Shway Hsu Yee Construction

Shway Hsu Yee Construction

Share

🏠One Stop Service in Design & Build Industry 🏠

14/09/2025

အိမ်မဆောက်ခင် လုပ်မိတတ်တဲ့ အမှားကြီး (၅) ခု ဘယ်လိုရှောင်ရမလဲ❓

အိမ်ဆောက်တာက စိတ်လှုပ်ရှားစရာကောင်းသလို 🤩၊ စိတ်ဖိစီးစရာလည်း ကောင်းပါတယ️် 😥။ စဉ်းစားစရာတွေ၊ ဆုံးဖြတ်ရမယ့်အရာတွေက များပြားလွန်းလို့ အချိန်မှီ မတွေးမိဘဲ လုပ်မိတတ်တဲ့ အမှားလေးတွေက နောက်ပိုင်း ဒုက္ခရောက်စေနိုင်ပါတယ် 😵‍💫။ ဒီလိုမဖြစ်ရအောင် လူအများစု လုပ်မိတတ်တဲ့ အမှားတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဘတ်ဂျက်တိတိကျကျ မချမှတ်မိခြင်း** 💸
ဒါက အကြီးမားဆုံးနဲ့ အဖြစ်အများဆုံး အမှားပါပဲ။ "ဒီငွေပမာဏနဲ့ ရမယ်ထင်တယ်"ဆိုပြီး ခန့်မှန်းခြေနဲ့ စလိုက်မိရင် ဆောက်နေရင်း အသုံးစရိတ်ပိုသုံးမိလာတာကို ကြုံရနိုင်ပါတယ်။

ဘယ်လိုရှောင်ရမလဲ?** 🤔
- 📊 စာရင်းဇယား ဆွဲပါ။ ဆောက်လုပ်မှုကုန်ကျစရိတ်၊ ပစ္စည်းကုန်ကျစရိတ်၊ ဒီဇိုင်းနဲ့ အင်ဂျင်နီယာစရိတ်၊ ခွင့်ပြုချက်ရယူမှုစရိတ် 🚨**အရေးပေါ်ဘတ်ဂျက် (10-20%) ** အထိချန်ထားပါ။
- 💡 ကုန်ကျမယ့်ငွေစုစုပေါင်းရဲ့ ၈၀% လောက်နဲ့ပဲ စဉ်းစားပါ။ ကျန်တဲ့ ၂၀%က မမျှော်လင့်တဲ့ ကုန်ကျစရိတ်တွေအတွက်ပါ။

၂။ လိုအပ်ချက်တွေကို စာရင်းမလုပ်မိခြင်း** 📝
အခုချက်ချင်း မလိုအပ်သေးပေမယ့် အနာဂတ်မှာ လိုအပ်လာမယ့် အရာတွေကို မေ့ထားတတ်ကြပါတယ်။ (ဥပမာ- 🚗ကားဂိုဒေါင်၊ 🚽အိမ်သာတိုးချဲ့နိုင်မယ့်နေရာ,☀️ဆိုလာပြားတပ်ဖို့ နေရာ)

ဘယ်လိုရှောင်ရမလဲ?** 🤔
- 👨‍👩‍👧‍👦 မိသားစုဝင်အားလုံးနဲ့ ထိုင်ပြီး ၅ နှစ်, ၁၀ နှစ် ရှေ့ရေးအတွက် ဘာတွေလိုအပ်လာမလဲဆိုတာ ဆွေးနွေးပါ။
- 🔌 လျှပ်စစ်မီးတိုင်တွေ, 🚿ရေပိုက်ခွဲတွေ, 🌐အင်တာနက်လိုင်းတွေ ဘယ်နေရာတွေမှာ လိုမလဲဆိုတာ အသေးစိတ် စဉ်းစားပါ။

၃။ ကျွမ်းကျင်သူ (အင်ဂျင်နီယာ/ဗိသုကာ) ရဲ့ အကြံဉာဏ်ကို လစ်လျူရှုမိခြင်း** 👷‍♂️
ကိုယ့်စိတ်ကြိုက် ဒီဇိုင်းဆွဲခိုင်းတာက မမှားပေမယ့်၊ အင်ဂျင်နီယာရဲ့ နည်းပညာပိုင်း အကြံဉာဏ်ကို လုံးဝ လျစ်လျူရှုလိုက်ရင် ကြီးမားတဲ့အန္တရာယ်တွေ ရှိလာနိုင်ပါတယ်。⚠️

ဘယ်လိုရှောင်ရမလဲ?** 🤔
- 👍 ယုံကြည်ရတဲ့ အင်ဂျင်နီယာနဲ့ ဗိသုကာကို ငွေကုန်ခံပြီး ငှားဖို့ မကြောက်ပါနဲ့။
- 👂 သူတို့ရဲ့ နည်းပညာဆိုင်ရာ အကြံဉာဏ်တွေ (ဥပမာ- 🏞မြေပြင်အနေအထား,🌋ငလျင်ဒဏ်ခံနိုင်မှု,💨လေဝင်လေထွက်စနစ်) ဒါတွေကို နားထောင်ရပါမယ်။

၄။ စျေးနှုန်းချိုသာလွန်းတဲ့ ကန်ထရိုက်တာကို ယုံကြည်လိုက်မိခြင်း** 🤑
စျေးအရမ်းချိုသာတဲ့ ကမ်းလှမ်းမှုတွေက ရှောင်လွှဲဖို့ခက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စျေးပိုပေးရတာ, 📦ပစ္စည်းအရည်အသွေး ညံ့တာတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လိုရှောင်ရမလဲ?** 🤔
- 👀 ကန်ထရိုက်တာ (သို့) ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ရွေးချယ်တဲ့အခါ သူတို့ရဲ့ ယခင်လုပ်ဆောင်ခဲ့တဲ့ လက်ရာတွေကို သွားကြည့်ပါ။ 🔍**အရေးကြီးပါတယ်။**
- 🤝 ကိုယ်နဲ့တန်ဖိုးထားမှု တူညီတဲ့ ကန်ထရိုက်တာကို ရွေးပါ။ 📄 သူ့မှာ လိုင်စင်နဲ့ အာမခံရှိရဲ့လားဆိုတာ စစ်ဆေးပါ။

၅။ ပစ္စည်းအရည်အသွေးကို စနစ်တကျ မစစ်ဆေးမိခြင်း** 🔍
ဆောက်နေတုန်းမှာ အချိန်မှီ မစစ်ဆေးမိရင် ပြီးသွားမှ အမှားတွေ့တာတွေ, 📦ပစ္စည်းအရည်အသွေး မမှန်တာတွေ ဖြစ်တတ်ပါတယ်။

ဘယ်လိုရှောင်ရမလဲ?** 🤔
- 👨‍💼 ကိုယ်တိုင်မစစ်ဆေးတတ်ရင် ယုံကြည်ရတဲ့ တတိယပုဂ္ဂိုလ် (အင်ဂျင်နီယာ) ကို ငှားပြီး **Site Supervision (ကြီးကြပ်ရေး)** 🦺လုပ်ခိုင်းပါ။
- 🧱 ဘိလပ်မြေ, 🏗သံမဏိ, 🧱ကြွေပြားစတဲ့ အဓိကပစ္စည်းတွေရဲ့ Brand, Grade နဲ့ Specification တွေကို 📋ကနဦးကတည်းက အတည်ပြုထားပါ။

**နိဂုံးချုပ်** 🏡
အိမ်ဆောက်တာဟာ ကိုယ့်ရဲ့ အနာဂတ်အိပ်မက်ကို အခြေခံထားတဲ့ စီမံကိန်းကြီးတစ်ခုပါ။ ဒီအမှားလေးတွေကို ကြိုတင်သိထားပြီး ရှောင်ရှားနိုင်မယ်ဆိုရင် ပိုမိုချောမွေ့ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ အိပ်မက်ထဲကအိမ်လေးတစ်လုံးကို စိတ်ချမ်းသာစွာပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ ✨

✅𝐘𝐨𝐮𝐫 𝐑𝐞𝐥𝐢𝐚𝐛𝐥𝐞 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐢𝐧 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐒𝐭𝐞𝐞𝐥
🏢No.150/160, 35th Street (Middle Block), Kyauktada Township, Yangon, Myanmar
#အိမ်မဆောက်ခင်လုပ်မိတတ်တဲ့အမှားကြီး

11/09/2025

Site ထဲ သံချောင်းတွေကို caliper နှင့် လာတိုင်းတယ်တဲ့။ သံချောင်း size တွေက မပြည့်ဘူး ဆိုပြီး ဖြစ်လာပါတယ်။

reinforced concrete တွေထဲ ထည့်တဲ့ သံချောင်းတွေက deformed bar တွေပါ။ သံချောင်းမှာ အလျားလိုက် ဘေး၂ဖက် ဖောင်းလိုင်း longitudinal rib ၂ခုပါပြီး ပတ်ပတ်လည် ဖောင်းလိုင်း transverse rib သို့မဟုတ် lateral rib သို့မဟုတ် lateral inclined rib ဆိုပြီး ပါပါတယ်။ ကွန်ကရစ်နှင့် သံချောင်း bonding တွဲဆက်မှုကောင်းစေရန် deformed လုပ်ထားတဲ့ သဘောပါ။ ဖောင်းလိုင်းအတိုင်း တိုင်းတဲ့ diameter ကို outer diameter လို့ခေါ်ပြီး ဖောင်းလိုင်းမပါပဲ သံချောင်းသက်သက်တိုင်းတာကို inner diameter လို့ ခေါ်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေတဲ့ 16mm တို့ 20mm တို့ဆိုတာတွေက nominal sizes တွေပါ။ In manufacturing, a nominal size or trade size is a size “in name only” used for identification ဖြစ်ပါတယ်။ nominal ဆိုတာ မည်ကာမတ္တပါ။ တကယ်လဲ specifications တွေမှာ nominal diameter ဆိုပြီး ရေးပါတယ်။ အဲဒါကြောင့် deformed bar တွေရဲ့ inner diameter တွေကို caliper နှင့်တိုင်းကြည့်တာမှာ အဲဒီ 16mm တို့ 20mm တို့ မရပါဘူး။ 15mm လောက် 19mm လောက်ပဲ ရပါမယ်။ outer diameter ကတော့ nominal diameter ထက်ကြီးပါမယ်။

သံချောင်းမှ မဟုတ်ပါဘူး။ သစ်သားတွေလဲ အဲလိုပါပဲ။ ၄”x၂” ဆို ၃-၁/၂”x၁-၁/၂” လောက်ပါပဲ။ လွန်ရောကျွံရော ၃-၃/၄”x၁-၃/၄” ပါပဲ။ အဲဒါကို tolerance ဆိုပြီး တရားဝင်လက်ခံပါတယ်။ ကျွန်တော်တို့ အရင်က သုံးခဲ့တဲ့ 3.5” floppy disk ဆိုတာက အမှန်တကယ် 90mm (3.54”) ရှိပြီး 1.44MB ဆိုတာမှာ အမှန်တကယ် 1,474,560 bytes ရှိပါတယ်။ အဲဒါကြောင့် 3.5” 1.44MB floppy disk ဆိုတာက nominal တွေ ဖြစ်ပါတယ်။

