03/06/2026
ပုံထဲက Pageနှစ်ခုလုံးက THC_Tao Hua Chinese Page များဖြစ်ပါတယ်
Tao Hua Chinese က Risk ထိတာ ၃နှစ်လောက်ဖြစ်လာတာနဲ့ Tao Hua 2.0 page ကိုထပ်ဖွင့်ထားတာဖြစ်ပါတယ်။
ဘယ် Page မှာစုံစမ်းစုံစမ်း
တယ်လီဂရမ် သို့ Auto လမ်းညွှန်ပေးပါတယ်။
🌸
17/05/2026
,第11课
#闹钟的危害
医学研究证明,人类睡眠有特定的机制,自然醒是最符合人体生物钟规律的。光线是自然醒的必要条件,是人体内的生物闹钟。早晨,人体感受到逐渐变强的太阳光线,新陈代谢随之加快,人逐渐从熟睡过渡到浅睡,直到醒来。这就是阴雨天人们往往喜欢睡懒觉的原因。
紧张的现代生活,使很多上班的人无法享受轻松舒适的睡眠、自然地醒来,闹钟的用途就显得格外重要。
但实验研究证明,人们对自然醒与被闹钟铃声叫醒这两种方式所产生的反应是很不相同的。从睡眠状态过渡到清醒状态时,人的呼吸会从16次/分钟提高到24次/分钟,心跳每分钟加快10次。如果突然被闹钟叫醒,将在心理上使人产生心慌、情绪低落、感觉没睡醒等不适。如果是从深度睡眠中被突然叫醒,那么,人的短期记忆能力、计算技能都会受到影响,这些能力最多为正常状态的65%,与醉酒者相当。
被闹铃惊醒的人比自然醒的人血压更高、心跳更快。对此.专家解释说,人在睡眠时,身体会发生一些变化,因此人们在早上醒來时更容易发病,而闹铃则会使发病的可能性变得更大。如果你必须定个闹钟,应采用柔和的声音或音乐。
各种醒来方式中,当然是自然醒最符合我们的愿望。可谁能替你拉开窗帘让阳光照进来呢?近年来,市场上出现了一种新的电子产品,名为“光闹钟"。它能在室内模仿早晨自然光线的变化,通过光线的作用使人在设定的时间里自然地醒来。可避免传统闹钟突然惊醒对人体健康的伤害。希望这祥純的真正的“自然醒”走近一点,再走近一点。
改编自“中国科普网”
#နှိုးစက်ရဲ့ထိခိုက်မှု
ဆေးဘက်ဆိုင်ရာ သုတေသနပြုချက်များအရ လူတို့၏ အိပ်စက်ခြင်းတွင် တိကျသော ယန္တရားတစ်ခုရှိပြီး သဘာဝအတိုင်း နိုးထခြင်းသည် ခန္ဓာကိုယ်၏ ဇီဝနာရီနှင့် အကိုက်ညီဆုံးဖြစ်သည်။
အလင်းရောင်သည် သဘာဝအတိုင်း နိုးထရန် လိုအပ်သော အခြေအနေတစ်ရပ်ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရှိ ဇီဝဗေဒဆိုင်ရာ အချက်ပေးနာရီဖြစ်သည်။
နံနက်ခင်းတွင် လူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြင်းထန်လာသော နေရောင်ခြည်ကို ခံစားရပြီး ဇီဝဖြစ်ပျက်မှု မြန်ဆန်လာကာ လူတို့သည် အိပ်ရေးဝဝ အိပ်ရာမှ နိုးလာသည်အထိ တဖြည်းဖြည်း ကူးပြောင်းသွားကြသည်။
ထို့ကြောင့် မိုးရွာသည့်နေ့များတွင် အိပ်စက်ရတာကို နှစ်သက်ကြပါတယ်။
ဖိစီးမှုများသော ခေတ်သစ်လူမှုဘဝသည် အလုပ်လုပ်ကိုင်သူအများအပြားအား အပန်းဖြေပြီး သက်တောင့်သက်သာ အိပ်စက်ခြင်းနှင့် သဘာဝအတိုင်း နိုးထခြင်းမှ တားဆီးထားသောကြောင့် နှိုးစက်နာရီ၏ အသုံးဝင်မှုမှာ အထူးအရေးကြီးပုံပေါ်လာပါသည်။
သို့သော် လူတို့သဘာဝအတိုင်းနိုးထခြင်းနှင့် နှိုးစက်နာရီဖြင့် နှိုးလိုက်ခြင်းသည် ပုံစံနှစမျိုးတွင်
