GED Academy Myanmar

GED Academy Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GED Academy Myanmar, Education Website, Bahan Township, Yangon.

10/04/2026

💦 သင်္ကြန်အထူး ဆုတောင်း 💦

မြန်မာနှစ်သစ်ကူးအခါသမယတွင်
🎊 ကျန်းမာချမ်းသာပြီး
🎊 စိတ်ချမ်းသာပျော်ရွှင်ကြပါစေကြောင်း
GED Academy Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏

🌸 ဒီနှစ်သစ်မှာ သင့်ဘဝအတွက် အခွင့်အလမ်းအသစ်တွေကို 📚 GED တက်ပြီး
✈️ Japan မှာ ပညာသင်ယူနိုင်မယ့် အခွင့်အရေးတွေအဖြစ် GED Academy မှာဖန်တီးနိုင်ပါပီရှင့်

🌸 ဂျပန်မှာ ပညာသင်ချင်တဲ့ အိမ်မက်တွေရှိ‌ပေမယ့် အထက်တန်းမပြီးသေးလို့ လမ်းပျောက်နေပြီလား? ကိုယ့် ရဲ့ အသိတွေ မိတ်ဆွေတွေ ရှေ့...
09/04/2026

🌸 ဂျပန်မှာ ပညာသင်ချင်တဲ့ အိမ်မက်တွေ
ရှိ‌ပေမယ့် အထက်တန်းမပြီးသေးလို့ လမ်းပျောက်နေပြီလား?

ကိုယ့် ရဲ့ အသိတွေ မိတ်ဆွေတွေ ရှေ့ ရောက်နေချိန်မှာ ကိုယ်က နောက်ကောက်ကျန်နေခဲ့ပြီဆိုတဲ့ စိုးရိမ်စိတ်တွေ၊ ဂျပန်သွားချင်ပေမယ့် ပညာရေးလိုအပ်ချက်ကြောင့် ဘယ်ကစရမှန်းမသိတဲ့ အခက်အခဲတွေ သင့်မှာ ရှိနေနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့နော် .. သင့်ရဲ့ အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အခွင့်အလမ်း ရှိနေပါပြီ။

ကဲ ဒီ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီး နိုင်ငံခြားပညာသင်ဖို့ လမ်းကြောင်းကို အထိ‌ရောက် ဆုံး စတင်နိုင်အောင် 📢 JSL x GED Academy ကနေ လမ်းပြကူညီပေးပါရစေ။ အခုပဲ သင် တို့အတွက် အထူးရည်ရွယ်ပြီး GED + Japanese Language Program ကို မိတ်ဆက်လိုက်ပါတယ်ရှင်။

ဒီ Program လေးမှာ ဘယ်လိုအခွင့်အရေးတွေ ရှိနေမလဲဆိုရင် -
📚 အချိန်မပျက် လေ့လာနိုင်ခြင်း: GED ပညာ‌ရေးကို လေ့လာရင်း ဂျပန်ဘာသာစကားကိုပါ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာပဲ အလွယ်တကူ တပြိုင်တည်း သင်ယူနိုင်ပါမယ်။
🎓 ပန်းတိုင်ကို လှမ်းကိုင်နိုင်ခြင်း: GED အောင်ပြီးသား ကျောင်းသားများအတွက်ရော၊ ခုမှစပြီးကြိုးစားမယ့် သူတွေအတွက်ပါ Japan မှာ Full Scholarship ရနိုင်မယ့် ကျောင်းတွေနဲ့ ချိတ်ဆက်မိတ်ဆက်ပေးမယ့် Program အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒါဟာ...
🎯 အထက်တန်းမပြီးသေးဘဲ အခက်အခဲဖြစ်နေသူများ
🎯 GED ဖြေပြီး Japan သွားချင်တဲ့ ပန်းတိုင်ရှိသူများ
🎯 ပညာရေးနဲ့ Career အခွင့်အလမ်းအသစ်တွေကို အမြန်ဆုံး ဖမ်းဆုပ်ချင်သူများ အတွက် မိမိ ရဲ့ Life ကို ပြောင်းလဲပေးမယ့် အထူး‌ ‌ကောင်းမွန်တဲ့
တဲ့ Program တစ်ခုပဲ ဖြစ်ပါတယ်။

