13/05/2026
Competitor Analysis ဆိုတာဘာလဲ❓🤔
စီးပွါးရေးလုပ်တဲ့အခါမှာ ကိုယ့်လုပ်ငန်းတစ်ခုတည်းကိုပဲ အာရုံစိုက်နေလို့မရပါဘူး။ စျေးကွက်ထဲမှာ တခြားလုပ်ငန်းတွေ ဘာလုပ်နေကြလဲ၊ ဘယ်လိုရောင်းနေလဲ၊ Customer တွေဘာကြောင့် သူတို့ဆီဝယ်နေကြလဲ ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။ အဲ့ဒီလို ကိုယ့်ပြိုင်ဘက်တွေကို လေ့လာသုံးသပ်ခြင်းကို “Competitor Analysis” လို့ခေါ်ပါတယ်။
တစ်နည်းအားဖြင့် Competitor Analysis ဆိုတာဟာ ကိုယ့်ပြိုင်ဘက်လုပ်ငန်းတွေကို လေ့လာပြီး ကိုယ့်လုပ်ငန်းကိုပိုကောင်းအောင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။
ဥပမာ - သင်က Coffee Shop တစ်ခုဖွင့်ထားတယ်ဆိုပါစို့။ သင့်အနေနဲ့ အနီးအနားက Coffee Shop တွေကို ကြည့်ပြီး
☕ ဘယ် Menu တွေကလူကြိုက်များလဲ၊
☕ Price Range ဘယ်လိုထားလဲ၊
☕ Promotion တွေဘယ်လိုလုပ်လဲ၊
☕ Customer Service ကောင်းလား၊
☕ Facebook Content တွေဘယ်လိုတင်လဲ ဆိုတာတွေကို လေ့လာတာဟာ Competitor Analysis လုပ်နေတာပဲဖြစ်ပါတယ်။
💡 Competitor Analysis ကဘာကြောင့်အရေးကြီးတာလဲ။
တချို့လုပ်ငန်းရှင်တွေအနေနဲ့ ပြိုင်ဘက်ကိုလေ့လာစရာမလိုဘူး။ ကိုယ့် Product ကောင်းရင်ရပြီ၊ ကိုယ့်လုပ်ငန်းကိုပဲ အာရုံစိုက်ရင်ရပြီဆိုတာမျိုး တွေးတတ်ကြပါတယ်။ ဒါပေမယ့်စျေးကွက်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကိုမသိပဲ စီးပွါးရေးလုပ်ရင် လုပ်ငန်းဟာ Direction ပျောက်သွားနိုင်ပါတယ်။
Competitor Analysis လုပ်ခြင်းအားဖြင့်
✔️ Market Trend ကိုသိလာစေတယ်၊
✔️ Customer တွေဘာကြိုက်လဲ သိလာစေတယ်၊
✔️ ကိုယ့်လုပ်ငန်းရဲ့အားသာချက် / အားနည်းချက်ကို သိ
လာစေတယ်၊
✔️ ပြိုင်ဘက်လုပ်ငန်းတွေမလုပ်သေးတဲ့ Opportunity
တွေကိုတွေ့လာစေတယ်၊
✔️ Marketing Strategy လည်းပိုကောင်းလာစေပါ
တယ်။
ဥပမာအနေနဲ့ သင့်ပြိုင်ဘက်လုပ်ငန်းတွေအားလုံးက စျေးကိုပဲယှဉ်ပြိုင်နေတာတွေ့ရင် သင်က Customer Service ပိုကောင်းအောင်လုပ်ပြီး သူတို့နဲ့လုံးဝမတူအောင်ဖန်တီးနိုင်ပါတယ်။
❗️သတိထားရမဲ့အချက်က Competitor Analysis ဆိုတာ Copy ကူးတာမဟုတ်ပါဘူး❗️
❌ သူများ Design ကိုကူးတာ
❌ သူများ Content ကိုပြန်တင်တာ
❌ သူများ Strategy အတိုင်းအတိအကျလိုက်လုပ်တာ
မျိုးမဟုတ်ပဲ
✅ သူတို့ဆီက ဘာတွေသင်ယူလို့ရမလဲ၊ ကိုယ်က ဘာပိုကောင်းအောင်လုပ်နိုင်မလဲဆိုတဲ့ Mindset နဲ့လေ့လာရတာဖြစ်ပါတယ်။
ဒီနေ့ခေတ် စီးပွါးရေးလောကမှာ စျေးကွက်ကအမြဲပြောင်းလဲနေပါတယ်။ Customer အကြိုက်တွေလည်း အမြဲပြောင်းနေပါတယ်။ ဒါကြောင့် Competitor Analysis ကိုပုံမှန်လုပ်ပေးခြင်းက သင့်လုပ်ငန်းအတွက် အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••
သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။
ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။
စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။
✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4
11/05/2026
စျေးရောင်းသူအများစုက Customer ဆီက Reply မလာတာနဲ့ မဝယ်တော့ဘူးထင်ပြီး Conversation ကိုရပ်လိုက်တတ်ကြပါတယ် 💬
အမှန်တကယ်မှာတော့ Customer အများစုက Product ကိုစိတ်မဝင်စားလို့မဟုတ်ပဲ အလုပ်ရှုပ်နေတာ၊ Budget စဉ်းစားနေတာ၊ တခြား Product တွေနဲ့နှိုင်းယှဉ်ကြည့်နေတာ၊ ဒါမှမဟုတ် Decision မချရသေးတာတွေကြောင့် Reply မပြန်ဖြစ်တာများပါတယ်။
❗️အဲ့ဒီနေရာမှာ Business တိုင်းအတွက်အရေးကြီးလာတာက “Follow-Up” ပဲဖြစ်ပါတယ်❗️
Follow-Up ဆိုတာ Customer ကိုတစ်ခါဆက်သွယ်ပြီး ရုံနဲ့ရပ်သွားတာမဟုတ်ပဲ နောက်ထပ်သင့်တော်တဲ့အချိန်တစ်ခုမှာ ပြန်လည်ဆက်သွယ်ပေးခြင်းကို ဆိုလိုပါတယ်။ အလွယ်ပြောရရင် Customer ရဲ့စိတ်ဝင်စားမှုကို ဆက်လက်ထိန်းထားပေးတဲ့ Communication Process ကောင်းတစ်ခုပဲဖြစ်ပါတယ်။
Follow-Up လုပ်ခြင်းဟာ Online Marketing အတွက်လည်းအလွန်အရေးပါပါတယ်။Customer တစ်ယောက်က “စဉ်းစားလိုက်ဦးမယ်” လို့ပြောသွားရင် တချို့ရောင်းသူတွေက အဲ့ဒီမှာပဲရပ်လိုက်တတ်ကြပါတယ်။ ဒါပေမယ့် Professional Business တွေကတော့ ရက်အနည်းငယ်အကြာမှာ Friendly Message လေးနဲ့ ပြန်လည် Follow-Up လုပ်တတ်ကြပါတယ်။
💡 Follow-Up ကဘာကြောင့်အရေးကြီးတာလဲ။
အရောင်းလောကမှာ Customer အများစုက ပထမတစ်ခါမေးရုံနဲ့ ချက်ချင်းမဝယ်တတ်ကြပါဘူး။ တချို့ Customer တွေက Reminder လိုအပ်သလို၊ တချို့က ယုံကြည်မှုတည်ဆောက်ဖို့ အချိန်လိုအပ်ပါတယ်။
ဒါကြောင့် Customer တိုင်းကို Follow-Up ပုံမှန်လုပ်ပေးခြင်းက
✔️ Customer နဲ့ရင်းနှီးတဲ့ Relationship တစ်ခုတည်ဆောက်ပေးနိုင်ခြင်း၊
✔️ Brand အပေါ် ယုံကြည်မှုတိုးလာစေခြင်း၊
✔️ ကိုယ့် Product ကို Customer မမေ့စေခြင်း၊
✔️ Customer ဆုံးဖြတ်ချက်ချဖို့ ပိုလွယ်ကူလာစေခြင်းနဲ့
✔️ ရောင်းအားဟာ ယခင်ထက်သိသိသာသာတိုးလာခြင်း တို့ကိုဖြစ်လာစေပါတယ်။
လုပ်ငန်းအများစုမှာ Sales မတက်တာက Product မကောင်းလို့မဟုတ်ပဲ Follow-Up မလုပ်တာကြောင့် ဖြစ်နေတတ်ပါတယ်။ တချို့ Customer တွေကဒီနေ့မှာမဝယ်သေးပေမယ့် နောက်တစ်ပတ်၊ နောက်တစ်လမှာ ပြန်ဝယ်နိုင်ပါတယ်။ အဲ့ဒီအချိန်မှာ Customer စိတ်ထဲမှာ ဘယ် Brand ကိုအရင်ဆုံးသတိရမလဲဆိုတာက သင် Follow-Up ကောင်းကောင်းလုပ်ထားလားဆိုတဲ့အပေါ် အများကြီးမူတည်ပါတယ်။
📍ဒါပေမယ့် Follow-Up လုပ်တဲ့အခါမှာလည်း Customer ကိုဖိအားပေးတဲ့ပုံစံမျိုးမဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။
❌ ခဏခဏ Message ပို့တာ၊
❌ အတင်းဝယ်ခိုင်းတဲ့ပုံစံဖြစ်တာ၊
❌ Reply မြန်မြန်မရလို့စိတ်မရှည်တဲ့ Tone သုံးတာမျိုးတွေက Customer ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ Good Follow-Up ဆိုတာ စျေးအတင်းရောင်းတာမဟုတ်ပဲ Customer ကိုသတ်ိပေးကူညီပေးတဲ့ Communication တစ်ခုဖြစ်ရပါမယ်။
📈 ဒီနေ့ခေတ် စီးပွါးရေးလောကမှာ Product ကောင်းရုံနဲ့ မလုံလောက်တော့ပါဘူး။ Customer Relationship ကို ဘယ်လိုထိန်းသိမ်းမလဲ၊ Customer ယုံကြည်မှုကို ဘယ်လိုရအောင်ယူမလဲဆိုတာကလည်း အရေးကြီးလာပါတယ်။ ဒါကြောင့် ရောင်းအားတိုးချင်တဲ့ Business တိုင်းအတွက် Follow-Up Skill ကမရှိမဖြစ်သင်ယူထားသင့်တဲ့ အရေးကြီး Skill တစ်ခုပဲဖြစ်ပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••
သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။
ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။
စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။
✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4
10/05/2026
🚀 သင့်ရဲ့ Professional Career ကိုပိုမြင့်တဲ့ Level တစ်ခုဆီတက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလား။
အလုပ်မှာတာဝန်တွေကို ကြိုးစားပြီးလုပ်နေပေမယ့်
📌 Leadership Role ကိုယူရတဲ့အခါ မိမိကိုယ်ကို
ယုံကြည်မှုနည်းနေတာမျိုးတွေ…
📌 Team Management ပိုင်းမှာ အခက်အခဲရှိနေတာ
မျိုးတွေ…
📌 Business Decision ချရတဲ့အချိန်မှာ Direction မ
သေချာဖြစ်နေတာမျိုးတွေ…
ကြုံနေရပါသလား❓
❗️ဒါတွေဟာ သင်မတော်လို့မဟုတ်ပါဘူးနော်❗️
သင့်မှာတကယ်လိုအပ်နေတာက
✅ Effective Management Skills
✅ Strong Leadership Mindset
✅ Strategic Business Thinking
တွေကို စနစ်တကျသင်ယူလေ့ကျင့်ဖို့ပဲ ဖြစ်ပါတယ် 😇
ဒီလို Career Growth နဲ့ Business Management Skills တွေကို လက်တွေ့အသုံးချနိုင်တဲ့အထိ လေ့လာချင်သူများအတွက် SBBA ကနေ
🎓 Professional Business Management Training Course (Online – 2nd Batch) ဖွင့်လှစ်ထားပါတယ်ရှင့်။
ဒီသင်တန်းမှာ Business Management ကို Theory သက်သက်မဟုတ်ပဲ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်သည်အထိ Practical Knowledge များစွာနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းပြီးဆုံးတဲ့အခါ
✔️ Team ကိုပိုမိုထိရောက်စွာ ဦးဆောင်နိုင်လာခြင်း၊
✔️ Decision Making Skills ပိုကောင်းလာခြင်း၊
✔️ Business Operations ကို Systematic ဖြစ်အောင် စီမံနိုင်လာခြင်း၊
✔️ ကိုယ်ပိုင် Business တစ်ခုကို စနစ်တကျ တည်ဆောက်နိုင်လာခြင်းနဲ့
✔️ Professional Workplace မှာ Confidence ပိုရှိလာခြင်း စတဲ့ Skills တွေကိုရရှိလာမှာဖြစ်ပါတယ်။
🧑🏻🏫 MBA (UK) ဘွဲ့ရ Experienced Trainer မှ လက်တွေ့လုပ်ငန်းအတွေ့အကြုံများနှင့်အတူ အသေးစိတ်သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။
🗓️ Course Details
📍 Duration – 10 Weeks
📍 Zoom Discussions + Recorded Lectures
အချိန်မရွေး ပြန်လည်လေ့လာနိုင်တဲ့ Learning System ဖြစ်လို့ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ လေ့လာချင်သူများအတွက် အထူးသင့်တော်ပါတယ်နော်။
🔥 Early Registration Promotion အနေနဲ့ ပထမဦးဆုံး အပ်နှံသူ (၅) ဦးကို
💥 40% OFF Special Discount ဖြင့် တက်ရောက်ခွင့်ပေးသွားမှာဖြစ်ပါတယ်။
🎁 Bonus Benefits များအနေနဲ့
✔️ Entrepreneur Mindset & Growth Journey
(Webinar)
✔️ 30+ Ready-to-use Business Templates
✔️ Lecture Notes Soft Copy Free Download
များကိုလည်း ထပ်မံရရှိဦးမှာဖြစ်ပါတယ်ရှင့်။
📩 Registration ပြုလုပ်လိုပါက Sterling Burma Business Academy Page Chat Box သို့ “BM” ဟု ရိုက်ပို့ပြီး အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင့်။
09/05/2026
Business တစ်ခုရေရှည်တည်တံ့ဖို့နဲ့ စနစ်တကျလည်ပတ်နိုင်ဖို့အတွက် System ကအရေးကြီးပါတယ်။ အဲ့ဒီ System တွေထဲမှာ Business တိုင်းသိထားသင့်တဲ့ အရာတစ်ခုကတော့ SOP ဖြစ်ပါတယ်။
SOP ဆိုတာဘာလဲ❓
SOP ဆိုတာ “Standard Operating Procedure” ဖြစ်ပြီး အလုပ်တစ်ခုကို ဘယ်လိုလုပ်ရမလဲ၊ ဘယ်အဆင့်တွေဘယ်လိုလိုက်နာရမလဲဆိုတာကို စနစ်တကျသတ်မှတ်ထားတဲ့ လမ်းညွှန်စနစ်တစ်ခုပဲဖြစ်ပါတယ်။
အလွယ်တကူပြောရရင် SOP ဆိုတာဟာ “ဒီအလုပ်ကို ဒီပုံစံအတိုင်းလုပ်ပါ” ဆိုတဲ့ Standard Guideline တစ်ခုလိုပဲဖြစ်ပါတယ်။
👉 ဥပမာအနေနဲ့ Coffee ဆိုင်တစ်ခုရဲ့ Customer Order လက်ခံတဲ့ Process ကိုကြည့်မယ်ဆိုရင်
❗️Customer ကို ဘယ်လိုနှုတ်ဆက်ရမလဲ၊
❗️Order ကိုဘယ်လို Confirm လုပ်ရမလဲ၊
❗️Payment ကိုဘယ်လိုစစ်ဆေးရမလဲ၊
❗️Drink ကိုဘယ်လို Standard အတိုင်းပြင်ဆင်ရမလဲဆိုတာတွေကို Step by Step သတ်မှတ်ထားတာဟာ SOP ဖြစ်ပါတယ်။
SOP ရှိထားတဲ့ Business တွေဟာဆိုရင်
✅ အလုပ်လုပ်တဲ့အခါ ယခင်ထက်ပိုပြီးစနစ်ကျလာပါတယ်။
✅ အလုပ်သမား တစ်ယောက်နဲ့တစ်ယောက် အလုပ်လုပ်ပုံမကွာတော့သလို အမှားတွေလည်း လျော့နည်းလာတတ်ပါတယ်။
✅ ဒါ့အပြင် အလုပ်သမားအသစ်တွေကို Training ပေးတဲ့အချိန်မှာလည်း ပိုလွယ်ကူပြီး Customer Experience ကိုပါပိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
ဒီလို SOP System ကောင်းရှိတဲ့ Business တစ်ခုဟာ ဝန်ထမ်းတွေပြောင်းသွားရင်တောင် ဆက်လက်လည်ပတ်နိုင်ပါတယ်။ Business ကိုလူပေါ်မူတည်တဲ့လုပ်ငန်းကနေ System နဲ့လည်ပတ်တဲ့လုပ်ငန်းဖြစ်လာစေဖို့ SOP ကအရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••
သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။
ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။
စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။
✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4
08/05/2026
📣 Sales & Marketing ကိုအမှန်တကယ်နားလည်တတ်ကျွမ်းပြီး ကိုယ့် Career / Business ကိုတိုးတက်ချင်ပါသလား❓
Sales & Marketing အပိုင်းမှာအလုပ်လုပ်ရင်း ကြုံရလေ့ရှိသောအခက်အခဲများဖြစ်တဲ့
👉 Customer တွေကို သေချာနားမလည်သေးခြင်း၊
👉 Marketing Strategy ကိုဘယ်ကစရမလဲ မသိသေးခြင်း၊
👉 ပစ္စည်းရောင်းချမှုအပိုင်းမှာ မိမိကိုယ်ကိုယုံကြည်မှုမရှိသေးခြင်း
စတာတွေဟာ Beginner အများစုကြုံရတဲ့ အခက်အခဲတွေဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကနေ တစ်ဆင့်တက်ချင်တယ်ဆိုရင်တော့…
🌟 Sterling Burma Business Academy ရဲ့
“Fundamentals of Sales & Marketing: Build Skills For Career & Business Course (Online)” ကသင့်အတွက်ပါပဲ!
✨ ဒီသင်တန်းကိုတက်ရောက်ပြီး နောက်ပိုင်းမှာ သင်ရရှိမယ့်အရာတွေကတော့
✔️ Sales & Marketing ကိုအခြေခံမှစပြီး စနစ်တကျနားလည်နိုင်ခြင်း၊
✔️ Customer Behavior ကိုပိုမိုတိကျစွာ နားလည်နိုင်လာခြင်း၊
✔️ ကိုယ်ပိုင် Marketing Strategy များတည်ဆောက်နိုင်လာခြင်း၊
✔️ အရောင်းပိုင်းဆိုင်ရာဗျူဟာတွေကို လက်တွေ့အသုံးချနိုင်လာခြင်းနဲ့အတူ
✔️ Digital Marketing အခြေခံကိုပါ တစ်ခါတည်းသိရှိလာမှာပဲဖြစ်ပါတယ်။
📚 သင်ကြားပေးမည့်အကြောင်းအရာများ
🔹 Sales & Marketing Fundamentals
🔹 Market & Customer Understanding
🔹 Marketing Strategy Building
🔹 Brand & Communication
🔹 Sales Techniques & Customer Handling
🔹 Digital Marketing Basics
🔹 Ethical Practices
👩🏻🏫 သင်ခန်းစာအားလုံးကို MBA (UK) ဘွဲ့ရ Experienced Trainer ကိုယ်တိုင်မှ လက်တွေ့အသုံးချနိုင်အောင်အထ်ိ သင်ကြားပြသပေးမှာဖြစ်ပါတယ်။
🗓️ Course Details
📍 Total Duration – 10 Weeks
📍Recorded Lectures + Zoom Discussions
📍Normal Fee - 150,000 MMK
👉 အချိန်မရွေး ပြန်လည်လေ့လာနိုင်တဲ့ သင်ကြားမှုပုံစံဖြစ်လို့ အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက်နဲ့အတူ လေ့လာချင်သူများအတွက် အထူးသင့်တော်ပါတယ်။
🔥 ပထမဦးဆုံးအပ်နှံသူ ၇ ဦးအတွက် Promotion Fee အနေနဲ့
🔥ပုံမှန်သင်တန်းကြေးထက် 40% OFF သက်သာစွာတက်ရောက်ခွှင့်ကို ရရှိမှာဖြစ်ပါတယ်။
✔️ တက်ရောက်သူအားလုံးအတွက် Lecture Notes Soft Copy များကို အခမဲ့ Download ရယူနိုင်ပါတယ်ရှင့်။
🌟 သင်တန်းပြီးဆုံးပါက Certificate ပေးအပ်သွားမည်ဖြစ်ပြီး
🎁 Bonus အနေနဲ့ Ultimate Go-To-Market Strategy Toolkits
💡15+ Ready-to-use Templates
💡 Step By Step Beginner Guide
💡 Simplified Versions For Easy Use
💡 Designed For Local & Small Business Use
စတဲ့ Ready To Use Package ကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင့်။
💁🏻♀️ သင်ကြားမှုပုံစံဟာလည်း Recorded Videos + Zoom ဖြစ်သောကြောင့် အချိန်မရွေးပြန်လည်လေ့လာနိုင်ပြီး အလုပ်တစ်ဖက်နဲ့တက်ရောက်မည့်သူများအတွက် အထူးအဆင်ပြေစေမှာပါနော်။
🖊️ Registration နဲ့ အခြားအသေးစိတ်မေးမြန်းလိုပါက
📩 Sterling Burma Business Academy Page Chat Box သို့ “SM” လို့စာပို့ပြီး ဆက်သွယ်နိုင်ပါတယ်ရှင့်။
06/05/2026
အောင်မြင်တဲ့ Salesperson တစ်ယောက်ဖြစ်ဖို့အတွက် Product များများရောင်းနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ အခုဖော်ပြထားတဲ့ အရည်အချင်းတွေရှိဖို့က အဓိကလိုအပ်ပါတယ်👇
✅ Communication Skill (ပြောဆိုဆက်သွယ်နိုင်စွမ်း)
Customer တွေနဲ့ ထိရောက်စွာဆက်သွယ်နိုင်ခြင်းဟာ Sales အောင်မြင်မှုရဲ့ အခြေခံဖြစ်ပါတယ်။ Salesperson တစ်ယောက်အနေနဲ့ Customer ကိုရှင်းလင်းစွာပြောပြနိုင်ခြင်းနဲ့ နားလည်လွယ်အောင်ရှင်းပြနိုင်ခြင်းတို့က အရေးကြီးပါတယ်။
✅ Product Knowledge (ထုတ်ကုန်အကြောင်းသိရှိမှု)
ကိုယ်ရောင်းချနေတဲ့ Product /Service အကြောင်းကို အပြည့်အဝနားလည်ထားရပါမယ်။ ဒါမှသာ အားသာချက်၊ အားနည်းချက်၊ အသုံးပြုနည်းတွေကို သေချာဖြေဆိုနိုင်ပြီး Customer ရဲ့ယုံကြည်မှုက်ို ရရှိနိုင်မှာဖြစ်ပါတယ်။
✅ Confidence (ယုံကြည်မှုရှိခြင်း)
Salesperson တစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းက အဓိကကျပါတယ်။ Product တစ်ခုကိုဝယ်ယူဖို့ Customer ကဆုံးဖြတ်ချက်ချတဲ့အခါမှာ Salesperson တစ်ယောက်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရောင်းချခြင်းက များစွာအထောက်အကူပြုပါတယ်။
✅ Negotiation Skill (ညှိနှိုင်းဆွေးနွေးနိုင်စွမ်း)
Customer ရဲ့လိုအပ်ချက်နဲ့ Company ရဲ့ Policy ကြားမှာ ညှိနှိုင်းထိန်းသိမ်းပေးနိုင်ခြင်းဟာ အရေးကြီးပါတယ်။ နှစ်ဖက်လုံးအတွက် အကောင်းဆုံးအဖြေကို ရှာဖွေနိုင်ရပါမယ်။
✅ Patience (စိတ်ရှည်သည်းခံမှု)
Customer တစ်ယောက်ချင်းစီရဲ့ မေးခွန်းတွေကို စိတ်ရှည်စွာနားထောင်ပြီး ဖြေဆိုပေးနိုင်ရပါမယ်။
✅ Problem Solving Skill (ပြဿနာဖြေရှင်းနိုင်စွမ်း)
Customer ရဲ့အခက်အခဲကို နားလည်ပြီးအဖြေရှာပေးနိုင်ခြင်းဟာ Sales ကိုပိုမိုအောင်မြင်စေပါတယ်။
✅ Positive Attitude (အကောင်းမြင်စိတ်ထား)
Customer ဆီကငြင်းဆိုမှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အလုပ်ဖြစ်တာကြောင့် စိတ်ဓာတ်မကျပဲ အကောင်းမြင်စိတ်ထားရှိဖို့လိုအပ်ပါတယ်။
✅ Time Management (အချိန်စီမံခန့်ခွဲနိုင်မှု)
Customer များကို Follow Up လုပ်ခြင်း၊ Appointment တွေကိုစနစ်တကျစီမံခြင်းက Sales ကိုတိုးတက်စေပါတယ်။
Salesperson တစ်ယောက်အောင်မြင်ဖို့ဆိုတာ အရောင်းစွမ်းရည်တစ်ခုတည်း ပြည့်စုံရုံနဲ့မလုံလောက်ပါဘူး။ စိတ်နေစိတ်ထား၊ အကျင့်စရိုက်နဲ့ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ပြီးမှသာ ရေရှည်အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်တယ်။ မိမိကိုယ်ကို တိုးတက်အောင်လုပ်နိုင်သူသာ အောင်မြင်တဲ့ Salesperson ဖြစ်လာနိုင်မှာဖြစ်ပါတယ်။
ယခုထက်ပိုမိုထိရောက်တဲ့ Sales & Marketing သင်ခန်းစာတွေကို Online ကတဆင့်သင်ယူပြီး ကျွမ်းကျင် Salesperson ကောင်းတစ်ဦးဖြစ်လိုတယ်ဆိုရင်တော့
SBBA က ဖွင့်လှစ်ထားတဲ့
Fundamentals of Sales & Marketing: Build Skills For Career & Business Course ရှိနေပါပြီ 📌
#သင်တန်းအသေးစိတ်ကိုဖတ်ရှူရန်အတွက်
https://www.facebook.com/share/p/1C2jYmNZLp/?mibextid=wwXIfr
04/05/2026
Social Proof ဆိုတာဘာလဲ❓
ကုန်ပစ္စည်းရောင်းချရာမှာ Customer တွေကို “ကျွန်တော်တို့ဆီကဝယ်ပါ” လို့ပြောပြီးရောင်းနေတာထက် “အခြားသူတွေကတော့ ကျွန်တော်တို့ Product ဝယ်ပြီး သဘောကျနေကြပါတယ်” ဆိုတာကိုပြပြီး ဆွဲဆောင်တာက ယုံကြည်မှုကိုပိုတည်ဆောက်ပေးနိုင်ပါတယ်။ ဒီလိုမျိုး အခြားသူတွေရဲ့အတွေ့အကြုံ၊ ထောက်ခံချက်၊ အသုံးပြုမှုတွေကိုပြပြီး Customer Trust တိုးစေတဲ့နည်းကို Social Proof လို့ခေါ်ပါတယ်။
ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ဆိုင်ကို သွားမယ်ဆိုရင် လူများတဲ့ဆိုင်ကို ပိုစိတ်ဝင်စားတတ်ကြပါတယ်။ Online မှာ Product ဝယ်မယ်ဆိုရင် Review ကောင်းတဲ့ Product ကိုပိုရွေးတတ်ကြပါတယ်။ ဒါတွေက Social Proof ရဲ့ သဘောတရားတွေပဲဖြစ်ပါတယ်။
Social Proof က Customer Trust ကိုဘာကြောင့်တိုးစေသလဲ❓
Customer အသစ်တစ်ယောက်အနေနဲ့ Brand တစ်ခုကို စသိတဲ့အချိန်မှာ ယုံကြည်ဖို့အတွက်အချိန်လိုပါတယ်။ အဲ့ဒီအချိန်မှာ အရင်ဝယ်ဖူးသူတွေရဲ့ Positive Feedback တွေ၊ Real Customer Photo တွေ၊ Testimonial တွေကိုမြင်ရရင်တော့ Brand အပေါ်အလိုအလျောက်ယုံကြည်မှု ဖြစ်လာပါတယ်။ Brand ကိုယ်တိုင်က ကိုယ့်အကြောင်းကိုယ် ပြောနေတာထက်စာရင် Customer တွေကပြန်ပြောပေးတာက လူတွေကိုပိုယုံကြည်စေပါတယ်။
Business တွေ အသုံးပြုနိုင်တဲ့ Social Proof အမျိုးအစားတွေကတော့…
1️⃣ Customer Review များ
Customer တွေရဲ့ Reviews က Social Proof ထဲမှာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းတစ်ခုပါ။ Customer တွေပြောထားတဲ့ Feedback တွေကို page, Website, TikTok, Instagram စတဲ့ Social Media Platform တွေမှာဖော်ပြရပါမယ်။ Review ကောင်းတွေကို Screenshots အနေနဲ့တင်တာ၊ Post Caption ထဲမှာထည့်တာတွေက Customer အသစ်တွေဆီကယုံကြည်မှုကို အလွယ်တကူရရှိစေပါတယ်။
2️⃣ Testimonial များ
Testimonial ဆိုတာ Customer တစ်ယောက်က ကိုယ့် Product/Service ကြောင့်ဘယ်လိုအကျိုးရှိသွားတယ်ဆိုတာကို အသေးစိတ်ပြောပြထားတဲ့ ထောက်ခံချက်ဖြစ်ပါတယ်။
ဥပမာ - ဒီသင်တန်းတက်ပြီးနောက် Facebook Ads ကို ကိုယ်တိုင် Run တတ်လာပြီး Sale တက်လာပါတယ်” ဆိုတဲ့ Testimonial မျိုးက Customer အသစ်တွေအတွက် အားကောင်းတဲ့ယုံကြည်မှုတစ်ခု ဖြစ်စေပါတယ်။
3️⃣ Before & After Result များ
Service-Based လုပ်ငန်းတွေမှာ Before & After Result ကအရမ်းထိရောက်ပါတယ်။ Beauty Salon, Fitness Coach, Digital Marketing Service, Training Course, Design Service စတဲ့လုပ်ငန်းတွေမှာ ရလဒ်ကိုမြင်သာအောင်ပြနိုင်ရင် Trust တက်စေပါတယ်။ အရေးကြီးတာကတော့ Result ကိုပြတဲ့အခါ Customer ရဲ့ခွင့်ပြုချက်နဲ့သာ သုံးသင့်ပါတယ်။
4️⃣ User-Generated Content
Customer တွေကိုယ်တိုင် Product ကိုသုံးပြီး Photo, Video, Story, Post တင်ထားတာတွေကို User-Generated Content လို့ခေါ်ပါတယ်။ ဒီ Content တွေကို Page မှာ Share ပြန်လုပ်တာက Brand ကိုပိုပြီး Real ဖြစ်စေပါတယ်။
5️⃣ Numbers & Milestones
Customer အရေအတွက်၊ Order အရေအတွက်၊ ကျောင်းသားအရေအတွက် တွေကိုပြတာလည်း Social Proof တစ်မျိုးပဲဖြစ်ပါတယ်။ ဒီလို Number တွေက Brand ရဲ့ Credibility ကိုတိုးစေပါတယ်။
Social Proof ကိုသုံးတဲ့အခါ သတိထားရမယ့်အချက်တွေရှိပါတယ်။
❗️Fake Review မဖန်တီးပါနဲ့။ အစမှာ Trust ရသလိုထင်ရပေမယ့် Customer တွေသိသွားတဲ့အခါ Brand Image ပျက်စီးနိုင်ပါတယ်။
❗️Customer Feedback ကို Edit လုပ်ပြီး အဓိပ္ပါယ်ပြောင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။
❗️နောက်တစ်ခုက Negative Feedback ကိုလုံးဝဖျောက်ပစ်တာထက် Professional ဆန်စွာပြန်ဖြေရှင်းပေးတာကလည်း Trust တိုးစေနိုင်ပါတယ်။ Customer Complaint ကိုဂရုတစိုက်ဖြေရှင်းပေးတဲ့ Brand ကိုလူတွေက ပိုယုံကြည်တတ်ပါတယ်။
Social Proof ဆိုတာ Customer Trust တည်ဆောက်ဖို့ အလွန်အရေးကြီးတဲ့ Marketing Tool တစ်ခုဖြစ်ပါတယ်။ Social Proof တွေကိုသာ မှန်မှန်ကန်ကန်အသုံးပြုနိုင်ရင် Customer အသစ်တွေကကိုယ့် Business ကိုပိုယုံကြည်လာနိုင်ပါတယ်။
Business တစ်ခုအတွက် Customer Trust ဆိုတာ Sales ထက်အရင်လာပါတယ်။ Customer တွေယုံကြည်လာမှ ဝယ်ယူမှု၊ နောက်ထပ်ပြန်ဝယ်မှု၊ Recommendation တွေဆက်ဖြစ်လာမှာပါ။ ဒါကြောင့် Social Proof ကိုအခြေခံကစပြီး စနစ်တကျအသုံးပြုပြီး သင့်လုပ်ငန်းအတွက် ကောင်းစွာအသုံးချနိုင်ပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••
သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။
ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။
စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။
✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4
03/05/2026
စီးပွားရေးလုပ်ငန်းတစ်ခုမှာ ကုန်ကျစရိတ်တက်လာခြင်း၊ ကုန်ကြမ်းပစ္စည်းရှားပါးလာခြင်းနဲ့ ဝန်ဆောင်မှုအရည်အသွေးကို ထပ်မံတိုးမြှင့်ချင်တာတွေကြောင့် Product စျေးတက်ဖို့မဖြစ်မနေလိုအပ်တဲ့အချိန်တွေ ရှိပါတယ်။
Business Owner အများစုဟာ အဲ့လိုစျေးတက်လိုက်တာနဲ့ Customer တွေ လျော့သွားမှာ၊ ရောင်းအားကျသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ Product စျေးတက်တာက ပြဿနာမဟုတ်ပါဘူး။ Product စျေးတက်တဲ့အကြောင်း Customer ကိုဘယ်လိုအသိပေးလဲ၊ ဘယ်လိုတန်ဖိုးပြလဲ၊ ဘယ်လိုအစားထိုး Value ပေးနိုင်လဲဆိုတာက ပိုအရေးကြီးပါတယ်။
1️⃣ ပထမဆုံးအနေနဲ့ စျေးတက်ရတဲ့အကြောင်းရင်းကို ရိုးရိုးသားသားရှင်းပြပါ။ Customer တွေက စျေးတက်တာကိုမကြိုက်ပေမဲ့ အကြောင်းပြချက်ကောင်းကောင်းရှိရင် နားလည်နိုင်ပါတယ်။ အကြောင်းပြချက်ပေးရာမှာလည်း “ကုန်ကြမ်းစရိတ်တက်လာလို့” ဆိုတာထက် “အရည်အသွေးမကျအောင် ထိန်းသိမ်းနိုင်ဖို့” ဆိုတဲ့ Message နဲ့ပြောတာက ပိုထိရောက်ပါတယ်။
2️⃣ ဒုတိယအနေနဲ့ စျေးတက်မယ့်ရက်မတိုင်ခင် ကြိုတင်အသိပေးပါ။ ရုတ်တရက်စျေးတက်လိုက်ရင် Customer တွေက မကျေနပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “ယနေ့မှစပြီးစျေးပြောင်းလဲပါမည်” ဆိုတာထက် “လာမယ့်လကစပြီး စျေးနှုန်းအသစ်ဖြစ်ပါမည်” လို့ ကြိုတင်အသိပေးတာက ပိုယဉ်ကျေးပြီး Brand အပေါ် ယုံကြည်မှုလည်း မပျက်စေပါဘူး။
3️⃣ တတိယအနေနဲ့ Existing Customer တွေကို အထူးခံစားခွင့်ပေးပါ။ ဥပမာ - စျေးဟောင်းနဲ့ နောက်ဆုံးဝယ်ယူခွင့်ပေးတာ၊ Member Customer တွေအတွက် Discount ပေးတာ၊ Bundle Offer ပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါက Customer ကို တန်ဖိုးထားကြောင်း ပြသနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
4️⃣ စတုတ္ထအနေနဲ့ Product ရဲ့ Value ကိုပိုပြီးပြပါ။ စျေးတက်တဲ့အချိန်မှာ Product Feature, Quality, Result, Convenience, After-sales Service တွေကိုပိုပြောဖို့လိုပါတယ်။ Customer က “စျေးတက်သွားတယ်” လို့ပဲမြင်မယ့်အစား “စျေးတက်ပေမဲ့တန်သေးတယ်” လို့မြင်လာအောင် Communication လုပ်နိုင်ရပါမယ်။
5️⃣ နောက်ဆုံးအနေနဲ့ စျေးတက်ပြီးနောက်ပိုင်းမှာ ရရှိလာတဲ့ Customer Feedback ကိုသေချာနားထောင်ပါ။ ဘယ် Product တွေမှာရောင်းအားကျသွားလဲ၊ ဘယ် Customer Segment ကပိုထိခိုက်လဲ၊ ဘယ် Offer က ပိုအလုပ်ဖြစ်လဲဆိုတာကိုစောင့်ကြည့်ပြီး ပြန်ညှိဖို့လိုပါတယ်။
စျေးတက်တာက Customer လျော့စေတဲ့အကြောင်းရင်းမဟုတ်ပါဘူး။ Communication မကောင်းတာ၊ Value မပြနိုင်တာ၊ Customer ကိုစိတ်ကျေနပ်အောင် မပြင်ဆင်ပေးတာတွေကြောင့်သာ ရောင်းအားကျနိုင်တာဖြစ်ပါတယ်။ အဓိကသော့ချက်ကတော့ Product စျေးနှုန်းကိုပဲမတက်ပါနဲ့။ တက်စျေးနဲအတူ Product တန်ဖိုး၊ ယုံကြည်မှုနဲ့ Customer Experience ကိုပါတစ်ပြိုင်နက်တည်း မြှင့်တင်ဖို့လိုအပ်ပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••
သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။
ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။
စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။
✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4
02/05/2026
သင့် Career ကို နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပြီလား? 🚀
အလုပ်မှာကြိုးစားနေပေမဲ့ ရာထူးတိုးဖို့အခွင့်အရေးမရသေးတာ၊ Team ကိုဦးဆောင်တဲ့အခါ Confidence မပြည့်တာ၊ Decision ချတဲ့အခါ မိမိဆုံးဖြတ်ချက်ကမသေချာတာမျိုးတွေ ကြုံနေရပါသလား❓
❗️ဒါတွေက သင့်မှာအရည်အချင်းမရှိလို့ မဟုတ်ပါဘူး။
မှန်ကန်တဲ့ Management Skill, Leadership Mindset နဲ့ Business Decision-Making System တွေကို တတ်မြောက်လိုအပ်နေတာဖြစ်ပါတယ် ❗️✅
အဆိုပါ Skill တွေကို လက်တွေ့အသုံးချနိုင်တဲ့အဆင့်အထိ သင်ယူချင်သူတွေအတွက် SBBA ရဲ့
🎓 Professional Business Management Training (Online – 2nd Batch) ကိုဖွင့်လှစ်ထားပါတယ်ရှင့်။
ဒီသင်တန်းတက်ပြီးနောက်မှာ
✔️ Business Management အပိုင်းကို ကျွမ်းကျင်လာခြင်း၊
✔️ မိမိ Team ကိုပိုမိုယုံကြည်မှုရှိရှိ ဦးဆောင်နိုင်လာခြင်း၊
✔️ Business Decision တွေကို Data & System များအပေါ်အခြေပြု ချမှတ်နိုင်လာခြင်းနဲ့
✔️ ကိုယ်ပိုင် Business ကိုစနစ်တကျ စတင်/ချဲ့ထွင်နိုင်လာခြင်း စတဲ့အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ်ပါတယ်ရှင့်။
🧑🏻🏫 MBA (UK) ဘွဲ့ရ Experienced Trainer ကိုယ်တိုင်လက်တွေ့အတွေ့အကြုံများနဲ့ အသေးစိတ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
🗓️ Course Details
📍 Duration – 10 Weeks
📍 Zoom Discussions + Recorded Lectures
👉 အချိန်မရွေး ပြန်လည်လေ့လာနိုင်တဲ့ သင်ကြားမှုပုံစံဖြစ်လို့ အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက်နဲ့အတူ လေ့လာချင်သူများအတွက် အထူးသင့်တော်ပါတယ်။
🔥 ပထမဦးဆုံးအပ်နှံသူ ၅ ဦးအတွက် Promotion Fee အနေနဲ့
🔥ပုံမှန်သင်တန်းကြေးထက် 40% OFF သက်သာစွာတက်ရောက်ခွှင့်ကို ရရှိမှာဖြစ်ပါတယ်။
🎁 Exclusive Bonus များအနေနဲ့
✔️ Entrepreneur Mindset & Growth Journey Training (Webinar)
✔️ 30+ Ready-to-use Business Templates
✔️ Lecture Notes Soft Copy Free Download
များပါဝင်မှာဖြစ်ပါတယ်ရှင့်။
📩 Registration နှင့် တခြားသိလိုသည်များအတွက်
Sterling Burma Business Academy Page Chat Box သို့ “BM” လို့ရိုက်ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
01/05/2026
2026 ခုနှစ် မေလ 1 ရက်နေ့တွင်ကျရောက်သော 👷♂️🌍
“အလုပ်သမားနေ့အား Sterling Burma Business Academy မှ 🏫
ကြိုဆိုဂုဏ်ပြုလိုက်ပါသည် 💼🛠️
29/04/2026
ယနေ့ခေတ်လုပ်ငန်းခွင်မှာ Manager တစ်ယောက်အနေနဲ့ အောင်မြင်ဖို့ဆိုရင် “Command & Control “ Style ကနေ “Coach & Develop” Style ကိုပြောင်းလဲအသုံးချဖို့ အရေးကြီးလာပါတယ်။ Coaching Skills က ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးသလို လုပ်ငန်းခွင်အတွင်း Motivation ကိုလည်းတိုးတက်စေပါတယ်။
🔑 Coaching Skills ဆိုတာဘာလဲ။
Coaching ဆိုတာဟာ Team Member တွေကို အမိန့်ပေးခြင်းမဟုတ်ပဲ သူတို့ကိုယ်တိုင်အဖြေရှာနိုင်အောင် လမ်းညွှန်ပေးတဲ့ Process တစ်ခုဖြစ်ပါတယ်။ Manager က Mentor, Supporter, Facilitator တစ်ဦးအဖြစ်ပါဝင်ရပါတယ်။
Manager တစ်ယောက်အတွက် အရေးကြီးတဲ့ Coaching Skills တွေကတော့ ▪️▪️▪️
1️⃣ Active Listening (တက်ကြွစွာနားထောင်ခြင်း)
Team Member တွေပြောတဲ့အရာကို သေချာနားထောင်ပေးပြီး သူတို့ရဲ့လိုအပ်ချက်နဲ့ စိုးရိမ်မှုတွေကို နားလည်ပေးနိုင်ဖို့ အရေးကြီးပါတယ်။
2️⃣ Powerful Questioning (ထိရောက်တဲ့မေးခွန်းများ)
ဝန်ထမ်းတွေရဲ့ပြဿနာကို တိုက်ရိုက်ရှင်းပေးမဲ့အစား
“ဒီပြဿနာကို မင်းဘယ်လိုဖြေရှင်းချင်လဲ” ဆိုတဲ့ မေးခွန်းတွေက သူတို့ရဲ့တွေးခေါ်မှုစွမ်းရည်ကို ဖွံ့ဖြိုးစေပါတယ်။
3️⃣ Constructive Feedback (တည်ဆောက်မှုရှိတဲ့ Feedback)
ဝန်ထမ်းများက Feedback ပေးတဲ့အခါ ဝေဖန်မှုမလုပ်ပဲ ပိုမိုတိုးတက်နိုင်အောင်ပဲ လမ်းညွှန်ပေးပါ။
4️⃣ Empathy (နားလည်ခံစားပေးနိုင်မှု)
ဝန်ထမ်းတွေရဲ့ခံစားချက်ကို နားလည်ပြီး Support ပေးနိုင်ရင် လုပ်ငန်းခွင်အတွင်း ယုံကြည်မှုတည်ဆောက်နိုင်ပါတယ်။
5️⃣ Goal Setting (ရည်မှန်းချက်သတ်မှတ်ခြင်း)
Clear Goals တွေသတ်မှတ်ပေးပြီး ဝန်ထမ်းတွေအမှန်တကယ် လုပ်နိုင်၊မလုပ်နိုင်ဆိုတာကို Follow-Up လုပ်ပေးခြင်းက လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။
Manager တစ်ယောက်အနေနဲ့ Coaching Skills ကို အသုံးချနိုင်ရင် Team ကို ထိန်းချုပ်နိုင်ရုံသာမကပဲ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လမ်းညွှန်ပေးနိုင်ပါတယ်။ အောင်မြင်တဲ့ Organization တိုင်းမှာတော့ “Great Managers = Great Coaches” ဆိုတာ မဖြစ်မနေပါဝင်နေပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••
သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။
ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။
စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။
✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4