Virgo Six

Virgo Six

Share

it is time to be happy again! ❤️💪

Photos from Virgo Six's post 13/08/2025

ကျန်းမာရေးကြောင့် ပိန်ကျသွားတဲ့ ပြည်သူ့အချစ်တော် မင်းသမီး သက်မွန်မြင့်

ပြန်လည် ကောင်းမွန်လာပါစေလို့ Virgo Six မှာ ဆုတောင်းပေးပါတယ်!

13/08/2025

📌 Canada

13/08/2025

ပြင်သစ် ညနေပိုင်း မြင်ကွင်း

12/08/2025

ဗုဒ္ဓက သတ္တဝါတွေအပေါ်မှာ မေတ္တာထားရမယ်လို့ သင်ခဲ့တယ်၊ ငုံ့ခံကြရမယ်လို့ မသင်ခဲ့ဘူး။

ဗုဒ္ဓက စိတ်ထား နူးညံ့ရမယ်လို့ သင်ခဲ့တယ်၊ စိတ်ဓါတ် ပျော့ညံ့ရမယ်လို့ မသင်ခဲ့ဘူး။

ဗုဒ္ဓဝါဒဟာ သတ္တဝါအားလုံးကို အဆင့်အတန်း မခွဲခြားဘူး။

ဒါပေမယ့် သူကောင်း သူယုတ်ကိုတော့ ခွဲခြားပြတယ်။

ဗုဒ္ဓပြောတဲ့ #သည်းခံခြင်း ဆိုတာ
#အောင့်ခံတာမျိုးကို ပြောတာမဟုတ်ဘူး။

30/07/2025

New York City, Manhattan 🇺🇸

30/07/2025

အမေရိကန်နိုင်ငံက Chicago မြို့ 🇺🇸

လှပနေရောပဲဗျာ!

26/07/2025

🇺🇸 NY မှာ ချစ်သူ စုံတွဲတွေအတွက် အကောင်းဆုံးနေရာလေ! Best Romantic Spot!

30/11/2023

#တိရစ္ဆာန်_နဲ့_လူ

ငါးကန်ထဲကို ငါးစာပစ်ချတယ်
ငါး​​တွေ လု လာစားကြတယ်
ငါးစာ​ ​ကျွေးသူက ​ပျော်​နေတယ် ။

ခို​တွေအနီး အစာ​တွေကြဲလိုက်တယ်
ခို​တွေ လု စားကြတယ်
ခိုစား ​ကျွေးသူက ​ပျော်​နေတယ်။

လူ​တွေထဲကို ပိုက်ဆံ ကြဲလိုက်တယ်
လူ​တွေ လု ​ကောက်ကြတယ်
လူစာ ​ကျွေး​သူက ​ပျော်​နေတယ်။

အ​ပျော် အပျက် ဆိုတာ
အ​ပျော်လား အပျက်လား
ကျွန်​တော် မ​ပျော်ပါ။

ဦးရာလူ ရမယ်ဆိုတဲ့ စနစ်
လုနိုင်သူ ရမယ်ဆိုတဲ့ စနစ်
ပါးနပ်သူ ရမယ်ဆိုတဲ့ စနစ်မှာ
လူနဲ့ တိရစ်ဆာန်ဟာ တူ​နေတယ်။

ဦးရာလူ ရမယ်ဆိုတဲ့စနစ်​ကြောင့်
ဦးနိုင်ဖို့ ကြိုးစား​နေတဲ့
လူ​တွေ ဖြစ်လာတယ် ။

လု နိုင်သူ ရမယ်ဆိုတဲ့ စနစ်​ကြောင့်
လုဖို့ ကြိုးစား​နေတဲ့
လူ​တွေဖြစ်လာတယ်။

ပါးနပ်သူ ရမယ်ဆိုတဲ့ စနစ်​ကြောင့်
ပါးနပ်ဖို့ ကြိုးစား​နေတဲ့
လူ​တွေဖြစ်လာတယ် ။

လူ​တွေရဲ့စိတ်မှာ
ဦးရင်ရတယ် လုရင်ရတယ်
ပါးနပ်ရင် ရတယ်ဆိုတဲ့အမြင်​တွေ
ဖြစ်​ပေါ် ရှင်သန်ရာက
အမြစ်တွယ် စွဲမြဲလာတယ် ။