( အောင်မြင်မှုဆီ လျှောက်လှမ်းနိုင်ဖို့ အခု ပဲ စတင်လိုက်ပါရှင်။ )

🚀 သင့်ရဲ့ ဂျပန်အိမ်မက်တွေကို စိတ်ကူးထဲမှာပဲ ထားမ‌နေပါနဲ့တော့။ GED ကို သင်ယူလေ့လာရင်း သင့်ရဲ့ အိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်
နိုင်ဖို့ ပထမဆုံးခြေလှမ်းကို အခုပဲ စတင်လိုက်ပါ။

📩 အသေးစိတ် သိရှိလိုပါက Page Messenger (သို့မဟုတ်) အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Viber / Ph: ☎️ 09-772948903,
09-448452697, 09-793534167

03/04/2026

GED အောင်ပြီးသားသူလေးတွေ Join လို့ရတဲ့ FullScholarship ကျောင်းလေးဖြစ်ပါတယ်။
GED သင်ယူပြီး ဒီလို Full Scholarship ကျောင်းလေးတွေ မှာ တက်ရောက်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ GED Academy ကို လာရောက်စုံစမ်းနိုင်ပါပီရှင့်

ဆက်သွယ်စုံစမ်းရန်
ဖုန်း- 09-772948903,09-448452697, 09-793534167(သို့) Messenger မှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်
လိပ်စာ- အမှတ်(၁၇၄)၊ ၁၁ ရပ်ကွက် ၊ သီဟသူလမ်း၊ တောင်ဥက္ကလာပမြို့နယ်။

03/04/2026

GED အောင်ပြီးသားသူလေးတွေ Join လို့ရတဲ့ FullScholarship ကျောင်းလေးတွေ
ဆက်သွယ်စုံစမ်းရန်
ဖုန်း- 09-772948903,09-448452697, 09-793534167(သို့) Messenger မှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

GEDAcademy x JSL x Partner School ‌မှာအခုဖော်ပြထားတဲ့ကျောင်းလေးကGED ‌အောင်မြင်ထားသူများလည်း လျှောက်ထားလို့ရတဲ့ ကျောင်း‌လ...
20/03/2026

GEDAcademy x JSL x Partner School ‌မှာအခုဖော်ပြထားတဲ့ကျောင်းလေးက
GED ‌အောင်မြင်ထားသူများလည်း လျှောက်ထားလို့ရတဲ့ ကျောင်း‌လေးထဲက ၁ခုဖြစ်ပြီး Ranking အမြင့်လဲ မလိုတာကြောင့် အခုပဲလျှောက်ထားလိုက်တော့‌နော်

JLPT result တွေလည်းထွက်ပြီဆိုတော့ ရှေ့လျှောက်ဘာတွေဆက်လုပ်ဖို့စဉ်းစားထားကြလဲ…?

JLPT N4 အထက်အောင်ထားသူတွေအနေနဲ့ ဂျပန်နိုင်ငံမှာ ကျောင်းလခ တပြားတချပ်မှမကုန်ပဲ ကျောင်းတက်ခွင့်ရပြီး ကျောင်းပြီးတာနဲ့ သွားဆရာဝန်အကူ အလုပ်တန်းရမယ့် program လေးကိုစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်🌸

တက်ရမယ့်မြို့လေးကတော့ ဂျပန်နိုင်ငံရဲ့ အလှပဆုံးမြို့တမြို့ဖြစ်တဲ့Hokkaido မြို့မှာပဲဖြစ်ပါတယ်🌸

Language school တနှစ်တက်ပြီးရင် dental assistant majorကို ၃ နှစ်သင်ကြားရမှာပဲဖြစ်ပါတယ်

ဒီကျောင်း ၄ နှစ်လုံး ကျောင်းလခ Free ပါ ‼️
ပြန်ဆပ်စရာလုံးဝ မလိုပါဘူးနော် ….

