Teacher Wai

Teacher Wai Education and Child Development

မင်္ဂလာပါရှင်... ချစ်လှစွာသော မိဘအုပ်ထိန်းသူများ ရှင့် 💖✨​မူကြိုအရွယ် ကလေးငယ်လေးတွေရဲ့ သဘာဝနဲ့ အရေးပါပုံလေးတွေ အကြောင်းက...
10/08/2026

မင်္ဂလာပါရှင်... ချစ်လှစွာသော မိဘအုပ်ထိန်းသူများ ရှင့် 💖✨

​မူကြိုအရွယ် ကလေးငယ်လေးတွေရဲ့ သဘာဝနဲ့ အရေးပါပုံလေးတွေ အကြောင်းကို သုတေသနတွေ့ရှိချက်လေးတွေနဲ့အတူ မျှဝေပေးသွားချင်ပါတယ်နော် 🧸🎨

​🧠 ၁။ မွေးစကနေ အသက် (၈) နှစ်အထိဟာ ဘဝတစ်သက်တာမှာ ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံး အရွယ်လေးပါ!
​ကလေးငယ်တွေရဲ့ အသက် (၈) နှစ်အထိ ကာလဟာ ဦးနှောက်နျူရွန် (Neurons) တွေ ချိတ်ဆက်မှု အဆမတန် မြန်ဆန်တဲ့ "ရွှေရောင်အရွယ်" ပဲဖြစ်ပါတယ်

🌟 ဒီအချိန်မှာ ကလေးလေးတွေ ရရှိတဲ့ အတွေ့အကြုံ၊ ချစ်ခြင်းမေတ္တာနဲ့ လုံခြုံမှုတွေက သူတို့ရဲ့ အနာဂတ် သင်ယူနိုင်စွမ်းနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် သံမဏိအုတ်မြစ်တစ်ခုကို စတင်တည်ဆောက်ပေးလိုက်တာပါပဲနော် ဦးနှောက်စုပ်ယူမှာအကောင်းဆုံး အရွယ်လေးမို့ ကောင်းမွန်တဲ့ လှုံ့ဆော်မှုလေးတွေ ပေးဖို့ အရေးကြီးပါတယ်ရှင့် 💡🌱

​🧩 ၂။ ကစားခြင်းဟာ မူကြိုကလေးတွေရဲ့ အကောင်းဆုံး ဘာသာစကားပါ!
​ကလေးတစ်ယောက်အတွက် "ကစားတာ" ဆိုတာ အချိန်ဖြုန်းတာ မဟုတ်ပါဘူး 🚗🧱 ကလေးလေးတွေ လွတ်လပ်စွာ ကစားကြတဲ့အခါ အသိဉာဏ် (Cognitive)၊ ခန္ဓာကိုယ် (Motor Skills) နဲ့ ပေါင်းသင်းဆက်ဆံရေး (Social) နဲ့ စိတ်လှုပ်ရှားခံစားမှု (Emotional) ဆိုတဲ့ ဖွံ့ဖြိုးမှု (၄) မျိုးစလုံး ဟန်ချက်ညီညီ သင်ယူရရှိပါတယ်။ ကစားရင်းနဲ့ပဲ ပြဿနာဖြေရှင်းတတ်လာတယ်၊ အခြားသူကို နားလည်စာနာတတ်လာတယ်၊ မိမိစိတ်ကို ထိန်းချုပ်နိုင်စွမ်း (Self-control) တွေ ရလာကြတာပါ 🤝❤️

​🎈 ၃။ မူကြိုဆိုတာ စာအုပ်ထဲက စာဆိုတာထက် ကာယ၊ စာရိတ္တနဲ့ စိတ်ပိုင်း၊ ပေါင်းသင်းဆက်ဆံရေးနဲဘ ဉာဏ်ရည်ကို ပျိုးထောင်ပေးတာပါ!
​အတန်းထဲမှာ စာရေးခိုင်းတာ၊ ဂဏန်းရေခိုင်းတာထက် မူကြိုပညာရေးရဲ့ အဓိက ပန်းတိုင်က ကလေးရဲ့ စူးစမ်းလိုစိတ်နဲ့ စိတ်ကူးဉာဏ်ရည်ကို စတင်ပျိုးထောင်ပေးဖို့ ဖြစ်ပါတယ် 🎨✨ မိဘနဲ့ ဆရာတွေက ချစ်ခြင်းမေတ္တာနဲ့ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးမယ်ဆိုရင် ကလေးလေးတွေဟာ စွမ်းဆောင်ရည်အပြည့်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးငယ်လေးတွေအဖြစ် ကြီးပြင်းလာမှာ သေချာပါတယ်နော် 🌈👑