ဦးနိုင်တာ လုနိုင်တာ ပါးနပ်တာ
လူ့ အရည်အချင်းလို့ ခံယူလာကြတယ်
အရာရာမှာ ဦးဖို့ လုဖို့ ပါးနပ်ဖို့
ကြံစည်နေတတ်လာကြတယ် ။

​လောကဟာ ဒီလိုနဲ့ တဖြည်းဖြည်း
စတင် ပျက်စီးပါတယ် မကြာခင်မှာပဲ
အရှိန်အဟုန်နဲ့ ဆက်လက်ပျက်စီးပါတယ်
အားလုံး ဘုံးဘုံး ပြိုလဲသည်အထိ​ပေါ့ 😪။

Photos from Virgo Six's post 23/11/2023

(မိဘတိုင်းက ဘာသာရေးဂျင်းတွေထက် အသိပညာရှိရှိ ကိုယ့်သားသမီးတွေကို ပြုစုပြိုးထောင်ပေးသင့်တယ် မိဘလုပ်နေတဲ့သူကော မိဘမကြာခင်ဖြစ်မည့်သူကော သိသင့်တဲ့ child psychology and its effect)

#ဆန်ရေနည်းတာဝမ်းနည်းစရာလား?

ကိုယ်က မိဘဖြစ်ပြီး
နေရာတကာ စုန်ရေ နဲ့ ဆန်ရေ
အနည်း နဲ့ အများ ... အရှုံး နဲ့ အမြတ် တွက်နေရင်တော့ မိဘ မပီသလို့ပဲ

ကိုယ့် ဘဝ အိုချိန် နာချိန် သေဖို့
ကိုယ့်ဖာသာကိုယ်ပဲ ပြင်ဆင်ထားရမှာပါ
သားသမီးက ပြန်သိတတ်ခဲ့ရင်
အတိုင်းထက် အလွန်...ဆန်ရေပဲ

ဆန်ရေဆိုတာ ...များချင်များမယ်
နည်းချင် နည်းမယ် သေချာတာကတော့
စုန်ရေလောက် မများဘူး
စုန်ရေလောက် ဆန်ရေ မများတာကို
ကြိုတင်သိရှိ လက်ခံနိုင်ဖို့ ကြိုးစားပြင်ဆင်ထားရပါမယ်

လူဖြစ်စေ...တိရိစ္ဆာန်ဖြစ်စေ
သမိုင်းပေး အဓိက တာဝန်ဟာ
နောင်မျိုးဆက် ပျံ့ပွားဖို့
နောင်မျိုးဆက် တိုးတက်ကြီးပွားဖို့ပါပဲ......

ဒါကြောင့်လည်း ဆော်လမွန်ငါးတွေ မျိုးပွားရင်း သေကြတယ် ပင့်ကူ တချို့ မျိုးပွားရင်း သေကြတယ် သတ္တဝါလောကမှာ နောင်မျိုးဆက် တည်တံ့ကျန်ရစ်ဖို့
အသက်စတေးခံရတဲ့ မျိုးဆက်တွေ
အများကြီး ရှိပါတယ်
မျိုးဆက်သစ်တွေ ကောင်းစားဖို့ အတွက်ဟာ မျိုးဆက်ဟောင်းတွေကို ကျေးဇူးကြွေးဆပ်ဖို့ထက် ပိုပြီး အရေးကြီးတယ်
ခါးသီးပေမဲ့ #ဒါကလောကသဘာဝအမှန်တရားပါပဲ

အသိဥာဏ် မြင့်မားလာတဲ့ လူသားကမ္ဘာမှာ
ကြွေးဟောင်းဆပ်သင့်ကြောင်း.....
ကျေးဇူးတရားအကြောင်း....ရှိလာပေမဲ့
အဓိက တာဝန် ကတော့ ပြောင်းမသွားဘူး
သားဆိုး သမီးဆိုး မဖြစ်ဖို့ထက်
#မိဘဆိုးမဖြစ်ဖို့ကပိုပြီးလိုအပ်တယ်
အနာဂတ် လူသားကမ္ဘာ ကောင်းစားရေးအတွက်။

