TutorGo Myanmar Agency

TutorGo Myanmar Agency

Share

သားသားမီးမီးတို့အတွက် Home🏠အိမ်အရောက်သင် ဆရာ၊ဆရာမ ခေါ်ယူလို့ရပါတယ်ရှင့်🧑‍🏫
Online သင်တန်း one on one သင်ဖို့ ဆရာ၊ ဆရာမ ခေါ်ယူလို့ရပါတယ်ရှင့်🙏📚

19/07/2026

တစ်နေ့မှာ... သားသားမီးမီးတို့ စာကြောက်လာခဲ့တာ မတော်တဆ မဟုတ်ပါဘူး။ 😔

​"သားသားမီးမီးတို့ ကြီးလာရင် ဘာဖြစ်ချင်လဲ" လို့ မိဘတွေဖြစ်တဲ့ လူကြီးမင်းတို့က မကြာခဏ မေးတတ်ကြပါတယ်။
"ဆရာဝန်"၊ "အင်ဂျင်နီယာ"၊ "လေယာဉ်မှူး" လို့ သားသားမီးမီးတို့ကို ဖြေစေချင်တတ်ကြတယ်။
​ဒါပေမယ့်... "သားသားမီးမီးတို့ ဘာကို သိချင်လဲ" ဆိုတဲ့ မေးခွန်းကိုတော့... ကျွန်တော်တို့ မေးဖြစ်တာ နည်းလွန်းပါတယ်။ 💡
​ကလေးတစ်ယောက်ဟာ မွေးကတည်းက စူးစမ်းတတ်ပါတယ်။ လက်ထဲရောက်တဲ့ ပစ္စည်းတိုင်းကို ကိုင်ကြည့်တယ်။ အသံကြားရင် လိုက်ရှာတယ်။ "ဘာလို့လဲ" ဆိုတဲ့ စကားကို အကြိမ်ကြိမ် မေးတယ်။ အဲဒီအချိန်မှာ... သူတို့ဟာ ကမ္ဘာကြီးအကြောင်း အသိဉာဏ် မသိရှိသေးကြပါဘူး။
ဒါပေမယ့်... သင်ယူနေကြပါတယ်။ 👶🔍
​တဖြည်းဖြည်းနဲ့... ကျောင်းစတက်တယ်။ စာသင်တယ်။ စာမေးပွဲ ဖြေတယ်။ အမှတ်ရတယ်။ အဆင့်သတ်မှတ်ခံရတယ်။ အဲဒီအချိန်ကစပြီး... သူတို့အတွက် အရေးကြီးဆုံးအရာက "သိချင်စိတ်" မဟုတ်တော့ဘဲ "မှားလို့ မဖြစ်ဘူး" ဆိုတဲ့ စိတ် ဖြစ်လာပါတယ်။ 🚫
​ဒီလိုဖြစ်တာ... ဆရာတစ်ယောက်ကြောင့်လား။ မိဘတစ်ယောက်ကြောင့်လား။ ကလေးကြောင့်လား။ အဖြေက... ဘယ်သူတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ အမှတ်ကို အလေးထားတဲ့ ယဉ်ကျေးမှု၊ အချိန်မလုံလောက်တဲ့ စာသင်ခန်း၊ စာပြီးအောင် သင်ရတဲ့ ဖိအား၊ စာမေးပွဲကို အဓိကထားတဲ့ စနစ်... ဒီအရာတွေ အားလုံးပေါင်းပြီး... သားသားမီးမီးတို့ကို "မမှားရဘူး" လို့ သင်ပေးနေကြလို့ပါ။ 💔
​ဒါပေမယ့်... ကမ္ဘာပေါ်က တီထွင်မှုတိုင်း၊ ရှာဖွေတွေ့ရှိမှုတိုင်းက... "မှားကြည့်ရဲတဲ့ သူတွေ" ဆီက စခဲ့တာပါ။ မေးခွန်းတစ်ခုကနေ စခဲ့တာပါ။ "ဘာလို့ မဖြစ်နိုင်ရမှာလဲ" ဆိုတဲ့ အတွေးကနေ စခဲ့တာပါ။ 🚀✨
​ဒီနေ့ခေတ်မှာ AI က စာစီစာကုံး ရေးပေးနိုင်တယ်။ သင်္ချာပုစ္ဆာ ဖြေပေးနိုင်တယ်။ ဘာသာပြန်ပေးနိုင်တယ်။ ဒါပေမယ့်... AI မပေးနိုင်တဲ့ အရာတစ်ခု ရှိသေးတယ်။
အဲဒါက... သိချင်စိတ်၊ စူးစမ်းနိုင်စွမ်းနဲ့ မေးခွန်းထုတ်နိုင်စွမ်း ပါပဲ။ 🧠❓
​ဒီအရာတွေကို... ငယ်ရွယ်စဉ်ဘဝမှာ မပျိုးထောင်ပေးနိုင်ရင်... ဘယ်လောက်အမှတ်ကောင်းကောင်း... အနာဂတ်မှာ လိုအပ်တဲ့ အရည်အချင်းတစ်ချို့ကို တည်ဆောက်ဖို့ ပိုခက်သွားနိုင်ပါတယ်။
​ဒီစာ‌တွေက... စာမေးပွဲကို ဆန့်ကျင်တာ မဟုတ်ပါဘူး။🤗 အမှတ်ပေးစည်းမျည်းတွေက မလိုဘူးလို့ ပြောတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့်... အမှတ်တွေ ရှာနေတဲ့အချိန်မှာလဲ.... သားသားမီးမီးတို့ရဲ့ သဘာဝ "သိချင်စိတ်" ကလေးကိုတော့ မပျောက်ကွယ်သွားစေချင်ပါဘူး။

