KAWI

KAWI

Share

Live Kawitively.

Photos from KAWI's post 16/03/2026

အလွင့်မှာ ဘယ်လိုလွင့်ခဲ့ကြလဲ...

ပြီးခဲ့တဲ့ရက်တွေမှာ မန္တလေးက KAWI ရဲ့ ဘော်ဒါတွေစုပြီး ပုံစံခွက် နေ့စဥ်ဘဝကြီးထဲကနေ ခဏလောက် လွင့်ထွက်ခဲ့ကြတယ်။ အလွင့်က ရိုးရိုးသင်တန်းတွေလို ထိုင်နားထောင်နေရုံတင်မဟုတ်ဘဲ Studio တစ်ခုလို၊ Lab တစ်ခုလိုမျိုး ကိုယ့်ဘဝကို လွင့်မျောရင်း ရှာဖွေခဲ့ကြတာပါ။ အလွင့်ရဲ့ လှုပ်ရှားမှုလေးတွေမှာ ဓာတ်ဖမ်းခဲ့သမျှထဲကနေ ကောင်းနိုးရာရာလေးတွေ ပြန်မျှဝေပေးလိုက်ပါတယ်။

ပတ်ဝန်းကျင်ကို ခံစားခြင်း - မျက်စိနဲ့ကြည့်ရုံတင်မဟုတ်ဘဲ Environmental Soundscaping နဲ့ Scent Walking တွေလုပ်ပြီး ပတ်ဝန်းကျင်ကို အာရုံခံစားခဲ့ကြတယ်။

မြို့ပြစူးစမ်းလေ့လာရေး - နန်းရှေ့စျေးကနေ အမျိုးသားကဇာတ်ရုံအထိ မန္တလေးမြို့ရဲ့ နေရာအနှံ့ကို သွားပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်ရင်း မြို့ပြလူနေမှုဘဝတွေကို စူးစမ်းခဲ့ကြတယ်။

“ပညာတတ်" ဆိုတဲ့ အဓိပ္ပာယ် - ပညာတတ်ဆိုတာ ဘာလဲဆိုတာကို နက်နက်နဲနဲ ဆွေးနွေးခဲ့ကြသလို၊ AI အကြောင်းကိုလည်း Teachable Machine Learning နဲ့ လက်တွေ့ စမ်းသပ်ကြည့်ခဲ့ကြတယ်။

ကိုယ်ပိုင်လက္ခဏာကို ရှာဖွေခြင်း - Labor Auction နဲ့ Intersectionality Walk လို လှုပ်ရှားမှုတွေကနေ လူ့အဖွဲ့အစည်းကြားထဲမှာ ကိုယ့်ရဲ့ အမှတ်သရုပ်လက္ခဏာ၊ တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိတဲ့ အလုပ်ဆိုတာ ဘာလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။

အကြိုက်ဆုံး အပိုင်းတွေဖြစ်တဲ့ ရွှံ့စေးလက်မှုအနုပညာ (Claymaking) နဲ့ နောက်ဆုံးနေ့ Exhibition ပုံရိပ်တွေကိုတော့ နောက်အပတ်ထဲမှာ တင်ပေးသွားမှာမို့ စောင့်ကြည့်ပေးကြပါဦးနော်! 😉

How did we "drift" at Ah Lwint?

Over the past few days, the KAWI crew in Mandalay gathered to break free from the "daily mold" of conventional paths. Ah Lwint wasn't just a regular workshop where you sit and listen; it was a mix of a studio and a lab where we explored and "drifted" to find our own purpose. Here are some of our favorite captured moments from the journey:

Sensing the Environment: We did more than just look; we truly felt our surroundings through Environmental Soundscaping and Scent Walking.
Urban Exploration: From Nan Shay Market to the National Theatre, we explored various spots in Mandalay, documenting urban life through photos and videos.
Redefining "Educated": We had deep discussions about what it really means to be "educated" and got hands-on with AI through Teachable Machine Learning to see how it actually works.
Discovering Identity: Through activities like the Labor Auction and Intersectionality Walk, we explored our personal identities, values, and what meaningful work looks like within our society.

Stay tuned! We’ll be sharing photos of our favorite parts—the Claymaking and the final day Exhibition—next week! 😉

Photos from KAWI's post 06/03/2026

ပုံစံခွက်တွေထဲကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှာဖွေခဲ့ကြတဲ့ (၄) ရက်တာ "Ah Lwint" ခရီးစဥ်ကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီနော်!

