Izumi's Japanese

Izumi's Japanese Japanese Study with me

ငွေကြေး တစ်ပြားတစ်ချက်မှ ကုန်ကျစရာမလိုဘဲ Japanese Basic နဲ့ N5 ကို IZUMI's Japanese နဲ့အတူ လေ့လာကြမယ်! ✨🎁၂၀၂၆ မှာ Japane...
20/12/2025

ငွေကြေး တစ်ပြားတစ်ချက်မှ ကုန်ကျစရာမလိုဘဲ Japanese Basic နဲ့ N5 ကို IZUMI's Japanese နဲ့အတူ လေ့လာကြမယ်! ✨🎁

၂၀၂၆ မှာ Japanese ကို စတင်လေ့လာဖို့ စိတ်ကူးနေသူတစ်ယောက်ဖြစ်ပြီး ဒီပိုစ့်လေးကို မြင်ခွင့်ရတယ်ဆိုရင်တော့ ၂၀၂၆ ရဲ့ ကံကောင်းခြင်းအစပါပဲ။ 💌

IZUMI's Japanese ကနေ Japanese Basic နဲ့ N5 ကို ၁၀၀% Free သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ❣

📌 Free သင်ပေးတာဆိုတော့ ထိရောက်ပါ့မလား?
📌 သေချာရော သင်ပေးပါ့မလား?
📌 နှမ်းဖြူးယုံပဲ အပေါ်ယံလေးပြောပြပြီး ကိုယ့်ရဲ့ အချိန်တွေ အလဟဿ ကုန်သွားရင်ရော?
📌 သင်ပုံသင်နည်းရော မှန်ကန်ပါ့မလား စတဲ့စတဲ့ စိုးရိမ်စိတ်တွေကို လုံးဝ ဘေးဖယ်ထားလိုက်ပါ။

ဘာလို့ဆိုရင် တီချယ် IZUMI က Japanese Learner တွေကို တကယ်တတ်စေချင်တဲ့ စိတ်စေတနာ အရင်းခံကာ သင်ကြားပေးတာဖြစ်ပြီး လူငယ် တီချယ်တစ်ယောက်ပီပီ အခုမှစတင်လေ့လာနေတဲ့ Japanese Learner တွေရဲ့ အခက်အခဲတွေကို နားလည်စွာနဲ့ Stress လုံးဝမရှိရအောင် ပေါ့ပေါ့ပါးပါးလေး သင်ကြားပေးမှာဖြစ်ပါတယ်။

သင်ကြားပေးသွားမည့် သင်ခန်းစာများ 💜
🔹 Minna no Nihongo Textbook
🔹 N5 Kanji Challenge Textbook နဲ့
🔹 Old Question တစ်စုံကို လေ့ကျင့်ပေးသွားမှာလည်းဖြစ်ပါတယ်။

သင်ခန်းစာများကို စနစ်တကျ ပြဋ္ဌာန်းစာအုပ်များဖြင့် သင်ကြားပေးမှာဖြစ်လို့ အရည်အသွေးကို စိတ်ချပါ။

သင်တန်း အချိန်အသေးစိတ် 💜
🔹 ၂၀၂၆ ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်သွားမည်။
🔹 သင်တန်းကာလ (၄) လ ကြာမြင့်မှာဖြစ်ပါတယ်။
🔹 Fri, Sat နဲ့ Sunday တစ်ပတ် သုံးရက် တက်ရောက်ရပါမယ်။
🔹 ညနေ ၃ နာရီမှ ညနေ ၅ နာရီ အချိန်အတွင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🔹 သင်တန်းသားဦးရေ ( 30 ) ဦး သာ လက်ခံသွားမှာဖြစ်ပါတယ်။

သင်တန်းရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ 💜
🔹 တီချယ်နဲ့ Zoom ကနေ Face to Face ကိုယ် နားမလည်တာတွေကို တိုက်ရိုက်မေးမြန်းနိုင်မယ်။
🔹 သင်ဆိုင်ရာ Group Chat တွေကနေတဆင့် စာမေးနိုင်မယ်။
🔹 တစ်ပတ်လုံးမှ အချိန် ၆ နာရီ ပေးရုံနဲ့ Japanese Language နဲ့ ထိတွေ့ခွင့်ရမယ်။
🔹 အိမ်စာတွေကို သေချာစစ်ပေးမယ်။ အမှားသေးသေးလေးတွေက အစ စနစ်တကျနဲ့ ထောက်ပြ ပြင်ပေးမှာဖြစ်ပါတယ်။
🔹 တီချယ်က ဟာသလေးနှောပြီး ပေါ့ပေါ့ပါးပါး စာသင်တဲ့ Type ထဲကဖြစ်တာမို့ ကိုယ်မှားမှာကို ကြောက်နေစရာမလိုဘဲ လွတ်လွတ်လပ်လပ် သင်ယူနိုင်ပါတယ်။

