23/05/2026
Nex station is Shibuya
TikTok နဲ့ Reels တွေမှာ နာမည်ကြီးနေတဲ့ ဒီအသံလေးနောက်ကွယ်က Shibuya မြို့
လူတော်တော်များများက Shibuya ဆိုရင် လမ်းဖြတ်ကူးတဲ့ နေရာကို အဓိကထားဓါတ်ပုံရိုက်ကြပါတယ်။
ဒါတင်သာမကShibuya ဆိုတာ ဂျပန်ရဲ့ Trend အသစ်မှန်သမျှ စတင်ရာနေရာ (The Heart of Tokyo’s Youth Culture) ဖြစ်ပါတယ်။
🐕 Hachiko Statue (သစ္စာရှိခွေးလေးရဲ့ အမှတ်တရ)
Shibuya ဘူတာရုံက ထွက်လိုက်တာနဲ့ လူတိုင်းအရင်ဆုံး သွားကြတာက Hachiko ရုပ်တုပါ။
ဆယ်စုနှစ်တစ်ခုစာ သူ့သခင်ကို စောင့်ခဲ့တဲ့ ဒီခွေးလေးရဲ့ နေရာဟာ အခုတော့ သူငယ်ချင်းတွေ ဆုံရပ် (Meeting Point) တစ်ခု ဖြစ်နေပါပြီ။
ဂျပန်ရောက်ရင် မဖြစ်မနေ ခွေးရုပ်လေးနဲ့ဓါတ်ပုံရိုက်ခဲ့နော်။
🛍️ Shopping & Fashion Paradise
ခေတ်အဆန်းဆုံး ဖက်ရှင်တွေ ရှာနေတာလား? Shibuya 101 လို Mall ကြီးတွေကနေ စပြီး လူငယ်ကြိုက်အဝတ်အစားတွေ၊ Anime ပစ္စည်းတွေအထိ စုံလင်လှပါတယ်။
ပြီးတော့ Miyash*ta Park လို ခေါင်မိုးပေါ်က ပန်းခြံမှာ Shopping ထွက်ရင်း အနားယူလို့ရတာကလည်း တကယ့် Lifestyle အသစ်ပါပဲ။
📸 SHIBUYA SKY (တိုကျိုကို ကောင်းကင်ပေါ်က ကြည့်မယ်)
ဘအခုနောက်ပိုင်း Shibuya မှာ အကျော်ကြားဆုံးကတော့ Shibuya Scramble Square ရဲ့ အပေါ်ဆုံးထပ်က SHIBUYA SKY ပါ။
ပေ ၇၀၀ ကျော် အမြင့်ကနေ တိုကျိုမြို့ကြီးတစ်ခုလုံးကို ၃၆၀ ဒီဂရီ မြင်ရတာကတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် Paradise ပါပဲ။
ဒါကြောင့် ရထားပေါ်မှာ "Next station is Shibuya" လို့ ကြားလိုက်ရတာနဲ့ သင်ဟာ တိုကျိုရဲ့ အမိုက်စားဆုံး Vibe ထဲကို ခြေချမိတော့မှာပါ။
Shibuya မှာ လည်ပြီးပြီလား? မရောက်ဖူးရင် တစ်ခေါက်လောက် သွားလည်လိုက်တော့နော် 😉
DARUMA Japanese Language School
HEAD OFFICE (BOTAHTAUNG)
Building (A), Room (05-03), (5th) Floor, Bo Myat Tun Tower, Corner of Maharbandula Road & Bo Myat Tun Street,Botahtaung Township, Yangon, Myanmar.
Ph : 09456780091 / 09456780092
BRANCH OFFICE (HLEDAN)
No. (11/A), Room (3-C), (3rd) Floor, Zayar Thiri Condo, Zayar Thiri Street, Kamaryut Township, Yangon, Myanmar.
