20/08/2026
🔑 Kate’s Treasury Insights
Banking • Finance • Accounting • Strategy
“Direct Debit”
Direct Debit ဆိုတာက ငွေပေးချေခြင်းနည်းလမ်းတွေထဲက တစ်ခုဖြစ်ပြီး လုပ်ငန်းတွေသို့မဟုတ် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ အနေဖြင့် Customer ရဲ့ ခွင့်ပြုချက်ရပြီဆိုတာနဲ့ Customer ရဲ့ ဘဏ်စာရင်းထဲကနေတိုက်ရိုက်နှုတ်ယူခြင်းကိုဆိုလိုပါတယ်။
ယေဘုယျအားဖြင့် ထပ်တလဲလဲဖြစ်လေ့ရှိတဲ့ ငွေပေးချေမှုတွေဖြစ်တဲ့ utility bills, insurance premiums, loan repayments, subscription services နှင့် membership fees အစရှိတဲ့ ငွေပေးချေမှုတွေအတွက်အသုံးပြုပါတယ်။
Standard Instruction နဲ့ မတူတဲ့အချက်ကတော့ ဘဏ်ကို ငွေနှုတ်ယူဖို့ခွင့်ပြုထားတာမဟုတ်ပဲ လုပ်ပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာကုမ္ပဏီ ဘက်ကနေပြီးတော့ သဘောတူထားတဲ့နေ့ရက်တွေမှာ Customer တွေရဲ့ ငွေစာရင်းထဲကနေပြီးတော့ တိုက်ရိုက်နှုတ်ပိုင်ခွင့်ပေးထား ခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် Direct Debit အနေနဲ့ ပုံမှန်ပေးနေရတဲ့ ငွေပေးချေမှုတွေအတွက် အလိုအလျောက်စနစ်နဲ့ အချိန်မီပေးချေနိုင်ခြင်းကို ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
📌 Kate’s Treasury Hub shares insights beyond treasury covering Banking, Finance, Accounting and Management. Follow the page and grow with confidence in your professional journey.
Let's connect and grow together 🚀
Kate’s Treasury Hub