26/04/2026
Preposition လဲ ကျောင်းမှာသင်ခဲ့ရပြီးပြီဆိုရင် ဒီ exercise လေးကို ဖြေကြည့်ကြရအောင်နော် ✨
Fun and easy lessons for young learners. Learning made happy, simple, and exciting!
26/04/2026
Preposition လဲ ကျောင်းမှာသင်ခဲ့ရပြီးပြီဆိုရင် ဒီ exercise လေးကို ဖြေကြည့်ကြရအောင်နော် ✨
📢 (၁) လ အခမဲ့ သင်ကြားခွင့် အစီအစဉ်
ကလေးများ၏ အင်္ဂလိပ်စာစွမ်းရည်နှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ အခြေခံကောင်းများ ခိုင်မာလာစေရန် ရည်ရွယ်၍ ကျွန်မတို့၏ **General English** နှင့် **Cambridge Science** သင်တန်းများတွင် (၁) လ တိတိ အခမဲ့ တက်ရောက်နိုင်မယ့် အထူးအစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများကို အခြေခံပြီး ထိရောက်သော သင်ကြားမှုစနစ်ဖြင့် လေ့လာလိုသူများအတွက် လက်လွတ်မခံသင့်သည့် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။
ဖွင့်လှစ်မည့် သင်တန်းများ
General English Class: နေ့စဉ်သုံး အင်္ဂလိပ်စာမှစ၍ ကျွမ်းကျင်စွာ ပြောဆို၊ ရေးသားနိုင်စေရန် စနစ်တကျ လေ့ကျင့်သင်ကြားပေးမည့် အတန်း။
Cambridge Science Class: Cambridge သင်ရိုးကို အခြေခံပြီး သိပ္ပံဘာသာရပ်ဆိုင်ရာ သဘောတရားများကို စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် သင်ကြားပေးမည့် အတန်း။
ပါဝင်ရန် စည်းကမ်းချက်များ
ဤပညာဒါန အစီအစဉ်တွင် သင်တန်းသား စုစုပေါင်း (၁၀) ဦး ကို ရွေးချယ်သွားမည်ဖြစ်ပြီး အောက်ပါအချက်များကို လုပ်ဆောင်ရပါမည် -
၁။ ဤ Post ကို Like လုပ်ပြီး မိမိ၏ Timeline တွင် Public ဖြင့် Share ပေးပါ။
၂။ ဤသင်တန်းကို တက်ရောက်လိုသည့် ခိုင်လုံသော အကြောင်းပြချက် (Reason)ကို Comment တွင် ရေးသားဖော်ပြပေးပါ။
၃။ မိမိတက်ရောက်လိုသည့် ဘာသာရပ်ကိုလည်း (English သို့မဟုတ် Science) ဟု တစ်ပါတည်း ထည့်သွင်းပေးရပါမည်။
ရွေးချယ်မှု အစီအစဉ်
ကျွန်မတို့အနေဖြင့် ရေးသားထားသော အကြောင်းပြချက်များအပေါ် မူတည်၍ သင်ယူလိုစိတ် အထက်သန်ဆုံး ကျောင်းသား/သူ (၁၀) ဦးကို စိစစ်ရွေးချယ်သွားမည် ဖြစ်ပါသည်။
08/03/2026
နွေကျောင်းပိတ်ရက်မှာ Cambridge science ကို လေ့လာချင်တဲ့ သားသား မီးမီးတို့အတွက် group class လေး ရှိပါဦးမယ်
GS or PS grade 3 to 5 ကနေ စတင်တက်ရောက်လို့ရပါတယ်
အတန်းတစ်တန်းမှာ ကလေး ၅ ယောက် ကနေ ၈ ယောက်အထိသာ လက်ခံပါမယ်
နွေရာသီအတွက်ဖွင့်တဲ့ နောက်ဆုံးအတန်းလေးမို့လို့ တက်ချင်တဲ့ ကလေးမိဘများ အခုထဲက စာရင်းပေးသွင်းလို့ရပါပြီရှင်
09/01/2026
ကဲ ဒီနေ့တော့ တီချယ်နဲ့အတူ Oxford Reading Tree ရဲ့ The Cinderella Play ဆိုတဲ့ စာအုပ်လေးကို လေ့လာကြည့်ရအောင်နော် 📚
စာအုပ်လေးရဲ့ အားသာချက်က ပုံလေးတွေနဲ့အတူ လွယ်ကူတဲ့ sentence structure လေးတွေကိုသုံးထားပေးတာပါ သားသားမီးမီးတို့အနေနဲ့ စကားလုံးအသစ်လေးတွေလည်းလေ့လာလို့ရမယ် Reading နဲ့ Speaking ပါ တိုးတက်ချင်တယ်ဆိုရင်တော့ တီချယ် အပတ်စဥ်တင်ပေးမဲ့ Story လေးတွေ တစ်ခုချင်းကို ဖတ်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်ရှင်..........