​ဖေဖေမေမေတို့ရေ... ကလေးလေးတွေရဲ့ မူကြိုအရွယ် ကာလဟာ ခဏလေးနဲ့ ကုန်လွန်သွားတတ်လို့ ဒီအရွယ်လေးမှာ နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ အတူတူ ပျိုးထောင်ပေးကြရအောင်နော် 💕🤗

​ကလေးငယ်များရဲ့ သင်ယူမှုနှင့် ပတ်သက်ပြီး သိချင်တာလေးတွေရှိရင်လည်း Tr. Wai ရဲ့ Comment မှာ မေးမြန်းသွားလို့ရပါတယ်ရှင့်... 🥰👇

မေတ္တာဖြင့်

Tr. Wai (10.8.2026)

​

မေမေ၊ ဖေဖေတို့ရေ… 🌸​ကလေးလေးတွေ ရဲ့ တစ်နှစ်ပြီးတစ်နှစ် ကြီးပြင်းလာတဲ့ ခရီးစဉ်မှာ အရွယ်အလိုက် ဖွံ့ဖြိုးမှု မှတ်တိုင် (Deve...
04/08/2026

မေမေ၊ ဖေဖေတို့ရေ… 🌸
​ကလေးလေးတွေ ရဲ့ တစ်နှစ်ပြီးတစ်နှစ် ကြီးပြင်းလာတဲ့ ခရီးစဉ်မှာ အရွယ်အလိုက် ဖွံ့ဖြိုးမှု မှတ်တိုင် (Developmental Milestones) လေးတွေကို သိထားတော့ ကလေးရဲ့ လိုအပ်ချက်ကို ပိုပြီး နားလည်ပေးနိုင်တာပေါ့နော်။
​ဒီနေ့တော့ ကလေး ၁ နှစ်ကနေ ၈ နှစ်အထိအသက် အရွယ်အလိုက် ဖွံ့ဖြိုးမှုလေးတွေကို စုစည်းပြီး မျှဝေပေးလိုက်ပါတယ်ရှင့် ✨

​👶 ၁ နှစ်အရွယ် (အာရုံခံ စူးစမ်းစ အရွယ်)
​🚶‍♂️ ခန္ဓာကိုယ် - လက်ကလေးကို ကိုင်ပေးထားရင် လမ်းစလျှောက်နိုင်ပြီ၊ ပစ္စည်းလေးတွေကို ဆုပ်ကိုင်တတ်ပြီ။
​🗣 စကားပြော - "မေမေ"၊ "ဖေဖေ" ဆိုတဲ့ အလွယ်စကားလုံးလေးတွေ စတင်ခေါ်တတ်လာမယ်။
​🧠 ဦးနှောက် - ပစ္စည်းတစ်ခုခုကို ကွယ်လိုက်ရင် လိုက်ရှာတတ်တဲ့ အသိဉာဏ်လေး စတင်ဖွံ့ဖြိုးလာပြီ။
​👧 ၂ နှစ်အရွယ် (လှုပ်ရှားမှု သွက်လက်စ အရွယ်)
​🏃‍♂️ ခန္ဓာကိုယ် - သက်တောင့်သက်သာ ပြေးနိုင်ပြီ၊ ဘောလုံးလေးတွေကို ခြေထောက်နဲ့ ကန်တတ်ပြီ။
​🗣 စကားပြော - စကားလုံး ၂ လုံး/၃ လုံး တွဲပြီး ပြောဆိုလာနိုင်မယ်။
​🎨 စိတ်ခံစားမှု - "ငါ့ဟာ" ဆိုတဲ့ ပိုင်ဆိုင်လိုစိတ်လေး စပြသလို စာရွက်ပေါ်မှာ မမှန်မကန် လျှောက်ခြစ်ရတာ ကြိုက်လာမယ်။

