31/08/2025
https://www.facebook.com/share/p/166vuLmrBR/
CONGRATULATIONS, HLAING GYI!
Reading 190
Use of English 190
Writing 190
Listening 190
Speaking 190
နဲ့ မြန်မာ့ ပထမဆုံး ဖြစ်မယ် ထင်တယ်။
(ကမ္ဘာ့ပထမဆုံးလည်း ဖြစ်နိုင် 😄)
ရှေ့မှာ 190 ရသူတစ်ဦး ရှိခဲ့ဖူးပေမယ့်
Writing အပါအဝင်
ကျန် Skills အားလုံးမှာ အမှတ်ပြည့်နဲ့တော့
ဒါ ပထမဆုံး ဖြစ်မယ် ထင်တယ်။
သူငယ်ချင်းတီချယ်တစ်ယောက်က မေးတယ်။
"ဆရာ ပျော်လား" တဲ့ ...
ဖြေလိုက်ပါတယ်
ရင်ထဲ အခုထိ
ကုလားဘုရားလှည့်နေတုန်း ... လို့ ... 😄😁😁။
တကယ်တော့လည်း
ကိုယ်တွေတော်လို့ထက်
ကလေးကိုယ်တိုင်က
ရချင်စိတ်၊ လိုချင်စိတ်နဲ့ ကြိုးစားတာရယ်
သင်ပေးသူ ဆရာ၊ ဆရာမတွေရဲ့ ညွှန်ကြားချက်အတိုင်း
သေသေချာချာ တိတိကျကျ လိုက်နာလေ့ကျင့်တာရယ်
(အလယ်ပိုင်းမှာ နည်းနည်းပေါ့ပြီး အမှတ်တွေ ထိုးကျသွားသေးတယ်။)
ငယ်ဆရာ၊ ဆရာမ အဆက်ဆက်ရဲ့
သင်ကြားလေ့ကျင့်ပေးခဲ့မှုတွေကြောင့်
အခြေခံကောင်းမွန်ခဲ့တာရယ်
မိဘတွေရဲ့ ပံ့ပိုးမှုတွေရယ်ကြောင့်
ဒီလို အောင်မြင်မှုမျိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အားလုံး အားလုံးကို လိ့က်လှိုက်လှဲလှဲ
ရင်ထဲအသည်းထဲကနေ
နှစ်နှစ်ကာကာ
ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ... 🙏🙏🙏။
29/08/2024
https://www.facebook.com/sayakokoaung.brainboxacademy/posts/pfbid02wTmmTcwM3eautZGQ18LhDKACKhESKsXHYXhUYncFEkcaXuQQC4e9Pwmozp2DDKaSl
အားလုံးပဲ မင်္ဂလာပါခင်ဗျာ ...
ဒီနေ့ တပည့်ဆရာမတစ်ယောက်နဲ့
အလုပ်ကိစ္စတွေ တိုင်ပင်ဆွေးနွေးရင်း
ဆရာ့မှာ ကိုယ်ပိုင်ပေ့ချ်ရှိတယ်မို့လားလို့မေးတော့
အေး ရှိတယ်ပေါ့ ...
followers ဘယ်လောက်ရှိလဲတဲ့ ...။
သူမေးမှပဲ
ကျနော့်ပေ့ချ်ကို သေသေချာချာ ပြန်ကြည့်မိပါတယ်
7.1K ရှိတယ်ဆိုတော့
ဟာ အများကြီးပဲတဲ့ ... ။
သူပြောမှ
ကျနော်လန့်သွားတယ် ...
ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ် ...
ဒီလောက်များတဲ့သူတွေ ရှိတယ်ဆိုရင်
သူတို့တွေအတွက် အကျိုးရှိစေမယ့်အရာတွေ
မင်းဘာလုပ်ပေးလဲ ...
ဘာလုပ်ပေးခဲ့လဲ ...
ကျနော် အလန့်တကြားနဲ့
ကိုယ့်ပေ့ချ်ကိုကိုယ် သေသေချာချာ
တခုချင်းကြည့်ပြီး
သုံးသပ်မိပါတယ်ခင်ဗျာ။
အကျိုးရှိတာတွေဆိုလို့
TKT နဲ့ ပတ်သက်တာလေးနည်းနည်း ...
အင်္ဂလိပ်စာလေ့လာရေးနဲ့ ပတ်သက်တာလေးတွေနည်းနည်း ...
ဘာမှများများစားစား
ထူးထူးခြားခြားတွေ
မလုပ်ပေးဖြစ်ခဲ့တာ ...
(တကယ်တော့ အပျင်းကြီးနေတာပါ)
ကိုယ့်ကိုယ်ကိုယ်ပြန်တွေ့ပြီး
ကိုယ့်ပေ့ချ်ထဲကသူတွေအားလုံးကို
ပြန်အားနာသွားမိပါတယ်။
တကယ်တော့
ဒီပေ့ချ်ထဲမှာ ဆရာ၊ ဆရာမအများစုရယ် ...
သူငယ်ချင်းတွေရယ် ...
တပည့်တွေရယ်ပါပဲ ... ။
ကဲ နောက်ဆုံးပြောချင်တာကတော့
ဒီမှာရောက်နေရှိနေကြတဲ့သူတွေအားလုံး
အကျိုးရှိအောင်
တခုခုလုပ်ပေးချင်စိတ်ပေါ်လာနေလို့ ... (ကောက်ရိုးမီးမဖြစ်ပါစေနဲ့ ... 😄)
၁) သင်ယူရေး (Learning) နဲ့ ပတ်သက်တာလေးတွေ သိချင်တာရှိရင် ..
၂) သင်ကြားရေး (Teaching) နဲ့ပတ်သက်တာလေးတွေ သိချင်တာရှိရင် ....
အောက်မှာ မန့်ခဲ့နိုင်ပါတယ်ခင်ဗျာ ...။
ကျနော် လုပ်ပေးနိုင်သလောက်
လုပ်ပေးတတ်သလောက်
လုပ်ပေးကြည့်ချင်လို့ပါ ခင်ဗျာ ...။
ကျနော့် ပေ့ချ်ထဲမှာ
ရှိနေကြသူအားလုံး
နေကောင်းကျန်းမာ
စိတ်ချမ်းသာကြပါစေခင်ဗျာ ... 🙏🙏🙏။
17/08/2024
ခန္ဓာကိုယ်က အနားတောင်းနေပေမယ့်...
29/07/2024
Grammar for Teachers
ဖွင့်မယ်ဆို တက်ကြမှာလား ...
အာဟ ... အာဟား ... 😁💪💪💪
23/07/2024
FYI
[English below]
အခမဲ့ စာရင်းပေးသွင်းရန် - https://tinyurl.com/3c8dbwvw
📣 Myanmar Teacher Platform (MTP) ၏ ပညာရေး အွန်လိုင်းဟောပြောပွဲ - ၅
“စုံလင်ကွဲပြားသော သင်ယူသူများအတွက် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်သင်ကြားခြင်း” 🔔
📆 နေ့ရက် - ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် (စနေနေ့)
🕙 အချိန် - မနက် ၁၀း၀၀ နာရီ မှ ၁၁း၃၀ နာရီအထိ (မြန်မာစံတော်ချိန်)
ဆရာ၊ဆရာမများ (အထူးသဖြင့် လုပ်ငန်းခွင်ဝင်စ ဆရာ၊ဆရာမများ၊ သင်ကြားရေးနှင့် ပတ်သက်ပြီး သင့်လျော်လုံလောက်သည့် လေ့ကျင့်သင်ကြားရေး (training) မရရှိခဲ့ဘူးသည့် ဆရာ၊ဆရာမများ) အတွက် “စုံလင်ကွဲပြားသော သင်ယူသူများအတွက် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်သင်ကြားခြင်း” အွန်လိုင်းဟောပြောပွဲကို အထက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ ပါဝင်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ ဤဟောပြောပွဲတွင် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်သင်ကြားခြင်း၏ အရေးပါပုံ၊ ထိုသင်ကြားခြင်းနည်းလမ်းကို စုံလင်ကွဲပြားသော သင်ယူသူများအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် နည်းဗျူဟာများကို တင်ဆက်သွားမည်ဖြစ်ပါသည်။ ဤဟောပြောပွဲကို မြန်မာဘာသာဖြင့် တင်ဆက်ဆွေးနွေးသွားမည်ဖြစ်သည်။ တက်ရောက်ကြသူများမှ မေးမြန်းလိုသော မေးခွန်းများကို ဟောပြောပွဲအတွင်း အမေးအဖြေကဏ္ဍတွင်ဖြစ်စေ၊ ဟောပြောပွဲအပြီး Myanmar Teacher Platform (MTP) ၏ Private Thematic Group တစ်ခုဖြစ်သည့် “Professional Learning Development Group” ဟူသည့် အဖွဲ့ထဲတွင်ဖြစ်စေ မေးမြန်းနိုင်မည် ဖြစ်ပါသည်။ အဆိုပါ Private Group ကို ဤ https://tinyurl.com/mr397dsm မှတစ်ဆင့် ဝင်ရောက်နိုင်ပါသည်။
ဟောပြောပွဲကို တက်ရောက်နိုင်ရန် ဤလင့်ခ်မှတစ်ဆင့် အခမဲ့ စာရင်းပေးသွင်းလိုက်ပါ။ https://tinyurl.com/3c8dbwvw
မှတ်ချက်။ ဤဟောပြောပွဲကို လုပ်ငန်းခွင်ဝင်စ ဆရာ၊ဆရာမများ (အထူးသဖြင့် သင်ကြားရေးနှင့် ပတ်သက်ပြီး သင့်လျော်လုံလောက်သည့် လေ့ကျင့်သင်ကြားရေး (training) မရရှိခဲ့ဘူးသည့် ဆရာ၊ဆရာမများ) အတွက် စီစဉ်ကျင်းပပေးခြင်း ဖြစ်ပါသည်။
Education Webinar Series of Myanmar Teacher Platform (MTP): Webinar 5
📣 “Differentiated Instruction for Diverse Learners” 🔔
📆 Date: July 27, 2024 (Saturday)
🕙 Time: 10:00 a.m. – 11:30 a.m. (Myanmar Time)
Teachers across Myanmar are cordially invited to join the education webinar hosted on Myanmar Teacher Platform (MTP). The webinar will explore the importance of differentiated instruction and how this instruction can be implemented for diverse learners. This webinar will be available in Myanmar. Participants are able to pose questions in the Q & A session and in one of the private Thematic Groups named “Professional Learning Development Group” on Myanmar Teacher Platform (MTP) after the webinar. You can join this private group via this link: https://tinyurl.com/mr397dsm
To participate in this event, please register using the following link: https://tinyurl.com/3c8dbwvw
Note: This learning event is especially intended for beginning teachers across Myanmar who have limited knowledge about teaching and received little proper training for professional development.
23/04/2024
FYI
🇬🇧British Council Scholarships for Women in STEM🇬🇧
The fully funded scholarships will be awarded to women from East Asia studying one of the eligible STEM master's courses. It covers full costs (up to agreed limits for each element) associated with the programme study.
The two participating universities of STEM scholarship in UK is offering full-ride scholarships for ASEAN member countries. And the two universities are University of Bristol and University of Bath.
For the University of Bristol, the following countries are eligible to apply for the scholarship.
1. Malaysia
2. Vietnam
3. Laos
4. Myanmar
If you are one of the mentioned countries, please visit this link for more information: https://www.bristol.ac.uk/students/support/finances/scholarships/women-in-stem-scholarship/
For the University of Bath, the following countries are eligible to apply for the scholarship.
1. Thailand
2. Indonesia
3. Philippines
4. Cambodia
If you are one of the mentioned countries, please visit this link for more information: https://www.bath.ac.uk/campaigns/british-council-scholarships-for-women-in-stem/
Since the two universities might have different requirements and offered programs, please visit the provided for detail information.
Application Deadline for Both Universities: 30 April 2024
Good luck :)
15/03/2024
သူငယ်ချင်းဖြစ်သူ မအိ က ပြောဖူးတယ်။
ကိုကိုအောင် နင်က Pattern သမား၊ Structure သမားကြီး တဲ့ ...
ဘာပြောလိုက်ပြောလိုက် ဒီထဲကကို မလွတ်ဘူးတဲ့ ... 😁။
အခုလည်း ဒီစာအုပ်လေးတွေ့လို့ မြည်းကြည့်ရင်းနဲ့
ငါ့နှယ် Frameworks ဆိုတာနဲ့ကို
ဘာမှန်းမသိ ကြိုက်မိနေတော့တာပဲလို့
တွေးရင်း ပြုံးနေရပြန်တယ် ... ။ 😁😁😁
27/02/2024
TKT Module 1 တန်းလေး ဒီလကုန် ပြန်စပါမယ်ခင်ဗျာ။
သင်ကြားရေးကို အမှန်တကယ်စိတ်ဝင်စားပြီး
Language Teacher ကောင်းတစ်ယောက်ဖြစ်လိုသောဆရာ၊ ဆရာမတိုင်း
တက်ထားသင့်တဲ့ အခြေခံသင်ကြားရေးပညာသင်တန်း မော်ဂျူး (၁) ဖြစ်ပါတယ်။
အင်္ဂလိပ်လိုပြောဆိုဆွေးနွေးရတာတွေများတာကြောင့်
အနည်းဆုံး မိမိရဲ့အင်္ဂလိပ်စာအရည်အသွေး CEFR B1 - Intermediate လောက် မဖြစ်မနေ ရှိရပါမယ်။
သင်တန်းအချိန်နဲ့ နေ့ရက်ကို အောက်က Flyer လေးမှာ ကြည့်ပေးပါခင်ဗျာ။
ဒီ Google Form https://forms.gle/nup2SHogrKF1QsEm9 လေးကို နှိပ်ပြီး သင်တန်းအပ်လို့ရပါပြီခင်ဗျာ။