Ph: 09887077771 / 09887077772
22/05/2026
鋭い(するどい) ချွန်ထက်သော
鈍い(にぶい) တုံးသော
21/05/2026
崩れ(くずれ)
ပျက်စီးခြင်း / ပြိုကျခြင်း / ပုံပျက်သွားခြင်း
(3) မျိုး ကို အသေးစိတ်လေ့လာရအောင် ။
① ပုံစံပျက်သွားတာ
化粧崩れ(けしょうくずれ)မိတ်ကပ်ပျက်သွားခြင်း
字の崩れ (じのくずれ)စာလုံးပုံစံပျက်ခြင်း
② ပြိုကျတာ / လဲကျတာ
山崩れ(やまくずれ)တောင်ပြိုခြင်း
崖崩れ(がけくずれ) ကမ်းပါးပြိုခြင်း
③ Balance ပျက်သွားတာ
体調が崩れる ကျန်းမာရေးမကောင်းဖြစ်သွားသည်
リズムが崩れた Rhythm ပျက်သွားတယ်
မူရင်း ဒီစာလုံး၂ခုကို မှတ်ထားနော် ...
崩れる(くずれる)→ ပြိုကျသည် / ပျက်သွားသည်
崩す(くずす)→ ဖျက်သည် / ပျက်စေသည်
ဥပမာ
風邪で体調を崩した。
အအေးမိပြီး ကျန်းမာရေးမကောင်းဖြစ်သွားတယ်။
地震で家が崩れた。
ငလျင်ကြောင့် အိမ်ပြိုသွားတယ်။
ဖြေကြည့်ရအောင် (အဖြေမန့်ခဲ့နော်)
↓
大雨の影響で、山の斜面が_____恐れがあります。
A. 破れる
B.崩れる
C.壊れる
D.倒れる
21/05/2026
#လှည်းတန်းကျောင်းသစ်မှာN4
ဖွင့်ပြီနော်
ဂျပန်စာ N4 အဆင့်ကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်လိုသူများအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခု ရောက်ရှိလာပါပြီ။
N5 အောင်မြင်ပြီးသူများနှင့် N4 အဆင့်ကို ဆက်လက်လေ့လာနေသူများအတွက် N4 အတန်းသစ်ကို စတင်
ဖွင့်လှစ်လိုက်ပါပြီ။
ဂျပန်နိုင်ငံမှ ပြန်လာသော အတွေ့အကြုံရှိ ဆရာ ကိုယ်တိုင် သင်ကြားပို့ချပေးမည်ဖြစ်သောကြောင့် ဂျပန်စာအရည်အချင်းကို ထိထိရောက်ရောက် မြှင့်တင်နိုင်မည်ဖြစ်ပါသည်။
အခွင့်အရေးကို လက်လွတ်မခံဘဲ အတန်းတက်ရောက်ရန် ဖိတ်ခေါ်အပ်ပါသည်
📚 သင်ကြားပို့ချပေးမယ့်
အကြောင်းအရာများ -
• N4 အဆင့် goi, Grammarတို့ကို စနစ်တကျ သင်ကြားပေးခြင်း
• JLPT Exam Practice လေ့ကျင့်ပေးခြင်း
• Listening, Reading ကျွမ်းကျင်မှုများကို ပိုမိုတိုးတက်အောင် လေ့ကျင့်သင်ကြားပေးခြင်း
💰 သင်တန်းကြေး - 300,000 Ks
🔥 ပထမဆုံးအပ်နှံသူ (10) ဦးသာ - 250,000 Ks
📅 Start Date - 8.6.2026 (Mon, Tue, Thu)
⏰ Time - 9:30 AM – 12:00 PM
ဝါရင့်ဆရာကိုယ်တိုင် အနီးကပ် ဂရုတစိုက် သင်ကြားပေးမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင်ပါတယ်။
📩 လူဦးရေကန့်သတ်ထားလို့ မပြည့်ခင် အခုပဲ စာရင်းလာသွင်းလိုက်ပါနော်
DARUMA JLS
BRANCH OFFICE (HLEDAN)
No. (11/A), Room (3-C), (3) Floor, Zayar Thiri Condo, Zayar Thiri Street, Kamaryut Township, Yangon, Myanmar.
