Meiktila Institute of Economics Alumni Association
Meiktila Institute of Economics Alumni Association This page is intended for MEIE alumni to communicate and network with each other.
မိတ္ထီလာစီးပွါးရေးတက္ကသိုလ်ကျောင်းသူ/ကျောင်းသားဟောင်းများ၏ စစ်အာဏာသိမ်းမှုအပေါ် သဘောထား ထုတ်ပြန်ကြေညာချက်Statement on th...
05/02/2021
မိတ္ထီလာစီးပွါးရေးတက္ကသိုလ်ကျောင်းသူ/ကျောင်းသားဟောင်းများ၏ စစ်အာဏာသိမ်းမှုအပေါ် သဘောထား ထုတ်ပြန်ကြေညာချက်
Statement on the Military Coup by Meiktila University of Economics Alumni Association
ဝမ်းသာဂုဏ်ယူစရာတခုကတော့ ဒီစတိတ်မန့်ကိုထုတ်ဖို့အတွက် majority vote ကိုသုံးပေမယ့်လည်း ကန့်ကွက်မယ့်သူတယောက်မှ မရှိတာကိုပါ။
06/01/2020
ကန်တော့မနက်ခင်း ဆရာကြီး၊ ဆရာမကြီးများနှင့်ခုနှစ်အလိုက် အမှတ်တရ ဓာတ်ပုံများရိုက်ခြင်း 😍
Meiktila စီးပွားရေးတက္ကသိုလ် ရဲ့ စတုတ္ထ အကြိမ်မြောက် မြတ်ဆရာကန်တော့ပွဲအတွက် အလှူငွေများထည့်ဝင်ဖို့ ရက်တွေလည်း သိပ်မကျန်တ...
14/11/2019
Meiktila စီးပွားရေးတက္ကသိုလ် ရဲ့ စတုတ္ထ အကြိမ်မြောက် မြတ်ဆရာကန်တော့ပွဲအတွက် အလှူငွေများထည့်ဝင်ဖို့ ရက်တွေလည်း သိပ်မကျန်တော့တာမို့ အလှူငွေများထည့်မယ့် အလှူရှင်များသို့။
✅ကန်တော့ခံ ဆရာဆရာမ အရေအတွက် ဆုံးဖြတ်ရာမှာ လက်ရှိရထားတဲ့ အလှူငွေ စာရင်းက အရမ်း အရေးပါနေတဲ့ အတွက် မိမိတို့ စောစီးစွာ အချိန်မီ အလှူငွေထည့်ဝင်ခြင်းဖြင့် ဆရာဆရာမ အရေအတွက် တိုးနိုင်ရေးအတွက် သတ်မှတ်ရက်အတွင်းမှာ အကျိုးရှိအောင် ထည့်ဝင်ပေးကြစေလိုပါတယ် မိမိ အလှူငွေ မြန်မြန်ထည့်ဝင်ခြင်းဟာ ဆရာ ကန်တော့ပွဲကို အများကြီး အကျိုးရှိစေပါတယ်နော်
✅ထည့်ဝင်ခဲ့ပါလျှက်နဲ့ မိမိထည့်ဝင်မှု နောက်ကျလို့ရယ် တချို့ ဆရာဆရာမတွ ကျန်ခဲ့မယ်ဆိုရင် စိတ်မကောင်း စရာပါနော်
✅ဆရာ ဆရာမ စာရင်း ထွက်ပြီး သွားရင် ထပ်ပြင်ဖို့ ခက်ခဲပါတယ်နော်
✅မသိသေးတဲ့ သူငယ်ချင်းတွေပိုသိလာအောင်ရယ် ၊ အလှူငွေထည့်မယ့် သူငယ်ချင်းတွေအချိန်မီ ထည့်ဝင်နိုင်အောင်ရယ် မြန်မြန်ပါဝင်ပေးကြဖို့ ညီအစ်ကို မောင်နှစ်မတွေက ဒီပို့စ့်ကို share ပေးခြင်းဖြင့် ထပ်မံ ဆော်ဩပေးကြ ပါအုံးလို့ တိုက်တွန်းပါရစေ
ဒီဇင်ဘာ ၁၄၊ ၁၅ မှာ ဆရာ/ဆရာမတွေကို ဂါရဝပြုရင်း သူငယ်ချင်းတွေ ပြန်ဆုံကြပါစို့နော်။
Admin Team.
Happy သီတင်းကျွတ် to you all, MEIE 🙏
13/10/2019
Happy သီတင်းကျွတ် to you all, MEIE 🙏
အလှူငွေကောက်ခံရရှိ အခြေအနေအား သုံးသပ်တင်ပြခြင်း……….စတုတ္ထအကြိမ် မြတ်ဆရာကန်တော့ပွဲအား ၂၀၁၉ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့မျ...
03/10/2019
အလှူငွေကောက်ခံရရှိ အခြေအနေအား သုံးသပ်တင်ပြခြင်း……….
စတုတ္ထအကြိမ် မြတ်ဆရာကန်တော့ပွဲအား ၂၀၁၉ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ကျင်းပနိုင်ရေးအတွက် ဇူလိုင်လမှ
စက်တင်ဘာလအထိ အလှူငွေ ကောက်ခံရရှိသော အခြေအနေအား သုံးသပ်တင်ပြခြင်း။
✔အလှူငွေများကို ၂၀၁၉ #နိုဝင်ဘာ(၁၅)ရက်အထိ ကောက်ခံသွားရန် ကနဦးသတ်မှတ်ခဲ့ပါသည်။ ယခု စက်တင်ဘာလကုန်အထိ ဒေသအသီသီးမှ ကောက်ခံရရှိငွေစာရင်းအား အလှူငွေကောက်ခံရေးအဖွဲ့များနှင့်ဆက်သွယ်ပြီး အကြမ်းဖျဉ်းသုံးသပ်ကြည့်ရာတွင် အလှူငွေများသည် အကြမ်းအားဖြင့် လိုအပ်သောဘတ်ဂျက်၏ အနည်း အကျဉ်းသောရာခိုင်နှုန်း သာရရှိသေးကြောင်း တွေ့ရှိရပါသည်။
✔ထို့အတူအလှူငွေကောက်ခံရန် (၄၅) ရက်တည်းသာ ကျန်ပါသောကြောင့် အလှူငွေများအား ထည့်ဝင်ပေးခြင်းဖြင့်
ဆရာကန်တော့ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဝန်းရံပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။
✔ယခင်နှစ်များကဲ့သို့ Budget Plan ခွဲဝေပြီးချိန် အနီးကပ် (သို့မဟုတ်) ပွဲကျင်းပသည့်ရက်တွင် လှူဒါန်းသော အလှူငွေများသည် ယခုကျင်းပသောကန်တော့ပွဲ၏ ဘတ်ဂျတ်အဖြစ် အသုံးပြုရန်အဆင်မပြေနိုင်ပါသောကြောင့် အလှူငွေများအား အချိန်မှီထည့်ဝင် လှူဒါန်းပေးခြင်းဖြင့် ဆရာ၊ဆရာမများအား ပိုမိုထိထိရောက်ရောက်ဖြင့်ကန်တော့နိုင်မှာ
ဖြစ်ကြောင်း ထပ်ပြီး Highlight လုပ်ပါရစေ။
✔အလှူငွေများကိုလည်း နီးစပ်ရာ ကော်မတီများထံ သို့မဟုတ်
အလွယ်တကူ Online Payment ဖြင့် နှစ်သက်ရာ KBZ Bank/ K Pay / CB Bank / AYA Bank များမှ တဆင့် ပေးပို့လှူဒါန်းနိုင်ပါသည်။
✔ကောက်ခံရရှိပြီးသော အလှူငွေများကို အလှူငွေရပြေစာနဲ့ အတူ စာရင်းဇယား အတိအကျနဲ့ ပွင့်လင်းမြင်သာစွာဖြင့် ဖော်ပြပေးသွားပါမယ်။
👍အလှူငွေထည့်သွင်းပြီးသား ကျောင်းသား ကျောင်းသူများအားလုံးကိုလည်း ကော်မတီများ ကိုယ်စားကျေးဇူးတင်ရှိပါသည်။
💠 နေရာအနှံ့ရောက်ရှိနေသော group ထဲသို့မရောက်ရှိကြသော ကျောင်းသား၊ကျောင်းသူဟောင်းများ မသိဘူး မဖြစ်ရလေအောင် ယခုပို့စ်အား မျှဝေပေးခြင်း (Share ပေးခြင်း) ဖြင့်
တဘက်တလမ်းမှ ကူညီပေးစေချင်ပါတယ်။
🙏 (၃) နှစ်ကြာမှ တကြိမ်သာကျင်းပနိုင်သော မြတ်ဆရာကန်တော့ပွဲကြီးမှာ ပြန်လည်ဆုံတွေးကြရင်း ဆရာ့ကျေးဇူး မြင်းမိုရ်ဦးကို ပြန်ဆပ် ကြပါစို့ 🙏
ပွဲဖြစ်မြောက်ရေးကော်မတီ
Photo Credit:
ပါချုပ်ဆရာကြီး ဦးထွန်းအောင် 🙏
မင်္ဂလာပါ။ ဒီဇင်ဘာလတွင် ကျင်းပမည့် ဆရာကန်တော့ပွဲနှင့် ပါတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ၊ အလှူငွေများကောက်ခံရန် ဒေသအသီးသီး နှစ...
11/09/2019
မင်္ဂလာပါ။ ဒီဇင်ဘာလတွင် ကျင်းပမည့် ဆရာကန်တော့ပွဲနှင့်
ပါတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ၊ အလှူငွေများကောက်ခံရန် ဒေသအသီးသီး နှစ်အသီးသီးမှ Volunteer များ လိုအပ်ပါသောကြောင့် volunteer လုပ်နိုင်သူများ၊ အကြံဥာဏ်ပြုလိုသူ ကျောင်းသူကျောင်းသားဟောင်းများ (မည်သူမဆို) အနေဖြင့် အောက်ပါအစည်းအဝေးသို့ တက်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
⏰ လာမယ့် စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ
ရန်ကုန်မှ Admin Team နဲ့ နယ်အသီးသီးမှ လက်ရှိအလှူငွေ
ကောက်ခံပေးလျက်ရှိသော volunteer များ စုစည်းပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ် လက်ရှိ ပါမောက္ခချုပ်ဆရာကြီးနှင့် မော်ကွန်းထိန်း ဆရာကြီးတို့ကို သွားရောက် ဂါရဝပြုတွေ့ဆုံပြီး ပွဲအတွက် တိုင်ပင်
ဆွေးနွေးရန် နယ်အသီးသီးမှ Admin Team နှင့်အတူ ပူးပေါင်း
ပါဝင်ကူညီ၊ဆွေးနွေးနိုင်မည့် (မည်သူမဆို) မိတ္ထီလာသို့ ၂၁ ရက်နေ့
နေ့လည်လောက် အရောက် လာရောက်ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ
အပ်ပါသည်။
နေ့စွဲ ။ ။ ၂၁၊ ၉၊ ၂၀၁၉ (စနေနေ့)
မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊(ကျောင်းသူ/သားဟောင်းများ အားလုံး ပါဝင်သော) စတုတ္ထအကြိမ်မြောက် ဆရာကန်တော့ပွဲကို  #၁၄/၁၅ ဒီဇင်ဘာ ...
10/09/2019
(ကျောင်းသူ/သားဟောင်းများ အားလုံး ပါဝင်သော)
စတုတ္ထအကြိမ်မြောက် ဆရာကန်တော့ပွဲကို
#၁၄/၁၅ ဒီဇင်ဘာ ၂၀၁၉ (စနေ/တနင်္ဂနွေ)ရက် နေ့မှာ
ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပွဲကျင်းပနိုင်ရန် အလှူငွေများ
စတင်ကောက်ခံနေပီဖြစ်၍ဒေသအသီးသီးမှ
ကျောင်းသူ/ကျောင်သားဟောင်းများအားလုံး
ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေများအား
ဖော်ပြပါ Admin များအပြင် group တွင်ဖော်ပြထားသော
Volunteer များထံတွင် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
1) Aung Zaw (09-448019390)
(09-777791480)
2) Khine Mye MoeAung (09-5406766)
3) Kyi Min Han (09-401525482)
4) Soe Yarzar (09-259928537)
5) Pretty Noon (09-43131723)
6) Aye Myat Thu Zar (09-420046147
09-783024926)
7) Nwe Zin Myint (09-250147761)
8) Aye Thu Thu Aung (09402651891
09797422043)
အလှူငွေထည့်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာ၊
လွယ်ကူမြန်ဆန်စေဖို့ သက်ဆိုင်ရာ Admin ထံသို့
online payment ကဖြစ်စေ၊ Post ရဲ့ comment မှာ paymet slip များတင်ပေးခြင်းဖြင့် Admin များမှ
အလှူငွေဖြတ်ပိုင်းများ ဖြတ်ပေးသွားမှာဖြစ်ပါတယ်။
ပွဲဖြစ်မြောက်ဖို့ အရင်နှစ်များလိုပဲ အလှူငွေများထည့်ပေး
ကြခြင်းဖြင့် ဝိုင်းပီးဝန်းရံပေးကြဖို့ ထပ်ပြီး တောင်းဆိုပါရစေ။
ရက်တိတိကျကျသိရပီပြီဆိုတော့ နိုင်ငံရပ်ခြား၊တနယ်တကျေးမှ
ကျောင်းသူ/ကျောင်းသားများလည်း ပွဲတက်ရောက်ရန်
ကြိုတင်စီစဉ်မှုများ စပြီးပြုလုပ်ထားကြမယ်လို့ မျှော်လင့်ပါတယ်။
Post ကို Share ပေးခြင်းဖြင့် update information
တွေဖြန့်ဝေပေးကြပါနော်။ ကျောင်းပွဲကိစ္စများ အချိန်နှင့်တပြေးညီ
ဒီ Page မှာ တင်ပေးသွားမှာမို့ Like လေးလုပ်ထားပေးကြပါလို့။
အားလုံးပြန်လည်ဆုံတွေ့ စုစည်းဖို့ အချိန်တန်ပါပီ...
Best Wishes,
Admin Team
မိထ္တီလာစီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများအသင်း ဖွဲ့စည်းရေး အစည်းအဝေးမှတ်တမ်း။နေရာ။ ။ စိမ်းလန်းစိုပြည်။နေ့ရ...
26/01/2015
မိထ္တီလာစီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများအသင်း ဖွဲ့စည်းရေး အစည်းအဝေးမှတ်တမ်း။
နေရာ။ ။ စိမ်းလန်းစိုပြည်။
နေ့ရက်။ ။ ဇန်န၀ါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
အချိန်။ ။ ညနေ ၃ နာရီိခွဲ မှ ၆ နာရီအထိ။
တက်ရောက်သူဦးရေ။ ။ (၃၀) ၀န်းကျင်။
၁။ အဖွဲ့အစည်းနာမည်ကို အင်္ဂလိပ်လို Meiktila Institute of Economics Alumni Association (MEIEAA) သို့မဟုတ် Meiktila University of Economics Alumni Association (MUEAA) နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်သတ်မှတ်ရန် ဆွေးနွေးရာတွင် ကနဦးအနေဖြင့် Meiktila Institute of Economics Alumni Association (MEIEAA) အဖြစ် သတ်မှတ်မည်ဖြစ်ပြီး နောက်ပိုင်းများတွင် အခြေအနေအရ လိုအပ်ပါက ပြောင်းလဲပြုပြင်မှူများပြုလုပ်သွားမည် ဖြစ်ပါသည်။ အစည်းအဝေးတက်ရောက်သူ ဦးရေ (၃၀) ၀န်းကျင်ဖြင့် အဖွဲ့အစည်းဧ။် ကနဦးအဖွဲ့ဝင် (Members)များအဖြစ် သတ်မှတ်ပြီး အဖွဲ့အစည်းအား အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။
၂။ ဖွဲ့စည်းပုံနှင့် ပတ်သက်၍မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ပန်းတိုင်နှင့် လှုပ်ရှားဆောင်ရွက်သင့်သည်များ၊ လိုက်နာစောင့်ထိန်းသင့်သည့် ကျင့်ဝတ်စံနှုန်းများ၊ အဖွဲ့ဝင်များ၏ အခွင့်အရေးများ နှင့် တာဝန်ဝတ္တရားများ ကို အဖွဲ့ဝင်များအားလုံး ပါဝင်ဆွေးနွေးပြီး ဘုံသဘောတူညီမှူများရယူခဲ့ပါသည်။
(အသေးစိတ်အား MEIEAA Page တွင် တရားဝင်ဖော်ပြသွားပါမည်။)
၃။ ရန်ကုန်ဒေသအတွက် နာယက/အကြံပေး၊ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးများအား တက်ရောက်သူ ကနဦးအဖွဲ့ဝင်များမှ ရွေးကောက်တင်မြှောက်ခဲ့ပါသည်။ ၄င်းတို့မှာ-
နာယက/ အကြံပေး - သူရိန် (1998)
ဥက္ကဌ - ကြည်မင်းဟန် (1998)
ဒုဥက္ကဌ - နိုင်နိုင်ကျော် (1999)
အတွင်းရေးမှူး (၁) - ဖိုးခွား (2000)
အတွင်းရေးမှူး (၂) - နန်းဆိုင်နွန်း Bird (2000)
တို့ဖြစ်ကြပါသည်။
MEIEAAသည် ဒေသအသီးသီးတွင် ရောက်ရှိနေကြသော မိထ္တီလာစီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများအားလုံး တနိုင်ငံလုံးအတိုင်းအတာအထိ ရည်ရွယ်၍ ဖွဲ့စည်းပါသောကြောင့် ကျန်ဒေသများဖြစ်ကြသော မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မိတ္ထီလာဒေသများတွင်လည်း အစည်းအဝေးများခေါ်ယူပြီး ဒေသဆိုင်ရာဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးများအားရွေးချယ်သွားပါမည်။ ထို့မှတဆင့် ဗဟိုဥက္ကဌ၊ဒုဥက္ကဌနှင့် အတွင်းရေးမှူးများအားထပ်မံရွေးချယ်သွားပါမည်။
၎။ အဖွဲ့အစည်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အနာဂတ်တွင်လုပ်ဆောင်ရမည့် ပုံမှန်ရရှိနိုင်သော ၀င်ငွေရှာဖွေခြင်းများ၊ အဖွဲ့အစည်း တရားဝင်မှတ်ပုံတင်ခြင်းကိစ္စများ၊ အဖွဲ့အစည်းရုံးနေရာများအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ အဖွဲ့အစည်းပုံမှန်ဝင်ငွေရှာဖွေရာတွင် အသင်းမှ သင်တန်းများ ဖွင့်လှစ်သွားခြင်း၊ Accounting and Auditing Service များပေးနိုင်သော Firm စသည်တို့ကို Members များနှင့် ဖွဲ့စည်းသွားရန်စသည်တို့ဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ မအားလပ်သည့်ကြားမှ တက်ရောက်ပေးပါသော ပါဝင်ဆွေးနွေးပေးပါသော MEIEAA အဖွဲ့ဝင်များအားလုံးနှင့် အစည်းအဝေးအတွက် ကော်ဖီနှင့်မုန့်အလှူရှင် မသူ (၂၀၀၁) တို့အား ကျေးဇူးအထူးတင်ရှိပါသည်။
မှတ်ချက် ။ ။ အစည်းအဝေးမတက်ရောက်ဖြစ်သော MEIE ကျောင်းသား/သူဟောင်းများ မည်သူမဆို အဖွဲ့ဝင်အဖြစ် (အဖွဲ့အစည်းသို့ဆက်သွယ်၍) ပူးပေါင်းပါဝင်ပေးပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါ သည်။ အဖွဲ့ဝင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို နောင်တွင် တရားဝင် ထုတ်ပြန် ကြေညာပါမည်။
Address
Yangon
Website
Alerts
Be the first to know and let us send you an email when Meiktila Institute of Economics Alumni Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
Share