ယနေ့ညမှစပြီး... သားသားမီးမီးတို့ အိပ်ခါနီးရင်... စာမေးပွဲအကြောင်း မပြောဘဲ... လူကြီးမင်းတို့အနေနဲ့ ဒီမေးခွန်းတစ်ခုပဲ မေးကြည့်ပေးပါ။
"ဒီနေ့ ဘာအကြောင်းကို အံ့ဩခဲ့ရလဲ သား ၊ သမီး"
​အဲဒီအဖြေက... သူတို့ရဲ့ အမှတ်စာရင်းမှာ မပါတာ သေချာပါတယ်။ ဒါပေမယ့်... သူတို့ရဲ့ အနာဂတ်ထဲမှာတော့ ပါသွားနိုင်ပါတယ်။ 🌈
​တစ်ခါတလေ... ပညာရေးဆိုတာ... သားသားမီးမီးတို့ကို အဖြေမှန် သင်ပေးတာထက်... ဘဝတစ်လျှောက်လုံး မေးခွန်းကောင်းတွေ ဆက်မေးနေချင်တဲ့ သူတစ်ယောက် ဖြစ်အောင် ကူညီပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 💡

💛 TUTORGO believes that great education doesn't just prepare children for exams—it prepares them for life.
TUTORGO – Empowering Every Student. Inspiring Every Future.

​💬 လူကြီးမင်းတို့ရော သားသားမီးမီးတို့ကို အိပ်ရာဝင်ခါနီး ဘယ်လိုမေးခွန်းလေးတွေ မေးဖြစ်လဲဆိုတာ Comment မှာ မျှဝေပေးသွားပါဦး။

​ #သိချင်စိတ် #ပညာရေး

17/07/2026

"ဆရာကောင်းတစ်ယောက်" က ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါတယ်။ 🌟
မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးအတွက် ဆုံးဖြတ်ချက်တိုင်းဟာ လွယ်ကူတာ မဟုတ်ပါဘူး။
ဘယ်ကျောင်းထားရမလဲ... ဘယ်ဘာသာရပ်ကို အားဖြည့်ပေးရမလဲ... Home Tutor ခေါ်သင့်ပြီလား... ခေါ်မယ်ဆိုရင် ဘယ်လိုဆရာကို ရွေးချယ်သင့်လဲ... 🤔
ဒီမေးခွန်းတွေဟာ မိဘတိုင်းရဲ့ စိတ်ထဲမှာ အနည်းဆုံး တစ်ကြိမ်တော့ ပေါ်ဖူးမှာပါ။
တကယ်တော့ Home Tutor တစ်ယောက်ကို ရွေးချယ်တာဟာ သင်ကြားခ ဘယ်လောက်လဲဆိုတာထက် "ကလေးအတွက် မှန်ကန်တဲ့ လမ်းပြတစ်ယောက်ကို ရွေးချယ်တာ" ပိုအရေးကြီးပါတယ်။
စာတော်တဲ့ ဆရာတိုင်းက သင်ပေးတတ်တာ မဟုတ်သလို... သင်ပေးတတ်တဲ့ ဆရာတိုင်းကလည်း ကလေးရဲ့ စိတ်ကို နားလည်ပေးနိုင်တာ မဟုတ်ပါဘူး။ 😔
ကလေးတစ်ယောက် သင်ယူတိုးတက်ဖို့ဆိုတာ သင်ခန်းစာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
သူ့ရဲ့ အားနည်းချက်ကို ရှာဖွေပေးနိုင်တဲ့သူ... မေးခွန်းမေးရဲအောင် ယုံကြည်မှုတည်ဆောက်ပေးနိုင်တဲ့သူ... အမှားလုပ်မိရင် အပြစ်တင်တာထက် နားလည်အောင် လမ်းညွှန်ပေးနိုင်တဲ့သူ... ✨
အဲဒီလို ဆရာ/ဆရာမမျိုးကသာ ကလေးရဲ့ သင်ယူမှုကို တကယ်ပြောင်းလဲပေးနိုင်ပါတယ်။
ဒါကြောင့် Home Tutor ရွေးချယ်တဲ့အခါ—
✔️ ဘာသာရပ်နဲ့ ကိုက်ညီတဲ့ အရည်အချင်း ရှိရဲ့လား။
✔️ သင်ကြားရေးအတွေ့အကြုံ လုံလောက်ရဲ့လား။
✔️ ကလေးရဲ့ သင်ယူမှုပုံစံကို နားလည်ပြီး သင်ကြားနိုင်ရဲ့လား။
✔️ အချိန်မှန်ပြီး တာဝန်ယူမှု ရှိရဲ့လား။
✔️ မိဘနဲ့ ပုံမှန်ဆက်သွယ်ပြီး တိုးတက်မှုကို မျှဝေပေးနိုင်ရဲ့လား။
✔️ ကလေးအတွက် လုံခြုံပြီး ယုံကြည်စိတ်ချရတဲ့သူလား။
ဒီမေးခွန်းတွေကို အရင်ဖြေကြည့်ပါ။
TUTORGO မှာတော့ ဆရာတစ်ယောက်ကို ချိတ်ဆက်ပေးရုံနဲ့ မပြီးပါဘူး။
ကျောင်းသားတစ်ယောက်ချင်းစီရဲ့...
📌 အတန်း
📌 သင်ယူလိုတဲ့ ဘာသာရပ်
📌 လက်ရှိအခြေအနေ
📌 ရည်မှန်းချက်
📌 သင်ယူမှုပုံစံ
တို့ကို သေချာလေ့လာပြီး သင့်တော်တဲ့ ဆရာ/ဆရာမနဲ့ ချိတ်ဆက်ပေးပါတယ်။
သင်ကြားမှု စတင်ပြီးတဲ့နောက်မှာလည်း လိုအပ်လာတဲ့အခါ ညှိနှိုင်းပေးခြင်း၊ အကြံပေးခြင်း၊ Follow-up ပြုလုပ်ပေးခြင်းတွေကို ဆက်လက်ဆောင်ရွက်ပေးပါတယ်။
ဘာကြောင့်လဲဆိုတော့...
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က "Tutor တစ်ယောက်ရှာပေးဖို့" မဟုတ်ပါဘူး။
ကျောင်းသားတစ်ယောက်ရဲ့ သင်ယူမှုကို ပိုမိုထိရောက်စေမယ့် သင်ကြားရေးအတွေ့အကြုံကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ 🚀
Government Curriculum, IGCSE, GED, SAT, OSSD, IELTS နဲ့ အခြားဘာသာရပ်များအတွက် အတွေ့အကြုံရှိတဲ့ ဆရာ/ဆရာမများကို TUTORGO မှ စနစ်တကျ ရွေးချယ်ချိတ်ဆက်ပေးလျက်ရှိပါတယ်။
အနာဂတ်ကောင်းတစ်ခုဟာ မှန်ကန်တဲ့ သင်ယူမှုကနေ စတင်ပါတယ်။
ပြီးတော့ မှန်ကန်တဲ့ သင်ယူမှုက... မှန်ကန်တဲ့ ဆရာ/ဆရာမကို ရွေးချယ်ခြင်းကနေ စတင်ပါတယ်။ 💡
📩 သင့်ကလေးအတွက် သင့်တော်တဲ့ Home Tutor (သို့) Online Tutor လိုအပ်ပါက TUTORGO ကို ယုံကြည်စွာ ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်း: 09783504164

#ပညာရေး #ဆရာကောင်း #အနာဂတ်

Photos from TutorGo Myanmar Agency's post 16/07/2026

💙 ယုံကြည်မှုတိုင်းက TUTORGO အတွက် အားအင်တစ်ခုပါ။
ကျွန်တော်တို့ကို ယုံကြည်ရွေးချယ်ပြီး လက်တွဲပေးကြတဲ့ မိဘများနဲ့ ဆရာ၊ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 🙏
TUTORGO အနေဖြင့် ကျောင်းသားတိုင်းအတွက် သင့်တော်တဲ့ ဆရာ၊ ဆရာမကို ချိတ်ဆက်ပေးနိုင်ဖို့၊ ဆရာ၊ ဆရာမများအတွက်လည်း သင့်တော်တဲ့ သင်ကြားရေးအခွင့်အလမ်းများ ရရှိစေဖို့ အမြဲကြိုးစားလျက်ရှိပါတယ်။
ရှေ့ဆက်ပြီးလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ အကောင်းဆုံး ပံ့ပိုးပေးသွားပါမယ်။ 💙
TUTORGO – Myanmar Education Agency

16/07/2026

🌟 သင့်ကလေးရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ သင်ကြားမှုကို ရွေးချယ်ပါ 📚✨
ကလေးတိုင်းမှာ ထူးချွန်နိုင်တဲ့ အလားအလာရှိပါတယ် 💙
အဲ့ဒီအလားအလာကို ဖော်ထုတ်ပေးဖို့ TUTORGO Myanmar Education Agency မှ

👩‍🏫 အတွေ့အကြုံရှိ ဆရာ/ဆရာမများနှင့် ချိတ်ဆက်ပေးခြင်း
📚 သင့်ကလေးနှင့် ကိုက်ညီသော သင်ကြားမှုပုံစံ ရွေးချယ်ပေးခြင်း
🌏 Local & International Curriculum များအတွက် သင်ကြားပေးခြင်း
✅ KG မှ G-12 အထိ
✅ Pre-KG မှ Secondary အထိ
✅ IGCSE / GED Preparation
✅ English & other Language Classes
✅ Phonics, Starters, Movers, Flyers

သင့်ကလေး ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်လာဖို့
TUTORGO နဲ့အတူ စတင်လိုက်ပါ 🌟
📞 ဆက်သွယ်ရန် - 09783504164 Viber

13/07/2026

📢 Urgently Hiring – Female Maths Teacher Needed

TUTORGO MYANMAR

🆔 Order ID – TTG 111

📚 Subject – Edexcel IGCSE Further Pure Maths

🎓 Grade – Edexcel IGCSE

👩‍🏫 Position – Female Teacher (Home Tutor)

⏰ Schedule

• တစ်ပတ် (၂) ရက်
• တစ်ရက် (၁ နာရီခွဲ)
💰 Fees – 170,000 MMK

📍 Location –
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်
ပန်းဆိုးတန်းမှတ်တိုင်အနီး

✨ One-on-One Home Tuition
ကျောင်းသား/သူ တစ်ဦးချင်း သင်ကြားပေးရမည့် အတန်းဖြစ်ပါသည်။
စိတ်ဝင်စားသော ဆရာ/ဆရာမများအနေဖြင့်
📩 Viber မှတစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
📞 Contact – 09783504164 Viber

13/07/2026

✨ ကလေးများ၏ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးကြပါစို့! ✨

သားသားမီးမီးတို့ရဲ့ အနာဂတ်ဟာ သူတို့ရဲ့ စိတ်ကူးဉာဏ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းအပေါ်မှာ အများကြီး မူတည်နေပါတယ်နော်။ ဉာဏ်ရည်ထက်မြက်ပြီး ဖန်တီးမှုအားကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်လာဖို့ မိဘတွေအနေနဲ့ ဘယ်လိုဝိုင်းဝန်းကူညီပေးနိုင်မလဲ? 💡🌟

ဒီနေ့မှာတော့ TutorGo ကနေ ကလေးတွေရဲ့ Creativity ကို မြှင့်တင်ပေးနိုင်မယ့် အချက် ၃ ချက်ကို မျှဝေပေးလိုက်ပါတယ် -
၁။ 🧱 လွတ်လပ်စွာ စူးစမ်းလေ့လာခြင်း (Free Exploration): ကလေးတွေကို ပုံသေနည်းတွေထဲမှာပဲ ပိတ်မထားဘဲ သူတို့စိတ်ကြိုက် လွတ်လပ်စွာ ကစားခွင့်၊ စမ်းသပ်ခွင့်ပေးပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့စေပြီး သူတို့ရဲ့ စူးစမ်းလိုစိတ်ကို အားပေးပါ။

၂။ 🎨 ဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုများ (Creative Activities): ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်းနဲ့ ဂီတအနုပညာ လှုပ်ရှားမှုတွေမှာ ပါဝင်စေခြင်းဖြင့် သူတို့ရဲ့ စိတ်ကူးအာရုံကို နိုးကြားစေပါ။

၃။ ❤️ မိဘများ၏ အခန်းကဏ္ဍ (Parental Role): ကလေးတွေရဲ့ ကြိုးစားမှုတိုင်းကို အသိအမှတ်ပြု အားပေးပါ။ သူတို့အမှားလုပ်မိတဲ့အခါမှာလည်း စိတ်ရှည်စွာနဲ့ သင်ယူနိုင်အောင် လမ်းပြပေးဖို့ လိုအပ်ပါတယ်နော်။
TutorGo Myanmar Education Agency သည် ကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲတမ်း အသင့်ရှိနေပါတယ်! 🎓✨
ဒီအချက်လေးတွေက မိဘတို့အတွက် အကျိုးရှိမယ်ဆိုရင် Like & Share လုပ်ပြီး သိမ်းထားနိုင်ပါတယ်ခင်ဗျာ။

#ပညာရေး #ကလေးပြုစုပျိုးထောင်ခြင်း

09/07/2026

🌟 အောင်မြင်တဲ့ အနာဂတ်ဆိုတာ မှန်ကန်တဲ့ သင်ယူမှုကနေ စတင်ပါတယ်။

👨‍👩‍👧‍👦 သင့်ကလေးကို ထူးချွန်ထက်မြက်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ ကျောင်းသားတစ်ယောက်အဖြစ် မြင်တွေ့ချင်ပါသလား?

ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ မှန်ကန်တဲ့ လမ်းညွှန်မှုပေးနိုင်တဲ့ ဆရာ/ဆရာမကောင်းတွေက အရေးကြီးပါတယ်။

📚 TUTORGO က အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရတဲ့ ဆရာ/ဆရာမများနဲ့ ချိတ်ဆက်ပေးကာ ကလေးတိုင်းရဲ့ သင်ယူမှုခရီးကို ပိုမိုထိရောက်အောင် ပံ့ပိုးပေးနေပါတယ်။

✨ ယနေ့ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုက မနက်ဖြန်ရဲ့ အောင်မြင်မှုကို ဖန်တီးပေးနိုင်ပါတယ်။

🎓 မိဘတိုင်း မျှော်လင့်တဲ့ ထိပ်တန်းကျောင်းသား ဖြစ်လာဖို့ TUTORGO နဲ့အတူ အခုကစပြီး လျှောက်လှမ်းလိုက်ပါ။

📩 အသေးစိတ် သိရှိလိုပါက Messenger မှာ
အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။

#ပညာရေး
#ဆရာ


08/07/2026

📢 Urgently Hiring – IGCSE Business Studies (FBM) Female Teacher

💻 One-on-One Online Tuition (Zoom Class)

🆔 Order ID: TTG 109

📚 IGCSE Class ကျောင်းသား/ကျောင်းသူအတွက် IGCSE Business Studies (FBM) ဘာသာရပ်ကို Zoom ဖြင့် One-on-One သင်ကြားပေးရန် Female Teacher အမြန်လိုအပ်ပါသည်။

⏰ သင်ကြားချိန်
📅 တစ်ပတ်လျှင် (၂) ရက်
⏱ တစ်ရက်လျှင် (၁ နာရီ ၃၀ မိနစ်)
💰 သင်ကြားခ – 180,000 MMK

👩‍🏫 လိုအပ်ချက် ✔ IGCSE Business Studies (FBM) ဘာသာရပ်ကို ကျွမ်းကျင်စွာ သင်ကြားနိုင်ရမည်။
✔ Zoom ဖြင့် Online Class သင်ကြားနိုင်ရမည်။
✔ IGCSE Teaching Experience ရှိသူ ဦးစားပေး။
✔ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး စိတ်ရှည်စွာ သင်ကြားနိုင်ရမည်။
✔ ကျောင်းသားနားလည်တတ်မြောက်စေရန် သေချာစနစ်တကျ သင်ကြားပေးနိုင်ရမည်။
📩 လျှောက်ထားရန်

Order ID – TTG 109 ကို ဖော်ပြပြီး CV နှင့် Tutor Profile ကို Viber – 09783504164 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။


#ပညာရေးဝန်ဆောင်မှုအေဂျင်စီ



06/07/2026

📚 ကျောင်းစာတွေ “နားမလည်ဘဲ” ဆက်သွားလိုက်တာ အဖြေမဟုတ်ဘူးနော်….👀
သင်ခန်းစာတွေက တစ်နေ့တစ်နေ့ ပိုမိုများပြားလာနေပြီး
တစ်ချိန်လောက်နောက်ကျသွားတာနဲ့ “ပြန်လိုက်မီဖို့” ပိုခက်သွားတတ်ပါတယ်။

အထူးသဖြင့်— 👩‍🎓 ကိုယ်တိုင်မသိနားမလည်လိုက်တဲ့ အားနည်းတဲ့ ဘာသာရပ်တွေ
👨‍👩‍👧 သားသမီးရဲ့အိမ်စာကို အချိန်ပြည့်မကြည့်နိုင်တဲ့ မိဘများအတွက်

TutorGo က အဖြေတစ်ခုဖြစ်ပါတယ်။

✨ ဘာကြောင့် TutorGo လဲ?

ကျောင်းသင်ခန်းစာကို “ပဲမသင်ပေးပါဘူး”

နားလည်အောင် “ပြန်တည်ဆောက်ပေးတယ်”

✔️ အခြေခံကနေ စနစ်တကျ ပြန်ရှင်းပေးခြင်း
✔️ အားနည်းချက်ကို တစ်ဦးချင်းစီ သုံးသပ်ပေးခြင်း
✔️ Homework & Exam အတွက် တိကျစွာ ပြင်ဆင်ပေးခြင်း
✔️ Home Guide / Online Guide နှစ်မျိုးရွေးချယ်နိုင်ခြင်း

📖 သင်ကြားပို့ချမှုများ

• KG – Grade 12 (အစိုးရသင်ရိုး)
• International Curriculum
• IGCSE
• GED
🎁 သင်ကြားမှု အခြေအနေကို ကြည့်ရှုနိုင်ရန် 1-Day Trial Class သင်ကြားပေးခြင်း (Online ဖြင့်)

သင့်ကလေးအတွက် သင့်တော်တဲ့ Guide ဆရာ/ဆရာမကို ပထမဦးစွာ လေ့လာ
ယုံကြည် စိတ်ချပြီးမှ ရွေးချယ်နိုင်ပါသည်။

📩 ယနေ့ပဲ Messenger မှာ ဆက်သွယ်လိုက်ပါ

အသေးစိတ်ကို Viber 📞 09-783504164 သို့လဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စာမမီတာကို ဖြေရှင်းမယ့် သာမန် tuition မဟုတ်ပါဘူး။
သင့်ကလေးရဲ့ နားလည်မှုကို ပြန်တည်ဆောက်ပေးမယ့် ပညာရေး support system တစ်ခုပါ။ 💙






#ပညာရေး

06/07/2026

ာမရသွားပါပြီ။
📢 Urgently Hiring – Home Tutor

Order ID – TTG 107

🎓 IGCSE O Level (In Person)

📚 Subjects
• ESL
• Mathematics B
• Business
• Accounting
• ICT

✅ ဘာသာစုံသင်နိုင်သူ ဦးစားပေး
✅ ဘာသာခွဲသင်လိုသူများလည်း လျှောက်ထားနိုင်ပါသည်။
✅ Age Under 30 years - Females only

📍 Location
Mandalay (Mdy)
110A × 68–69 လမ်းကြား
အနီးရှိမှတ်တိုင် – ချမ်းမြသာစည်

🗓 Teaching Schedule
📅 ၁ ပတ်လျှင် ၄ ရက်
⏰ 5:00 PM – 6:30 PM

💰 Teaching Fee - (Negotiable)

📩 စိတ်ပါဝင်စားသော ဆရာ/ဆရာမများအနေဖြင့် CV (သို့) Teaching Experience ကို Viber – 09 783 504 164 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No6/76…Dammhaprla Street, TawTike Ward, Mingalardon Tsp
Yangon