Ph: 09887077771 / 09887077772
21/05/2026
Daruma လှည်းတန်း(ဇေယျာသီရိကျောင်း)မှာ N5 ဂျပန်စာအတန်းမဖွင့်သေးဘူးလားလို့ မေးနေသူများအတွက် သတင်းကောင်းလေးပါနော် ✨
Daruma
ဇေယျာသီရိကျောင်းရဲ့
N5 ဂျပန်စာသင်တန်းကို ဇွန်လ 8ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဂျပန်ဘာသာစကားကို အခြေခံကစပြီး စနစ်တကျနဲ့ သင်ကြားပို့ချပေးမှာဖြစ်လို့ စိတ်ချယုံကြည်စွာ တက်ရောက်နိုင်ပါတယ်။
သင်တန်းမှာ သင်ကြားပို့ချပေးမယ့် အကြောင်းအရာတွေကတော့ —
✅ Hiragana / Katakana
✅ Minnano Nihongo ဖတ်စာအုပ်အပါ
✅ JLPT Exam Practice
✅ N5 level Vocabulary ,Grammar pattern များကိုအဓိကထားသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
💰 သင်တန်းကြေးကတော့ 300,000 Ks ဖြစ်ပါတယ်။
ဒါပေမဲ့ ပထမဆုံးအပ်နှံသူ (၁၀) ဦးအတွက်ကိုတော့ အထူးပရိုမိုးရှင်းအနေနဲ့ 250,000 Ks နဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်
📅 Start Date - 8.6.2026 (Mon, Tue, Wed.Thu)
⏰ Time - 1:00 Pm to 3:00 pm
လူဦးရေ ကန့်သတ်ထားတာကြောင့် အခုပဲ စာရင်းလာသွင်းလိုက်ပါနော်
DARUMA JLS
BRANCH OFFICE (HLEDAN)
No. (11/A), Room (3-C), (3) Floor, Zayar Thiri Condo, Zayar Thiri Street, Kamaryut Township, Yangon, Myanmar.
09456780091
09456780092
Ph: 09887077771 / 09887077772
21/05/2026
2026မှာ N4အောင်လက်မှတ်ရချင်သူတွေအတွက်
ဒီအတန်းလေးကတော့ လူဦးရေနည်းနည်းနဲ့ သင်ကြားပေးမှာဖြစ်ပြီး
ကျောင်းသားတယောက်ချင်းစီကို သေချာနားလည်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
အပါတ်စဉ် Mini Test လေးတွေရှိလို့ စာမရမှာ စိုးရိမ်စရာမလိုဘူးနော် ။
JLPT စာမေးပွဲအတွက် Old Question Practice တွေလည်းလုပ်ပေးသွားမှာဖြစ်လို့ 2026 မှာ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီလျှောက်လှမ်းနိုင်ဖို့အတွက် အခုကတည်းကသင်တန်းလာအပ်ထားတော့နော်😍
KANJI , GOI , GRAMMAR , READING, LISTING အားလုံးသင်မယ့
သင်တန်းကြေးလေးကတော့
၃သိန်းကျပ်(ဖတ်စာအုပ်၊စာရွက်စာတမ်းကြေးအပါ)
အထူးDISCOUNT
✨ဒါ့အပြင်ပထမဆုံးလာအပ်တဲ့သင်တန်းသား၁၀ယောက်ကတော့
၂သိန်းခွဲနဲ့သင်တန်းအပ်နှံနိုင်မှာဖြစ်ပါတယ်🥰
လူဦးရေနည်းနည်းနဲ့ထိထိရောက်ရောက်သင်မှာဖြစ်ပြီး စာမေးပွဲတွေလည်းဖြေရမှာဆိုတော့စာမရစရာမစိုးရိမ်ရဘူးနော်😍
Start Date-26-5-2026 (Thu 〜Fri)
Time-10:00~12:00 PM
Messenger မှာ အပ်နှံလို့ ရပါပြီ။
DARUMA JLS
HEAD OFFICE (BOTAHTAUNG)
Building (A), Room (05-03), (5) Floor, Bo Myat Tun Tower, Corner of Maharbandula Road & Bo Myat Tun Street,Botahtaung Township, Yangon, Myanmar.