Japanese Basic + N5 Class လေးက ပုံမှန် Fee တစ်ခုပေးရတဲ့ Class တွေနဲ့မခြားဘဲ သေချာသင်ပေးသွားမှာဖြစ်လို့ သင်တန်းကာလ (၄) လ ကြာမြင့်မှာဖြစ်ပြီး အထိရောက်ဆုံးနဲ့ သေချာတတ်အောင် သင်ပေးသွားမှာပါ။

လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်ကို ဘာသာစကားတစ်ခု လေ့လာရာမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ အမြော်အမြင်ရှိပြီး မှန်ကန်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

🟣 Japanese Culture ကို စိတ်ဝင်စားလို့ပဲဖြစ်စေ၊
🟣 MANGA, Anime နဲ့ Japanese Drama Series တွေကို Subtitle မပါဘဲ ကြည့်ချင်လို့ဖြစ်စေ၊
🟣 Japanese Pop song လေးတွေကို ကိုယ်တိုင် နားလည်ချင်လို့ဖြစ်စေ၊
🟣 ပညာရေး အခွင့်အလမ်းအတွက် သင်ယူလေ့လာချင်လို့ဖြစ်စေ၊
🟣 အလုပ်အကိုင် အခွင့်အလမ်းအတွက် Japanese Language ကို လေ့လာချင်တာဖြစ်ပါစေ၊
🟣 ဘယ်အကြောင်းကြောင့်ပဲ စတင်လေ့လာပါစေ၊ တစ်ချိန်ကျရင် ကိုယ့်အတွက် သေချာပေါက် အသုံးဝင်လာမယ့် အချိန်ပေးမှုတစ်ခု ဖြစ်လာမှာပါ။

သင်တန်းပြီးသွားရင် ဘာတွေရလိုက်မလဲ? 💜
✅Japanese Language ကိုစတင်လေ့လာဖို့အတွက် အစကောင်းတစ်ခု ဖြစ်သွားမယ်။
✅Japanese အခြေခံကို စနစ်တကျ လေ့လာလိုက်ရမှာဖြစ်တဲ့အတွက် ဆက်လက်သင်ယူဖို့အတွက် ပိုမို လွယ်ကူသွားမယ်။
✅Japanese Language ကို ကိုယ်တကယ် စိတ်ဝင်စားလားဆိုတာ စမ်းသပ်သိရှိနိုင်သွားမယ်။
✅ကိုယ်နဲ့ ဝါသနာတူ သူငယ်ချင်းတွေ ရသွားပြီး စာလုပ်ရတာ ပိုပြီး ချောမွေ့လာစေမယ်။
✅ကိုယ်ကိုယ်တိုင် Japanese Language ကို Self Study လုပ်ဖို့ စိတ်ခွန်အားတစ်ခု ရရှိသွားပါလိမ့်မယ်။

ဆိုတော့ ၂၀၂၆ ရဲ့ ကံကောင်းခြင်းလေးဖြစ်တဲ့ Japanese Basic + N5 Class လေးကို အခုပဲ တက်ဖို့ စာရင်းပေးသွင်းလိုက်ပါနော်။🥳

IZUMI's Japanese Free Basic + N5 Class လေးကို တက်ရောက်နိုင်ဖို့ ဒီအချက် (၃) ချက် လုပ်ဆောင်ပေးရပါမယ်။ ❗❗

(၁) >>> ဒီပိုစ့်လေးကို "IZUMI's Japanese Free Basic + N5 Class" ဆိုတဲ့ Caption လေးနဲ့အတူ Public Share ပေးရပါမယ်။

(၂) >>> Share ထားတဲ့ ပိုစ့်လေးကို Screenshot ရိုက်ပြီးတော့ Comment အောက်လေးမှာ မန့်ခဲ့ပေးပါ။

(၃) >>> Google Form လေးကို ဖြည့်ပေးရပါမယ်။ 🔻🔻 Link 🔗

{ https://docs.google.com/forms/d/1rBk8tj-S2YwyVop_beH5GNKPbqV1mVKJ494l4eKS60M/viewform }

သင်တန်းသားဦးရေ ( 30 ) ဦး သာ လက်ခံသွားမှာဖြစ်တာကြောင့် အခုပဲ နှစ်ခါစဉ်းစားမနေဘဲ စာရင်းလေး ပေးသွင်းထားမှ စိတ်ချရမယ်နော်။

IZUMI's Japanese ကနေ စတင်ပေးလိုက်တဲ့ ၂၀၂၆ ရဲ့ ပထမဆုံး ကံကောင်းခြင်းလေးကနေ တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ ဆက်လက်ဖြစ်ပေါ်လာပါစေဖို့ ဆုမွန်ကောင်းလည်း တောင်းပေးလိုက်ရပါတယ်။ 💖

Japanese Language ကို အခက်အခဲမရှိ သင်ကြားနိုင်ဖို့ အမြဲအတူရှိနေမယ့် IZUMI's Japanese 💜



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Izumi's Japanese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share