Frappe ERPNext Myanmar

Frappe ERPNext Myanmar Frappe Knowledge Sharing

"ကျနော်နဲ့ ERP သို့မဟုတ် SI ခရီး"အခန်း - ၂📖 အခန်း (၂) – Brief History of Frappeအခု ဒီအခန်း ၂ မှာ Frappe Framework ဘယ်လို...
24/09/2025

"ကျနော်နဲ့ ERP သို့မဟုတ် SI ခရီး"
အခန်း - ၂

📖 အခန်း (၂) – Brief History of Frappe
အခု ဒီအခန်း ၂ မှာ Frappe Framework ဘယ်လို ဖြစ်ပေါ်လာသလဲဆိုတာကနေ အရင် စတင်ပါမယ်...

🕰️2010 ခုနှစ်ဝန်းကျင်
Frappe တည်ထောင်သူတွေက ERP System တခုကို PHP နဲ့ စလုပ်ခဲ့ကြတယ်... အဲ့နောက်ပိုင်း Python - Django အတွဲကို သဘောကျပြီး Frappe ကို ဖန်တီးကြတာ ဖြစ်တယ်... သူတို့က ဘယ်လို တွေးသလဲဆိုတော့ WordPress ရဲ့ အလုပ်လုပ်ပုံကို သဘောကျတဲ့အတွက် WordPress for Business Apps ဆိုတဲ့ Concept မျိုးကို အတွေးရကြတယ်...

သူတို့ရဲ့ အစပိုင်း လုပ်ပုံက ရိုးရှင်းပါတယ်...
- Web UI ကနေ WordPress က Post Type လိုပဲ Doctype ဆိုတာတွေကို ဖန်တီးနိုင်မယ်...
- Coding အများကြီး မလိုပဲ Metadata နဲ့ပဲ Form(UI),Table,API တွေ တခါတည်း အလုပ်လုပ်နိုင်မယ်...
- Website ရော Admin Panel ရော နှစ်မျိုးလုံး ပါမယ်

ဆိုတော့ 2011 မှာ ERPNext ကို Release လုပ်ပါတယ်... ERP software for SMEs ဆိုပါတော့... ဒီနေရာမှာ နည်းနည်း သိစေချင်တာက ERPNext(One of the Apps) သုံးနိုင်ဖို့ Frappe Framework ဆိုတာကို လိုအပ်ပါတယ်...
ဒါက Frappe Framework နဲ့ ERPNext ဘယ်လို စတင်ခဲ့လဲဆိုတဲ့ Brief History of Frappe ဖြစ်ပါတယ်...

🏗️ Frappe Framework Structure
Frappe Framework ရဲ့ Structure ကို ဆက် ပြောလိုက်ပါမယ်... မပြောခင် Frappe ဟာ Developer တွေ ကိုယ်တိုင် လိုက်လုပ်နိုင်ဖို့အတွက် စာတွေရေးပြရုံနဲ့ အဆင်မပြေတော့ပါဘူး... ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်က Video တွေထဲမှာ ကိုယ်မျက်နှာကြီး ကိုယ်ပြန်ကြည့်ရတာ စိတ်အဆင်မပြေဘူး Camera ကြောက်တယ်ပေါ့ဗျာ... စာရေးရတာကိုပဲ ပိုကြိုက်ပါတယ်... အခုတော့ အထက်က ပြောခဲ့တဲ့ အခြေအနေတွေကြောင့် ကျနော် Video အခန်းဆက်လေးတွေ လုပ်ပေးပါမယ်... ကျနော်တို့က Developer မဟုတ်ဘူး User တွေ အသုံးပြုသူတွေ အတွက်လည်း သက်တောင့် သက်သာ လိုက်ကြည့်လို့ ရမယ့် Video လေးတွေလည်း လုပ်ပေးပါမယ်... ok ဆက်လိုက်ကြရအောင်...

1️⃣ Bench (Manager)
ဒီကောင်က Frappe ကို run နိုင်တယ်... အသစ်အသစ်တွေ တည်ဆောက်နိုင်တယ်...စသဖြင့် အကုန်လုံးလိုလို Manage လုပ်နိုင်တဲ့ Main Command Tool တခုပဲ...