Ph : 09456780091 / 09456780092
#N4
#JLPT
21/05/2026
အချိန် 1မိနစ် နဲ့
“いる”Kanji (၃) လုံး မှတ်ပေးပါဦး။
ဥပမာစာကြောင်းလေးတွေနဲ့
လေ့လာကြည့်ကြရအောင်နော်
居る- いる-ရှိသည်(သက်ရှိ)
部屋に猫が居る。
(へやにねこがいる。)
အခန်းထဲမှာ ကြောင်တစ်ကောင် ရှိတယ်။
要る- いる-လိုအပ်သည်
ビザの申請にはパスポートが要る。
(ビザのしんせいにはパスポートがいる。)
ဗီဇာလျှောက်ထားဖို့အတွက် ပတ်စ်ပို့ လိုအပ်တယ်။
射る- いる- ထိုးစိုက်သည် ၊ပစ်သည်
矢で的を射る。
(やでまとをいる。)
မြှားဖြင့် ပစ်မှတ်ကိုပစ်သည်
တွဲလုံးဥပမာလေးတွေနဲ့ပါ ထပ်ပြီး
လေ့လာမှတ်ထားကြည့်ကြမယ်နော်
同居 - どうきょ - အတူတူနေထိုင်ခြင်း
友達と同居する
(ともだちとどうきょする)
သူငယ်ချင်းနှင့် အတူနေသည်
必要 - ひつよう - လိုအပ်ချက်/လိုအပ်သော)
パスポートを更新するために必要な書類を教えてください。
(パスポートをこうしんするためにひつようなしょるいをおしえてください。)
ပတ်စ်ပို့သက်တမ်းတိုးဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြောပြပေးပါဦး။
放射 - ほうしゃ - ရောင်ခြည်ဖြာထွက်ခြင်း
夜空に放射状に広がっていく花火がきれいです。(よぞらにほうしゃじょうにひろがっていくはなびがきれいです。)
ညကောင်းကင်မှာ အလင်းတန်းများသဖွယ် ဖြာထွက်သွားတဲ့ မီးရှူးမီးပန်းတွေက တကယ်ကို လှပပါတယ်။
訓読み(くんよみ)အသံထွက်တူကြပေမယ့်
音読み(おんよみ)တွဲလုံးတွေဖြစ်သွားရင်
"キョ" "ヨウ" "シャ" ကွဲပြားသွားတာမျိူးကိုသတိထားမိကြမှာပါ!
ဂျပန်စာအခြေခံ အချိန်တိုတွင်း
ကျွမ်းကျင်ဖို့
N5.N4
အတန်းသစ်
26-5-2026
8-6-2026
မှာစမယ်နော်။
discountအမှီ
သင်တန်းအပ်လို့ရပါပြီ😍
DARUMA Japanese Language School
HEAD OFFICE (BOTAHTAUNG)
Building (A), Room (05-03), (5) Floor,
Bo Myat Tun Tower, Corner of Maharbandula Road & Bo Myat Tun Street,Botahtaung Township, Yangon, Myanmar.
Ph : 09456780091 / 09456780092
BRANCH OFFICE (HLEDAN)
No. (11/A), Room (3-C), (3) Floor,
Zayar Thiri Condo, Zayar Thiri Street, Kamaryut Township, Yangon, Myanmar.