(၁) မွေးခါစ ကနေ အသက်(၆-၇) နှစ်အထိ
သားသမီးတိုင်းအတွက် အချစ်ဆုံး ချစ်သူဟာ အချစ်ဦး ဟာ....မိခင်ပဲ...
ဒါမှ မဟုတ် ကျွေးမွေးစောင့်ရှောက်သူ မွေးစားမိဘ ပေါ့

(၂) အသက်(၇)နှစ်ကနေ အသက်(၁၂) လောက်အထိ ရောက်လာတဲ့အခါ
သားသမီးတိုင်းအတွက် လူစွမ်းကောင်းဟာ
ဖခင်ပဲ အသက် (၇နှစ်ကနေ--၁၂နစ်) ကြားမှာ မိခင်ထက် ဖခင်ကို ပိုပြီး အထင်ကြီးကြတယ် တွယ်တာမြတ်နိုးကြတယ်

(၃) အသက်(၁၃) နှစ်နောက်ပိုင်းကျတော့
နိုင်ငံကျော် ဘောလုံးသမားဖြစ်စေ
ရုပ်ရှင်မင်းသားတယောက်ယောက်ဖြစ်စေ
သူငယ်ချင်းရဲ့ ဦးလေး ဖြစ်စေ ..စသဖြင့်
မိဘထက်...ဖခင်ထက် ..ပိုပြီး အထင်ကြီး လေးစားရတဲ့သူ..
Idol တယောက်ယောက်....
Super Hero တယောက်ယောက် က
ဖခင်ရဲ့ နေရာကို ယူသွားတတ်တာ သဘာဝပဲ ဖြစ်ပါတယ်

ဝမ်းနည်းစရာ မဟုတ်ပါဘူး
လူသားငယ်ကလေး အသိဥာဏ် ဖွံ့ဖြိုးလာတဲ့အခါမှာ ငါ့ အဖေသာ အရာရာအကြီးမြတ်ဆုံး မဟုတ်မှန်း သိလာပြီး
အရှိတရား အမှန်တရားကို လက်ခံလာတဲ့ သဘောပါပဲ

သားသမီးတွေကို ရဲရင့်ထက်မြက်စေချင်ရင်

(၁) အသက်(၇) နှစ် မတိုင်မှီ ကလေးဘဝမှာ

မိခင်က ကလေးကို မရိုက်ရပါဘူး
ကိစ္စတခုခု နဲ့ ကလေး ယှဥ်လာရင်
ကလေးကို ဦးစားပေးရမှာပါ ( ဥပမာ....ကလေးကို နို့တိုက်ဖို့နဲ့
ထမင်းချက်ဖို့ ယှဥ်လာရင်
ကလေးနို့တိုက်ဖို့ကို ဦးစားပေးရပါမယ် )
ကလေးနဲ့ အခြားအရာမှာ....အခြားအရာတွေကိုပဲ မိဘက ဦးစားပေးရင်
ကလေးက သူ့ကိုယ်သူ ...အရေးမပါတဲ့
သူ တန်ဖိုးမဲ့တဲ့သူ အဖြစ် ခံစားရပါတယ်...
အဲ့လို ကလေးမျိုး လူကြီးဖြစ်လာတဲ့ အခါ
မသိစိတ်က မိဘကို ကလဲ့စားချေပါလိမ့်မယ်...

မိဘနဲ့ ဘာကိစ္စနဲ့ဘဲ ယှဥ်ယှဥ်
မိဘကို နောက်မှ ထားပါလိမ့်မယ်..
အဲ့တော့မှ ဝမ်းမနည်းနဲ့

(၂) အသက်(၇) နှစ်ကနေ (၁၂) နှစ်ကြား

ဒီကာလမှာ လူကြီးတယောက်လို ကလေးကို တလေးတစား ဆက်ဆံရပါမယ်
ကလေး ပုံဆွဲတာ....စာရေးတာ....
သိချင်လို့ မေးမြန်းတာ...စပ်စုတာတွေကို
တလေးတစား ချီးမွမ်းတာ....
အသိအမှတ်ပြု ဝေဖန် အကြံပြုတာ......
သူတို့ ပြောရင် စိတ်ဝင်တစားနားထောင်တာ လုပ်ရပါမယ်

