Kaung Mon San - KMS Private Middle School

Kaung Mon San - KMS Private Middle School Education

ဇူလိုင်လ အခန်းဆုံးစစ်ဆေးခြင်းတွင် Grade 9 မှထူးချွန်သူများအား  Jo Jo မှာ စားချင်တာလိုက်ကျွေးခဲ့ပါတယ်...
26/08/2026

ဇူလိုင်လ အခန်းဆုံးစစ်ဆေးခြင်းတွင် Grade 9 မှ
ထူးချွန်သူများအား Jo Jo မှာ စားချင်တာလိုက်ကျွေးခဲ့ပါတယ်...

25/08/2026

Basketball Time🏀
-7

ဇူလိုင်လ အခန်းဆုံးစစ်ဆေးခြင်းတွင် Grade 8 မှထူးချွန်သူများအား  Jo Jo မှာ စားချင်တာလိုက်ကျွေးခဲ့ပါတယ် အရုပ်တွေပါကောက်ခဲ့ပ...
25/08/2026

ဇူလိုင်လ အခန်းဆုံးစစ်ဆေးခြင်းတွင် Grade 8 မှ
ထူးချွန်သူများအား Jo Jo မှာ စားချင်တာလိုက်ကျွေးခဲ့ပါတယ် အရုပ်တွေပါကောက်ခဲ့ပေမယ့်(၁)ရုပ်မှမရခဲ့ပါဘူး😁

ဇူလိုင်လ အခန်းဆုံးစစ်ဆေးခြင်းတွင် Grade 7 မှထူးချွန်သူများအား ရွှေဘဲမှာ ညစာ လိုက်ကျွေးခဲ့ပါတယ်🥰
24/08/2026

ဇူလိုင်လ အခန်းဆုံးစစ်ဆေးခြင်းတွင် Grade 7 မှ
ထူးချွန်သူများအား ရွှေဘဲမှာ ညစာ လိုက်ကျွေးခဲ့ပါတယ်🥰

ဒီနေ့ ဂီတ အချိန်မှာ ပျော်နေကြတာ🥰
24/08/2026

ဒီနေ့ ဂီတ အချိန်မှာ ပျော်နေကြတာ🥰

⭐️နံရံကပ်စာစောင် လုပ်ကြမယ်⭐️👉ဒေသကြောင်းမိတ်ဆက်ကြမယ်👉စွန့်ပစ်ပစ္စည်း(ရေသန့်ဘူး)များ         သုံး၍အလှဆင်ခြင်း📌 နံရံကပ်စာစေ...
22/08/2026

⭐️နံရံကပ်စာစောင် လုပ်ကြမယ်⭐️

👉ဒေသကြောင်းမိတ်ဆက်ကြမယ်

👉စွန့်ပစ်ပစ္စည်း(ရေသန့်ဘူး)များ
သုံး၍အလှဆင်ခြင်း

📌 နံရံကပ်စာစောင် လုပ်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ

* စာရေးသားဖော်ပြနိုင်စွမ်း တိုးတက်လာစေပါတယ်။
* မိမိအတွေးအမြင်များကို စနစ်တကျ စုစည်းတင်ပြတတ်လာစေပါတယ်။
* တီထွင်ဖန်တီးနိုင်စွမ်းနှင့် အနုပညာစွမ်းရည်များ တိုးတက်လာစေပါတယ်။
* အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့် ရရှိစေပါတယ်။
* စာဖတ်ခြင်း၊ လေ့လာခြင်းနှင့် ဗဟုသုတတိုးပွားခြင်းတို့ကို အထောက်အကူပြုပါတယ်။

📌 ဒေသအကြောင်း မိတ်ဆက်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ

* မိမိတို့ဒေသ၏ သမိုင်း၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် ထင်ရှားသောနေရာများကို သိရှိလာစေပါတယ်။
* မိမိနေထိုင်ရာဒေသအပေါ် ချစ်ခင်မြတ်နိုးစိတ် တိုးပွားလာစေပါတယ်။
* အခြားဒေသများအကြောင်းကိုလည်း လေ့လာသိရှိနိုင်စေပါတယ်။
* ဒေသအလိုက် မတူကွဲပြားမှုများကို နားလည်လေးစားတတ်လာစေပါတယ်။
* မိမိဒေသအကြောင်းကို အခြားသူများအား ယုံကြည်မှုရှိရှိ မိတ်ဆက်ပြောပြနိုင်စေပါတယ်။

📌 စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

* အမှိုက်ပမာဏ လျော့နည်းစေပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထောက်အကူပြုပါတယ်။
* အသုံးပြုပြီးသားပစ္စည်းများကို အကျိုးရှိရှိ ပြန်လည်အသုံးချတတ်လာစေပါတယ်။
* သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့ အလေ့အကျင့် ရရှိစေပါတယ်။
* တီထွင်ဖန်တီးနိုင်စွမ်းနှင့် လက်မှုအနုပညာစွမ်းရည် တိုးတက်လာစေပါတယ်။
* အရင်းအမြစ်များကို ချွေတာသုံးစွဲတတ်လာစေပါတယ်။

-5

18/08/2026

Our 1st graders practiced their listening comprehension for the very first time today by matching what they heard to the correct pictures.

Kaung Mon San
English
ESL
-1(Kant Kaw)

ဝါဆိုလမြတ်၏ အခါသမယတွင် မြတ်သောကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်ရင်း မြန်မာ့ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ အစဉ်အလာကောင်းတစ်ရပ...
15/08/2026

ဝါဆိုလမြတ်၏ အခါသမယတွင် မြတ်သောကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်ရင်း မြန်မာ့ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ အစဉ်အလာကောင်းတစ်ရပ်ဖြစ်သော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ကောင်းမွန်စံ ကိုယ်ပိုင် အလယ်တန်းကျောင်း တွင် ကြည်နူးချမ်းမြေ့စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ ဆရာမများ ကစုပေါင်းပါဝင်၍ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်အရှင်သူမြတ်များထံ ရိုသေကြည်ညိုစွာ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရရှိသည့်ကုသိုလ်အဖို့ဘာဂများကိုလည်း ရေစက်ချ အမျှပေးဝေခဲ့ကြပါသည်။

ဤမြတ်သောအလှူဒါနမှ ရရှိလာသော ကုသိုလ်ကောင်းမှုအစုစုတို့သည် ကျောင်းသား၊ ကျောင်းသူများ နှင့်မိသားစုဝင်များ အားလုံးထံသို့ ရောက်ရှိပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🏻🌸

Address

No. 116, Zaya Thiri 6th Street , Zaya Thiri Quater, Dawbon Township
Yangon

Website

Alerts

Be the first to know and let us send you an email when Kaung Mon San - KMS Private Middle School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share