2️⃣ Site (Database + Setup)
site တခုဆိုတာ လွယ်လွယ်ပြောရရင် Project တခုပဲ... အဲ့ Project ကို DB တလုံးနဲ့ ချိတ်ထားတယ်...
site ထဲမှာ အဓိကအားဖြင့်
⚙️site_config.json (Redis Config,DB Config)
📄 app.txt - ဒီ site ထဲမှာ install လုပ်ထားတဲ့ App list
📂private/public - Storage Data တွေ သိမ်းနိုင်ဖို့ အတွက်

3️⃣ App (Modules + Business Logic)
App တွေဆိုတဲ့နေရာမှာ ကိုယ်တိုင် Custom App တွေလည်း တည်ဆောက်နိုင်သလို ရှိပြီးသားတွေကိုလည်း install လုပ်နိုင်တယ်... အခန်း ၁ တုန်းက ပြောခဲ့တဲ့ App မျိုးတွေပေါ့...
App ထဲမှာကတော့...
⚙️ config
🗂️ doctype
🧩 module
🎨 public (css, js, …)
📝 templates (Jinja2)
🔄 patches (DB scripts
ဒီလို Directory တွေ ပါတယ်...

4️⃣ Doctype (Model)
OOP မှာဆို Everything is object. ဆိုတဲ့ သဘောတရား တခု ရှိတယ်... Frappe မှာတော့ Everything is doctype. ဆိုပါတော့...
ဒီ doctype တခုချင်းစီက သက်ဆိုင်ရာ အလိုက် Model+Tabel+Form(UI) ကို auto-generate လုပ်ပေးတယ်...
- .json (DB Scheme)
- .js (Frontend)
- .py (Backend)

5️⃣ Database (MariaDB/MySQL)
Doctype တခုစီတိုင်းအတွက် သက်ဆိုင်ရာ Table တလုံးစီ ရှိတယ်... Query ပိုင်းကတော့ ကိုယ် လည်သလို ရေးပဲ...

6️⃣ Redis (Caching,Queue,SocketIO)
Title မှာ ပါတဲ့ Instance တွေကို သုံးပါတယ်..
- Cache
- Queue (Background Jobs. E.g Email Send)
- SocketIO (Realtime. E.g Chat/Comment/Noti)

ကျန်တဲ့အရာတွေ ရှိသေးပေမယ့် ဒီလောက် Structure ကို သိရင် ကျနော်တို့ ဆက်လုပ်ဖို့ အဆင်ပြေပါပြီ... သာမန် အသုံးပြုသူတွေကတော့ သိဖို့ မလိုပေမယ့် Customer တွေဆိုတာက လုပ်ငန်းချင်းတူရင်တောင် လုပ်ငန်းခွင် Standard Procedures တွေက မတူကြဘူး... ဒီတော့ Customization ကောင်းကောင်းလုပ်နိုင်ဖို့ လိုတယ်... ဒါမှ Customer စိတ်ကြိုက်ဖြစ်ပြီး Customer အတွက်လည်း ဒီ Software သုံးရတဲ့ Effective ကို ပိုပြီး မြင်သာစေမယ်...

👨‍💻 Developer တွေအနေနဲ့ အများကြီး မဟုတ်ရင်တောင် အတော်အသင့်လောက်တော့ သိထားရမယ့် Skill တွေ
🌐 HTML, CSS, JS
🖥️ Python
🗄️ MariaDB / MySQL
💻 Unix Commands
🔗 JSON (Serialization)

အရေးအကြီးဆုံး သိရမှာက Business Logic ပဲ Customer ဘာလိုချင်နေတာလဲ ... ဒါမှမဟုတ် မိမိကိုယ်တိုင် ဘာလိုချင်နေတာလဲ ဆိုတဲ့ အချက်က အရေးအကြီးဆုံး ဖြစ်ပါတယ်...

စာအဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...
"ကျနော်နဲ့ ERP သို့မဟုတ် SI ခရီး"
အခန်း - ၃ မှာ ပြန်ဆုံကြမယ်ခင်ဗျ...



"ကျနော်နဲ့ ERP သို့မဟုတ် SI ခရီး"အခန်း - ၁ပထမဆုံး အခက်အခဲလေးနဲ့ပက်သက်ပြီး အရင် စတင် လိုက်တာ ကောင်းမယ်... 2021 နှစ်လည်ပို...
24/09/2025

"ကျနော်နဲ့ ERP သို့မဟုတ် SI ခရီး"
အခန်း - ၁

ပထမဆုံး အခက်အခဲလေးနဲ့ပက်သက်ပြီး အရင် စတင် လိုက်တာ ကောင်းမယ်...

2021 နှစ်လည်ပိုင်းလောက်မှာ အရင် ကျနော်တို့ အလုပ်အတူတွဲလုပ်ဖူးတဲ့ အကိုကြီး တယောက်က ကျနော့်ကို သူတို့ Business Development တခု လုပ်နေကြောင်းပြောတယ်... ထွန်းသိန်းဝင်း ပါပေးမလားလို့ မေးတယ်... သူတို့ လုပ်မယ့် အလုပ်အတွက် Developer ရှိမှ ရမှာမို့ ကျနော့်ကို offer လုပ်တော့ ကျနော် ပါဖြစ်သွားတယ်ဆိုပါတော့...