(၄) ရက်တိုင်တိုင် ပျော်ပျော်ပါးပါးနဲ့ တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ မိမိကိုယ်မိမိ ပြန်လည်ရှာဖွေတာတွေ၊ မြို့ပြလေ့လာရေး၊ AI အကြောင်းတွေကနေ ကိုယ်ပိုင်လမ်းကြောင်း Exhibition အထိ အားလုံးရဲ့ Energy တွေနဲ့ ဖန်တီးမှုတွေက တကယ်ကို အမိုက်စားပါပဲ။

ဒီ ၄ ရက်တာအတွင်းမှာ အတူတူဖန်တီးဖြစ်ခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်လေးတွေနဲ့ ပါဝင်သူတွေရဲ့ ရင်တွင်းစကားသံလေးတွေ ကို လာမယ့် အပတ်တွေအတွင်းမှာ Page ကနေ ဆက်တိုက် မျှဝေပေးသွားမှာမို့ စောင့်ကြည့်ကြဖို့ မမေ့နဲ့ဦးနော်...

အားလုံးပဲ နောက်ထပ် အစီအစဉ်တွေမှာ ပြန်တွေ့ကြမယ်!

The 4-day "Ah Lwint" journey—where we broke out of the mold and rediscovered ourselves—has successfully come to an end!

A huge thank you to all the friends who joined in with such fun and active participation throughout the four days. From self-discovery, urban exploration, and learning about AI, all the way to the Personal Path Exhibition, everyone's energy and creativity were absolutely amazing!

In the coming weeks, we will be continuously sharing the memorable photos we created together over these 4 days, along with the heartfelt reflections from our participants right here on the Page. So, don't forget to stay tuned...

See you all at our next events!

17/02/2026

လေးရက်တာလွင့်ခြင်းရဲ့ မယ်လိုဒီများ

လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေကြားမှာ ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေပြီး၊ ပုံစံခွက်ထဲကနေ ရုန်းထွက်ချင်တဲ့ လူငယ်တွေအတွက် "Ah Lwint” Workshop & Exhibition လာပါပြီ။

ရက်သတ္တပတ် (၂) ပတ်၊ အပတ်စဥ် စနေ၊တနင်္ဂနွေ စုစုပေါင်း (၄) ရက်တာကာလအတွင်းမှာ ဘာတွေ အတူတူလုပ်ကြမလဲ?

Day 1: မိမိကိုယ်မိမိ သိနားလည်ခြင်း (Self-Discovery)
"ပညာတတ်ဆိုတာ ဘာလဲ?" ဆိုတာကို အတူတူ ဆွေးနွေး အဖြေရှာကြမယ်။ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေ၊ လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေကို ကုစားဖို့ "Exquisite Co**se" လို့ခေါ်တဲ့ စာရေးလေ့ကျင့်ခန်းတွေ လုပ်မယ်။ Environment နဲ့ ပတ်သက်တဲ့ Soundscape, Smellscape Presentation တွေ လုပ်ကြမယ်။

Day 2: လက်ရှိအခြေအနေနှင့် တွေးခေါ်မှုပုံစံသစ်များ (Thinking & Possibilities)
Ways of Thinking (WoT) နဲ့ Sensing the Elephant လိုမျိုး လှုပ်ရှားမှုတွေကနေတဆင့် သိပ္ပံနည်းကျ/သိပ္ပံနည်းကျမဟုတ်တဲ့ တွေးခေါ်မှုတွေကို လေ့လာမယ်။ Multimedia Urban Exploration နဲ့ မှတ်တမ်းတင်ခြင်းတွေ လုပ်မယ်။ AI ဆိုတာ ဘာလဲ? Machine Learning က ဘယ်လိုအလုပ်လုပ်လဲဆိုတာကို လက်တွေ့ (Practical Demo) နဲ့တကွ လေ့လာကြမယ်။

Day 3: ကိုယ်ပိုင်လမ်းကြောင်း ရှာဖွေခြင်း (Personal Path)
Labour Auction (လုပ်အားလေလံပွဲ) နဲ့ Intersectionality Walk လှုပ်ရှားမှုတွေမှာ ပါဝင်ကြမယ်။ Claymaking (ရွှံ့ရုပ်လုပ်ခြင်း) အစီအစဉ်လည်း ပါဝင်ပါတယ်။