ကျောင်းပြီးလို့ National exam ဖြေပြီးတာနဲ့ ရရှိမယ့်Visa ကတော့ Work Visa ကဲ့သို့ သော Medical Service Visa ကိုရရှိမှာပဲဖြစ်ပါတယ်🌸

2026 April intake အမှီ Scholarship Program နဲ့ Dental Assistant အလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုချင်ပါက

ပညာအရည်အချင်းအနေနဲ့
စနစ်ဟောင်း ၁၀တန်း / စနစ်သစ် ၁၂တန်း + JLPT N4 passedထားသူများအောက်ပါlinkမှတဆင့်လျှောက်ထားနိုင်ပါတယ်

https://docs.google.com/forms/d/e/1FAIpQLSfN3PEOYlqfB_BppH4mAv2hfZJh79QhXl10Fp2oYMPS6hzfbw/viewform?usp=header]

၄.၉.၂၀၂၅ ကြာသာပတေးနေ့နောက်ဆုံးထားပြီး စာရင်းပေးသွင်းပေးပါရှင်!!

Scholarship program လေးကတော့ဒီတခေါက်မှာ မိန်းကလေးပဲလျှောက်လို့ရပါတော့မယ်ရှင့်‼️

📞Viber Phone Number - 09788289789
📞09750106103, 09897999913
📍2-F (203/208), Excel Treasure Tower, Shwe Gone Daing Crossroads, Bahan Township, Yangon

🌸 ဂျပန်မှာ ပညာသင်ချင်တဲ့ အိမ်မက်တွေရှိ‌ပေမယ့် အထက်တန်းမပြီးသေးလို့ လမ်းပျောက်နေပြီလား? ကိုယ့် ရဲ့ အသိတွေ မိတ်ဆွေတွေ ရှေ့...
10/03/2026

🌸 ဂျပန်မှာ ပညာသင်ချင်တဲ့ အိမ်မက်တွေ
ရှိ‌ပေမယ့် အထက်တန်းမပြီးသေးလို့ လမ်းပျောက်နေပြီလား?

ကိုယ့် ရဲ့ အသိတွေ မိတ်ဆွေတွေ ရှေ့ ရောက်နေချိန်မှာ ကိုယ်က နောက်ကောက်ကျန်နေခဲ့ပြီဆိုတဲ့ စိုးရိမ်စိတ်တွေ၊ ဂျပန်သွားချင်ပေမယ့် ပညာရေးလိုအပ်ချက်ကြောင့် ဘယ်ကစရမှန်းမသိတဲ့ အခက်အခဲတွေ သင့်မှာ ရှိနေနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့နော် .. သင့်ရဲ့ အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အခွင့်အလမ်း ရှိနေပါပြီ။

ကဲ ဒီ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီး နိုင်ငံခြားပညာသင်ဖို့ လမ်းကြောင်းကို အထိ‌ရောက် ဆုံး စတင်နိုင်အောင် 📢 JSL x GED Academy ကနေ လမ်းပြကူညီပေးပါရစေ။ အခုပဲ သင် တို့အတွက် အထူးရည်ရွယ်ပြီး GED + Japanese Language Program ကို မိတ်ဆက်လိုက်ပါတယ်ရှင်။

ဒီ Program လေးမှာ ဘယ်လိုအခွင့်အရေးတွေ ရှိနေမလဲဆိုရင် -
📚 အချိန်မပျက် လေ့လာနိုင်ခြင်း: GED ပညာ‌ရေးကို လေ့လာရင်း ဂျပန်ဘာသာစကားကိုပါ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာပဲ အလွယ်တကူ တပြိုင်တည်း သင်ယူနိုင်ပါမယ်။
🎓 ပန်းတိုင်ကို လှမ်းကိုင်နိုင်ခြင်း: GED အောင်ပြီးသား ကျောင်းသားများအတွက်ရော၊ ခုမှစပြီးကြိုးစားမယ့် သူတွေအတွက်ပါ Japan မှာ Full Scholarship ရနိုင်မယ့် ကျောင်းတွေနဲ့ ချိတ်ဆက်မိတ်ဆက်ပေးမယ့် Program အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒါဟာ...
🎯 အထက်တန်းမပြီးသေးဘဲ အခက်အခဲဖြစ်နေသူများ
🎯 GED ဖြေပြီး Japan သွားချင်တဲ့ ပန်းတိုင်ရှိသူများ
🎯 ပညာရေးနဲ့ Career အခွင့်အလမ်းအသစ်တွေကို အမြန်ဆုံး ဖမ်းဆုပ်ချင်သူများ အတွက် မိမိ ရဲ့ Life ကို ပြောင်းလဲပေးမယ့် အထူး‌ ‌ကောင်းမွန်တဲ့
တဲ့ Program တစ်ခုပဲ ဖြစ်ပါတယ်။
( အောင်မြင်မှုဆီ လျှောက်လှမ်းနိုင်ဖို့ အခု ပဲ စတင်လိုက်ပါရှင်။ )
🚀 သင့်ရဲ့ ဂျပန်အိမ်မက်တွေကို စိတ်ကူးထဲမှာပဲ ထားမ‌နေပါနဲ့တော့။ GED ကို သင်ယူလေ့လာရင်း သင့်ရဲ့ အိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်
နိုင်ဖို့ ပထမဆုံးခြေလှမ်းကို အခုပဲ စတင်လိုက်ပါ။

📩 အသေးစိတ် သိရှိလိုပါက Page Messenger (သို့မဟုတ်) အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Viber / Ph: ☎️ 09-772948903,
09-448452697, 09-793534167

24/02/2026

💡 GED ကို Ranking မြင့်မြင့်အောင်ချင်ပြီး ဂျပန်ကို ပညာသင်ဆုနဲ့ သွားချင်တယ်ဆိုရင်? 💡

GED ဖြေဖို့ ပြင်ဆင်နေသူတွေနဲ့ အခြေခံကအစ သေချာနားလည်ချင်သူတွေအတွက် သင်တန်းကြေး ၁ လ ၁ သိန်း နှုန်းနဲ့ ၃ လအတွင်း အပြတ် Train ပေးမယ့်

🔥 GED Intensive Training Class ကို တက်ရောက်နိုင်ပါပြီ!

❓ GED အခြေခံ မပိုင်နိုင်သေးဘူးလား?
👉 ၃ လအတွင်း သဘောတရားအခြေခံမှ စပြီး စနစ်တကျ Train ပေးမှာပါ။

❓ Ranking မြင့်မြင့် ရချင်တာလား?
👉 Expert Teachers တွေကနေ အမှတ်ရအောင် လေ့ကျင့်သင်ကြားပေးမှာပါ။

❓ ဂျပန်မှာ Scholarship နဲ့ ကျောင်းတက်ချင်လား?
👉 Japan Full Scholarship လမ်းကြောင်းတွေကို Camp မှာ မိတ်ဆက်ရှင်းပြပေးမှာပါ။

✨ ဒါတင်မကသေးဘူးနော်...

🎁 သင်တန်းမတက်ခင် Ready Test ကို Free ဖြေကြည့်နိုင်မယ်
🎁 Computer အခြေခံပါ ထည့်သင်ပေးမှာဖြစ်လို့ တကယ့်ကို အထူးအခွင့်အရေးပါပဲ။

📅 သင်တန်းကာလ – မတ်လ၊ ဧပြီလ၊ မေလ (၃ လအတွင်း Intensive Training)
⏰ သင်တန်းအချိန် – တနင်္လာ မှ သောကြာ
နံနက် ၉:၀၀ နာရီ မှ ၁၁:၃၀ နာရီ အထိ
📍 တည်နေရာ – သင်္ဃန်းကျွန်းမြို့နယ်