​👦 ၃ နှစ်အရွယ် (မေးခွန်းထုတ်စ အရွယ်)
​🚲 ခန္ဓာကိုယ် - သုံးဘီးစက်ဘီးလေးတွေ စီးနိုင်လာပြီ၊ လှေကားကို ခြေတစ်လှမ်းချင်း တက်တတ်ပြီ။
​🗣 စကားပြော - စကားကြောင်းရှည်ရှည် ပြောနိုင်ပြီး "ဒါဘာလဲ" ဆိုတဲ့ မေးခွန်းလေးတွေ ခါးခါးသီးသီး မေးတော့မယ်။
​🤝 ပေါင်းသင်းဆက်ဆံရေး - အခြားကလေးတွေနဲ့ အတူတူ ဆော့ကစားဖို့ စတင်စိတ်ဝင်စားလာမယ်။

​👧 ၄ နှစ်အရွယ် (စိတ်ကူးယဉ် ဆန်းသစ်စ အရွယ်)
​✂️ ခန္ဓာကိုယ် - ကတ်ကြေးဘေးကင်းကင်းလေးနဲ့ စာရွက်ဖြတ်တာမျိုး လုပ်နိုင်ပြီ၊ ဘောလုံး ဖမ်းယူနိုင်ပြီ။
​🎨 အသိဉာဏ် - အရောင်တွေ၊ ပုံသဏ္ဌာန် (စက်ဝိုင်း၊ လေးထောင့်) တွေကို ခွဲခြားသိမြင်လာမယ်။
​🎭 ဖန်တီးမှု - စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ ဖန်တီးပြီး ဇာတ်လမ်းဆင် ဆော့ကစားတတ်လာမယ်။

​👦 ၅ နှစ်အရွယ် (ကျောင်းနေဖို့ပြင်ဆင်နေတဲ့ အရွယ်)
​✍️ ခန္ဓာကိုယ် - ခဲတံကို သေချာ ကိုင်တတ်ပြီ၊ စာလုံးနဲ့ ကိန်းဂဏန်း အချို့ကို ရေးဆွဲနိုင်ပြီ။
​🗣 စကားပြော - ပုံပြင်တိုလေးတွေကို ပြန်ပြောပြနိုင်မယ်၊ သီချင်းလေးတွေ ဆိုပြတတ်မယ်။
​❤️ စိတ်လှုပ်ရှားမှု - စည်းကမ်းလေးတွေကို နားလည်လာပြီး သူငယ်ချင်းတွေနဲ့ မျှဝေသုံးစွဲတတ်လာမယ်။

​👧 ၆ နှစ်အရွယ် (စာသင်ယူမှု အခြေပြု အရွယ်)
​📚 သင်ယူမှု - စာလုံးလေးတွေကို အသံထွက်ဖတ်နိုင်လာမယ်၊ အခြေခံ သင်္ချာတွက်ချက်မှု (ပေါင်း/နှုတ်) နားလည်လာမယ်။
​🤸‍♂️ ခန္ဓာကိုယ် - ခုန်ပေါက်လှုပ်ရှားတာတွေမှာ ပိုငြိမ်ချက်ရှိလာပြီး ကြိုးခုန်တာမျိုး လုပ်နိုင်လာမယ်။
​🤝 အသင်းအဖွဲ့ - အဖွဲ့လိုက် စည်းကမ်းနဲ့ ကစားရတဲ့ ကစားနည်းတွေကို သဘောပေါက်လာမယ်။

​👦 ၇ နှစ်အရွယ် (အကြောင်းအကျိုး စဉ်းစားစ အရွယ်)
​🧩 စဉ်းစားတွေးခေါ်မှု - အကြောင်းနဲ့ အကျိုးကို ပိုမိုယုတ္တိရှိရှိ တွေးခေါ်နိုင်လာမယ်။
​🎨 ကျွမ်းကျင်မှု - စာရေးတာနဲ့ အနုပညာ လက်ရာလေးတွေ ပြုလုပ်ရာမှာ သပ်ရပ်မှု ရှိလာမယ်။
​🧘‍♂️ စိတ်ဓာတ် - မိမိကိုယ်ကို ယုံကြည်မှု တိုးတက်လာပြီး မိမိဘာသာ သီးခြားလုပ်ဆောင်လိုစိတ် ပိုများလာမယ်။