လူတို့၏တုံ့ပြန်မှုသည် အလွန်ကွာခြားကြောင်း စမ်းသပ်လေ့လာမှုများက ပြသခဲ့သည်။
အိပ်စက်ခြင်းမှ နိုးကြားခြင်းသို့ ကူးပြောင်းသောအခါ လူတစ်ဦး၏ အသက်ရှူနှုန်းသည် တစ်မိနစ်လျှင် ၁၆ ကြိမ်မှ ၂၄ ကြိမ်အထိ တိုးလာပြီး နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၀ ကြိမ် တိုးလာသည်။
နှိုးစက်သံကြောင့် ရုတ်တရက် နိုးလာပါက စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရပြီး သင်မနိုးသေးသလို ခံစားရလိမ့်မည်။
အကယ်၍ လူတစ်ဦးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ ရုတ်တရက် နိုးလာပါက၊ ၎င်း၏ ရေတိုမှတ်ဉာဏ်နှင့် တွက်ချက်မှုစွမ်းရည်များ သည် ပုံမှန်အခြေအနေ၏ 65% ထက်မနည်း သက်ရောက်မှုရှိမည်ဖြစ်သည်။
နှိုးစက်ဖြင့် နိုးလာသူများသည် သဘာဝအတိုင်း နိုးထလာသူများထက် သွေးတိုးပြီး နှလုံးခုန်နှုန်း ပိုမြန်သည်။
ဤအကြောင်းနှင့်စပ်လျဉ်း၍ကျွမ်းကျင်သူများက လူတို့အိပ်ချိန်မှာ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတချို့ ဖြစ်ပေါ်လာတဲ့အတွက် လူတွေဟာ မနက်အိပ်ရာနိုးတဲ့အခါ ဖျားနာနိုင်ခြေပိုများပြီး နှိုးစက်နာရီမျသည် ဖျားနာနိုင်ခြေကို ပိုကြီးလာစေတယ်ဟုဆိုပါတယ်။
အကယ်၍သင်ကနှိုးစက်ပေးမည်ဆိုပါက သာယာသောအသံ သို့မဟုတ် ဂီတကို အသုံးပြုသင့်ပါသည်။
နိုးထခြင်းနည်းလမ်းအမျိုးမျိုးတို့တွင် သဘာဝအတိုင်း နိုးထခြင်းသည် ကျွန်ုပ်တို့၏ဆန္ဒနှင့်အညီ အကောင်းဆုံးဖြစ်သည်။
သို့ရာတွင် ဘယ်သူ့ကသင့်ကိုယ်စားသင့်ကို နေရောင်ထိုးအောင်လုပ်ဖို့ ကုလားကာတွေကိုဖွင့်ပေးနိုင်မလဲ။
မကြာသေးမီနှစ်များအတွင်းက"အလင်းနှိုးစက်နာရီ" ဟုခေါ်သောအီလက်ထရွန်နစ်ထုတ်ကုန်အသစ်သည်စျေးကွက်တွင်ပေါ်လာခဲ့သည်။
၎င်းသည် နံနက်ခင်းတွင် အိမ်တွင်းရှိ သဘာဝအလင်းရောင်ပြောင်းလဲမှုများကို တုပနိုင်ပြီး သတ်မှတ်အချိန်၌ အလင်းရောင်၏အကျိုးသက်ရောက်မှုကြောင့် လူများကို သဘာဝအတိုင်း နိုးထစေပါသည်။ ရိုးရာနှိုးစက်နာရီများဖြင့် ရုတ်တရက် နိုးထခြင်းကြောင့် လူ့ကျန်းမာရေးကို ထိခိုက်မှုမှ ရှောင်ရှားနိုင်သည်။
ဒီလိုမျိုးက စစ်မှန်သော "သဘာဝအတိုင်း နိုးထခြင်း" နှင့်ပို၍နီးစပ်သွားမည်ဟု မျှော်လင့်ပါသည်။
🌸