Day 4: ကိုယ်ပိုင်လမ်းကြောင်း ပြခန်း (Personal Path Exhibition)
(၄) ရက်တာ လေ့လာတွေ့ရှိချက်တွေကို သူငယ်ချင်းမိတ်ဆွေနဲ့ မိသားစုတွေကို ပြသမယ့် Exhibition ပြပွဲ ပြုလုပ်မယ်။

နေရာ: မုဒိတာ, ဖောင်တော်ဦးကျောင်း၊ နန်းရှေ့၊ ဖောင်တော်ဦးကျောင်း
ရက်စွဲ: ဖေဖော်ဝါရီ ၂၁,၂၂, ၂၈ ၊ မတ် ၁ (စနေ၊ တနင်္ဂနွေ)
အချိန်: မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ

စိတ်ဝင်စားတယ်ဆိုရင် စာရင်းသွင်းဖို့ registration link ကို comment မှာယူနော်။

Melodies of a Four-Day Ah-lwint

For youths who want to break free from the mold and rediscover the "self" that has been lost amidst the standards set by society, the "Ah Lwint" Workshop & Exhibition is here!

What will we do together over the course of 4 days, spanning two weekends?

Day 1: Self-Discovery We will discuss and find answers together to the question: "What does it mean to be educated?" To heal our traumas and the expectations of society, we will do writing exercises called "Exquisite Co**se." (For example: creating fictional stories about an alien's perspective, or humans becoming robotic, etc.). We will also present Soundscapes and Smellscapes related to the Environment.

Day 2: Current Situation & New Ways of Thinking (Thinking & Possibilities) Through activities like Ways of Thinking (WoT) and Sensing the Elephant, we will study scientific and non-scientific thinking. We will engage in Multimedia Urban Exploration and documentation. What is AI? We will learn how Machine Learning works through a practical demo.

Day 3: Finding Your Personal Path We will participate in activities like a Labour Auction and an Intersectionality Walk. A Claymaking session is also included.

Day 4: Personal Path Exhibition We will hold an Exhibition to showcase our findings from the 4 days to friends and family.

Location: Mudita Hall, Phaung Daw Oo School, Nan Shae, Mandalay
Dates: February 21, 22, 28 & March 1 (Saturdays & Sundays)
Time: 9:00 AM to 4:00 PM

If you are interested, please check the comments for the registration link!

09/02/2026

မန္တလေးမှာလုပ်မယ့် Ah-Lwint Workshop & Exhibition (အလွင့်) အကြောင်း သိပြီးပြီလား???

စာတွေ အလွတ်ကျက်ပြီး ခေါင်းထဲထည့်ထားရတာတွေများလို့ မွန်းကြပ်နေပြီလား။ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ "အောင်မြင်မှု" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားနေရလား။
ဒါဆိုရင်တော့ Ah-Lwint Workshop & Exhibition ကသင့်အတွက်ပါပဲ။

KAWI ရဲ့ "အလွင့်" အစီအစဉ်က သင့်ကို စိတ်ဓာတ်ကျစေမယ့်၊ စိတ်ပင်ပန်းစေမယ့် သင်တန်းမျိုး မဟုတ်ပါဘူး။ ဦးနှောက်ခြောက်စရာ သင်ခန်းစာတွေကို အလွတ်ကျက်ခိုင်းမှာလည်း မဟုတ်ပါဘူး။ ဒီ (၄) ရက်တာကာလအတွင်းမှာ - ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေမယ်။ ပညာရေးဆိုတာ ဘာလဲ၊ ၂၁ ရာစုရဲ့ သက်မွေးဝမ်းကြောင်းတဲ့ လမ်းကြောင်းတွေအကြောင်း ဆွေးနွေးမယ်။ မိမိရဲ့ စိတ်ခံစားချက်တွေကို စာပေအနုပညာ (ကဗျာ၊ ဝတ္ထုတို) တွေကနေတစ်ဆင့် ဖော်ထုတ်မယ်။ ဉာဏ်တုနည်းပညာ (AI) အကြောင်းနဲ့ လက်တွေ့အသုံးချပုံတွေကို လေ့လာမယ်။ ကိုယ့်ရဲ့သရုပ်လက္ခဏာ နဲ့ လုပ်အားတန်ဖိုးအကြောင်းတွေ ဆွေးနွေးရင်း ရွှံ့ရုပ်တုလုပ်တာလိုမျိုး လက်မှုပညာတွေကိုပါ ဖန်တီးကြမယ်။ ပြီးရင်တော့ နောက်ဆုံးရက်မှာ ကိုယ်တိုင်ဖန်တီးထားတာတွေကို ပြသခွင့်ရမယ့် ပြပွဲလေးတစ်ခုလည်း ပါဝင်ဦးမှာပါ။