ကျနော် C #.NET ပဲ စောက်ချ လုပ်နေရာကနေ Python ကို တိတ်တိတ်လေး ကူးခဲ့ရတယ်... ဆိုပါတော့ Linux, Python, MariaDb, Redis စတာတွေကို လုပ်ရတယ်... ခက်ခဲပါတယ်... ခေါက်ရိုးကျိုးပြီးသား လမ်းပေါ်လျှောက်နေရာကနေ အခြားတဖက်ကို ပြောင်းတာ ထင်သလောက်တော့ မလွယ်ဘူး...

ဒီလိုနဲ့ Team က ကျနော့်ကို Framework တခု နဲ့ မိတ်ဆက်ပေးတယ်... ဘယ်လောက်တောင် စိတ်ရှုပ်ရလဲဆိုတော့ setup လုပ်တာတောင် အတော် အပေါက်အလမ်း မတည့်ပါဘူး... အတော် အဆင့်များတာပါ...

နောက်ဆုံးကျနော် setup ရသွားတော့မှ ကိစ္စတခုကို မြင်လာတယ်... ဘာလဲဆိုတော့ App ထဲရောက်ပြီး စသုံးကြည့်မှ ကျနော် ဘယ်လိုမှ မသုံးတတ်ဘူးဆိုတာ မြင်လိုက်ရတယ်...

ဒီလိုနဲ့ ကျနော်လည်း လေ့လာနေတုန်းပဲ ရှိသေးတဲ့ အချိန်ပေါ့... တရက်မှာ ဆေး
ရုံအတွက် ဒီ App နဲ့ ပက်သက်ပြီး Appointment ရတော့ သွားပြီး ပြကြတာပေါ့... ကျနော်တို့ အဆင်မပြေခဲ့ဘူးလို့ပဲ ဒဲ့ ပြောရမှာပဲ...
နောက်သိပ်မကြာဘူး... သူတို့နဲ့ ကျနော် ဆက်မလုပ်ဖြစ်တော့ဘူး... အဲ့ Framework ကြီးလည်း ဒီတိုင်း ခေါက်သိမ်းခဲ့လိုက်တာ... 2024 ထိပဲ...

အဲ့ Framework က အတော်ကောင်းတာ ကျနော် စတွေ့ကတည်းက သိတယ်... ဒါပေမယ့် Developer တွေအဖို့ လေ့လာရင် ပြဿနာ မရှိပေမယ့်... တကယ် ရောင်းထွက်ဖို့ က Developer တွေပေါ် များများစားစား မှီခိုမှု မရှိဘူး... Income ရဖို့ ရောင်းထွက်ဖို့က Requirements Study, Sales နဲ့ Accounting ကို ကောင်းကောင်းနားလည်တဲ့သူတွေ ရှိမှ အဆင်ပြေမှာ...

ပြောချင်တာက ကျနော် မလုပ်ဖြစ်တော့တဲ့ Team မှာ Accounting သိတာ တယောက်မှ မရှိဘူး.... ကျနော်လည်း မသိဘူး... ဒါပေမယ့် ကျနော်က Developer ဆိုတော့ အဲ့လောက် အရေးမကြီးဘူး...

2024 မှာ ကျနော် အဲ့ Framework ကို ပြန်စ လုပ်ခဲ့တယ်... အားလပ်တဲ့ အချိန်တွေကို အဲ့အပေါ်မှာ ဖြုန်းခဲ့တယ်... ပထမ တခေါက် ကျနော် quit လုပ်လာတဲ့ အချိန်မှာ အားနည်းချက်တွေကို ကျနော် Analysis လုပ်ပြီး အဲ့ဒါတွေကို ရသလောက် ဖြည့်တယ်..

ဒီလောက်ဆိုရင် အခက်အခဲတွေ ကို မြင်သွားပြီ ထင်တယ်... ခုမှ အဲ့ Framework အကြောင်းကို မိတ်ဆက်ပေးမှာ...

Framework ရဲ့ နာမည်က Frappe (ကျနော်ကတော့ ဖရက်ပေး) လို့ ခေါ်တယ်... အနီးစပ်ဆုံး နာမည်ကြီးတာ တခုခု နဲ့ Compare လုပ်ရမယ်ဆို Odoo ကဲ့သို့သော Framework တခုလို့ မြင်ကြည့်လို့ရတယ်...

ဒီ Frappe ကို တိတ်တိတ်လေး လုပ်နေကြတဲ့သူတွေ မြန်မာပြည်မှာ ရှိနေတယ်... ဒါသေချာတယ်... Public ကို ချပြပြီး လုပ်နေကြတဲ့သူတွေလည်း ရှိတယ်... ဘယ်လို ရည်ရွယ်ချက်တွေကြောင့် ခုလို ဖြစ်နေကြတာလဲတော့ ကျနော် မပြောတတ်ပါဘူး...

Frappe က Opensource Framework တခု ဖြစ်ပါတယ်... အတော်ကောင်းတာက သူ့ရဲ့ ERPNext ပါ... ERP တွေ အတော် ဈေးကြီးကြတာ သိကြမှာပါ... Frappe ERPNext သုံးရင် 80% လောက် သက်သာတယ်... ERP ဆိုတဲ့ အတိုင်းပဲ App မျိုးစုံနဲ့ Integrate လုပ်ဖို့ အသင့် တည်ဆောက်ပြီးသားတွေ ရှိတယ်...

- ERPNext
- HRMS & Payroll
- Healthcare
- Manufacturing
- Trading
- POS
- Sales
- CRM
- Learning
- Education
- Loan Management
- Books
- Gameplan
- Insight

စသဖြင့် system အများကြီးကို integrate လုပ်ပြီး အသုံးပြုနိုင်တယ်... ကျန်တာတွေလည်း ရှိသေးတဲ့ အပြင် Frappe Framework ပေါ်မှာ ကိုယ်တိုင် စိတ်ကြိုက် App တွေ တည်ဆောက်ပြီး Integrate လုပ်နိင်သေးတယ်...
အခြား Framework တွေနဲ့ Compare အနည်းငယ် လုပ်ပြချင်ပါတယ်... ဒီလိုလုပ်ခြင်းက ရွေးချယ်နိုင်ဖို့ ဖြစ်တယ်... ကောင်းတယ် မကောင်းဘူး သတ်မှတ်ခြင်း မဟုတ်ပါ...

ERP လို့ ပြောရင် SAP, Odoo စတဲ့ ERP တွေက လူအများသိပြီး ဖြစ်သလို Community လည်း အတော် ကြီးထွားပါတယ်... ငွေကြေးအလုံးအရင်း အသုံးပြုနိုင်တဲ့ လုပ်ငန်းကြီးတွေကတော့ SAP, Odoo စတာတွေကို ရွေးချယ် သုံးနေကြပါတယ်...

ခက်တာက ကြားထဲမှာ ရှိနေတဲ့ SME တွေပါ... သူတို့အတွက် ကူဖော်လောင်ဖက် မဲ့နေတာပါ... သူတို့ ရင်ဆိုင်နေရတာက Pricing Plan တွေပါ... အင်မတန် ဈေးကြီးပါတယ်... e.g SME လုပ်ငန်း တခုမှာ အသုံးပြုသူ User က 20 Persons ရှိရင် User Account 20 units စာ ပေးရတာပါ... တလ တလကို... Frappe ERPNext မှာ အဲ့လို မရှိဘူး...

နောက်တခုက Subscription Plan အရ အချို့ App တွေက ဘယ် Plan ယူမှ ရမယ်ဆိုတာမျိုး ရှိပါတယ်... Frappe ERPNext မှာ Out of the box ပါလာတဲ့ ရှိနေတဲ့ App ကြိုက်တာ ယူသုံးပါ... Free ပါပဲ...

နောက်တခုက မိမိတို့ လုပ်ငန်းပေါ်မူတည်ပြီး Customization လုပ်ချင်ရင် အချို့ Framework တွေက အဆင်မပြေတာလေးတွေ ရှိပေမယ့်... Frappe မှာ တော့ Customization ကြိုက်သလို လုပ်နိုင်တယ်... Developer Team ရှိဖို့ပဲ လိုတယ်...

ဒီလောက်ပဲ Compare လုပ်ပါရစေ...

နောက် Post ကျရင် Frappe Developmentအတွက် ဘာတွေ ပြင်ဆင်ရမလဲ တခုချင်းစီရဲ့ အကြောင်းလေးတွေ ဆက်ပြီး Sharing လုပ်သွားပေးပါမယ်လို့ ပြောရင်း...

ကျနော့်ရဲ့ "ကျနော်နဲ့ ERP သို့မဟုတ် SI ခရီး" အခန်း - ၁ မှ နှုတ်ဆက်လိုက်ပါတယ်ခင်ဗျား...



Address

Yangon
13031

Website

Alerts

Be the first to know and let us send you an email when Frappe ERPNext Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category