မြတ်ပန်းသစ္စာ သစ်ခွအလှမျိုးစုံ - Orchid nursery

  • Home
  • Myanmar
  • Yangon
  • မြတ်ပန်းသစ္စာ သစ်ခွအလှမျိုးစုံ - Orchid nursery

မြတ်ပန်းသစ္စာ သစ်ခွအလှမျိုးစုံ - Orchid nursery ပျော်ရွှင်မှုကိုခံစားဖို့ပန်းလေးတွေစိုက်ကြစို့

17/01/2023
မင်မင်ကိုယ်တိုင်သေချာစိုက်ထားတာမို့နောက်လဆိုရပါပြီနော်
05/01/2023

မင်မင်ကိုယ်တိုင်သေချာစိုက်ထားတာမို့နောက်လဆိုရပါပြီနော်

ချစ်တို့ရေ             အသစ်တွေနဲ့ပြန်လာပါပီနော်သည်အရောင်ကြာပင်ပေါက်လေးတွေစိတ်ဝင်စားကြလား
05/01/2023

ချစ်တို့ရေ
အသစ်တွေနဲ့ပြန်လာပါပီနော်
သည်အရောင်ကြာပင်ပေါက်လေးတွေစိတ်ဝင်စားကြလား

လက်ကားစျေးသီးသန့်ပါ၁၀ပင်၁ဖာကို ၁၃၀၀၀၀ပါအခုလောလောဆယ် ၂ရောင်ပဲအရင်ရပါမယ်နော်ပန်းသက်ရှည်ရာသီဆိုတော့လှပတဲ့ပန်းခက်တွေအများကြီ...
24/01/2021

လက်ကားစျေးသီးသန့်ပါ
၁၀ပင်၁ဖာကို ၁၃၀၀၀၀ပါ
အခုလောလောဆယ် ၂ရောင်ပဲအရင်ရပါမယ်နော်
ပန်းသက်ရှည်ရာသီဆိုတော့လှပတဲ့ပန်းခက်တွေအများကြီးမြင်ရမှာပါနော်..
၁အိုးမှာပန်းခက် ၄ခက် ၅ခက်ပါပါတယ်..
095024865ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်..

ရောင်စုံမှစိုက်ချင်သောမမတို့အတွက်ပိန်းပန်းရောင်စုံလေးတွေရပါပြီနော်အနီလိမ္မာ် အဝါ  ပုဇွန်ဆီ ခရမ်းသေး ပန်းစီရောင်သေးပန်းရေ...
24/01/2021

ရောင်စုံမှစိုက်ချင်သောမမတို့အတွက်

ပိန်းပန်းရောင်စုံလေးတွေရပါပြီနော်
အနီလိမ္မာ် အဝါ ပုဇွန်ဆီ ခရမ်းသေး ပန်းစီရောင်သေးပန်းရောင်ဖျော့လေး စိမ်းဖြူတွေပါပါတယ်နော်
အရောင်စုံလေးတန်စီစိုက်မလား
ဘုရာပန်းရောင်စုံကပ်မလား
ကြိုက်ရာရွှေးလို့ရပါတဟ်နော်
အပင်သန်သန်ရပမလားစိတ်ပူနေတယ်မလားမင်မင်ကိုယ်တိုင်စိတ်တိုင်ကျရွေးပေးတာနော်
စိုက်နည်းလားဒါလဲမပူပါနဲ့အားလုံးပြောပြဖို့မင်မင်တာဝန်ထားပါ
ဆေးကောဘာထည့်ရမှာလဲဟုတ်လားဒါလဲလျိုဝှက်ချက်လေးပြောပြမှာနော်
တစ်အိုး7000
၅အိုးရောင်စုံယူသောCustomer များအတွက်
ပိန်းအပင်ပေါက်တစ်အိုးလက်ဆောင်ထည့်ပေးမှာနော်
အရေအတွက်ကန်သတ်ထားတာမို့အမြန်ဆုံးမှာလိုက်တော့နော်
cb or 095024865ကိုအမြန်ဆက်သွယ်လိုက်ပါနော်