ဘယ်သူတွေ လျှောက်ထားလို့ရလဲ။
အသက် (၁၈) နှစ်ကနေ (၃၀) ကြား လူငယ်ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။

ဘယ်နေ့တွေလဲ။
ဖေဖော်ဝါရီလ ၂၁၊ ၂၂ ရက် နှင့် ၂၈) ရက်၊ မတ်လ ၁ ရက်။ (စနေ၊ တနင်္ဂနွေ ပိတ်ရက်များ)။

အချိန်။
မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ။

နေရာ။
မုဒိတာခန်းမ၊ ဖောင်တော်ဦးကျောင်း။ မန္တလေးမြို့။

သင်တန်းကြေး။
သင်တန်းကြေးအခမဲ့ပါ။ ဒါ့အပြင် နေ့လည်စာနဲ့ နားချိန်များအတွက် မုန့်ပဲသရေစာများလည်း ထားရှိထားမှာဖြစ်ပါတယ်။

လူဦးရေ ၄၀ ထိပဲလက်ခံမှာမို့လို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြရအောင်နော်။

ဘဝဆိုတာ ရုန်းကန်နေရတာလား၊ ဝါသနာနောက် လိုက်နေရတာလားဆိုပြီး ဝေခွဲမရဖြစ်နေတဲ့ လူငယ်တွေအတွက် Ah-Lwint Workshop & Exhibition ကိုမြန်မြန်လာခဲ့လိုက်တော့နော်။

📝 စာရင်းသွင်းရန် - ကောမန့်မှာကြည့်ပါ။ 👇

Have you heard about the Ah-Lwint Workshop & Exhibition happening in Mandalay???

Are you feeling suffocated by having to cram and memorize so much information? Do you feel like you are losing yourself beneath the definition of "Success" set by society? If so, the Ah-Lwint Workshop & Exhibition is exactly for you. KAWI’s "Ah-Lwint Workshop & Exhibition” is not the kind of class that will leave you feeling depressed or exhausted. We won't make you memorize mind-numbing lessons.

During these (4) days, we will:
- Rediscover the self that has been lost.
- Discuss what education really means and explore 21st-century career paths.
- Express our emotions through literature and art (poetry, short stories).
- Learn about AI (Artificial Intelligence) technology and its practical applications.
- Discuss personal identity and the value of labor, while creating crafts like clay sculptures.
- Finally, on the last day, there will be a small exhibition where you can showcase what you have created yourself!

Who can apply?
Any youth between the ages of 18 and 30.

Dates & Time?
February 21, 22, 28 & March 1. (Saturday and Sunday weekends), 9:00 AM to 4:00 PM.

Location: Mudita Hall, Phaung Daw Oo School, Mandalay.
Fees: Free of Charge. Additionally, lunch and snacks for break times will be provided.

We are accepting only 40 participants, so please register as soon as possible! For young people who are torn between struggling for survival and chasing their passion, come join the Ah-Lwint Workshop & Exhibition quickly!

Find the registration link in the comment section. 👇

08/02/2026

KAWI Batch02 လျှောက်ထားတဲ့သူတွေ အီးမေးလ်လေးတွေစစ်ပေးကြပါဦးဗျို့!!!

KAWI Batch 02 အတွက် ရွေးချယ်ခံထားရတဲ့ သူငယ်ချင်းတွေကို email ကနေ အကြောင်းကြားထားလိုက်တယ်နော်။ email လေးတွေ မတွေ့မှာစိုးလို့ spam/junk folder လေးတွေမှာလည်း စစ်ပေးကြပါဦး။ ဒီတစ်ခေါက် လျှောက်ထားတဲ့ဦးရေ အရမ်းများတဲ့အတွက် ရွေးချယ်ခံရသူတွေကိုပဲ email ပို့ထားလိုက်ပါတယ်။ တကယ်လို့ email မရခဲ့ရင် အခု Batch02 အတွက် KAWI မှာရှိတဲ့ အရင်းအမြစ်အကန့်အသတ်ကြောင့် ရွေးချယ်မခံရသေးတာဖြစ်လို့ နောက်အပတ်စဥ်တွေမှာမှ တွေ့ကြမယ်နော်။