Ph: 09887077771 / 09887077772
21/05/2026
နေထိုင်ခွန်ဆိုတာ အိမ်မှာနေလို့ ပေးရတဲ့ အခွန်မဟုတ်ပါဘူး!!!!
---------------------------------------------------------------
ဂျပန်မှာ ဒီလိုအချိန်ဆို နေထိုင်ခွန်အတွက် စာရွက်လေးတွေ ရလာကြပါပြီ။
ကုမ္ပဏီမှာ လုပ်နေသူဆို ကုမ္ပဏီကနေ ရမယ်။ ကိုယ်ပိုင်အလုပ် (သို့မဟုတ်) အလုပ်အသစ် စပြောင်းသူတွေ၊ အလုပ်မှာ နေထိုင်ခွန်အဖြတ်မခံရသူတွေဆို ကိုယ့်အိမ်ရဲ့ စာတိုက်ပုံးကို ရောက်ပါတယ်။
(မရသေးတဲ့သူတွေ စိတ်မပူပါနဲ့နော်။ အနှေးနဲ့အမြန် ရလာမှာမလို့ပါ။)
နေထိုင်ခွန် “住民税” ဆိုပြီး အလွယ်ခေါ်ပေမဲ့ အိမ်မှာနေလို့ ပေးရတဲ့အခွန်မဟုတ်ဘူးနော်။
အခွန်အမျိုးအစားအချို့ကို ပေါင်းပြီးတောင်းတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ နေထိုင်ခွန် “住民税”ထဲမှာ ဘာတွေပါလဲ ရှင်းပြပါမယ်။
① 市民税(しみんぜい)
ကိုယ်နေတဲ့ မြို့ကို ပေးရတဲ့အခွန်။
ဥပမာさいたまမြို့မှာနေရင် → さいたまမြို့ကို ပေးဆောင်ရတဲ့ မြို့တော်အခွန်ဖြစ်ပါတယ်။
ဒီအခွန်နဲ့ အမှိုက်သိမ်း၊ မီးသတ်၊ ကျောင်း၊ လမ်း၊ ပန်းခြံစတဲ့ မြို့တွင်းဝန်ဆောင်မှုတွေ လည်ပတ်ရာမှာ သုံးပါတယ်။
② 県民税(けんみんぜい)
နောက်တစ်ခုကတော့ ကိုယ်နေထိုင်တဲ့ “ခရိုင်” ကို ပေးရတဲ့အခွန်ဖြစ်ပါတယ်။
埼玉ခရိုင်မှာနေရင် → 埼玉ခရိုင်ကို ပေးဆောင်ရတဲ့ ခရိုင်အခွန်ဖြစ်ပါတယ်။
ဒီအခွန်ကို ဆေးရုံနဲ့ ကျန်းမာရေးစနစ်၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စတဲ့ ခရိုင်အဆင့် စီမံကိန်းတွေမှာ အသုံးပြုပါတယ်။
③ 森林環境税(しんりんかんきょうぜい)
သစ်တောတွေ အတွက်ပေးရတဲ့ “သစ်တောပတ်ဝန်းကျင်အခွန်” ဖြစ်ပါတယ်။
2024 ခုနှစ်ကနေစပြီး ထပ်တိုးလာတဲ့အခွန်ဖြစ်ပြီး၊ တစ်နှစ်ကို ယန်း1,000 ပေးဆောင်ရပါတယ်။
ဒီအခွန်ကို သစ်တောထိန်းသိမ်းမှု၊ တောမီးကာကွယ်မှု၊ ရေသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးတွေမှာ အသုံးပြုပါတယ်။
ဒီလောက်ဆိုရင်တော့ ဘာတွေအတွက် ပေးဆောင်နေရလဲ? ဘယ်လိုနေရာမှာ အသုံးချလဲ သိလောက်ပြီထင်ပါတယ်နော်။
ကိုယ်နေထိုင်တဲ့ မြို့၊ ပတ်ဝန်းကျင်၊ တောတောင်တွေအတွက် အလုပ်ကြိုးစားကြပါစို့။
#住民税
21/05/2026
Tokyo ကျောင်း🎉
အသစ်လျှောက်ထားသူအားလုံး
Coe ရပါပြီ။
21/05/2026
🌙 ဂျပန်က ညကော်ဖီဆိုင်
夜カフェ(よるカフェ)
ဆိုတာ သိလားဟင် ? ☕✨
ဂျပန်နိုင်ငံမှာ
ညဘက်အရက်သောက်မယ့်အစား
အေးအေးဆေးဆေး Chill လုပ်ချင်တဲ့သူတွေကြားမှာ
“Night Cafe Culture” က
အရမ်း Popular ဖြစ်နေပါတယ် 🇯🇵
“夜カフェ” ဆိုတာကတော့
🌃 ညဘက်နောက်ကျအထိဖွင့်တဲ့
Café လေးတွေကို ပြောတာပါ။
တချို့ဆိုင်တွေဆို 朝5時(あさごじ)— မနက် ၅ နာရီအထိတောင် ဖွင့်ကြပါတယ်!