ပိန်းပန်းရောင်စုံလေးတွေရောက်နေပါပြီနော်အိမ်ရှင်မများအမော​ပြေစိုက်ချင်လို့ဖြစ်ဖြစ်ဘုရားစင်မှာလှချင်လိုပဲဖြစ်ဖြစ်အရောင်စုံ...
23/01/2021

ပိန်းပန်းရောင်စုံလေးတွေရောက်နေပါပြီနော်
အိမ်ရှင်မများအမော​ပြေစိုက်ချင်လို့ဖြစ်ဖြစ်
ဘုရားစင်မှာလှချင်လိုပဲဖြစ်ဖြစ်
အရောင်စုံစိုက်ချင်လို့ပဲဖြစ်စေရနိင်ပါပြီနော်
ရေနဲ့ပံစိုက်စိုက်အိုးပြောင်းပြီးစိုက်စိုက်ကြိုက်နှစ်သက်ရာရွေးချယါစိုက်ပျိုးနိင်ပါတယ်နော်
စိုက်နည်းတွေလည်းမေးလို့ရပါတယ်နော်
တစ်အိုး၇၀၀၀
၁၀အိုး၆၅၀၀
ပိန်းဆေးတစ်ထုပ်နဲ့အပင်ပေါက်တစ်ပင်လက်ဆောင်ပေးမှာနော်
အိမ်အရောက်delivery လဲရှိပါတယ်
cbor 095024865

22/01/2021

ပိန်းရောင်စုံလေးတွေရပါပြီနော်
ချစ်သဲတို့စိတ်ကြိုက်ဝယ်လို့ရပြိနော်
အရောင်တွေလဲအများကြီးပါတယ်နော်
တစ်အိုး၇၀၀၀
10အိုး၆၅၀၀
လက်ဆောင်ပိန်းဆေးတစ်ထုပ်နံဲ့ပိန်းပင်ပေါက်တစ်အိုးပါနော်
အမြန်မှာလိုက်နော်
Cbor 095024865

21/01/2021

ကတ်တလီယာ စုံစီနဖာ
------------------------------------------
ဒီတပတ်ကတော့
Queen of the Orchidsလို့ တင်စားကြတဲ့
Cattleyaကတ်တလီယာအကြောင်းပါပဲခမျာ။

(၁)ကတ်တလီယာလို့စတင်ခေါ်ဆိုပုံ
(၂)ကတ်တလီယာ စိုက်ပျိုးခြင်း
(၃)ကတ်တလီယာ အပွင့်ကြီးစေရန်/အပွင့်များ‌စေရန်
(၄)ကတ်တလီယာ ပြန်လည်စိုက်ပျိုးခြင်း/အိုးလဲခြင်း။

(ကြိုပြောပါတယ်။စာဖတ်ရမှာ များပါမယ်။
စေတနာဗရပွနဲ့ ရေးပေးထားပါတယ်ဗျာ)

====================================

(၁) #ကတ်တလီယာလို့စတင်ခေါ်ဆိုပုံ
🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

*၁၈၁၇ခုနှစ်*မှာ ဝီလီယံစွိုင်းဆန်(William Swainson)က ဘရာဇီးမှာ အပင်သစ်တစ်ပင်ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအပင်ကို * #ဝီလီယံကတ်တလီ (William Cattley)*က ပန်းပွင့်အောင် လုပ်ပေးခဲ့ပါတယ်။ဝီလီယံကတ်တလီကို ဂုဏ်ပြုသောအားဖြင့် အဲ့ဒီအပင်ကို ကတ်တလီယာ (Cattleya)လို့ ၁၈၂၄မှာ စတင်ခေါ်ဆိုခဲ့ပါတယ်။

ကတ်တလီယာဟာ
#လူကြိုက်အများဆုံးသစ်ခွဆိုတာပြောဖို့လိုမယ်မထင်။
တချို့မြေမှာစိုက်လို့ရတဲ့မျိုးစိတ်ဖြစ်ပြီး လူသိများတဲ့မျိုးစိတ်ကတော့ တခြားအပင်တွေမှာကပ်ပြီး ရှင်သန်ကြပါတယ်။ ဂျင်းတက်လို ပင်စည်လေးကနေ ခေါက်ဆွဲသဏ္ဌန် အမြစ်တွေ ထွက်ပါတယ်။အခြားသစ်ခွတွေလိုပဲ အစာ‌နဲ့ရေကို လေထုထဲကနေ စုပ်ယူနိုင်စွမ်းရှိပါတယ်။

#ဒီသစ်ခွရဲ့ထူးခြားချက်ကတော့
ရေကိုသိုလှောင်ထားနိုင်တဲ့ လွန်းပုံသဏ္ဌန် ပင်စည်ယောင်ဥ(pseudobulbs)ပါရှိပါတယ်။အရွယ်အစားလဲကြီးတယ်။ဒါကြောင့် ရေပြတ်သွားတဲ့အချိန်တွေမှာ ပင်စည်ယောင်ထဲက သိုလှောင်ထားတဲ့ရေတွေကို အမြစ်တွေဆီပို့ပြီး အသက်ရှင်စေပါတယ်။

ပင်စည်ယောင်ဥရဲ့ထိပ်မှာ အရွက်ဟာ တစ်ရွက် သို့မဟုတ် နှစ်ရွက်ပါရှိပါတယ်။အရွက်ဟာ ဘဲဥပုံ၊လှံဖျားပုံ ဖြစ်ပါတယ်။
ပွင့်ပပ်Sepalနဲ့ ပွင့်ဖတ်(petal)ဟာ တသီးတခြားစီရှိပါတယ်။
အပင်ရဲ့ခန္ဓာဗေဒကြီးကို လေ့လာပြီးတဲ့နောက်မှာ ဘယ်လို စိုက်ပျိုးရမလဲဆိုတဲ့အပိုင်း အောက်တွင် ဆက်ဖတ်ပါ👇👇👇။

======================================

(၂) #ကတ်တလီယာစိုက်ပျိုးခြင်း
🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

အိုး)
ရေလောင်းတဲ့အခါ အောက်ကိုရေကောင်းကောင်း စီးဆင်းနိုင်တဲ့ အပေါက်များများပါတဲ့ အိုးကို အသုံးပြုသင့်ပါတယ်။

ပွားစာ)
ရေမ၀ပ်နိုင်တဲ့ပွားစာ။ရေကောင်းကောင်းစီးဆင်းနိုင်တဲ့ပွားစာကိုအသုံးပြုရပါမယ်။

အလင်းရောင်)
ကတ်တလီယာမှာ အလင်းရောင်ဟာ အင်မတန်အရေးကြီး၊အဓိကကျပါတယ်။မနက်ပိုင်းမှာ တိုက်ရိုကိနေရောင်ကို ခံနိုင်ရည်ရှိပေမယ့် နေခင်းပိုင်းမှာ တိုက်ရိုက်နေရောင်ကို ခံနိုင်ရည်မရှိပါ။ အလင်းလိုအပ်ချက်ကတော့ ၅၀%ကနေ ၇၀%ထိ ဖြစ်ပါတယ်။

အပူချိန်)
နေ့အပူချိန် ၂၅-၃၀°C (၇၇-၈၆°F)
ညအပူချိန် ၁၀-၁၂°C (၅၀-၅၄°F)
အရွယ်ရောင်အပင်တွေအတွက် နေ့အပူချိန်နဲ့ ညအပူချိန်ဟာ ၁၅ဒီဂရီလောက် ခြားပေးရပါမယ်။
အပူချိန်ဟာ ပန်းပွင့်အတွက် အရေးကြီးပါတယ်။ပန်းပွင့်တဲ့ရေးတဲ့အခါ အကျယ်တ၀င့်ရှင်းပြပါမယ်။

စိုထိုင်းဆ)
၅၀ကနေ ၈၀ရာခိုင်နှုန်း လိုအပ်ပါတယ်။
လေ၀င်လေထွက်ကောင်းရမယ်။ တအိုးနဲ့ တအိူး ကပ်မနေသင့်ဘူး။ ဒါမှ စိုထိုင်းမှုလွန်ကဲခြင်းကြောင့်ဖြစ်တတ်တဲ့ မှိုနဲ့ ဘတ်တီးရီးယား ဘေးကနေ ကာကွယ်ပေးနိုင်မယ်။

ရေ)
အရွယ်ရောက်ပင်စည်ယောင်ဥတွေရှိတဲ့ အပင်တွေအတွက် ပွားစာခြောက်မှ ရေလောင်းသင့်ပါတယ်။ အပင်ပေါက်တွေ၊အပင်ကြီးထွား‌နေချိန် အတွက်ကတော့ စိုထိုင်းဆပိုများအောင် ရေလောင်းပေးသင့်ပါတယ်။ ကတ်တလီယာအတွက် သတိထားရမှာက ရေအေးနဲ့ မလောင်းသင့်ပါ။၅၀°Fအောက်အေးနေတဲ့ရေနဲ့ လုံး၀မလောင်းသင့်ပါ။mineralမင်နရယ် ဆားဓာတ်ပါတဲ့ ရေနဲ့လဲ မလောင်းသင့်ပါ။

ဆေးကျွေးခြင်း)
သစ်ခေါက်ကိုပွားစာအဖြစ်အသုံးပြုထားမယ်ဆိုရင်
နိုက်ထရိုဂျင်များတဲ့ ၃၀-၁၀-၁၀ကိုကျွေးသင့်ပါတယ်။
တခြားပွားစာတွေဆိုရင်တော့NPKအချိုးညီတဲ့ ဆေးကိုကျွေးသင့်ပါတယ်။ဥပမာ ၂၁-၂၁-၂၁(နှစ်ဆယ့်တစ်ပတ်လည်)။ အပင်ပေါက်တွေနဲ့ကြီးထွားဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ဆေးကို နှစ်ပတ်တခါကျွေးပေးဖို့လို။

(ဆေးကျွေးတာနဲ့ပတ်သက်ပြီး အောက်မှာအသေးစိတ်ရှိ)

=========================================
(၃) #ကတ်တလီယာအပွင့်ကြီးစေရန်/အပွင့်များစေရန်
🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

ဆေးတွေကျွေးနေပေမယ့်
သူများကတ်တလီယာတွေလို အုံခဲနေအောင် မဖွင့်ရင် အပွင့်တွေမကြီးနေရင် ဘယ်သူမဆို အားငယ်မိမှာပဲ။သူများပန်းတွေလို ဂေါ်ချင်တယ်ဆိုရင်တော့...........👇👇👇စာဖတ်ဖို့မပျင်းနဲ့။

ကဲလာပြီ။

1️⃣ပထမဆုံး အပင်ရဲ့ပွားစာအခြေအနေကို စစ်ကြည့်ပေးပါ။ဆွေးနေရင် လဲပေးဖို့လိုပါမယ်။ပွားစာဆွေးနေရင် အမြစ်တွေပုပ်တတ်ပြီး အပင်ကြီးထွားဖို့ နှောင့်နှေးစေပါတယ်။

2️⃣ပြီးရင် အပင်ကို သားတက် များနိုင်သမျှ များများထွက်အောင် လုပ်ပေးရမယ်။သားတက်တွေကြီးလာတာကနေ အပွင့်ပွင့်တာကိုး။သားတက်များဖို့ဆို NPKအချိုးအစားမှာ Nitrogenနိုက်ထရိုဂျင်ဓာတ်များတဲ့ ၃၀-၂၀-၁၀/၃၀-၅-၅ ဆေးတွေကို ကျွေးပေးဖို့ လိုပါတယ်။ အဲ့ဒီဆေးတွေကို နှစ်ပတ်တစ်ကြိမ်သုံးနှုန်းနဲ့ သားတက်မထွက်မချင်း ကျွေးပေးရပါမယ်။ ခန့်မှန်းကြာချိန် တလ နှစ်လအတွင်း ကျွေးပေးရင် ရပါပြီ။

3️⃣သားတက်တွေကြီးလာရင် NPKမှာ ဖော့စဖော့ရပ်စ်Phosphorous များတဲ့ ၁၀-၅၂-၁၇ အပွင့်ဆေးကို ကျွေးရပါမယ်။ ဒီဆေးတွေသုံးနေတုန်း ကြားရက်တွေမှာ ၂၁ပတ်လည်၊B1တို့ကိုလဲ ပုံမှန်ကျွေးပေးနေရမယ်နော်။

4️⃣ဆေးကျွေးရုံပဲလား။No.....။
အပူချိန်ကို ထိန်းညှိရအုံးမယ်။ နေ့ဘက်အပူချိန်အတိုင်း
ညဘက်မှာလဲ ပူနေရင် အပင်ကြီးထွားဖို့ ကြာသလို ပွင့်လာတဲ့အပွင့်ဟာလဲ သေးနေတတ်ပါတယ်။ ဆိုတော့ကာ ညဘက်အပူချိန်ကို လျော့ချပေးရမယ်။ ဘယ်လို လျော့ချပေးမလဲ။ မိမိသစ်ခ္ခခြံအောက်မှာ သဲတစ်လွှာ၊စက်ဖွဲပြာ တစ်လွှာ၊မြေကျောက်ခဲ တစ်လွှာ.....စုစုပေါင်း သုံးလွှာခင်းပေးရပါတယ်။ နေ့ဘက်အပူချိန်မြင့်နေရင် ညနေဘက်မှာ သစ်ခွကို ရေမလောင်းဘဲ အောက်က အခင်းကို တိုက်ရိုက်ရေလောင်းပေးခြင်းအားဖြင့် ညဘက်မှာ ရေငွေ့လေးတွေတက်ပြီး အပူချိန်ကို လျော့ချပေးနိုင်ပါတယ်။ဒါဆို အပွင့်လှလှကြီးကြီးတွေ ပွင့်လာပါမယ်။ အလွှားသုံးလွှာခင်းခြင်းအားဖြင့် မခရုတို့၊ကိုရထားကောင်တို့၊ ကိုကြီး ပုရွက်ဆိတ်တို့ အန္တာရယ်ကလဲ ရှောင်ဖယ်ပြီးသား ဖြစ်ပါတယ်။

5️⃣သားတက်ထွက်စကနေ ပန်းပွင့်ဖို့အထိ ခန့်မှန်းကြာချိန် ၆လ ဖြစ်ပါတယ်။အဲ့တာကြောင့် ကတ်တလီယာက တစ်နှစ်ကို နှစ်ကြိမ်ပဲ ပွင့်တယ်လို့ ပြောပါတယ်။တကယ့်ဆရာဂုရုကြီးတွေကတော့ တစ်နှစ်ကို သုံးကြိမ်ပွင့်အောင် စွမ်းဆောင်နိုင်ကြပါတယ်။

#နောက်ထပ်သိထားရမယ့်အချက်.......
#အပွင့်အရွယ်အစား။
❓အပင်ကြီးလို့ အပွင့်ကြီးလေသလား....။❓
❓အပင်ကြီးပေမယ့် အပွင့်မကြီးဘူး။ဘာဖြစ်တာလဲ။❓
❓ရေ့.......ငါ့အပင်ကသေးပေမယ့် အပွင့်ကြီးကြီး ပွင့်ပေးတယ်။ ဘာဖြစ်လို့လဲ။❓

မေးခွန်းပေါင်းစုံအတွက်အ‌ဖြေ......။
အပင်အုံကြီးရင် အပွင့်ကြီးမယ်။မှန်ပါတယ်။အပင်အုံကြီးတာဟာ အရွယ်ရောက်ပြီး လုံကြီးပေါက်လှမို့ ပန်းကောင်းကောင်းပွင့်နိုင်ပြီလို့ ဆိုလိုပါတယ်။ ဒီအပင်အုံကနေ ခွဲစိုက်ထားတဲ့ အပင်တွေမှာ အပင်အုံသေးပေမယ့် သားတက်နည်းပေမယ့် အပွင့်ကြီးပါတယ်။ အပင်က သက်တမ်းရင့်နေတော့ အားပိုရှိပြီး ပေမှီ ဒေါက်မှီ အပွင့်တွေ ပွင့်ပေးနိုင်ပါတယ်။

အပင်အုံကြီးတော့ ကြီးနေတာပဲ အပွင့်ကတော့သေးတယ်ဆိုတာက အပင်ဟာ စပွင့်စမို့၊ပင်ပျိုမို့လို့၊
matureသက်တမ်းမရင့်သေး လို့ပါ။ ဗန်ဒါပင်တွေဟာလည်း ကတ်တလီယာလိုပါပဲ။အပင်ကြီးလေ အခိုင်လှပြီး အပွင့်ကြီးလေပါပဲဗျ။

ကတ်အသေးဆိုရင်တော့ အပွင့်အသေးပဲပွင့်မှာနော်😒။
(ကတ်အသေးက ပင်စည်ယောင်ဥမှာ အရွက် နှစ်ရွက်ထိရှိပြီး ကတ်အကြီးကတော့ အရွက်တစ်ရွက်တည်းရှိပါ
တယ်။ကတ်အကြီးက အပွင့်အိတ်နဲ့ပွင့်ပါတယ်။)

===========================================

(၄) #ကတ်တလီယာပြန်လည်စိုက်ပျိုးခြင်း/အိုးလဲခြင်း
🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

အပွင့်ကြီးတွေပွင့်တဲ့အပင်ကနေ ကိုင်းဖြတ်ပြီး ပြန်ပွားချင်တာပဲဖြစ်ဖြစ်၊အိုးလဲချင်တာပဲ ဖြစ်ဖြစ် ဒီခေါင်းစဉ်ခွဲလေးကို ဖတ်ထားရင် အကျိုးရှိမှာပါ။

အမြစ်တွေ၊အပင်တွေဟာ
အိုးနှုတ်ခမ်းပေါ်ကနေ အပြင်ကိုလျှံထွက်နေရင်။
ပွားစာတွေဆွေးပြီး ရေစီးဆင်းတာနည်း၊အမြစ်တွေပုပ်နေရင် အိုးလဲဖို့လိုအပ်ပါပြီ။

အကောင်းဆုံးအချိန်ကတော့
ပန်းပွင့်လို့ ပြီးသွားတဲ့အချိန် (သို့မဟုတ်) အပင်အသစ်လေးတွေ စမထွက်ခင်အချိန် ဖြစ်ပါတယ်။‌နွေဦးပေါက်နဲ့ မိုးအကုန်ဆောင်းအကူးပေ့ါ။ အိုးအသစ်ထဲမှာ ပင်စည်ယောက်ဥ အနည်းဆုံး ၃ဥကနေ ၅ဥထိ ရှိနေသင့်ပါတယ်။

ကဲ အဆင့်အတိုင်းလုပ်ကြည့်ရအောင်။

1️⃣ပထမဦးဆုံး လဲမယ့်အပင်အုံကို ရေရွှဲရွှဲလောင်းထားပါ။ရေလောင်းထားတဲ့အတွက် အလွယ်တကူ အိူးထဲက ဆွဲထုတ်လို့ရမှာမို့ပါ။
2️⃣အိုးထဲကနေ ငြင်သာစွာ အပင်ကိုထုတ်ပါ။ အမြစ်တွေ ပတ်ချာလည် ပေါက်နေတာကို တွေ့မှာပါ။အမြစ်ကြားမှာရှိတဲ့ ပွားစာတွေကို လက်နဲ့ သေချာကုပ်ပြီး ဖယ်ထုတ်ပါ။ ဒီအဆင့်က စိတ်ရှည်ဖို့လိုပါမယ်။စိတ်ရှည်သည်းခံ အပင်သန်။အယ့်လဲ့😁။
3️⃣ပွားစာတွေအကုန်ရှင်းထုတ်ပြီးရင် ပုပ်နေတဲ့/ခြောက်ကပ်နေတဲ့ အမြစ်တွေ၊အရွက်တွေကို သန့်ရှင်းတဲ့ကတ်ကြေးနဲ့ညှပ်ပါ။ အပင်ပွားချင်တဲ့သူက အကိုင်းကို သေချာညှပ်ဖြတ်ပါ။အနည်းဆုံး ၃ပင် ၄ပင်တော့ ရှိရမယ်။ဒါမှ အားပြန်ပြုနိုင်ပြီး အပင်သစ်တွေထပ်ထွက်မှာ။
4️⃣အိုးရွေးမယ်။ပွားစာရွေးမယ်။
ကော်အိုးသုံးတဲ့သူက ကော်အိုးသာ အစိုဓာတ်ကို မထိန်းသိမ်းနိုင်လို့ လက်မ၀က်အရွယ်လောက် ဖြတ်ပိုင်းထားတဲ့ အုံးခွံကို သုံးသင့်ပါတယ်။ရွှံ့အိုးက အစိုဓာတ်ထိန်းထားနိုင်လို့ မီးသွေးခဲအသေးလေးတွေ၊ဖော့တုံးလေးတွေချေပြီး သူံးနိုင်ပါတယ်။
အိုးလဲတဲ့သူက ပိုကြီးတဲ့အိုးနဲ့ ပြောင်းလဲသင့်ပြီး ပြန်ပွားတဲ့သူကတော့ သင့်တော်ရာ အိုးခွက်နဲ့ လဲလည်သင့်ပါတယ်။
5️⃣အပင်ကိုသေချာနေရာချပြီး ပွားစာအသစ်တွေထပ်ဖြည့်ပါ။ဖြည့်တဲ့အခါ ခပ်ကြပ်ကြပ်လေး ဖြည့်ပါ။ဒါမှ အပင်ဟာ အိုးထဲမှာ ထောင်မတ်နိုင်ပါမယ်

အပင်တွေအိုးလဲပြီးရင် အိုးခွဲပြီးရင် တပတ်လောက် ရေမလောင်းဘဲ ထားပါ။ တပတ်ကျော်သွားမှ ပုံမှန်အတိုင်း ရေလောင်းတာ‌၊ဆေးကျွေးတာကို ပြုလုပ်နိုင်ပါတယ်။

စိုက်သောပန်းတိုင်း ရှင်ကြ၍
ရှင်သောပန်းတိုင်း များများပွင့်ကြပါစေ😍။

ရေးသားသူ>>>KyawChanNyein
(လိုအပ်တာများရှိရင်လဲ ဆရာများထောက်ပြကြပါဗျ)
References; Wikipedia
KyiMoeMyint
KoPayPay
MyBaby
Photos From Internet and Our own Plants

19/01/2021
အိုးခွဲပြီးစိုကိပြီးသားလေးတွေစိတ်ဝင်စားကြလားရှင့်
18/01/2021

အိုးခွဲပြီးစိုကိပြီးသားလေးတွေစိတ်ဝင်စားကြလားရှင့်

အရောင်ဆန်းဆိုပိန်းခရမ်းပိန်ခရမ်းဆိုအရောင်ကဆန်းလူတိုင်းကြီုက်တဲ့ပိန်းခရမ်းပျိုပျိုမေအရမ်းကြိုက်တဲ့ပန်း
17/01/2021

အရောင်ဆန်းဆိုပိန်းခရမ်း
ပိန်ခရမ်းဆိုအရောင်ကဆန်း
လူတိုင်းကြီုက်တဲ့ပိန်းခရမ်း
ပျိုပျိုမေအရမ်းကြိုက်တဲ့ပန်း

ဘုရားစင်မှာလှပစွာထင်ချင်သောတီတီတို့အတွက်ပါအိုးကြီးပြီးအပင်လှလှကြီူတွေရောက်ပါတယ်နော်အရောင်လေးစိုစိုတောက်တောက်နေတော့ကြည်းန...
16/01/2021

ဘုရားစင်မှာလှပစွာထင်ချင်သောတီတီတို့အတွက်ပါ
အိုးကြီးပြီးအပင်လှလှကြီူတွေရောက်ပါတယ်နော်
အရောင်လေးစိုစိုတောက်တောက်နေတော့ကြည်းနူးမမှုအပြည့်နဲ့ဘုရားကပ်လို့ရပြီလေနော်
ကုသိုလ်လဲအများကြီးရလးလဲစိတ်ချမ်းသာပြီလေနော်
တစ်အိုး၁၂၀၀၀
cbor095024865ကိုဆက်သွယ်လိုက်ပါနော်

Address

၃၆/၁၄၉ စကှ်ုလမ်းကြီး
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

095024865

Website

Alerts

Be the first to know and let us send you an email when မြတ်ပန်းသစ္စာ သစ်ခွအလှမျိုးစုံ - Orchid nursery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share