ရိုက်တာ....
အရေးမလုပ်တာ.....
ပြန်ပြောခွင့် ...ရှင်းပြခွင့် မပေးတာ....
အထင်သေးတာ (မင်း ဘာသိလဲ....
ကလေး..ကလေးလိုနေ....လာမရှုပ်နဲ့ ....ဆိုတာမျိုး)

" မိဘစကား မြေဝယ်မကျနားထောင်....
ငရဲအိုးဂျိုးကပ်ချင်လား....ပါးစပ်ပိတ်ထားစမ်း" ဆိုရင်...

အဲ့လိုဆက်ဆံခဲ့ရင် ကလေးက အောက်က (၂) မျိုးထဲက တခုခု ဖြစ်သွားပါလိမ့်မယ်။

(က) အငုံ့မျိုး

ပင်ကိုဗီဇ ပျော့တဲ့ ကလေးဆိုရင်
စကားနည်း သွားမယ် အရမ်းအေးဆေးတဲ့ ကလေး ဖြစ်သွားမယ် မိဘကို မဆန့်ကျင်ရဲတော့ဘူး ...ပြန်မပြောရဲတော့ဘူး
တက်တက်ကြွကြွ မရှိတော့ဘူး
ဘယ်နေရာမှလည်း မထူးချွန်တော့ဘူး
ရန်မဖြစ်ဘူး..သူများက ရန်လာစရင်တောင်မှ ငုံ့ခံတော့မယ် ကိုယ့် ကလေး စာမတော်ရင် တရားခံဟာ ကိုယ်ပဲ တခြားသူ မဟုတ်ဘူး
(တလောက YBS အပေါ်မှာ သူများထိုးတာကို ခံပြီး ပြန်မထိုးရဲပဲ ဖေ့ဘုတ်တင်တဲ့သူဟာ အငုံ့မျိုးပါ)

(ခ) အကန်မျိုး

ပင်ကိုဗီဇ မာကြောတဲ့ ကလေးဆိုရင်
ဆိုးလာမယ် မိဘကို မကြောက်တော့ဘူး
အရွဲ့တိုက်မယ် ...ပေကပ်ကပ်လုပ်မယ်
ရန် ခဏ ခဏ ဖြစ်မယ် သူများကလေးတွေကို ထိုးမယ် ကြိတ်မယ်
(တလောက ဖေ့ဘုတ်ပေါ်မှာ သူများကို ဗလိုင်းကြီး (၃) ချက် ဆွဲထိုးတဲ့ ကလေးမျိုးပေါ့ထစ်ကနဲ ဆို လက်ပါတတ်တယ်
လင်မယား စကားများရင်တောင်မှ လက်ပါရမှ)

(၃) အသက်(၁၂) နှစ်မှ အထက်

သားသမီးကို လူကြီးတယောက်လို တိုင်ပင်တာ... အရေးတယူ လူရာသွင်းတာ လုပ်ရမဲ့ အချိန်ပါ ဝါသနာတွေ..ဗီဇတွေ စပြီး ထင်ရှားပေါ်ထွန်းလာချိန်ပါ။

သားသမီးကို တန်းတူထား....
ပြောရင် ကရုစိုက် နားထောင်ပြီး သူတို့ခံစားချက်ကို နားလည်နိင်ဖို့..မျှဝေနိုင်ဖို့ ကြိုးစားရမဲ့ အချိန်ပါ

ဒီအသက်အရွယ်မှာ

(၁) မိဘနဲ့ သဘောထား ကွဲလွဲလာပြီးငြင်းခုံတာ ထုံးစံပါသူတို့ အသိဥာဏ် ဖွံ့ဖြိုးလာတာကိုး...

မိဘက ကျောင်းမှာ ပြဿနာဖြစ်လာရင်လည်းအကျိုးအကြောင်း သေချာနားမထောင်ပဲ..." ကျောင်းမှာ ဆရာတွေနဲ့ ဘယ် အဆင်ပြေမလဲမင်းက အချိုးမှ မပြေတာ " ဆိုတာမျိုး..." ပြဿနာ တခုခု ဖြစ်ပြီဆိုရင် သားသမီးကို ဆူလားငေါက်လား လုပ်တတ်တယ်ဆိုရင်.."...

သေချာပါတယ်....အဲ့ဒီ မိဘ နဲ့ သားသမီး
ဒီဘဝမှာထာဝရ ဝေးပါပြီ

တခုခုဖြစ်လာရင်
ကိုယ့် ဖက်....ကိုယ့် ခံစားချက် နားမထောင်၊နားမလည်ပေးတဲ့ မိဘမျိုးတွေ ကို သားသမီးတွေက ခင်တွယ်လေ့ မရှိပါဘူး
ထစ်ကနဲဆို ကိုယ့်သားသမီးကို အပြစ်တင်လေ့ရှိရင်..သားသမီးတွေက သူတို့အတွက် ရင်ဖွင့်ရာ.......တိုင်ပင်ရာ...ဟာ မိဘ မဟုတ်တဲ့ ...အခြားတယောက်ယောက်ပဲ ဖြစ်သွားတတ်ပါတယ်
မိဘတော့ မသိဘူး ...သူငယ်ချင်းပဲ အသိပေးတယ်ဆိုတာမျိုး....
မိဘထက် ...သူငယ်ချင်းကို ခင်တွယ်တယ် ဆိုတာမျိုးပါ

" အငုံ့စိတ် နဲ့ မအုပ်ချုပ်ပါနဲ့ "

အပြောလွယ်သလောက် အလုပ်အခက်ဆုံး တခုပါ

" အမေ ဘာသိလို့လဲ?" ....
" အဖေ ဘာမှ မသိပါဘူးဗျာ " ဆိုတဲ့ စကားဟာ မိဘတွေ အခံရအခက်ဆုံး စကားပဲ

ဒါပေမဲ့ သားသမီးက မိဘကို အဲ့လိုစကားပြောလာပြီဆိုရင်
တရားခံက မိဘကိုယ်တိုင်ဆိုတာ သိရမှာပါ။

" မင်း ဘာသိလို့ လဲ? ကလေး...ကလေးလိုနေစမ်း"..." ကလေးက ..ကလေးလိုနေ...လူကြီးတွေကြားဝင် မစပ်စုနဲ့
ဝင်မရှုပ် နဲ့ " လို့ ပြောခဲ့ဖူးတဲ့ မိဘတွေ ပဲ အဲ့လို ခံရတာ။

ကိုယ်က မိဘဆိုတဲ့ အရှိန်နဲ့ အထက်စီးက ပြောတုန်းကတော့ ဟုတ်တုတ်တုတ်ပေါ့
ကိုယ် ပြန် အပြောခံရတော့ မခံမရပ်နိုင် ဖြစ်ရော...

#အရေးအကြီးဆုံးကမိဘတွေရဲ့အသိပညာပါ

သားသမီးတွေ ကြီးလာတာနဲ့အမျှ
ဖွံ့ဖြိုးတိုးတက်လာတဲ့ အသိပညာကို
မိဘက မမှီရင် ...ပြဿနာက ကြီးပါပြီ။

အရေးအကြီးဆုံးက မိဘက ပညာနည်းနေရင်တောင်မှ #ဘယ်တော့မှမမှားတဲ့အုပ်ချုပ်နည်းရှိပါတယ် ... #မေတ္တာတရားနဲ့ပဲအုပ်ချုပ်ပါ

(၁) ရိုက်တာဟာ သားသမီး ကောင်းစားစေချင်လို့ မဟုတ်ပါဘူး
ကိုယ့် ဒေါသ ကိုယ် မထိန်းနိုင်လို့ ရိုက်တာပါ
ရိုက်ပြီး ဆုံးမတယ် ဆိုတာ...ဒေါသ မထိန်းနိုင်တာပါ

(၂) သားသမီးကို သူများနဲ့ မယှဥ်ပါနဲ့
" သူများ သားသမီးတွေများ ...တော်လိုက်တာ လိမ္မာလိုက်တာ..." လို့ ဘယ်တော့မှ မပြောပါနဲ့