Attention KAWI Batch 02 applicants, please check your emails! 📧

We have sent out notification emails to the friends who were selected for KAWI Batch 02. Please make sure to check your Spam or Junk folders just in case you don't see it in your inbox.
Because we received so many applications this time, we were only able to send emails to the selected candidates. If you didn't receive an email, it simply means we couldn't select you this time due to limited resources at KAWI. We hope to see you in future batches!

Photos from KAWI's post 04/02/2026

KAWI Batch 01 ပြီးသွားတဲ့အခါ ဘာတွေကျန်ခဲ့လဲ???

KAWI ဆိုတာ အပြင်ကကြည့်ရင် နားလည်ရခက်တာလိုလို၊ စိတ္တဇဆန်တာလိုလို ဘာလိုလိုနဲ့။ တကယ် join ပြီးသွားတဲ့ Batch 01 သူငယ်ချင်းတွေကတော့ KAWI အကြောင်းကို အခုလို ရီဗျူး လိုက်ကြပါပြီ။

ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့မယ်
ကဝိ မတက်ခင်က ကိုယ့်ကိုယ်ကို လမ်းပျောက်ပြီး သိမ်ငယ်ဖူးတယ်။ တက်ပြီးသွားတဲ့အခါ ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုကိုယ် ရှာတွေ့လိုက်သလိုပါပဲ။ လွတ်လပ်မှု အကြောင်းဆွေးနွေးရင်း ကိုယ်မေ့နေတဲ့၊ ကိုယ်သဘောကျတဲ့ ဝါသနာတွေကို ပြန်သတိရလာစေတယ်။ တချို့ဆို သူငယ်ချင်းတွေရဲ့ စိတ်အားထက်သန်မှုတွေကိုမြင်ပြီး အားကျကာ ကိုယ်တိုင်လည်း ဂစ်တာလေးပြန်တီးဖြစ်သွားတယ်ဆိုပဲ။

အသံတိတ်နေရာကနေ ထုတ်ပြောရဲလာခြင်း
Zoom screen နောက်မှာ ကင်မရာပိတ် ငြိမ်နေတတ်တဲ့သူတွေတောင် ကိုယ့်ရဲ့ အတွေးတွေကို ယုံကြည်မှုရှိရှိ ချရေးလာနိုင်တယ်၊ ထုတ်ပြောရဲလာတယ်။ ကိုယ့်အကြောင်းကို ကိုယ်တိုင် ပြန်နားထောင်တတ်လာတဲ့ အလေ့အကျင့်ကောင်းတစ်ခု ရသွားတာပေါ့။

ကြက်တူရွေးလို အလွတ်ကျက်စရာမလို
စာကို အလွတ်ကျက်ပြီး ဖြေရတာမျိုးလုံးဝမရှိ! ကိုယ့်အကြံဉာဏ်တွေကို လွတ်လပ်စွာ မျှဝေခွင့်ရပြီး ဘောင်ကျော်တွေး တတ်သွားစေတဲ့ နေရာမျိုး။ အဖြေ အမှား/အမှန် ဆိုတာ မရှိလို့ ဝေဖန်ခံရမှာ ကြောက်စရာမလိုဘဲ စိတ်လက်ပေါ့ပါးစွာ သင်ယူလို့ရတဲ့ နေရာလေး။ (ကဝိရဲ့ လှုပ်ရှားမှုတွေကတော့ အသက်ပဲတဲ့နော် 😉)

အနာဂတ်အတွက် အကျိုးပြုခြင်း
KAWI မှာ လေ့လာခဲ့ရာတာတွေက တစ်သက်လုံးစာ အသုံးဝင်နေမှာပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပိုခိုင်မာသွားစေပြီး အမြန်ဆုံးရောက်ချင်အောင် တွန်းအားပေးနိုင်ခဲ့တယ်။

“၃ လတာ ကာလမှာ လုပ်သမျှ လှုပ်ရှားမှုတွေ အကုန်လုံးက အထောက်အကူဖြစ်စေတယ်၊ နေ့တိုင်း လှုပ်ရှားရုန်းကန်နေရတာ အရာမထင်ဘူးလို့ ခံစားနေရရာကနေ လုပ်ခဲ့သမျှ၊ ကြိုးစားသမျှတွေက အလကားမဖြစ်ဘူးဆိုတာ မြင်လာရတယ်” ဆိုတဲ့ စကားလေးက KAWI ဝိုင်းတော်သားတွေအတွက်လည်း တကယ့်အားတစ်ခုပါပဲနော်။

What are the takeaways from KAWI Batch 01???

From the outside, KAWI might seem a bit hard to figure out. Maybe a little abstract or mysterious. But our Batch 01 participants who actually joined have dropped their reviews. Here is what they had to say:

Rediscovering Yourself "Before KAWI, I felt lost and small. After joining, it felt like finding the lost self.” Discussing 'Freedom' brought back memories of forgotten hobbies and passions. Seeing their friends' excitement even inspired some to pick up the guitar again!

From Silence to Speaking Out Even those who usually stay quiet behind turned-off Zoom screens started confidently writing down their thoughts and speaking up. They gained a great new habit of truly listening to themselves.

No Parrot Learning Absolutely no reciting memorized lessons like a parrot! It’s a space where you can freely share ideas and learn to "think outside the box." Since there are no right or wrong answers, there’s no fear of judgment—just a relaxed vibe for learning. (And KAWI’s activities are the real highlight! 😉)

Benefits for the Future What we learned at KAWI will be useful for a lifetime. It solidified our goals and gave us the push to reach them as soon as possible.

"Every single activity over these 3 months was helpful. I used to feel like my daily struggles were pointless, but now I see that all my efforts and hard work weren't in vain." Hearing words like this is a huge encouragement for the KAWI team!

31/01/2026

Deadline ကပ်နေပြီဗျို့!!!

KAWI Batch02 အတွက် လျှောက်လွှာပိတ်ချိန်က ယနေ့ ဇန်နဝါရီ ၃၁၊ ည ၁၁း၅၉ ဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ ကိုယ်နဲ့ ကိုယ်ရဲ့ စိတ်ဝင်စားမှုကိုပြန်ရှာဖို့ deadline မကျော်ခင် အချိန်မီ လျှောက်လိုက်ကြတော့နော်။ dealine extension ရှိမှာမဟုတ်လို့ ခပ်သွက်သွက်လေး လှုပ်ရှားမှ မီမယ် ဘော်ဒါတို့...

Deadline Alert! 🚨

Applications for KAWI Batch 02 close tonight, Jan 31, at 11:59 PM. Don't miss this chance to reconnect with your true interests. Apply now—there are no extensions, so you’d better hurry!

Photos from KAWI's post 30/01/2026

KAWI Batch 02 ရဲ့ အမိုက်စား သင်ရိုးတွေ လာပြီဗျို့...

KAWI Batch 02 မှာလည်း ပျောက်ဆုံးနေတဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကို အတူတူပြန်ရှာဖို့ ရှယ်မိုက်ပြီး မြူးတဲ့ သင်ရိုးတွေထည့်ထားတယ်နော်။ သင်ရိုးတွေကတော့ -

ပညာရေး - ပညာရေးရှုထောင့်မှ တီထွင်ဖန်တီးနိုင်စွမ်း
(Education: Creativity From an Educational Perspective)

တွေးခေါ်ပုံ တွေးခေါ်နည်းများ
(Ways of Thinking)

ပတ်ဝန်းကျင်ဆိုင်ရာ အာရုံခံစား သိရှိနားလည်မှု
(Sensory Perception of Environment)

AI ကို လူသားဆန်စေခြင်း နှင့် လူသားများကို စက်ရုပ်ဆန်လာခြင်း
(AI: Humanizing AI vs Mechanizing Humans)

ကိုယ်ပိုင်လက္ခဏာ၊ ဝင်ဆံ့မှု နှင့် ကိုယ်ချင်းစာတရား - လူမှုကဏ္ဍစုံ ချိတ်ဆက်မှု (Intersectionality)
(Identity, Belonging & Empathy: Intersectionality)

လူ့ကျင့်ဝတ် - ကိုယ်ကျင့်တရား နှင့် ရှုထောင့်အမြင်များ
(Ethics: Morality & Perspectives)

တွေ့ရမြင်ရ ဘောဒဗေဒ
(Economics through our Eyes)

စူးစမ်းလေ့လာခဲ့တဲ့အကြောင်းအရာတွေကို ပါဝင်သူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်နားလည်မှုတွေနဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့အတွက်လည်း Kawitive.lab လှုပ်ရှားမှုတွေကိုလည်း ဆောင်ရွက်သွားမှာပါ။ Kawitive.lab တွေဟာဆိုရင် ကိုယ့်ရဲ့စူးစမ်းလေ့လာမှုနဲ့ ကိုယ့်ကိုယ်ကို ပိုပြီးနက်ရှိုင်းစွာ ချိတ်ဆက်ပေးမယ့် ကိုယ်ပိုင်ပြန်လှန်သုံးသပ်မှုအခြေပြု လက်တွေ့နဲ့အတွေးအမြင်ဆိုင်ရာ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ ဒါ့အပြင် KAWI ရဲ့ ပါဝင်သူတွေအနေနဲ့ မေးခွန်းတွေကို တည်ဆောက်တတ်ဖို့၊ ပိုမိုစူးစိုက်စွာ နားထောင်တတ်ဖို့၊ သက်သေအထောက်အထားတွေနဲ့ ဆွေးနွေးတတ်ဖို့၊ ဝေဖန်ဆန်းစစ်တတ်ဖို့ အတွက် “ဆော့ခရတ္တိနှီးနှောဖလှယ်ပွဲ” လို လှုပ်ရှားမှုတွေကိုလည်း ထည့်သွင်းထားပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့ စိတ်ဝင်စားမှုကို ရှာဖွေချင်တယ်ဆိုရင်တော့ KAWI Batch 02 ကို Deadline ဖြစ်တဲ့ ဇန်နဝါရီ ၃၁ ည ၁၁း၅၉ မတိုင်ခင် အမီလျှောက်ထားလိုက်တော့နော်...

KAWI Batch 02: Our Awesome Curriculum is Here!

In KAWI Batch 02, we’ve packed the syllabus with exciting and vibrant modules designed to help you rediscover your lost self and your true interests. Check out what’s in store:

• Education: Creativity From an Educational Perspective
• Ways of Thinking
• Sensory Perception of Environment
• AI: Humanizing AI vs. Mechanizing Humans
• Identity, Belonging & Empathy: Intersectionality
• Ethics: Morality & Perspectives
• Economics Through Our Eyes

To help each participant bridge the gap between their studies and their personal experiences, views, and understanding, we are introducing Kawitive.lab activities. These labs are reflection-based practical and conceptual exercises designed to deepen the connection between your curiosity and your inner self.

Furthermore, KAWI participants will engage in Socratic Seminars to help you master the art of asking the right questions, listening deeply, debating with evidence, and thinking critically.

If you’re ready to rediscover yourself and find what truly sparks your interest, apply for KAWI Batch 02 now!

Deadline: January 31, 11:59 PM

29/01/2026

စက်ရုပ်တွေ ဘေးဖယ်၊ လူသားတွေပဲ လာခဲ့ပါလို့။

KAWI Batch 02 ကို လျှောက်ဖို့ ပြင်ဆင်နေကြတဲ့ ဘော်ဒါတို့...

AI ခေတ်ကြီးဆိုတော့ အရာရာက AIနဲ့မှ ပိုပြီး လွယ်ကူမြန်ဆန်နေတာ နားလည်ပါတယ်။ ဒါပေမဲ့ KAWI ဆိုတာ ပျောက်ဆုံးနေတဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့စိတ်ဝင်စားမှုကို အတူတူ ပြန်ရှာကြဖို့လေ။ ဆိုတော့ လျှောက်လွှာမှာ ရင်ထဲကလာတဲ့ စကားတွေပဲ ဘွင်းဘွင်းရှင်းရှင်း ကြားချင်တာ အပြစ်လားလို့။

ဒါကြောင့် လျှောက်လွှာတင်တဲ့အခါ ChatGPT တို့ Gemini တို့ကို ကူရေးပေးပါဦး ဆိုပြီးသွားမပူဆာပါနဲ့။ KAWI ရဲ့ Academic Team က အစ်မကြီးတွေက မျက်မှန်ထူပေမယ့် မျက်လုံးကတော့ ရှင်းပါတယ်။ ဘယ်စာက "နှလုံးသား" ထဲက ထွက်လာတာလဲ၊ ဘယ်စာက AI ထဲက ထွက်လာတာလဲဆိုတာ အနံ့ခံလို့ ရနေလို့ပါ။ AI ရေးပေးတဲ့ စာတွေက သတ်ပုံမှန်မယ်၊ စာကြောင်းလှမယ်၊ ဒါပေမဲ့ ဝိညာဉ်မပါဘူးကွယ်။

