Pillar Academy

Pillar Academy

Share

Building strong foundations in UI/UX, product, and design skills. Structured learning for beginners.

01/05/2026

Design ဆိုတာ အရည်အချင်း 50% နဲ့ Communication Skills 50% ပေါင်းစပ်ထားတာပါ။

UI/UX Designer တစ်ယောက်အတွက် အကြီးမားဆုံး Challenge တစ်ခုက Stakeholders တွေနဲ့စကားပြောရာမှာ ဖြစ်တတ်တဲ့ "Communication Gap" ပဲ ဖြစ်ပါတယ်။ Pillar Academy က "UX Beyond the Canvas" အတန်းမှာတော့ ဒီပြဿနာကို Business Requirement Presentation Exercises တွေနဲ့ သင်ကြားပေးနေပါတယ်။

ဒီလေ့ကျင့်ခန်းမှာ ကျောင်းသားတွေကို Business Owners တွေအဖြစ် Role-play ကစားခိုင်းပြီး အောက်ပါအချက်တွေကို သင်ယူစေပါတယ်။

၁။ လုပ်ငန်းတစ်ခုရဲ့ Core Business Goals တွေကို ပိုမို နားလည်လာစေဖို့။

၂။ Stakeholder တွေ စိုးရိမ်ပူပန်တတ်တဲ့ အချက်တွေကို ကြိုတင်ခန့်မှန်းတတ်လာစေဖို့နဲ့..

၃။ လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီမယ့် Design Solution တွေကို ပိုင်ပိုင်နိုင်နိုင် တင်ပြတတ်လာစေဖို့ပါ။

ဒါကတော့ ကျွန်မတို့ Canvas ပေါ်က Design ဆွဲရုံတင်မကဘဲ လက်တွေ့ကျတဲ့ Product Design လောကထဲကို လှမ်းတက်နိုင်ဖို့ ရေးဆွဲထားတဲ့ course syllabus ပဲ ဖြစ်ပါတယ်။

Pillar Academy ရဲ့ နောက်ထပ် သင်ခန်းစာတွေကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။

Photos from Pillar Academy's post 30/04/2026

အစားအသောက် App တွေ ဘာလို့ အနီရောင်ကိုပဲ တနိးတန်းစွဲ သုံးကြတာလဲ? 🍔🍎🥩🍟🦐

ဖုန်းထဲက Food Delivery App တွေပဲဖြစ်ဖြစ်၊ လမ်းဘေးက ဆိုင်းဘုတ်တွေပဲဖြစ်ဖြစ် သတိထားကြည့်မိလား? အများစုက အနီရောင်တွေချည်းပါပဲ။ ဒါဟာ ဒီဇိုင်နာတွေက အနီရောင်ကို ကြိုက်လွန်းလို့ မဟုတ်ဘဲ ကျွန်မတို့ရဲ့ ဦးနှောက်ကို တစ်နည်းနည်းနဲ့ "လှည့်စား" ဖို့အတွက် သိပ္ပံနည်းကျ သုံးထားတာပါ။

အဓိက ၃ ချက်ကို ပုံ တစ်ပုံချင်းအောက်မှာ ကြည့်ရအောင်။

26/04/2026

ပြသနာကို အပေါ်ယံမကြည့်ပဲအဖြေရှာတဲ့ Problem Framing Exercise

ဒီနေ့ Pillar Academy ရဲ့ အတန်းထဲမှာ ကျောင်းသားတွေဟာ အဖြေတစ်ခုကို အလွယ်တကူ ရှာဖွေတာထက် ပိုမိုထိရောက်တဲ့ "မေးခွန်းကောင်းတွေ" မေးတတ်ဖို့ discussion နဲ့ hands on exercise တွေလုပ်ခဲ့ကြပါတယ်

Problem Framing လက်တွေ့သင်ခန်းစာမှာ ပြဿနာတစ်ခုကို မြင်မြင်ချင်း Solution ထုတ်ဖို့ မလောပဲ အဲဒီပြဿနာရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ပိုမိုနက်နက်ရှိုင်းရှိုင်း စဉ်းစားတတ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်