" သူများ မိဘတွေများ...တော်လိုက်တာ...အလိုက်သိလိုက်တာချမ်းသာပြည့်စုံလိုက်တာလို့....." သားသမီးကလည်း
တွေးနေမှာပါ

(၃) သားသမီးရ ကံဆိုးတယ်လို့ မငြီးပါနဲ့
ရိုက်တာထက် နာပါတယ် " ငါ တို့ မိဘရတာ ကံဆိုးတယ် " လို့ သူတို့ကလည်း
တွေးနေမှာပါ

(၄) နိုင်ကွက် မနင်းပါနဲ့
" ငါ့ စကား နားမထောင်နိုင်ရင် ...အိမ်ပေါ်က ဆင်းသွားလို့ ဘယ်တော့မှ မပြောပါနဲ့
နာကြည်းစိတ်ကြောင့် ဆင်းနိုင်တဲ့ အစွမ်း ရှိတဲ့တနေ့ ဝေးသထက် ဝေးအောင် နေပါလိမ့်မယ်"

(၅) စည်း မကျော်ပါနဲ့
ငါ မိဘပဲ ဆိုပြီး သားသမီးတွေ မရှိတုန်း
သူတို့ အဝတ်ဗီဒိုဖွင့်ပြီး ပေးချင်တဲ့ အင်္ကျီ လျှောက်မပေးပါနဲ့..
သူတို့ အရမ်းကြိုက်တဲ့ အင်္ကျီ နီလေး ပါသွားတတ်တယ်...

ရည်းစားဓာတ်ပုံ လွှင့် မပစ်ပါနဲ့.....

ခင်ဗျား (၁၈)နှစ်နဲ့ ခိုးရာလိုက်ပြေးတာ သူတို့သိတယ်...
ခင်ဗျား အသက်(၂၂)မှာ မင်္လာဆောင်မှန်း
သူတို့ သိတယ်...
ခင်ဗျားတို့ ငယ်ငယ်က ရည်းစားထားခဲ့မှန်း သိကြတယ်...
မသိသလို နေပါ...စည်းကျော်ပြီး သူကြိုက်တဲ့ ဓာတ်ပုံလွှင့် မပစ်ပါနဲ့...

#စည်းကျော်တတ်တဲ့မိဘတွေကိုသားသမီးတွေကသေတဲ့နေ့အထိမမေ့ပါဘူး
နာလိမ့်မယ်....သေအောင် နာလိမ့်မယ်
လေးစားပါ ငါမွေးထားတာ ...လူတွေ ဖြစ်လို့
လူ့ အခွင့်အရေး...လူ သားပီပီ လေးစားပါ

အဆုံးသတ် တနေ့ကို နားလည်ပါ...

သားသမီးကို မိဘက ပြုစုပျိုးထောင်တာ
လူတွေမှာပဲ ရှိတယ် မထင်ပါနဲ့
ဝေလ ငါးကြီးတွေမှာ သာမက
သားပိုက်ကောင်တွေမှာ......
ကျားတွေမှာ........
သိမ်းငှက်တွေမှာ.......
ကျားသစ်တွေမှာရော ရှိတယ်

မိဘက (၃-၄) နှစ် ပြုစု ..ပျိုးထောင်
အမဲလိုက်နည်း...
အန္တာရာယ်ရှောင်နည်း.....
မိုးခိုနည်း.....ရေရှာနည်း...စတဲ့ ပညာစုံရင်
သားသမီးတိုင်းဟာ ..
နောင်မျိုးဆက် ပျံ့ပွားဖို့ပဲ တာဝန်ရှိတယ်
မိဘရင်ခွင်က ထွက်ပြီး....ဘဝသစ် စမှာပဲ....

#အသိပညာရှိရှိကောင်းသောမျိုးဆက်သစ်တွေအဖြစ်ပြုစုပြိုးထောင်နိုင်ကြပါစေဗျာ

Credit

Photos from Virgo Six's post 24/10/2023

#ထမင်းချက်နည်းလျှို့ဝှက်ချက်

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်နော်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့ တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

Credit

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon