) နာရီ
📍 နေရာ - Times City Office Tower-1, 18လွှာ (Convention Center), Times City Complex
🏷️ Edu Fair Booth number - 26

👨‍🏫 ထပ်မံပြီး 𝐓𝐢𝐦𝐞 𝐂𝐢𝐭𝐲 ရဲ့ 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 ပွဲအခမ်းအနားမှာ 𝐌𝐇𝐑 ရဲ့ 𝐅𝐨𝐮𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐌𝐃 ဖြစ်တဲ့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐒𝐰𝐞 𝐙𝐢𝐧 မှ February လ 7 ရက်နေ့ (စနေနေ့) နေ့လည် ၂နာရီမှ ၄နာရီအထိ "Career Change at Any Age: Learning Is Never Too Late" ခေါင်းစဉ်ဖြင့် 𝐏𝐚𝐧𝐧𝐞𝐥 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 ဆွေးနွေးသွားမှာဖြစ်လို့ လာရောက်နားထောင်ဖို့အတွက်လည်း ထပ်မံဖိတ်ခေါ်လိုက်ရပါတယ်ရှင် ... 🥳🥳🥳

29/01/2026

🌿 Thank You to Our Media Partners 🌿

Youth for Future Programs ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ Media Partnership အနေနဲ့ အားပေးပါဝင်ပေးခဲ့ကြတဲ့
အဖွဲ့အစည်းအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်🙏

လူငယ်တွေအတွက် အခွင့်အလမ်းတွေ၊ SDGs နဲ့ Community Development ဆိုင်ရာ အကြောင်းအရာတွေကို ပိုမိုကျယ်ပြန့်စွာ မျှဝေနိုင်အောင် အတူတကွ လက်တွဲပူးပေါင်းပေးခဲ့ကြတာဟာ Youth for Future ရဲ့ အရေးပါတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ် ✨

Media Partnership အဖြစ် ပါဝင်ကူညီပေးခဲ့ကြတဲ့ -

🤝 United Youth Association of BURMA - UYA
🤝 The Forward Society
🤝 RiseUp Organization
🤝 SLC Advocates - Advocates for Sustainable Lifestyle and Culture
🤝 Climate Action Lab Myanmar-CALM

တို့အားလုံးကို MHR Alumni Team မှ အထူးကျေးဇူးတင်လျက်ရှိပါတယ် 💫

လူငယ်တွေ အနာဂတ်အတွက် အတူတကွ ဆက်လက်လက်တွဲပြီး ပိုမိုအဓိပ္ပါယ်ရှိတဲ့ Program တွေကို ဖန်တီးသွားနိုင်ဖို့ မျှော်လင့်ပါတယ် 🌱








Photos from MHR Alumni 's post 23/01/2026

📸 Youth for Future 2026 | Memorial Moments

ဒီပုံလေးတွေက Youth for Future Programs ရဲ့ Day 1 နဲ့ Day 2 အတွင်းမှာ လူငယ်တွေ အတူတကွ လေ့လာခဲ့တဲ့အချိန်တွေ၊ စဉ်းစားခဲ့တဲ့ အကြံဉာဏ်တွေ၊ အပြန်အလှန် ဆွေးနွေးခဲ့တဲ့ Moment တွေကို အမှတ်တရအဖြစ် သိမ်းထားတဲ့ Memorial Photos လေးတွေပါရှင့်💚

Awareness ကနေ Commitment အထိ Learning, Sharing, and Action တွေကို အတူတကွ ဖြတ်သန်းခဲ့ကြတာက ဒီ Workshop ရဲ့ အဓိပ္ပါယ်အရှိဆုံးအမှတ်တရတစ်ခုပါပဲ ✨

ဒီပုံတွေက အမှတ်တရတစ်ခုသာမက လူငယ်တွေ အနာဂတ်အတွက် တစ်လှမ်းချင်း ချီတက်လာခဲ့ကြတဲ့ အစပြုခြင်းတွေကို ကိုယ်စားပြုထားပါတယ် 🌱

Youth for Future ခရီးစဉ်မှာ အတူပါဝင်ခဲ့ကြတဲ့ လူငယ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်💫

နောက်ထပ် အဓိပ္ပါယ်ရှိတဲ့ Program တွေမှာလည်း ပြန်လည်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။








20/01/2026

Excited and grateful to be part of Networking Night 4th Edition ✨

We warmly invite you to join us for an inspiring evening of networking, learning, meaningful conversations with professionals from different fields and shared experiences 💚