အလုပ်ပြီးတဲ့あとမှာပဲဖြစ်ဖြစ်、
သူငယ်ချင်းတွေနဲ့ ゆっくり(အေးအေးဆေးဆေး)
စကားပြောချင်တဲ့အချိန်မှာပဲဖြစ်ဖြစ်
ဒီလို Cafe လေးတွေက
Perfect place ပါပဲ။✨
နောက်ပြီး ဂျပန်မှာ famous ဖြစ်တဲ့
🍨 “シメパフェ (Shime Parfait)” ဆိုတဲ့ Culture လည်းရှိပါတယ်!
* “シメ” = နောက်ဆုံးပိတ်
* “パフェ” = Parfait (အချိုပွဲ)
အဓိပ္ပာယ်ကတော့
ညစာစားပြီးတဲ့နောက် အချိုပွဲလှလှလေးတွေစားပြီး တစ်နေ့တာကိုအေးအေးဆေးဆေးလေးအဆုံးသတ်တဲ့ Culture ပါ 🍓✨
📚 မိနစံတို့အတွက် ဒီထဲမှာပါတဲ့မှတ်ထားသင့်တဲ့ kotobaလေးတွေ
1. ☕ 夜カフェ(よるカフェ)=
Night Cafe
2. 🌙 深夜(しんや)= ညဉ့်နက်
3. 🍰 スイーツ = Sweet / Dessert
4. ✨ ゆっくり = အေးအေးဆေးဆေး
5. 🗣 おしゃべり = စကားပြောခြင်း
ဂျပန်ယဉ်ကျေးမှုဆိုတာ Anime နဲ့ Sakura ပဲမဟုတ်ဘဲဒီလို Lifestyle culture လေးတွေကလည်း
Japan ကို ပိုပြီး Unique
ဖြစ်စေတာပါ 🇯🇵💖
もし日本に行ったら、夜カフェに行ってみたいですか?✨
မိနစံတို့အတွက် ဒီ kotoba လေးတွေအကျိုးရှိတယ်ဆိုရင် comment လေးမန့်ခဲ့ပေးဦးနော်🫶
အခြေခံN5. N4 အတန်းသစ်
26-5-2026
8-6-2026
DARUMA Japanese Language School
HEAD OFFICE (BOTAHTAUNG)
Building (A), Room (05-03), (5th) Floor, Bo Myat Tun Tower, Corner of Maharbandula Road & Bo Myat Tun Street,Botahtaung Township, Yangon, Myanmar.
Ph : 09456780091 / 09456780092
BRANCH OFFICE (HLEDAN)
No. (11/A), Room (3-C), (3rd) Floor, Zayar Thiri Condo, Zayar Thiri Street, Kamaryut Township, Yangon, Myanmar.
Ph: 09887077771 / 09887077772
#夜カフェ #シメパフェ