​👧 ၈ နှစ်အရွယ် (မိတ်ဆွေတိုးချဲ့အရွယ်)
​👫 လူမှုဆက်ဆံရေး - သူငယ်ချင်းတွေရဲ့ အမြင်နဲ့ စည်းလုံးမှုကို ပိုပြီး ဦးစားပေးတတ်လာမယ်။
​📖 ဗဟုသုတ - စာအုပ်တွေကို အဆင်ပြေပြေ ဖတ်နိုင်ပြီ၊ မိမိ ခံစားချက်ကို စာနဲ့ စနစ်တကျ ရေးပြနိုင်လာမယ်။
​⚽ အားကစား - အားကစားနဲ့ လှုပ်ရှားမှုတွေမှာ စနစ်တကျနဲ့ အားစိုက် လုပ်ဆောင်နိုင်လာမယ်။

​💕 ​ကလေးတစ်ဌီးချင်းစီရဲ့ ဖွံ့ဖြိုးမှု နည်းလမ်းနဲ့ နှုန်းထားဟာ မတူညီကြပါဘူးနော်။ ဒီမှတ်တိုင်လေးတွေဟာ အကြမ်းဖျင်း လမ်းညွှန်ချက်တင် ဖြစ်တာမို့ မိမိကလေးရဲ့ သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်အောင် မေတ္တာ၊ အားပေးမှုနဲ့ စေတနာအပြည့် ပေးဆပ်ရုံပါပဲရှင့် ❤️

မေတ္တာဖြင့်
Tr. Wai
(၄.၈.၂၀၂၆)

​

📌 တက်ကြွလွန်းပြီး စွမ်းအင်တွေအပြည့်နဲ့ “ADHD” ကလေးငယ်လေးများကို နားလည်ပေးကြပါစို့ 🌟🧒👧​မေမေတို့ရေ... ကိုယ့်ကလေးက တစ်နေရာထ...
11/06/2026

📌 တက်ကြွလွန်းပြီး စွမ်းအင်တွေအပြည့်နဲ့ “ADHD” ကလေးငယ်လေးများကို နားလည်ပေးကြပါစို့ 🌟🧒👧

​မေမေတို့ရေ... ကိုယ့်ကလေးက တစ်နေရာထဲမှာ ငြိမ်ငြိမ်မထိုင်နိုင်တာ၊ အာရုံစိုက်ဖို့ ခက်ခဲနေတာ ဒါမှမဟုတ် ခဏခဏ ပစ္စည်းတွေ ပျောက်တတ်တာမျိုးတွေ ရှိနေပါသလား❓

​ဒါဟာ ပျက်စီးဆိုးသွမ်းလို့ မဟုတ်ဘဲ ADHD (အာရုံစိုက်မှုအားနည်းပြီး လှုပ်ရှားမှုလွန်ကဲသော ဝေဒနာ) ကြောင့် ဖြစ်နိုင်ပါတယ်နော်။ ကမ္ဘာကြီးကို သူတို့လေးတွေ မြင်ရတဲ့ပုံစံက တခြားကလေးတွေနဲ့ နည်းနည်းလေး ကွဲပြားနေရုံသက်သက်ပါပဲ။ 🌈✨

​💡 ADHD ရဲ့ အဓိကလက္ခဏာ (၃) မျိုးကို သိထားရအောင် 🧠

​1️⃣ အာရုံစိုက်ဖို့ ခက်ခဲခြင်း (Inattention) 🔎
​အလုပ်တစ်ခုကို ပြီးအောင်လုပ်ဖို့ ခက်ခဲတတ်တယ်၊ အသေးစိတ်အချက်အလက်တွေကို သတိမထားမိတတ်ဘူး။
​စကားပြောနေရင် တခြားအာရုံရောက်သွားပြီး နားမထောင်သလို ဖြစ်နေတတ်ပါတယ်။ ☁️💭

​2️⃣ လှုပ်ရှားမှုလွန်ကဲခြင်း (Hyperactivity) 🏃‍♂️💨
​ခြေငြိမ်လက်ငြိမ် မထိုင်နိုင်ဘဲ အမြဲတမ်း ပြေးလွှားဆော့ကစားချင်နေတတ်တယ်။
​အတွင်းစိတ်ထဲမှာ စွမ်းအင်တွေအပြည့် (မော်တာတစ်လုံး တပ်ထားသလို) အမြဲဖြစ်နေတတ်ပါတယ်။ ⚡

​3️⃣ စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်း (Impulsiveness) ⚡📣
​ကိုယ့်အလှည့် ရောက်အောင် မစောင့်နိုင်တာမျိုး၊ တခြားသူတွေ စကားပြောနေရင် ကြားဖြတ်ပြောတတ်တာမျိုး ရှိတတ်ပါတယ်။

​🤝 သူတို့လေးတွေကို ကူညီပေးနိုင်မယ့် အချက်လေးများ 💖
​ကလေးတွေရဲ့ လိုအပ်ချက်ကို မိဘတွေနဲ့ ဆရာ၊ ဆရာမတွေက ပူးပေါင်းပြီး မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဝိုင်းဝန်း ပံ့ပိုးပေးဖို့ အရမ်းအရေးကြီးပါတယ်👇

​📅 ပုံသေအချိန်ဇယားလေးတွေ သတ်မှတ်ပေးပါ - အိပ်ချိန်၊ စားချိန်၊ ကစားချိန်တွေကို တိတိကျကျ သတ်မှတ်ပေးခြင်းက သူတို့ရဲ့ စိတ်ကို ပိုမိုတည်ငြိမ်စေပါတယ်။

​📝 ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်ပေးပါ - တစ်ခါပြောရင် တစ်ချက်ပဲ ခိုင်းပါ (ဥပမာ - “ကစားစရာတွေ သိမ်းရအောင်” ဆိုတာမျိုး တိုတိုနဲ့ ရှင်းရှင်းပဲ ပြောပေးပါ)။

​🎨 စွမ်းအင်တွေကို ကောင်းမွန်တဲ့နေရာမှာ သုံးပါ - အားကစားလုပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ Coding/Logic ဂိမ်းလေးတွေ ဆော့ခိုင်းခြင်းက သူတို့ရဲ့ အာရုံစိုက်မှုကို ကောင်းမွန်စေပါတယ်။

​အပြစ်တင်မယ့်အစား အားပေးပါ 👏 - ကလေးက ကြိုးစားပြီး ငြိမ်ငြိမ်ထိုင်တာ၊ အလုပ်တစ်ခု ပြီးအောင်လုပ်တာမျိုး တွေ့ရင် ချက်ချင်း ချီးမွမ်းပေးပါ (သူတို့လေးတွေအတွက် အားပေးစကားက အကောင်းဆုံးစိတ် အာဟာရ ဖြစ်ပါတယ်)။

​🌱 ADHD ဆိုတာ ကုသလို့မရတဲ့ ရောဂါဆိုးကြီး မဟုတ်ပါဘူး။ စနစ်တကျ ပြုစုပျိုးထောင်ပေးရင် သူတို့လေးတွေဟာ အရမ်းကို ထိုးထွင်းဉာဏ်ကောင်းပြီး တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ပါရမီရှင်လေးတွေ ဖြစ်လာနိုင်ပါတယ်” 🚀💡

​မိဘတွေရဲ့ အချစ်၊ စိတ်ရှည်မှုနဲ့ နားလည်ပေးမှုတွေကသာ သူတို့လေးတွေအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါပဲနော်။ ❤️🏠

Tr. Wai
Little Sweety Preschool
(11.06.2026)

​

30/05/2026

ကျောင်းကြီးတက်တော့မယ့် သားသား ကောင်းပြည့်အောင် မေမေရဲ့ စကားသံများ

01/11/2025

ဒီနေ့ရဲ့ Parent Talk ကို နားထောင်ပေးတဲ့ မိဘများအားလုံး ကျေးဇူးတင်ပါတယ်နော်။

🍓မိမိကလေးကို အချိန်ပေးပါ
🍓ချစ်ခြင်းမေတ္တာပေးပါ
🍓အသိအမှတ်ပြုချီးကျူးပါ

Tr.Wai (Little Sweety Preschool)

🍎Child Psychology ဆိုတာဘာလဲ! 👶ကလေးတစ်ယောက်ဟာ မွေးဖွားလာချိန်ကနေ ဆယ်ကျော်သက်အရွယ်အထိ — တဖြည်းဖြည်းနဲ့ ပြောင်းလဲ၊ ဖွံ့ဖြို...
23/10/2025

🍎Child Psychology ဆိုတာဘာလဲ!

👶ကလေးတစ်ယောက်ဟာ မွေးဖွားလာချိန်ကနေ ဆယ်ကျော်သက်အရွယ်အထိ — တဖြည်းဖြည်းနဲ့ ပြောင်းလဲ၊ ဖွံ့ဖြိုးလာနေပါတယ်။

👶အဲ့ဒီတိုးတက်လာပုံတွေကို လေ့လာတဲ့အရာကို Child Psychology (ကလေးစိတ်ပညာ) လို့ခေါ်ပါတယ်။ 💭

👧 ကလေးစိတ်ပညာမှာ ပါဝင်တဲ့ နယ်ပယ်တွေကတော့
• 🧍‍♀️ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Physical Development):
ခန္ဓာကိုယ်ကြီးထွားပုံ၊ ဦးနှောက်နဲ့ အာရုံကြောစနစ် တိုးတက်လာပုံ။

• 💡 သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးမှု (Cognitive Development): စဉ်းစားခြင်း၊ သင်ယူခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ဘာသာစကားတိုးတက်လာပုံ။

• 💖 စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု (Emotional Development): ခံစားချက်တွေကို နားလည်တတ်လာခြင်း၊ ထိန်းချုပ်တတ်လာခြင်း။

• 🤝 လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးမှု (Social Development):
အခြားသူတွေနဲ့ ဆက်ဆံပုံ၊ လူမှုရေးကျွမ်းကျင်မှု၊ကိုယ်ကျင့်တရားနဲ့ တန်ဖိုးထားမှုတွေ။

💡 ကလေးစိတ်ပညာကို သိထားရင် ဘာတွေကောင်းလဲဆိုတော့...
• 👂 ကလေးကို ပိုနားလည်နိုင်တယ်၊ ကလေးက ဘာကြောင့် ဒီလိုပြုမူလဲဆိုတာကို သဘောပေါက်လာပါတယ်။

• 🌿 သင့်လျော်တဲ့ ပြုစုပျိုးထောင်မှု ပေးနိုင်တယ်!
ဖွံ့ဖြိုးမှုအဆင့်အလိုက် ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်ရဲ့
ကလေးကို ပံ့ပိုးပေးရမလဲဆိုတာ သိလာပါတယ်။

• 💬 ပြဿနာတွေကို အချိန်မီ ဖြေရှင်းနိုင်တယ်!
စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူဆိုင်ရာ ပြဿနာတွေကို စောစီးစွာ သတိထားဖို့ အကောင်းဆုံးနည်းလမ်းတွေ သိလာပါတယ်။

🧸 သင့်ကလေးနဲ့ပါတ်သက်ပြီး Learning difficulties ဒါမှမဟုတ် ကလေးရဲ့လိုအပ်ချက်၊ အခက်အခဲတွေကို တိုင်ပင်ဆွေးနွေးချင်ယင် Little Sweety Preschool ရဲ့ Tr. Wai က အခမဲ့ ဆွေးနွေးပေးနေပါတယ်နော်။
👍Phone: 09 425289383 ကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

Tr. Wai (Little Sweety Preschool)

17/10/2025

🌿🌱 Parent Support Talk အစီအစဉ် (အခမဲ့) 🌱🌿
🍃 အသက် (၃) နှစ်မှ (၁၀) နှစ်အရွယ်
ကလေးမိဘများအတွက် အထူးအခွင့်အရေးတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ 🌿💬

🌿 အဲ့ဒါကတော့...
မိဘများအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးပေးမယ့်
✨ Parent Support Talk ✨ အစီအစဉ်ပါ။ 🌱

🍃 မိဘဖြစ်တာက သဘာဝရဲ့လှပတဲ့ ခရီးစဉ်တစ်ခုပါ။
အမြဲတမ်းလွယ်ကူနေတာတော့ မဟုတ်ပါဘူး။
တစ်ခါတစ်လေမှာတော့ —
• 🍂 ကလေးရဲ့ စိတ်ခံစားမှုတွေ
• 🍃 အပြုအမူတွေကြောင့်
မိဘအနေနဲ့ စိုးရိမ်မှုလေးတွေ ရှိလာတတ်ပါတယ်။

🌿 “ငါ့ကလေး ဘာဖြစ်နေတာလဲ?”
🌿 “ငါ ဘယ်လိုလုပ်ပေးရမလဲ?”
ဆိုတဲ့ မေးခွန်းတွေကို တစ်ယောက်တည်း စိတ်ရှုပ်မနေပါနဲ့နော် 🍀

🌱 Tr. Wai (Little Sweety Preschool) နဲ့အတူ
သင့်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံ ဉာဏ်ကောင်းတွေ၊ သူတို့ကို ပိုနားလည်နိုင်မယ့်
နည်းလမ်းတွေကို ဆွေးနွေးနိုင်ပါပြီ။ 🌿💛

🍀 ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ –
• 🌼 မိဘနဲ့ကလေးအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်
• 🌳 မိသားစုအတွင်း ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေး
ရှိတဲ့ ငြိမ်းချမ်းတဲ့ဝန်းကျင်ကောင်းဖြစ်ရန် 🌳


🌿 ပါဝင်ချင်သူများအတွက် —
🪴 Comment မှာ 👉 “Talk” 👈 လို့ရိုက်ထည့်ပေးပါ။
🥦 ဒါမှမဟုတ် ၀၉ ၄၂၅၂၈၉၃၈၃ ကို ဆက်ပါ။
ဆွေးနွေးနိုင်မယ့်အချိန်ကို Messenger မှတဆင့် ပြန်လည်ဆက်သွယ်ပေးပါမယ်နော် 💬💛



🌿

🌼✨ ကလေးသဘာဝအတိုင်း သင်ကြားခြင်း ✨🌼👶 ဒီနေ့ပြောပြချင်တာကတော့...ကလေးတွေရဲ့ သင်ယူမှုဟာ အာရုံစူးစမ်းမှု (Curiosity) အပေါ် မူတ...
15/10/2025

🌼✨ ကလေးသဘာဝအတိုင်း သင်ကြားခြင်း ✨🌼

👶 ဒီနေ့ပြောပြချင်တာကတော့...
ကလေးတွေရဲ့ သင်ယူမှုဟာ အာရုံစူးစမ်းမှု (Curiosity) အပေါ် မူတည်ပြီး ဖြစ်ပေါ်လာတာပါ။

📖 အဲ့ဒီအကြောင်းအရာကို ပထမဆုံးပြောခဲ့သူကတော့
John Amos Comenius (၁၅၉၂–၁၆၇၀) ဖြစ်ပြီး
ပညာရေးသမိုင်းထဲမှာ ထင်ရှားကျော်ကြားတဲ့ ပညာရှင်တစ်ဦး ဖြစ်ပါတယ်။

💡 သူ့အယူအဆအရ –
“သင်ကြားမှုဆိုတာဟာ ကလေးတွေရဲ့ သဘာဝစူးစမ်းလိုစိတ်နဲ့အတူရုပ်ပိုင်းဆိုင်ရာအတွေ့အကြုံနဲ့ အာရုံခံစားမှုများကနေတည်ဆောက်သင့်တယ်”

🌱 Learning Through Senses (အာရုံများမှတဆင့် သင်ယူခြင်း) ဆိုတာက ကလေးတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးမှုအဆင့်နဲ့ ကိုက်ညီပြီး၊သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ သဘာဝစူးစမ်းလိုမှုတွေကို အခြေခံထားတာဖြစ်ပါတယ်။

🌸 Comenius ရဲ့အဓိကအယူအဆကတော့
“ကလေးတွေကို သဘာဝအတိုင်း သင်ကြားရမယ်”
🌍 ကလေးတွေဟာ ကိုယ်တိုင် တွေ့ကြုံ၊ စူးစမ်း၊ ကြည့်ရှု၊ ထိတွေ့ခြင်း အဖြစ် ကမ္ဘာပေါ်မှာရှိတဲ့အရာဝတ္ထုတွေကနေတဆင့် သင်ယူကြတာပါ။

👀👂👃👅✋ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိ အတွေ့အာရုံငါးပါးဖြင့် သင်ယူခြင်းကသာအမှန်တကယ် ထိရောက်တဲ့ သင်ကြားမှုဖြစ်ပါတယ်။

💖 မိဘ၊ ဆရာတွေ၊ ကလေးဖွံ့ဖြိုးရေးလုပ်ကိုင်သူတွေ — အာရုံငါးပါးဖြင့် သင်ကြားခြင်းကို ကျွန်မတို့ရဲ့ ရင်သွေးငယ်တွေ အတွက် လက်တွေ့ကျင့်သုံးမယ်လို့ယုံကြည်ပါတယ်။ 🌷

ချစ်ခြင်းမေတ္တာဖြင့်

Tr. Wai (Little Sweety Preschool)
15.10.2025

Address

Aung Tha Pyae Street
Yangon

Website

Alerts

Be the first to know and let us send you an email when Teacher Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share