စာပန်းချီ Education Center

စာပန်းချီ Education Center မြန်မာစာနှင့်ပတ်သက်သောသင်တန်းများ မေးမြန်းစုံစမ်းနိုင်ပါသည်
စာပန်းချီနဲ့အတူ စာစီကြပါစို့✍️
Online and Classroom Learning

29/05/2026

ဆရာမနဲ့ စာသင်ရတာ
ကလေးတွေ ပျော်ရဲ့လားတဲ့ 😍

တတ်မြောက်မှုစစ်ဆေးခြင်း ၃၀ မိနစ်စာပဲမို့ သင်ထားတာရဲ့ ၃၀% မျှသာ မေးထားပါတယ်၁၀ရက်တာအတွက် အကောင်းဆုံး သင်ရိုးကို ကြိုးစားရေ...
28/05/2026

တတ်မြောက်မှုစစ်ဆေးခြင်း

၃၀ မိနစ်စာပဲမို့
သင်ထားတာရဲ့ ၃၀% မျှသာ မေးထားပါတယ်

၁၀ရက်တာအတွက် အကောင်းဆုံး သင်ရိုးကို
ကြိုးစားရေးဆွဲပြီး သင်ပေးခဲ့တာဖြစ်တဲဲ့အတွက်

တက်ရောက်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေ
မြန်မာစာ အသိတစ်ချက်တိုးခဲ့ရင်ပဲ
ကျေနပ်ပီတိ ဂွမ်းဆီထိသကဲ့သို့ ခံစားရပါ၏။

စာစီစာကုံး တတ်မြောက်မှု စစ်ဆေးခြင်းကြိုးကြိုးစားစား ဖြေပေးခဲ့ကြလို့ ကျေးဇူးပါ ကလေးတို့ရေ 🥰ကျောင်းအပ်ရက်တွေနဲ့ တိုက်နေလို...
28/05/2026

စာစီစာကုံး တတ်မြောက်မှု စစ်ဆေးခြင်း

ကြိုးကြိုးစားစား ဖြေပေးခဲ့ကြလို့
ကျေးဇူးပါ ကလေးတို့ရေ 🥰

ကျောင်းအပ်ရက်တွေနဲ့ တိုက်နေလို့
မဖြေလိုက်ရတဲ့ကလေးတွေလည်း နောက်စာမေးပွဲ
ရှိရငိ ဝင်ဖြေဖို့ ဖိတ်ခေါ်ပါတယ်

ကလေးတွေရဲ့ ရင်တွင်းဖြစ်လေးတွေ😅စာမေးပွဲမှာ သင်တန်းအပေါ် ခံစားချက်လေး ထည့်မေးလိုက်တာ အရေးအသားလေးတွေက ချစ်စရာလေးတွေ 🥰တချို့...
24/05/2026

ကလေးတွေရဲ့ ရင်တွင်းဖြစ်လေးတွေ😅

စာမေးပွဲမှာ သင်တန်းအပေါ် ခံစားချက်လေး
ထည့်မေးလိုက်တာ အရေးအသားလေးတွေက
ချစ်စရာလေးတွေ 🥰

တချို့က International School က ကလေးတွေမလို့ သင်တန်းအစကနေ အဆုံးအထိ တက်ရောက်ပြီး
နားထောင်ပေးခဲ့တာကိုပဲ ကျေးဇူးတင်ရပါတယ်
မြန်မာစာ စာလုံးပေါင်း အားနည်းတာလေးတွေ
အရေးအသား မတတ်တာလေးတွေတော့ သည်းခံပေးပြီး ကလေးရဲ့ အားစိုက်ထုတ်မှုလေးတွေကိုပဲ အသိအမှတ် ပြုပေးဖို့ မေတ္တာရပ်ခံပါတယ် 🙏

#ပညာဒါနသင်တန်းအပတ်စဉ်၁
အောင်မြင်စွာ ပြီးမြောက်ခြင်း🥰

ကား ကို ဘယ်လို စာလုံးပေါင်း ဖတ်ကြမလဲ❔(က) က ရေးချ ဝစ္စနှစ်လုံးပေါက် ကား 🚗(ခ)  ကကြီး ရေးချ ဝစ္စနှစ်လုံးပေါက် ကား 🚗(ဂ)  ကကြ...
23/05/2026

