Differentiate & appreciate yourself with Tr Yin

Differentiate & appreciate yourself with Tr Yin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Differentiate & appreciate yourself with Tr Yin, Tutor/Teacher, HEDC, Yangon.

22/12/2025

Who do you want to be? 🤔🤔

Harry Potter ဇာတ်လမ်းတွဲ
"The chamber of scerets "ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ
ကျောင်းအုပ်ကြီး🧙 Dumbeldoreဒမ်ဘယ်လ်ဒေါ
Harry ကို ပြောသွားတာလေး

"It is our choices Harry
that show what we truely are far more than our abilities "တဲ့

ဘာကြောင့်ဆိုရင်
အဲ့ကားမှာ Harry က သူ့မိဘတွေ ဗိုဒီမော့နဲ့ နောက်ဆုံးတိုက်ခိုက်ရင်း သူ့မိဘတွေ လက်ချက်နဲ့ ဗိုဒီမော့ကျဆုံးသွားတဲ့အခါဗို​ဒီမော့ရဲ့စိတ်ဝိညာဉ်အပိုင်းအစ​လေး
တစ်ခု Harry ကိုယ်ခန္ဓာထဲ ကိန်းအောင်းကျန်​နေခဲ့တာကို အကြောင်းပြပြီး တွမ်ရစ်ဒဲလ်က မှော်သွေးမစစ်တဲ့သူတေကို လိုက်လံနှိမ်နင်းတာကို Harryကိုယ်တွင်းမှာရှိတဲ့
ဗိုဒီမော့ရဲ့ မကောင်းတဲ့အရည်အသွေးတွေက လုပ်ဆောင်သလို လှည့်စား အသုံးချခံရပေမဲ့ နောက်ဆုံးမှာ ဗိုဒီမော့ရဲ့ မကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို Harry ကတွန်းလှန်နိုင်ခဲ့တဲ့အခါ ၊

Harry က သူ့ရဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး မရေမရာ
ဝေဝါး စိတ်ဓာတ်ကျနေချိန် 😞☹သူ့ကြောင့် သူ့ရဲ့ ဆရာသမား အပေါင်းအသင်းသူငယ်ချင်းတွေ ထိခိုက်နစ်နာရတယ်ဆိုတဲ့ခံစားမှု အပေါ်မှာ😭 ကျောင်းအုပ်ကြီး ဒမ်ဘလ်ဒေါက
နှစ်သိမ့်စကားဆိုရင်း
ပြောသွားတာလေးပါ

တစ်ကယ်ဆို Harry ဟာ ကျောင်းစစ ဝင်ချင်း မှော်ဦးထုပ် လေးရဲ့ ရွေးချယ်မှုအရဆိုရင် သူဟာ (ဗိုဒီမော့ရဲ့စိတ်ဝိညာဥ် မကောင်းတဲ့မှော်သွေး) အပြည့်အဝရှိတဲ့သူတေဝင်ရမဲ့ Slytherin
(စလေသရင်း )အဆောင်မှာနေရမှာပါ 🤫

But သူ့ရဲ့ကောင်းမွန်တဲ့ စိတ်ဝိညာဉ်က အားကြီးတဲ့အတွက် သူ့ကို မှော်ဦးထုပ်လေးက Griffindor အဆောင်ကို ဝင်ဖို့ရွေးပေးခဲ့တာပါ

👉👉
ဒါကိုကြည့်ချင်းအားဖြင့် ကျွန်မတို့ ဘဝတွေမှာလည်း ဘယ်လောက်ပဲကိုယ်ဟာ အရည်အချင်းရှိနေပါစေ
အဲ့အရည်အချင်းတွေနဲ့ ကိုယ်ဘာတွေလုပ်သလဲဆိုတဲ့အရာ၊ရလဒ်တွေကသာ ကျွန်မတို့ ဘယ်သူပါဆိုတာ ဖော်ပြနိုင်ပါလိမ့်မယ် 👍☺

ကိုယ့်မှာ ကောင်းတဲ့ အရည်အသွေးတွေ ရှိနေပါလျှက် အဲ့အရာတွေကို
မကောင်းတဲ့ လုပ်ဆောင်မှုတွေ အတွက် အသုံးချခဲ့မယ်ဆိုရင်ဖြင့် ကိုယ့်ဘဝဟာ
ဗိုဒီမော့လို မကောင်းသတင်းကျော်ဇော်ခြင်းတွေ
တွင်ကျန်ရစ်ခဲ့ပါလိမ့်မယ် ၊

🙃ဆန့်ကျင်ဘက်အနေနဲ့🙃 ကိုယ့်မှာ မကောင်းတဲ့စိတ်ဝိညာဥ်တွေ ပါနေပါလျှက်နဲ့တောင် Harry လို တွန်းလှန်တိုက်ခိုက်ပြီး ကောင်းတာတေလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ အနာဂတ် အိမ်မက်လမ်းကြောင်းတွေဟာ သာယာလှပနေမှာ အမှန်ဧကန် မလွဲနိုင်တော့ပါဘူးလေ ☺

"ကျွန်မတို့ရဲ့လုပ်နိုင်စွမ်းတွေထက် ကျွန်မတို့ရဲ့ရွေးချယ်မှုတွေကကျွန်မတို့ဘာလဲဆိုတာ ပြသနေပါတယ်"
ဂျေ ကေ ရိုလင်း 🖌🖌

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

HEDC
Yangon