နွေရာသီအချိန်ကို အကျိုးရှိရှိ အသုံးချပြီး
အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံတည်ဆောက်ချင်တယ်ဆိုရင်
👉 ခုပဲ စာရင်းပေးသွင်းလိုက်တော့နော်!
Limited Seated- 5 March 2026

📞 ဆက်သွယ်ရန် –
09-448452697
09-793534167
09-772948903

18/02/2026

🎁 Placement Test လာဖြေရုံနဲ့ "အထူးလက်ဆောင်များ" ရယူလိုက်ပါ! 🎁

မိမိရဲ့ လက်ရှိအရည်အချင်းကို သိရှိပြီး GED စာမေးပွဲအတွက် အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ ကျွန်မတို့ GED Academy Myanmar ရဲ့ Special Testing Days ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

📍 First Placement Test : မိမိရဲ့ အခြေခံကို အရင်ဆုံး ဆန်းစစ်ပြီး ဘယ်ကစရမလဲဆိုတာ သိရှိနိုင်မယ့် အဆင့် ဖြစ်၍ ယခုမှစ စာရင်းပေးသွင်းဖြေဆိုနိုင်ပါသည်။

🏁 Final Test : ဖေဖော်ဝါရီ ၂၃ ရက် နှင့် ၂၄ ရက် (မနက် ၁၀:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီထိ)
တကယ့်စာမေးပွဲဖြေဆိုသကဲ့သို့ အမှတ်စာရင်းများ ထွက်ပေါ်လာမည့် နောက်ဆုံးအဆင့် စစ်ဆေးမှု။

🎁 လာဖြေရုံနဲ့တင် ရမယ့် အထူးလက်ဆောင်များ 🎁

🎁 စာမေးပွဲလာဖြေသူတိုင်းအတွက် GED Quick Revisi on Guide (ဘာသာရပ်အနှစ်ချုပ်) ကို အခမဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။
🎁 ဖေဖော်ဝါရီ ၂၃ ရက်နဲ့ ၂၄ ရက် Final Test ဖြေဆိုပြီးသူများထဲက အမှတ်အကောင်းဆုံး ကျောင်းသားများကို [သင်တန်းကြေး Discount 50% ထပ်မံချီးမြှင့်သွားမှာပဲ ဖြစ်ပါတယ်။

[Why Join?] ✅ ဆရာမကိုယ်တိုင် အသေးစိတ် အဖြေလွှာစစ်ဆေးပေးခြင်း။
✅ ဘယ်ဘာသာရပ်ကို အရင်ဖြေသင့်လဲဆိုတဲ့ Study Plan အခမဲ့ဆွေးနွေးပေးခြင်း။
✅ သင်တန်းတက်ရောက်ရန် အထူးအခွင့်အရေးများ ရရှိခြင်း။ တို့ကြောင့် မြန်မြန်လေး စစ်ဆေးကြည့်လိုက်တော့‌နော်

📍 စာရင်းပေးသွင်းရန်: Messenger တွင် "Test" ဟု စာပို့ပေးပြီး ဖြေဆိုနိုင်သလို
အောက်ပါ Link ကနေ တဆင့် ဖြေဆိုနိုင်ပါတယ်ရှင့်

https://app.quilgo.com/t/CTGPwoWbvL6qOwl0

" GED နဲ့ သင့်အနာဂတ်ကို စတင်ဖန်တီးလိုက်ပါ"
ကျွန်မတို့ GED Academy Centre မှာ GED ပညာရေး နှင့်ပတ်သက်၍ သိရှိလိုသည်များစုံစမ်းလိုပါက
📞Ph -09-772948903 သို့မဟုတ် Viber , Messenger မှ တဆင့် တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

"အောင်မြင်သော အနာဂါတ်လေး ပိုင်ဆိုင်နိုင်ပါစေရှင့်"