တကယ်တမ်း သံချောင်းရဲ ့ specifications သတ်မှတ်စံချိန်စံနူန်းနှင့် ညီမညီကို sample တွေယူပြီး quality control lab ဓါတ်ခွဲခန်းမှာ သက်ဆိုင်ရာကရိယာတွေနှင့် စမ်းသပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။ အဲဒီအခါကျမှ သံချောင်းရဲ ့ strength တွေ sizes တွေ weight တွေ မှန်မမှန် ဆိုတာကို အတိအကျ သိရပါမယ်။ အဓိကအားဖြင့် strength နှင့် mass weight စတာတွေကို အဓိကထား တိုင်းတာပါတယ်။ အခုနောက်ပိုင်း စမ်းသပ်တဲ့ ကရိယာတွေမှာ လေဆာတွေဘာတွေနှင့် တိုင်းတာတာမို့ အတိုင်းအတာအားဖြင့် . ဒဿမနောက် ကိန်းဂဏန်းတွေထိ အတိအကျ ပြပါတယ်။

site ထဲ caliper နှင့် တိုင်းတာရင်တော့ nominal diameter တို့ tolerance တို့တော့ ရှိမှာ ဖြစ်ပါတယ်။ deformed bar ရဲ့ inner diameter တွေတိုင်းကြည့်ပြီး သံချောင်း size မပြည့်ဘူးဆိုတာမျိုးတွေ ခဏခဏ ကြားကြားနေရလို့ပါ။

Sayar Kyi Thar Myint ရေးသားပါသည်။

Photos from Design AMH's post 22/03/2025
Photos from Shway Hsu Yee Construction's post 21/02/2025

Shway Hsu Yee Construction က နေ တာ၀န်ယူဆောက်လုပ်ပေးရမဲ့ ကလောက View သိပ်လှမဲ့ ဒီနေရာလေးမှာ ဘယ်လို ဒီဇိုင်း ဘယ်လိုပုံလေး ထွက်လာမှာပါလိမ့် ????

Retaining Wall ချည်းဘဲ ပေ ရာကျော် လုပ်ရမဲ့ Site...

ကုန်းမြင့်ဖြစ်တဲ့အပြင် ဆိုင်ကယ်လမ်းလေးဘဲ ရှိလို့ အိမ်ထဲကား၀င်ဖို့ခက်ခဲမှုကို ဘယ်လိုရအောင်လုပ်မလဲ....

Budgetကလဲ အရမ်းမများတော့ safeဖြစ်ပြီး လှတဲ့ အိမ်လေးတလုံး ဖြစ်လာဖို့ စတင် အကောင်အထည် ဖော်နေပါပြီရှင့်


#ရွှေဆုရည်ဆောက်လုပ်ရေး
#ကလောKalaw

31/12/2024

Happy New Year!!!!
၂၀၂၅ နှစ်သစ်ကစ တနှစ်တာကာလပတ်လုံး ရွှေဆုရည် ရဲ့ မိတ်ဟောင်း မိတ်သစ်အပေါင်း စိတ်ချမ်းသာ ကိုယ်ကျမ်းမာပြီး စီးပွားရေးများ ဆထက်တပိုး တိုးတတ်ပါစေရန် ရွှေဆုရည် မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🙏🙏🙏

Photos from Shway Hsu Yee Construction's post 12/12/2024

က တာ၀န်ယူ တည်ဆောက်ထားတဲ့ #ကလောမြို့မှာ မကြာခင် ဖွင့်လှစ်တော့မဲ့ အမိုက်စား Villa ကြီးရဲ့ Unique တခုဖြစ်လာမဲ့ အသဲပုံ ရေကန်ရဲ့အလှ နဲ့ အမိုက်စား View

ကျောက်လေးတွေကို တခုချင်းစီ သေချာရွေးပြီးစီခဲ့ရတာမို့ အချိန်အတော်ပေးခဲ့ရတဲ့ အဖွဲ့သားများရဲ့ အသဲဖြူဖြူလေး လို့ ပြောရင်လဲ မမှားဘူးပေါ့ရှင် 😊😍


#ရွှေဆုရည်ဆောက်လုပ်ရေး

️⃣0️⃣9️⃣4️⃣2️⃣0️⃣7️⃣0️⃣0️⃣7️⃣8️⃣5️⃣

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. (185), Shwe Taung Kyar Street, 1st Quarter, Kalaw, Southern Shan State, Myanmar.
Yangon