ကား ကို ဘယ်လို စာလုံးပေါင်း ဖတ်ကြမလဲ❔

(က) က ရေးချ ဝစ္စနှစ်လုံးပေါက် ကား 🚗

(ခ) ကကြီး ရေးချ ဝစ္စနှစ်လုံးပေါက် ကား 🚗

(ဂ) ကကြီး ရေးချ ကာ ဝစ္စနှစ်လုံးပေါက် ကား 🚗

(ဃ) က + -ား (အား) = ကား 🚗

ဘယ်လိုနည်းနဲ့ပဲ ဖတ်ဖတ် ကလေးမှားနေတယ် ဆိုတာ မရှိပါ
ခေတ်အလိုက် မတူညီတော့တဲ့ သင်ကြားနည်းစနစ် တွေကြောင့် မူလတန်းအောက်ဆင့် မြန်မာစာကို ရွတ်ဖတ်ရာမှာ ရောထွေးမှုလေးတွေ ဖြစ်နေရုံသက်သက်ပါ

ပုံကတော့ စနစ်သစ်မြန်မာစာရဲ့
ဆရာလမ်းညွှန်ထဲက ထုတ်နှုတ်ပြထားတာလေး ဖြစ်ပါတယ်

သူ့ ညွှန်ကြားချက်အရ
က ရေးချ ဝစ္စနှစ်လုံးပေါက် ကား လို့
ရွတ်ဆိုရမှာ ဖြစ်တဲ့အတွက် အိမ်က သားသားမီးမီးတို့နဲ့ အတူတူ စာလေ့ကျင့်ပေးမဲ့ မေမေတို့ ဖေဖေတို့လည်း တစေ့တစောင်း လေ့လာထားဖို့ အကြံပြုအပ်ပါတယ်ရှင်

ဆရာကိုင်လေးတွေ pdf File လိုချင်ရင် page
Messenger မှာ တောင်းယူနိုင်ပါတယ်ရှင်

#စာပန်းချီနဲ့အတူစာလေ့လာကြပါစို့

Gemini ကို ပုံပို့ပေးလိုက်တာ သူပြန်ရေးပေးထားတာလေးတွေက ချစ်စရာ 😍 #စာစီစာကုံးပညာဒါနသင်တန်းBatch1- Day 9
23/05/2026

Gemini ကို ပုံပို့ပေးလိုက်တာ သူပြန်ရေးပေးထားတာလေးတွေက ချစ်စရာ 😍

#စာစီစာကုံးပညာဒါနသင်တန်းBatch1- Day 9

စာစီစာကုံးဆိုတာ စာပိုဒ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် စာပိုဒ်တစ်ပိုဒ်ချင်းစီကို ပေါ်လွင်အောင် ရေးသားတတ်ဖို့ အရေးကြီးပ...
10/05/2026

စာစီစာကုံးဆိုတာ စာပိုဒ်တွေနဲ့ ဖွဲ့စည်းထားတာ
ဖြစ်တဲ့အတွက် စာပိုဒ်တစ်ပိုဒ်ချင်းစီကို ပေါ်လွင်အောင် ရေးသားတတ်ဖို့ အရေးကြီးပါတယ်

ဦးဆောင်ဝါကျကတော့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ရဲ့ စာစီစာကုံးသင်ကြားနည်းလေးထဲက တစ်ခုဖြစ်ပါတယ်

သတိပြုစရာအချက်လေးတွေကတော့
ကလေးတွေအတွက် ရှင်းလင်းတဲ့ လမ်းညွှန်ချက်လေး
ရနိုင်အောင် ရေးပေးထားတာပါ

Day 1 ကနေ Day 4 ပြီးသွားတဲ့အထိ မပျက်မကွက် တက်တက်ကြွကြွ သင်ယူကြတဲ့ ကလေးလေးတွေ 🥰စာစီစာကုံးရေးသားဖို့ အထောက်အကူပြုတဲ့ သင်ခန...
03/05/2026

Day 1 ကနေ Day 4 ပြီးသွားတဲ့အထိ
မပျက်မကွက် တက်တက်ကြွကြွ သင်ယူကြတဲ့
ကလေးလေးတွေ 🥰
စာစီစာကုံးရေးသားဖို့ အထောက်အကူပြုတဲ့
သင်ခန်းစာတွေထဲက တစ်ခုဖြစ်တဲ့
#ဝါကျဆန့်ထုတ်ခြင်း

ကလေးအတွေး ကလေးအရေးတွေက ချစ်စရာကောင်းကြလို့ မပြင်ပေးသေးဘဲ ဒီတိုင်းတင်ပေးတာပါနော်

Address

Yangon
11371

Website

Alerts

Be the first to know and let us send you an email when စာပန်းချီ Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category