“GED ဖြေတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက် ၅ ချက်”၁။ ဘာသာရပ် (၄) ခုသာ ဖြေဆိုရန် လိုအပ်ခြင်း    GED ရဲ့ အားသာချက်က ဘာသာရပ်အ...
12/02/2026

“GED ဖြေတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက် ၅ ချက်”

၁။ ဘာသာရပ် (၄) ခုသာ ဖြေဆိုရန် လိုအပ်ခြင်း
GED ရဲ့ အားသာချက်က ဘာသာရပ်အများကြီး ဖြေစရာမလိုပဲ
. Mathematical Reasoning (သင်္ချာ)
. Reasoning Through Language Arts - RLA (အင်္ဂလိပ်စာ ဖတ်ရှုခြင်းနှင့် ရေးသားခြင်း)
. Social Studies (လူမှုရေးသိပ္ပံ - သမိုင်း၊ အစိုးရနှင့် စီးပွားရေး)
. Science (သိပ္ပံ)
အထက်ပါ ဘာသာရပ် (၄) ခုကို အောင်မြင်ရင် GED Diploma ရရှိမှာဖြစ်ပါတယ် -

၂။ အမှတ်ပေးစနစ်
. ၁၄၅ - ၁၆၄: Pass (အောင်မြင်ရုံ)

. ၁၆၅ - ၁၇၄: GED College Ready (တက္ကသိုလ်တက်ဖို့ အရည်အချင်းမီ)

. ၁၇၅ - ၂၀၀: GED College Ready + Credit (တက္ကသိုလ်အချို့မှာ ဘာသာရပ်ကင်းလွတ်ခွင့် ရနိုင်ခြေရှိ)

၃။ GED Ready Test
တကယ့် စာမေးပွဲစစ်စစ်ကို မဖြေခင် GED Ready Test ကို အရင်ဖြေကြည့်ဖို့ အထူးလိုအပ်ပါတယ်။
. ဒါဟာ တကယ့်စာမေးပွဲနဲ့ ပုံစံတူဖြစ်ပြီး မိမိဘယ်လောက် အမှတ်ရနိုင်လဲဆိုတာ ကြိုတင်တွက်ချက်ပေးပါတယ်။
. GED Ready မှာ အမှတ်ကောင်းမှသာ တကယ့်စာမေးပွဲ (Official Exam) ကို ဖြေဖို့ ရက်ချိန်းယူ (Booking) လုပ်သင့်ပါတယ်။

၄။ GED ကို တစ်ဘာသာချင်း ဖြေလို့ရတယ်
GED ကို တစ်နေ့တည်း ၄ ဘာသာလုံး မဖြေပါနဲ့။
Math → RLA → Science → Social Studies
အဆင့်လိုက် ဖြေလို့ရပါတယ်။
အဆင်ပြေသလို Exam Date ကို ကိုယ်တိုင်ရွေးနိုင်ပါတယ်။

၅။ အသက်ကန့်သတ်ချက်နှင့် ID Card
မြန်မာနိုင်ငံမှာ GED ဖြေဆိုဖို့ အသက် ၁၆ နှစ် ပြည့်ပြီးသူဖြစ်ရပါမယ်။ (အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်းဆိုရင် မိဘ/ အုပ်ထိန်းသူရဲ့ သဘောတူညီချက် Form လိုအပ်ပါတယ်)။

စာမေးပွဲဖြေဆိုတဲ့နေ့မှာ သက်တမ်းရှိတဲ့ နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် မှတ်ပုံတင် (NRC) မဖြစ်မနေ ယူဆောင်သွားရပါမယ်။ (Passport ရှိရင် ပိုမိုအဆင်ပြေပါတယ်)။

" GED နဲ့ သင့်အနာဂတ်ကို စတင်ဖန်တီးလိုက်ပါ"

ကျွန်မတို့ GED Academy Centre မှာ GED ပညာရေး နှင့်ပတ်သက်၍ သိရှိလိုသည်များစုံစမ်းလိုပါက
📞Ph -09-772948903 သို့ တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

"အောင်မြင်သော အနာဂါတ်လေး ပိုင်ဆိုင်နိုင်ပါစေရှင့်"

သင်ဟာ ဂျပန်မှာ ကျောင်းသွားတက်‌ချင်ပေမဲ့ GED အမှတ်  အရမ်းမမြင့်လို့ စိတ်ပူနေပါသလား။✅ GED ACADEMY Learning Centre နဲ့ ချိတ...
10/02/2026

သင်ဟာ ဂျပန်မှာ ကျောင်းသွားတက်‌ချင်ပေမဲ့ GED အမှတ် အရမ်းမမြင့်လို့ စိတ်ပူနေပါသလား။

✅ GED ACADEMY Learning Centre နဲ့ ချိတ်ဆက်ထားတဲ့ Japan နိုင်ငံရှိ Language Schools, Colleges, University တွေက GED အမှတ် (Ranking) အရမ်းမမြင့်လို့ စိတ်ပူနေစရာမလိုပါဘူး။

✅ ဂျပန်နိုင်ငံမှာ ကျောင်းတက်ရင်း တစ်ဖက်က Part-time Job လုပ်နိုင်မယ့် အခွင့်အရေးလဲရှိတဲ့အတွက်ကြောင့် မိဘကို ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ ကိုယ့်စရိတ်ကိုယ်ရှာနိုင်ပါတယ်။

✅ နောက်ပြီး Scholar လျှောက်ထားနိုင်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်မယ် စတဲ့ အခွင့်အရေးတွေများစွာရှိနေတဲ့အတွက်

" GED တစ်ခုတည်း သင်ပေးတာ မဟုတ်ဘဲ အနာဂတ်လမ်းကြောင်းပါ ခင်းပေးမယ့် "GED ACADEMY Learning Centre "နဲ့ သင့်အနာဂတ်ကို စတင်ဖန်တီးလိုက်ပါ"

ကျွန်မတို့ GED Academy Centre မှာ GED ပညာရေး နှင့်ပတ်သက်၍ သိရှိလိုသည်များစုံစမ်းလိုပါက
📞Ph -09-772948903 သို့ chat box ကနေတဆင့်တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

"အောင်မြင်သော အနာဂါတ်လေး ပိုင်ဆိုင်နိုင်ပါစေရှင့်"

“အထက်တန်းကျောင်းမပြီးလို့ ပညာရေးလမ်းကြောင်းဆုံးသွားပြီလား?”မဟုတ်ပါဘူးနော်…..သင့်အတွက် GED ဆိုတဲ့ ဒုတိယအခွင့်အရေး ရှိနေပါ...
10/02/2026

“အထက်တန်းကျောင်းမပြီးလို့ ပညာရေးလမ်းကြောင်းဆုံးသွားပြီလား?”

မဟုတ်ပါဘူးနော်…..

သင့်အတွက် GED ဆိုတဲ့ ဒုတိယအခွင့်အရေး ရှိနေပါတယ်။

GED အောင်ပြီးရင် —

🎓 University တက်နိုင်တယ်

🌏 နိုင်ငံခြားပညာသွားရောက်သင်ယူနိုင်တယ်

💼 အလုပ်အကိုင်အခွင့်အလမ်းပိုမိုရနိုင်တယ်

အရေးကြီးဆုံးက —

“ပညာရေးကို ပြန်လည်စတင်နိုင်တယ်”

ဒါကြောင့် လက်မလျှော့လိုက်ပါနဲ့။

သင့်အနာဂတ်ကို GED နဲ့ ပြန်တည်ဆောက်လို့ရပါတယ်။

"GED နဲ့ သင့်အနာဂတ်ကို စတင်ဖန်တီးလိုက်ပါ"

ကျွန်မတို့ GED Academy Centre မှာ GED ပညာရေး နှင့်ပတ်သက်၍ သိရှိလိုသည်များစုံစမ်းလိုပါက

📞Ph -09-772948903 သို့ တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

"အောင်မြင်သော အနာဂါတ်လေး ပိုင်ဆိုင်နိုင်ပါစေရှင့်"

"GED နဲ့ ပတ်သက်ပြီး သင်သိပြီးပြီလား?"GED နဲ့ပတ်သက်တဲ့ အထင်မှားသော အချက်များ❌ GED ဆိုတာ အလွယ်တန်းစာမေးပွဲပဲ✅ GED ဟာ High ...
09/02/2026

"GED နဲ့ ပတ်သက်ပြီး သင်သိပြီးပြီလား?"
GED နဲ့ပတ်သက်တဲ့ အထင်မှားသော အချက်များ
❌ GED ဆိုတာ အလွယ်တန်းစာမေးပွဲပဲ
✅ GED ဟာ High School Level Knowledge ကို စမ်းသပ်တဲ့ စာမေးပွဲဖြစ်ပါတယ်

❌ GED ဆိုတာ အခြေခံမကောင်းတဲ့သူတွေပဲ ဖြေတာလား
✅ GED ဆိုတာ Critical Thinking (ဝေဖန်ပိုင်းခြားနိုင်စွမ်း) ကို အဓိကစစ်ဆေးတာပါ။ အလွတ်ကျက်စနစ်မဟုတ်ဘဲ Logic ကောင်းဖို့ လိုတဲ့အတွက် နိုင်ငံတကာအဆင့်မီတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။

❌ အမေရိကန်ပညာရေးစနစ်မို့လို့ တခြားနိုင်ငံတွေမှာ သုံးမရဘူး
✅ အခုနောက်ပိုင်းမှာ Thailand, Singapore, Australia, UK, Canada နဲ့ ဥရောပနိုင်ငံအတော်များများက တက္ကသိုလ်တွေမှာ GED ကို လက်ခံနေပါပြီ။

❌အသက် ၁၆ နှစ်ပြည့်မှ ဖြေလို့ရတာဆိုတော့ ငယ်သေးတယ်လေ
✅ဒါက အားသာချက်ပါ။ အသက် ၁၆ သို့မဟုတ် ၁၇ နဲ့ GED အောင်ထားရင် တခြားသူတွေ ဆယ်တန်းဖြေနေတဲ့အချိန်မှာ ကိုယ်က တက္ကသိုလ်ပထမနှစ်ကို ရောက်နေပါပြီ။ ဘဝအတွက် အချိန် ၂ နှစ်ကနေ ၃ နှစ်လောက် သက်သာသွားတာပါ။

❌GED အောင်ရင် ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်မလာနိုင်ဘူးလား
✅GED ပြီးရင် Foundation course တွေ ခံတက်တာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်လိုအပ်ချက်တွေ (ဥပမာ - SAT, IELTS) နဲ့ တွဲပြီး လျှောက်ရင် ဆေးပညာနဲ့ အင်ဂျင်နီယာဘာသာရပ်တွေအထိ လမ်းကြောင်းတွေ အများကြီး ရှိပါတယ်။

GED က လမ်းဆုံးမဟုတ်ဘူး၊ လမ်းစပါ။ ဘယ်ပန်းတိုင်ကိုမဆို သွားလို့ရတဲ့ Master Key လေး ဖြစ်ပြီး အချိန်တိုတိုနဲ့ ကြိုးစားရင် ကြိုးစားသလောက် အရာရောက်နိုင်တဲ့ ပညာရေးဖြစ်တဲ့ အတွက်

"GED နဲ့ သင့်အနာဂတ်ကို စတင်ဖန်တီးလိုက်ပါ"

ကျွန်မတို့ GED Academy Centre မှာ GED ပညာရေး နှင့်ပတ်သက်၍ သိရှိလိုသည်များစုံစမ်းလိုပါက

📞Ph -09-772948903 သို့ တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

"အောင်မြင်သော အနာဂါတ်လေး ပိုင်ဆိုင်နိုင်ပါစေရှင့်"

Address

Bahan Township
Yangon
11201

Website

Alerts

Be the first to know and let us send you an email when GED Academy Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share