ရန်ကုန်မြို့ရဲ့ စီးပွားရေးနယ်ပယ်မှာရှိတဲ့ လူငယ်တွေ၊ မြန်မာစွန့်ဦးတီထွင်သူတွေနဲ့ Professionals တွေအတွက် Impact Hub Yangon နဲ့ X Venture Holdings ကနေ ဦးဆောင်ကျင်းပတဲ့ Networking Night 4th Edition ပွဲကို စာရင်းပေးသွင်းပြီးပါပြီလား?🌃

ဒီတစ်ခေါက်မှာတော့ အရင် Edition တွေမှာလို နယ်ပယ်အသီးသီးက လုပ်ငန်းရှင်တွေအချင်းချင်း ခိုင်မာတဲ့ ရင်းနှီးမှုတွေ ချိတ်ဆက်တည်ဆောက်ပြီး မိမိတို့ရဲ့ လုပ်ငန်းနယ်ပယ်ကို ချဲ့ထွင်နိုင်မယ့်အခွင့်အရေးအပြင် အခြားစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဥ်တွေကလည်း စောင့်ကြိုနေပါတယ်။❗

ဒါ့အပြင် Networking Night 4th Edition ရဲ့ Featured Organization ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော စီးပွားရေး စီမံခန့်ခွဲမှု၊ စျေးကွက်ဆိုင်ရာစီမံခန့်ခွဲမှုနဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု စတဲ့ Bachelor, Diploma သင်တန်းများကို နိုင်ငံတကာအဆင့်မီ စနစ်တကျ သင်ကြားပြသပြီး လုပ်ငန်းတွေအတွက်လိုအပ်တဲ့ training program တွေစီစဥ်ဖန်တီးပေးတဲ့ သင်တန်းကျောင်းတစ်ခု ဖြစ်တဲ့ Myanmar Human Resource (MHR) Institute မှ ဆရာမ ဆွေဇင်အေး(Susan)ကနေ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။✨

ဆရာမဆွေဇင်အေး (Susan)ဟာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူထုစွမ်းအားမြှင့်တင်ရေး နယ်ပယ်တွေမှာ နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိတဲ့ အောင်မြင်သည့် ပညာရှင်၊ စွန့်ဦးတီထွင်သူလုပ်ငန်းရှင်နဲ့ counsellor တစ်ဦး ဖြစ်ပါတယ်။ ဆရာမက Private Higher Education Institution Association မှာလည်း အမှုဆောင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းခွင်အတွက်လိုအပ်တဲ့ skill တွေနဲ့ Professional development တွေနဲ့ပတ်သက်ပြီး သင်တန်းများစွာကို ပို့ချပေးခဲ့သူလည်းဖြစ်ပါတယ်။ ဒါတွေတင်မကပဲ women development နဲ့ youth empowerment တွေမှာ အားတက်သရော ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီလိုမျိုး နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်တွေ၊ လူငယ်တွေနဲ့ ချိတ်ဆက်ပြီး စီးပွားရေဆိုင်ရာ အတွေ့အကြုံအသစ်တွေ၊ လုပ်ငန်းအခွင့်အလမ်းအသစ်တွေ ဖန်တီးရယူနိုင်ဖို့အတွက် Networking Night 4th Edition ပွဲမှာ ပါဝင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်နော်🌟

ပွဲကျင်းပမယ့်နေရာနဲ့ အချိန်အသေးစိတ်ကတော့

📅 နေ့ရက်: ဇန်နဝါရီလ ၂၉ ရက် (ကြာသပတေးနေ့)
⌛အချိန်: ညနေ (၅) နာရီမှ (၈) နာရီ
📍 နေရာ: Impact Hub Yangon
(M-5)၊ ၃ လွှာ၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
🎟️ လက်မှတ်: ၂၀,၀၀၀ ကျပ် (သောက်စရာနှင့် အဆာပြေမုန့်များ တည်ခင်းဧည့်ခံသွားမှာ ဖြစ်ပါတယ်။)

စာရင်းသွင်းရန် လင့်ခ်: https://forms.gle/EDFFDhu9DwetFYxo9
လူဦးရေအကန့်အသတ်ရှိတာမလို့ အခုပဲ စာရင်းပေးသွင်းပြီး ပါဝင်လိုက်ပါ။🔥

[English]

Networking Night 4th Edition is back! 🌃
Impact Hub Yangon and X Venture Holdings are excited to bring back Networking Night – 4th Edition, a special event for young professionals, Myanmar entrepreneurs, and experts from Yangon’s business ecosystem.