ပြဿနာတော်တော်များများမှာ အဖြေမထွက်ရတဲ့ အကြောင်းရင်းက ကျွမ်းကျင်မှုမရှိလို့မဟုတ်ဘဲ "မှားယွင်းတဲ့ ပြဿနာကို အဖြေရှာနေမိလို့" ဖြစ်နေတတ်တာများပါတယ်

ဒီနေ့ ဘာတွေလုပ်ခဲ့ကြလဲ?
Real world scenario တွေကို နမူနာယူပြီး ဒီလိုလေ့ကျင့်ခဲ့ကြပါတယ်

✅The 5 Whys: ပြဿနာတစ်ခုရဲ့ အဓိက အရင်းအမြစ်ကို မတွေ့မချင်း "ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းကို အထပ်ထပ်မေးပြီး အဖြေရှာတတ်ဖို့

✅Reframing Constraints: "ဒါကတော့ မဖြစ်နိုင်ဘူး" ဆိုတဲ့ အတားအဆီးတွေကနေ "ဒါကို ဘယ်လိုနည်းနဲ့ ဖြစ်အောင်လုပ်မလဲ" ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်ပြောင်းလဲတတ်ဖို့

12/04/2026

UIUX Designer တွေရဲ့ career အစောပိုင်းမှာ ဘယ်လို company မျိုးမှာလုပ်တာကိုယ့်အတွက်ပိုပြီး grow ဖြစ်တာမြန်မလဲ learning အတွက်ဘယ်မှာက ပိုကောင်းမလဲ?

09/04/2026

UI Design က လှရုံနဲ့ မလုံလောက်တော့ဘူးဆိုတာ သိပါသလား? 🧐

တကယ်တမ်း အသုံးပြုသူတွေ သဘောကျမယ့် Product တစ်ခုဖြစ်ဖို့ဆိုရင် Visual ထက် ပိုအရေးကြီးတဲ့ "UI Logic" ရှိဖို့ လိုအပ်ပါတယ်။ Design တိုင်းမှာ "ဘာကြောင့် ဒီလိုလုပ်ရတာလဲ" ဆိုတဲ့ အဖြေရှိနေမှသာ Professional ဆန်တဲ့ Designer တစ်ယောက် ဖြစ်လာမှာပါ။

Pillar Academy ကနေ Designer တိုင်း သိထားသင့်တဲ့ Main pillars of UI Logic တွေကို စုစည်းပြီး "UI Logic Blueprint PDF" အဖြစ် အခမဲ့ မျှဝေပေးလိုက်ပါတယ်။
✅ Professional တစ်ယောက်လို စဉ်းစားတတ်စေဖို့
✅ User-friendly ဖြစ်တဲ့ Design တွေ ဖန်တီးနိုင်ဖို့
✅ Design Decision တွေကို ယုံကြည်မှုရှိရှိ ရှင်းပြနိုင်ဖို့

ဒီ Ebook လေး ကို ဘယ်လိုရယူမလဲ?
၁။ ဒီ Post ကို Like & Share လုပ်ပါ။
၂။ Messenger မှာ "Blueprint" လို့ စာပို့လိုက်ပါ။ (Google Drive Link ကို တိုက်ရိုက်ပို့ပေးသွားပါမယ်)။

ပိတ်ရက်ရှည်မှာ ကိုယ့်ရဲ့ Skill ကို အဆင့်မြှင့်တင်ဖို့ အခုပဲ စာပို့ပြီး Guide ရယူလိုက်ပါ။ 🚀

05/04/2026

UX Beyond the Canvas သင်တန်းလေးက early bird seat လေးတွေကတော့ မနေ့တည်းက sold out ဖြစ်သွားပါပြီနော်။

Quality ကောင်းကောင်းလေးပေးချင်တာကြောင့်ရယ် တစ်ယောက်ချင်းစီကို သေချာအာရုံစိုက်ပေးချင်တာကြောင့်ရယ် ဒီ Batch မှာ လူဦးရေကန့်သတ်ထားပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်က Link မှာ အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီရှင်။

သင်တန်း အသေးစိတ်ကြည့်ရန်: https://www.facebook.com/share/p/1B1WPa9BXE/?mibextid=wwXIfr

Registration Link : https://forms.gle/JRamkCG8b2h3kxYq8

04/04/2026

Job Demand of Entry Level UI/UX Designer roles

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon