King Consulting Group

King Consulting Group

Share

King helps clients with total transformation—driving complex change, enabling organizations to grow, and driving bottom-line impact.

16/08/2026

📌 Final Episode | Constraints Businesses Face

Sales တက်နေတယ်… Project တွေများလာတယ်… ဒါပေမယ့် Cash က ဘာကြောင့် အမြဲလိုနေတာလဲ?

လုပ်ငန်းကြီးထွားလာတာနဲ့အမျှ Revenue တက်လာနိုင်ပါတယ်။ Profit လည်း ရှိနေနိုင်ပါတယ်။

ဒါပေမယ့် Profit ရှိတာနဲ့ Cash ရှိတာ မတူပါဘူး။

Customer ဆီမှာ ရရန်ငွေတွေ ပိတ်နေတာ၊ Inventory နဲ့ Project တွေထဲမှာ ငွေတွေ ရင်းနှီးထားရတာ၊ Supplier နဲ့ Operating Expenses တွေကို အရင်ပေးနေရတာတွေကြောင့် Sales ကောင်းနေပေမယ့် Cash Flow အခက်အခဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် CEO တစ်ယောက်အနေနဲ့

“ဒီလ Sales ဘယ်လောက်ရလဲ?” ဆိုတာတစ်ခုတည်း မမေးဘဲ

“Cash ဘယ်လောက်ဝင်လဲ?”
“ရရန်ငွေ ဘယ်လောက်ရှိလဲ?”
“Cash က ဘယ်နေရာမှာ ပိတ်နေလဲ?”
“နောက် 30, 60, 90 ရက်မှာ Cash Position ဘယ်လိုရှိမလဲ?”

ဆိုတာတွေကိုပါ သိထားဖို့လိုပါတယ်။

💡 Business Growth ကို Sales တစ်ခုတည်းနဲ့ မတိုင်းတာပါနဲ့။ Growth ကို ထောက်ပံ့နိုင်မယ့် Financial System နဲ့ Cash Flow Management ပါ တစ်ပြိုင်တည်း ကြီးထွားလာဖို့ လိုပါတယ်။

ဒီ Episode ဟာ KING Consulting ရဲ့ “Constraints Businesses Face” Series ရဲ့ Final Episode ဖြစ်ပါတယ်။

ဒီ Series တစ်လျှောက်မှာ လုပ်ငန်းတိုးတက်မှုကို တားဆီးနေတဲ့ Constraints တွေကို ရှာဖွေပြီး လူကိုအပြစ်တင်ခြင်းထက် Root Cause ကိုရှာဖွေခြင်း၊ Process ကိုပြင်ဆင်ခြင်းနဲ့ System တည်ဆောက်ခြင်း ဆိုတဲ့ Management Perspective ကနေ မျှဝေပေးခဲ့ပါတယ်။

Series ကို အားပေးကြည့်ရှုပေးခဲ့ကြတဲ့ Business Owners နဲ့ Management Professionals အားလုံးကို KING Consulting မှ ကျေးဇူးအထူးတင်ရှိပါတယ်။

Business Growth ဆိုတာ ပိုကြိုးစားရုံနဲ့ မလုံလောက်ပါဘူး။
ကြီးထွားမှုကို ထိန်းထားနိုင်မယ့် System တစ်ခုလည်း လိုပါတယ်။

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

08/08/2026

🤔 CEO မရှိတဲ့အချိန်မှာလည်း သင့်လုပ်ငန်း ပုံမှန်လည်ပတ်နိုင်ပါသလား?

❌ Purchase တစ်ခုလုပ်ဖို့ CEO ကိုမေးရတယ်
❌ Payment တစ်ခုလုပ်ဖို့ CEO ကိုစောင့်ရတယ်
❌ Discount တစ်ခုချပေးဖို့လည်း CEO ဆုံးဖြတ်မှ ရတယ်

⚠️ ဆုံးဖြတ်ချက်တိုင်း CEO ဆီရောက်နေပြီဆိုရင် CEO က လုပ်ငန်းရဲ့ Decision-Making Constraint ဖြစ်လာနိုင်ပါတယ်

✅ ဒီလိုအခြေအနေကို ဖြေရှင်းဖို့ Approval Matrix တည်ဆောက်နိုင်ပါတယ်

📋 ဘယ်ဆုံးဖြတ်ချက်ကို ဘယ်သူချမလဲ၊ ဘယ်ပမာဏအထိ Manager က Approve လုပ်နိုင်မလဲ၊ ဘယ်လို Strategic Decision တွေကို CEO ဆီတင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးခြင်းဖြစ်ပါတယ်

🔄 ဒါက CEO ရဲ့ Control ကို လျှော့ချတာမဟုတ်ပါဘူး
Control ကို လူတစ်ယောက်ဆီကနေ System တစ်ခုဆီ ပြောင်းပေးတာပါ

📈 လုပ်ငန်းကြီးလာတာနဲ့အမျှ CEO ရဲ့အချိန်ကို နေ့စဉ် Operational Decisions တွေမှာပဲ မကုန်စေဘဲ Strategy, Growth နဲ့ Future Decisions တွေအတွက် အသုံးပြုနိုင်ဖို့ လိုပါတယ်

💡 CEO ရဲ့ တာဝန်က ဆုံးဖြတ်ချက်အားလုံးကို ကိုယ်တိုင်ချဖို့ မဟုတ်ပါဘူး။ မှန်ကန်တဲ့လူက မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို မှန်ကန်တဲ့အချိန်မှာ ချနိုင်အောင် System တည်ဆောက်ပေးဖို့ပါ။

🎥 Constraints Businesses Face – Decision-Making Constraint

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

Photos from King Consulting Group's post 03/08/2026

𝐊𝐈𝐍𝐆 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 မိသားစု၏ စာပေအလှူ
⭐📖📖ပိိဋကတ်စာအုပ်တော်များကို📖📖⭐
🌿🌿🌿🌿🌿🪷🪷🪻🪻🪷🪷🌿🌿🌿🌿

🙏ဘုရားအမှူးရှိသော စာချစာသင်
သံဃာတော်အရှင်သူမြတ်အပါး(၅၅၈)ပါးတို့၏ သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ်တို့ကို အာရုံပြုလျှက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် စာချ,စာသင် သံဃာတော်အရှင်မြတ်တို့အားစေတနာသုံးတန် ပြဌာန်းကာဖြင့်နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ပါသည်🙏🙏🙏
💐 𝐊𝐈𝐍𝐆 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 နှင့်တူတူလက်တွဲ လုပ်နေသော စီးပွါးရှင်များနှင့်တကွ မြန်မာပြည်အရပ်ရပ်ရှိ Business Owners များ CEO များ
💐ဤကုသိုလ်ဒါနပွဲဖြစ်မြောက်အောင်
နှိုးဆော်တိုက်တွန်းကြသူများ,
💐ဝေယျာဝစ္စဆောင်ရွက်ကြသူများအားလုံး
🪷သက်ရှည် ကျန်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ဝကြပါစေ။

🌳ငါတို့လှူဒါန်း၊ ဒါနစွမ်းကြောင့်၊
ရဟန်း ရှင်လူ၊ စိတ်မပူ၊ စင်ဖြူတရားတိုးပါစေ။

🌳ငါတို့ခြုံလွှမ်း၊ မေတ္တာစွမ်းကြောင့်၊
ရဟန်းရှင်လူ၊ စိတ်မပူ၊ စင်ဖြူတရားတိုးပါစေ။

🌳နှောင့်ယှက်ရောဂါ၊ ကင်းစင်ကွာ၍၊
ကျန်းမာရွှင်လန်း၊ မေတ္တာစွမ်း၊ အေးချမ်းကြပါစေ။

🌳သက်ရှည်ကျန်းမာ၊ သာသနာကို၊
ညီညာလက်တွဲ၊ စောင့်ရှောက်မြဲ၊
လွန်ကဲမေတ္တာတိုးပါစေ။

🪴 ယနေ့ပြုရ၊ ကုသလကို၊
ရကြပါစေ၊ ပေးငှဝေသည်၊
နတ်လူသာဓု၊ ခေါ်စေသောဝ်။

⏰၁၃၈၈- ခုနှစ်၊
ဒုတိယဝါဆိုလပြည့်‌ကျော်(၄)ရက်၊
(2~8~2026) တနင်္ဂနွေနေ့။⏰

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

31/07/2026

🌱 Soul of Leadership – Day 1: Look & Listen

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ နေ့စဉ်ဆုံးဖြတ်ချက်တွေ ချနေရပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကောင်းတွေဟာ မြန်မြန်ဆုံးဖြတ်တာကနေ မစတင်ဘဲ၊ သေချာကြည့်ပြီး သေချာနားထောင်တာကနေ စတင်ပါတယ်။

ဝန်ထမ်းတွေ ဘာအခက်အခဲကြုံနေလဲ?
ဖောက်သည်တွေ ဘာလိုအပ်နေလဲ?
လုပ်ငန်းရဲ့ ငွေကြေးအခြေအနေက ဘာကိုပြောနေလဲ?

ဒီမေးခွန်းတွေကို အရင်နားထောင်ပြီးမှ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းရှင်က ရေရှည်မှာ ပိုမိုတည်ငြိမ်တဲ့ လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်ပါတယ်။

“Great leaders have a vision, and the ability to manifest it. Defining your own vision begins with looking and listening.”
— Deepak Chopra

💡 Today’s Reflection
ဒီနေ့ မိတ်ဆွေမဆုံးဖြတ်ခင်၊ ဘယ်သူ့စကားကို ပိုပြီးနားထောင်သင့်သလဲ?

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

28/07/2026

📊Episode 3 “ဝန်ထမ်းထပ်ခန့်ရမလား… ဒါမှမဟုတ် စနစ်ပြင်ရမလား?” 🤔

မကြာသေးခင်က မိုးစားသောက်ဆိုင်တစ်ဆိုင်ကို ရောက်ခဲ့တယ်

Customer တွေက အပြည့်နီးပါးရှိနေတယ်

ဒါပေမယ့် ဝန်ထမ်းတွေက အပြေးအလွှား မဖြစ်ဘူး

Order တွေ အချိန်မီရောက်တယ်
အစားအသောက်တွေ မှန်မှန်ထွက်တယ်
စားပွဲတွေကိုလည်း စနစ်တကျ ရှင်းပေးနေတယ်

မြန်မာစကားကိုထိထိမိမိပြောရရင်…

“လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းတယ်ပေါ့”

ဘာကြောင့် ဒီလိုလုပ်နိုင်တာလဲ?

အဖြေက သူတို့မှာ

✅ ရှင်းလင်းတဲ့ Process ရှိတယ်
✅ လူတိုင်း ကိုယ့်တာဝန်ကို သိတယ်
✅ အလုပ်တွေ ထပ်ခါထပ်ခါ မလုပ်ရဘူး
✅ Coordination ကောင်းတယ်

လုပ်ငန်းတစ်ခုလည်း ဒီလိုပါပဲ

ဝန်ထမ်းတွေ အလုပ်များနေတာက လူမလုံလောက်လို့ချည်း မဟုတ်ပါဘူး

တစ်ခါတစ်ရံ

🫷🏻Process မရှင်းလင်းတာ
🫷🏻Role & Responsibility မတိကျတာ
🫷🏻Approval အဆင့်များလွန်းတာ
🫷🏻တူညီတဲ့အလုပ်ကို ထပ်ခါထပ်ခါ လုပ်နေရတာ

တွေက Productivity ကို လျော့ကျစေတဲ့ Constraint တွေ ဖြစ်နေတတ်ပါတယ်။

💡 CEO တစ်ယောက်အနေနဲ့ မေးသင့်တဲ့ မေးခွန်းက…

“ဝန်ထမ်းထပ်ခန့်ရမလား?” မဟုတ်ဘဲ

“လက်ရှိ Process ကို ဒီထက်ပိုထိရောက်အောင် ဘယ်လိုပြင်နိုင်မလဲ?” ဆိုတာ ဖြစ်ပါတယ်

Productivity ဆိုတာ လူများတာမဟုတ်ပါဘူး Process ကောင်းတာ ဖြစ်ပါတယ်

Financial system & Operational System ကို လူကြီးမင်းရဲ့ လုပ်ငန်းနဲ့ကိုက်ညီတဲ့ စနစ်ကို KING Consulting က ဦးဆောင်ပြီး အကောင်ထည်ဖော်ပေးမှာပဲဖြစ်ပါတယ်။

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

24/07/2026

📊 Episode 2 – Report လိုချင်တယ်… ဒါပေမယ့် Report မထွက်ဘူး

CEO တော်တော်များများက

“Accounting က Report ဘာလို့နောက်ကျနေတာလဲ?” လို့ မေးတတ်ကြပါတယ်

ဒါပေမယ့် တကယ့် Root Cause က Accounting Team မဟုတ်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်

ဥပမာ…
📌 Site က Invoice တွေ အချိန်မီမရောက်ဘူး။
📌 Purchase Receipt တွေ မစုံဘူး။
📌 Cash Advance တွေ မရှင်းရသေးဘူး။
📌 Warehouse က Stock Information မပို့ရသေးဘူး။

ဒီလို Information Flow မပြည့်စုံသေးရင် Financial Report ကလည်း အချိန်မီနဲ့ တိကျဖို့ ခက်ခဲပါတယ်

💡 Management Insight

Financial Report ဆိုတာ Accounting Department တစ်ခုတည်းက ဖန်တီးတာမဟုတ်ပါဘူး

တိကျတဲ့ Financial Report တစ်ခုရဖို့၊ တိကျပြီး အချိန်မီရောက်တဲ့ Information Flow တစ်ခု အရင်ရှိရပါတယ်

CEO တစ်ယောက်အနေနဲ့ မေးသင့်တဲ့ မေးခွန်းက…

❌ “Finance ဘာကြောင့် Report နောက်ကျတာလဲ?”

မဟုတ်ဘဲ…

✅ “Information က ဘယ် Process မှာ ပိတ်နေလဲ?”

ဆိုတာ ဖြစ်ပါတယ်

လုပ်ငန်းတစ်ခု ကြီးထွားလာတာနဲ့အမျှ Report ကောင်းဖို့ထက် Information Flow ကောင်းဖို့ က ပိုအရေးကြီးလာပါတယ်။

🎥 ဒီ Episode မှာ အဲဒီ Constraint ရဲ့ Root Cause နဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို မျှဝေထားပါတယ်။

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

21/07/2026

📈 လုပ်ငန်းတစ်ခု ဘာကြောင့် တစ်ချိန်ရောက်ရင် ကြီးထွားမှု နှေးကွေးပြီး ရပ်တန့်သွားတတ်တာလဲ?

လုပ်ငန်းရှင်တော်တော်များများက အကြောင်းရင်းကို ဈေးကွက်၊ ဝန်ထမ်း ဒါမှမဟုတ် အရင်းအနှီးမှာ လိုက်ရှာတတ်ကြပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ လုပ်ငန်းအတွင်းမှာ ရှိနေတဲ့ “Constraint” တွေ ကသာ လုပ်ငန်းကြီးထွားမှုကို အများဆုံး တားဆီးနေတတ်ပါတယ်။

ဒီ Series မှာတော့…

✅ လုပ်ငန်းကြီးထွားမှုကို တားဆီးနေတဲ့ Constraint တွေက ဘာတွေလဲ?
✅ အဲဒီပြဿနာတွေရဲ့ Root Cause က ဘာလဲ?
✅ CEO တစ်ယောက်အနေနဲ့ ဘယ်လိုဦးဆောင်ပြီး ဖြေရှင်းသင့်လဲ?
✅ Financial & Operational System တွေက ဘယ်လိုကူညီပေးနိုင်လဲ?

ဆိုတာတွေကို လက်တွေ့ Business Case Study တွေ၊ Management Insights တွေနဲ့ အပိုင်းလိုက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အကယ်၍ သင့်လုပ်ငန်းကို နောက်တစ်ဆင့်တိုးချင်တယ်ဆိုရင် ဒီ Series ကို မလွတ်တမ်း Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်။

💬 မိတ်ဆွေရဲ့အမြင်အရ လုပ်ငန်းကြီးထွားမှုကို အများဆုံးတားဆီးနေတဲ့ အရာက ဘာလဲ? Comment မှာ မျှဝေပေးခဲ့ပါ။

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

19/07/2026

🚀 အသစ်စတင်မယ့် Content Series Announcement

လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် ရေရှည်တိုးတက်အောင် စနစ်တကျ ကြီးထွားစေဖို့က ပိုပြီးစိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။

KING Consulting မှာ လုပ်ငန်းအမျိုးမျိုးနဲ့ လက်တွဲလုပ်ကိုင်ရင်း တွေ့မြင်ရတာ

လုပ်ငန်းကြီးထွားမှုကို တားဆီးနေတာဟာ အမြဲတမ်း ဈေးကွက်၊ အရင်းအနှီး ဒါမှမဟုတ် ဝန်ထမ်းကြောင့်ချည်း မဟုတ်ပါဘူး။

အများအားဖြင့် လုပ်ငန်းအတွင်းမှာ မမြင်ရတဲ့ Constraints (အတားအဆီးများ) ကသာ လုပ်ငန်းရဲ့ ကြီးထွားမှုကို နှေးကွေးစေပြီး တစ်နေရာမှာ ရပ်တန့်သွားစေတတ်ပါတယ်။

ဒါကြောင့် KING Consulting မှ “Constraints Businesses Face” ဆိုတဲ့ Content Series အသစ်ကို စတင်ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Series မှာတော့

✔️ လုပ်ငန်းတွေမှာ အများဆုံးတွေ့ရတဲ့ Constraints များ
✔️ ပြဿနာတွေရဲ့ Root Cause (အရင်းခံအကြောင်းရင်းများ)
✔️ လက်တွေ့ Business Case Studies
✔️ CEO များအတွက် Leadership & Management Insights
✔️ Financial & Operational System များဖြင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ကို လက်တွေ့အတွေ့အကြုံများနှင့် စီမံခန့်ခွဲမှုအမြင်များအပေါ် အခြေခံပြီး အပိုင်းလိုက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းကို နောက်တစ်ဆင့်တိုးတက်စေချင်တဲ့ CEO များ၊ Business Owner များနဲ့ Management Team များအတွက် လက်တွေ့အသုံးချနိုင်မယ့် Knowledge Series ဖြစ်တာကြောင့် Follow လုပ်ထားပြီး မလွတ်တမ်း စောင့်ကြည့်ပေးပါရှင်

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

16/07/2026

အလုပ်ရှုပ်နေတာနဲ့ လုပ်ငန်းတိုးတက်နေတာ မတူပါဘူး။

နေ့တိုင်း အလုပ်တွေများနေတယ်…
ဖုန်းတွေမပြတ်ဝင်နေတယ်…
ဝန်ထမ်းတွေလည်း အလုပ်ရှုပ်နေတယ်…

ဒါပေမဲ့…

📌 လုပ်ငန်းမှာ ငွေဘယ်လောက်ကျန်လဲ ချက်ချင်းမသိဘူး။
📌 ဘယ် Project က အမြတ်ရပြီး ဘယ် Project က အရှုံးဖြစ်နေလဲ မသိဘူး။
📌 Customer ဆီက ဘယ်လောက်ရရန်ရှိလဲ မသိဘူး။
📌 Owner မရှိတဲ့နေ့ဆို လုပ်ငန်းက နှေးသွားတယ်။

ဒီလိုဖြစ်နေတာက လူမတော်လို့ မဟုတ်ပါဘူး။ စနစ်မရှိလို့ ဖြစ်နိုင်ပါတယ်။

Financial System နဲ့ Operation System က လုပ်ငန်းကို

✅ ငွေကြေးအခြေအနေကို အချိန်နဲ့တစ်ပြေးညီ သိနိုင်စေတယ်။
✅ Data ကို အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်စေတယ်။
✅ ဝန်ထမ်းတိုင်းရဲ့ တာဝန်ကို ရှင်းလင်းစေတယ်။
✅ Owner အမြဲရှိနေစရာမလိုဘဲ လုပ်ငန်းကို စနစ်တကျ လည်ပတ်စေတယ်။

လုပ်ငန်းတစ်ခု ကြီးထွားဖို့ အလုပ်ပိုလုပ်တာထက် စနစ်ကောင်းတစ်ခု တည်ဆောက်ဖို့ ပိုအရေးကြီးပါတယ်။

KING Consulting မှ လုပ်ငန်း၏ လက်ရှိအခြေအနေကို သေချာလေ့လာပြီး Business နှင့် ကိုက်ညီသော Financial System နှင့် Operation System များကို တည်ဆောက်ပေးလျက်ရှိပါတယ်။

📩 မိတ်ဆွေလုပ်ငန်းကို လူကိုမှီတဲ့လုပ်ငန်းကနေ စနစ်ကိုမှီတဲ့လုပ်ငန်း အဖြစ် ပြောင်းလဲလိုပါက KING Consulting သို့ Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

10/07/2026

“ကြာပန်းတစ်ပွင့်က သင်ပေးတဲ့ Business Lesson” 🌸

ဒီနေ့ ကြာပန်းလေးတွေကို ကြည့်ရင်း အတွေးတစ်ခုရမိတယ်။

ကြာပန်းက ရွှံ့နွံထဲကနေ စပြီး ကြီးထွားရတယ်။
အောက်မှာ နွံရှိပေမယ့်…
အပေါ်ကို ရောက်လာတဲ့အခါ သန့်ရှင်းပြီး လှပတဲ့ ပန်းတစ်ပွင့် ဖြစ်လာတယ်။

လုပ်ငန်းတစ်ခုမှာလည်း System တည်ဆောက်တဲ့ Process က ဒီလိုပါပဲ။

System စချတဲ့အချိန်မှာ…

“အရင်တည်းက ဒီလိုပဲ လုပ်လာတာ။”

“ဒါမျိုး မလုပ်တတ်ဘူး။”

“အလုပ်ပိုရှုပ်သွားမယ်။”

“မရနိုင်ဘူး။”

ဆိုတဲ့ အတွေးတွေ အများကြီး ကြားရတတ်ပါတယ်။

ဒါတွေဟာ System ရဲ့ ပြဿနာ မဟုတ်ပါဘူး။
Fixed Mindset ကြောင့် ဖြစ်လာတဲ့ Constraint တွေပါ။

System က လူကို အခက်အခဲပေးဖို့ မဟုတ်ဘူး။
အလုပ်ကို ပိုရှင်းလင်း၊ ပိုမြန်၊ ပိုတိကျအောင် လုပ်ပေးဖို့ပါ။

အစပိုင်းမှာ အဆင်မပြေသလို ခံစားရနိုင်ပါတယ်။
အကျင့်ဟောင်းတွေကို ပြောင်းရတာ မလွယ်ပါဘူး။

ဒါပေမယ့်…

ကြာပန်းက ရွှံ့နွံထဲမှာပဲ ရပ်နေရင် ဘယ်တော့မှ မပွင့်နိုင်သလို၊

လုပ်ငန်းတစ်ခုကလည်း Comfort Zone ထဲမှာပဲ နေရင် နောက်တစ်ဆင့် မတက်နိုင်ပါဘူး။

System တစ်ခု အောင်မြင်ဖို့ဆိုတာ Software ကောင်းတာတစ်ခုတည်းနဲ့ မရပါဘူး။

✔️ Owner ရဲ့ Commitment
✔️ Team ရဲ့ Cooperation
✔️ Continuous Improvement

ဒီသုံးခု ပေါင်းစပ်မှသာ System က အမှန်တကယ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

KING Consulting မှာတော့ System တစ်ခုကို လာတပ်ပေးပြီး ပြန်သွားတာ မဟုတ်ပါဘူး။

လုပ်ငန်းရဲ့ Nature ကို နားလည်အောင် လေ့လာပြီး၊
လူတွေ လက်ခံအသုံးပြုနိုင်တဲ့ Process တွေကို အတူတကွ တည်ဆောက်ပေးပါတယ်။

အောင်မြင်တဲ့ Business တွေဟာ ပြဿနာမရှိလို့ မဟုတ်ပါဘူး။
ပြောင်းလဲဖို့ သတ္တိရှိလို့ ဖြစ်ပါတယ်။ 🌸
🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄

🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!

📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

311 , Tower B , Junction 8 Condo , Myangone Township
Yangon
11061