09/01/2026
Summer speaking class လေးမှာ ဘယ်လိုစာအုပ်လေးတွေ အသုံးပြုပြီးသင်ကြားပေးမလဲဆိုတာကို စိတ်၀င်စားကြတဲ့ မိဘတွေအတွက် စာအုပ်လေးတွေအကြောင်းရှင်းပြပါမယ်ရှင့်
ABC စသင်တဲ့အရွယ်ကနေစလို့ speaking ပြောတတ်တဲ့အထိ အရမ်းအသုံး၀င်တဲ့စာအုပ်လေးဖြစ်တဲ့ Family and Friends စာအုပ်လေးကို အသုံးပြု သင်ကြားပေးသွားမှာပါရှင့်
Listening file လေးတွေလည်းပါ၀င်ပြီးတော့ activities စုံစုံလင်လင်နဲ့ သားသားမီးမီးတို့ စိတ်ပါ၀င်စားစွာ လိုက်လုပ်လို့ရတဲ့ စာအုပ် series လေးလည်း ဖြစ်ပါတယ်
Government နဲ့ Private school တက်တဲ့ သားသားမီးမီးတို့က Starters level ကနေ စတင် သင်ကြားရမှာဖြစ်ပြီး Level 6 အထိ ဆက်လက်သင်ကြားမယ်ဆိုရင်တော့ Flyer ရောက်ပါပြီ
စာအုပ်လေးရဲ့ ပုံလေး တစ်ချို့ကိုလဲ လေ့လာလို့ရအောင် ပို့စ်မှာထည့်ပေးထားပါတယ်ရှင့်
သင်တန်းများစုံစမ်းချင်ပါက သင်တန်းရဲ့ messenger ကနေတစ်ဆင့် မေးမြန်းနိုင်ပါတယ်ရှင်
ကောင်းသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ✨️
08/01/2026
Science Comics လေးတွေဖတ်ချင်တယ် ဘာလေးဖတ်ရမလဲ မသိဖြစ်နေတယ်ဆိုရင် ဒီ series လေးကို ညွှန်းချင်ပါတယ်
Comics ကိုမှ panel အများကြီးနဲ့ ဖတ်ရမဲ့အပြင် Educational content တွေဘဲ ပါ၀င်ပြီး Storytelling ပုံစံလေး detail ကျကျ ရေးဆွဲထားတဲ့အတွက် ကလေးတွေသာမက လူကြီးတွေပါ နှစ်ခြိုက်စေလောက်မှာပါ
ဖတ်လိုက်တိုင်းမပျင်းရိစေဘဲ Reading ရော Knowledge ပါ တိုးတက်စေချင်ရင် ဒီ Science Comics စာအုပ်လေးတွေဖတ်ကြည့်ပါလို့ အကြံပြုပါတယ်ရှင် 📚
Summer အတွက် Speaking တစ်မျိုးတည်းကိုသာ အထူးပြုသင်ကြားပေးမယ့် Tchel Kiwi ရဲ့ Class လေး လာပါပြီ 🎉✨️
🔹️ဒီအတန်းလေးကတော့အပတ်စဉ်
Saturday နဲ့ Sunday မှာ တစ်ရက်ကို တစ်နာရီ သင်ကြားပေးမှာဖြစ်ပြီး
🔹️Class တစ်ခုမှာလည်း ကျောင်းသား ၁၀ ယောက်သာ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်
🔹️Level 1 ခုစီကို အချိန် 6 လခန့်ကြာမြင့်မှာဖြစ်ပြီး Level 3 ခု အထိ တက်ရောက်နိုင်မှာဖြစ်ပါတယ်
🔹️Zoom application နဲ့သင်ကြားပေးမှာဖြစ်ပြီး Telegram channel မှာလည်း group ဖွဲ့ပေးထားမှာဖြစ်လို့ Homework များ discussion များကိုလည်း တီချယ်နဲ့အတူ အမြဲ ထိတွေ့ဆွေးနွေးနိုင်မှာဖြစ်ပါတယ်
🔹️ English to English သင်ကြားမှာ ဖြစ်တဲ့အတွက် သင်တန်းမတက်ရောက်ခင် Test လေးတစ်ခု အရင်ဖြေဆိုရမှာဖြစ်ပါတယ်ရှင်
🔹️Class လေးက February 14 ရက်နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်လို့ မေမေတို့အနေနဲ့ ယခုထဲက ကြိုတင်အပ်နှံထားလို့ရပါပြီရှင်
အသေးစိတ် စုံစမ်းလိုပါက
Page's Messenger မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ✨️✨️✨️
🎁ပထမဆုံးအပ်နှံပေးတဲ့ ကျောင်းသား ၃ ယောက်ကို 20000 mmk discount ပေးအပ်သွားမှာဖြစ်ပါတယ်.......