Just like previous editions, this event offers a great opportunity to build strong connections with business owners from diverse industries, expand your professional network, and grow your business. In addition, many exciting programs and activities are waiting for you this time as well ❗

For this edition, the Feature Organization is Myanmar Human Resource (MHR) Institute, Myanmar’s first institute to systematically deliver internationally standardized bachelor, diploma programs in Business Management, Marketing Management, and Human Resource Management, as well as customized training programs tailored to organizational needs.

Sayarma Swe Zin Aye (Susan) from MHR Institute will be sharing her valuable experiences during the session ✨
She is a respected professional, entrepreneur, and counselor with over 20 years of experience in Myanmar’s education sector, business development, and community empowerment. She has also served as an executive member of the Private Higher Education Institution Association and has delivered numerous training on workplace skills and professional development. In addition, she has been actively involved in women development and youth empowerment initiatives.

We warmly invite you to join Networking Night 4th Edition to connect with successful entrepreneurs and passionate young professionals from various fields, gain fresh business insights, and discover new opportunities 🌟

Event Details
📅 Date: January 29 (Thursday)
⌛ Time: 5:00 PM – 8:00 PM
📍 Venue: Impact Hub Yangon
(M-5), 3rd Floor, Kandawgyi Yeikmon Housing, Mingalar Taung Nyunt Township, Yangon
🎟️ Ticket: 20,000 MMK (Drinks and light snacks will be provided)
👉 Registration Link: https://forms.gle/EDFFDhu9DwetFYxo9
Seats are limited, so register now and secure your spot 🔥

16/01/2026

Tomorrow is the Big Day! ✨

မနက်ဖြန်မှာတော့ အားလုံး စောင့်မျှော်နေတဲ့ "Youth For Future 2026" Workshop ကြီး စတင်တော့မှာ ဖြစ်ပါတယ်။ 🌍🚀

မနက်ဖြန်မှာ ကျင်းပမယ့် "Youth For Future 2026" workshop ကို တက်ရောက်မယ့်သူတွေအတွက် အရေးကြီးတဲ့ အချက်လေးတွေကို သတိပေးပါရစေရှင့်။

ပွဲကို အဆင်ပြေပြေ တက်ရောက်နိုင်ဖို့အတွက် မနက်ဖြန်လာတဲ့အခါ ဒီအချက်လေးတွေကို မမေ့မလျော့ ယူဆောင်လာခဲ့ဖို့ တောင်းဆိုချင်ပါတယ်ရှင့်။

- မှတ်ပုံတင်
- Refillable water bottle (No plastic items allowed – bring a refillable (non-plastic) water bottle)

📍 နေရာ: UAB bank office tower 2 (Time City) 🕐 အချိန်: နေ့လယ် ၁:၀၀ နာရီ

"The change we need begins with the choices we make today." 🌏✨

ဒီနေ့ညတော့ စောစောအိပ်ပြီး မနက်ဖြန်အတွက် အားအပြည့်နဲ့ တွေ့ကြရအောင်နော်!💕

15/01/2026

"Youth For Future 2026" Workshop အတွက် စိတ်ဝင်တစားနဲ့ စာရင်းပေးသွင်းခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

လက်ရှိမှာတော့ သတ်မှတ်ထားတဲ့ လူဦးရေပြည့်တော့မှာမလို့ Registration Form လေးကို အမြန်ဆုံး သွားရောက် Registerလုပ်နိုင်ပါပြီးနော်🚫📝

Register here:👇🏻
https://forms.gle/VP1LCJ93P68sgm4e8

ဒါအပြင် ဒီတခါ အခြေနေအကြောင်းကြောင်းကြောင့် မjoinလိုက်ရတဲ့ လူငယ်တွေအတွက်လဲ အကျိုးရှိမယ့် အစီအစဉ်ကောင်းတွေကို MHR Alumni ကနေ ထပ်မံလုပ်ဆောင်သွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။ ✨

စာရင်းပေးသွင်းထားသူများထဲမှ ရွေးချယ်ခံရသူတွေကို မကြာခင်မှာ အသေးစိတ် အချက်အလက်တွေအတွက် ပြန်လည်ဆက်သွယ်ပေးသွားပါမယ်ရှင့်။

"The change we need begins with the choices we make today." 🌏✨

Photos from SLC Advocates - Advocates for Sustainable Lifestyle and Culture's post 15/01/2026

Media Partnerships Announcement with SLC Advocates - Advocates for Sustainable Lifestyle and Culture📣

Photos from RiseUp Organization's post 14/01/2026

Media Partnerships Announcement with RiseUp Organization📣

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Room No (6-D), 6 Floor, Pansodan Business Tower, Corner Of Anawrahta Street And Pansodan Street, Kyauktada Township
Yangon
11011