ဒါကြောင့် KAWI Batch 02 Application မှာ Prompt ရိုက်ပြီး Copy/Paste လုပ်မယ့်အစား၊ ကိုယ့်ခေါင်းထဲက အတွေး၊ ကိုယ့်လက်က ဖန်တီးမှု စစ်စစ်နဲ့ပဲ အကြမ်း ပတမ်း ဝင်တိုးပေးကြပါ။

ကဲ.. AI အကူအညီမပါဘဲ မှားချင်မှား၊ လွဲချင်လွဲ ကိုယ့်အကြောင်းကို ရဲရဲကြီးပြောပြီး လျှောက်လွှာတင်ရဲတဲ့ ဖိုက်တာတွေကို စောင့်နေပါမယ်...

To the applicants for KAWI Batch 02.

Look, we get it. It’s the AI era. Everything is faster, easier, and instant with a bot. But KAWI is about finding yourselfand rediscovering your lost interest together. So, sue us if we just want to hear your raw, honest voice straight from the heart.

So please, when you fill out this application, don’t go begging ChatGPT or Gemini to write it for you.

The big sisters on the KAWI Academic Team might wear thick glasses, but their vision is 20/20. They can sniff out the difference between "Heart" and "Algorithm" from a mile away. AI writing might have perfect spelling and shiny sentences, but it has no soul.

So for the KAWI Batch 02 application: Instead of "Prompt > Copy > Paste," give us your own raw thoughts and messy, handmade creativity.

We are waiting for the fighters who are brave enough to tell their own story without a robot holding their hand.

28/01/2026

KAWI To Do List: အီးမေးလ်စစ်ရန်

မင်္ဂလာပါ။

KAWI Batch 02 အတွက် ပဏာမဆန်းစစ်မှုများပြီးနောက် အင်တာဗျူးအတွက် ရွေးချယ်ခံထားရသူများကို အီးမေးလ်မှတဆင့် ဆက်သွယ်အကြောင်းကြားနေပါတယ်နော်။အင်တာဗျူးဖြေမှ ရွေးချယ်ခံရဖို့ကျိန်းသေတဲ့အတွက် သေချာလေး အင်တာဗျုးနေ့နဲ့အချိန်လေးကိုရွေးပြီး တက်ရောက်ပေးဖို့နှိုးဆော်လိုက်ပါတယ်။

KAWI To Do List: Check your emails!

Following the preliminary assessments for KAWI Batch 02, we are currently contacting the shortlisted candidates for interviews via email. Since attending the interview is essential to secure your selection, we strongly encourage you to choose your preferred interview date and time and make sure to attend.


22/01/2026

ပို့စ်က တင်ရတော့မယ်။ KAWIရဲ့ Graphic Designer အစ်မတော်က ဝါကန်ဒါမှာ ကြက်တူရွေးဖမ်းနေလား။ ဗာရာဏသီမှာ အေရိုးဗစ်ကနေသလား။ ဘယ်ကိုခရီးလွန်နေသည် မသိ။ အရိပ်မမြင် အကောင်မပြ။

ဒီတော့ အမေးများတဲ့ မေးခွန်းလေးတွေကို အက်ဒမင်ကပဲ ရိုးရိုးရှင်းရှင်းနဲ့ ခပ်ဘွင်းဘွင်း မျှဝေလိုက်တော့မယ်။

မေး - KAWI အပတ်စဥ် ၂ အတွက် လျှောက်လွှာကို ဘယ် ဘာသာစကားတွေနဲ့ဖြည့်လို့ရလဲ။
ဖြေ - အင်္ဂလိပ်၊ မြန်မာအပြင် လူမျိုးစုဘာသာစကားများနဲ့လည်း ဖြည့်လို့ရပါတယ်နော်။ အဓိက ကိုယ်ဘာလဲ၊ ဘာဖြစ်ချင်လဲနဲ့ KAWIဆီက ဘာတွေမျှော်လင့်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြပေးဖို့ပဲ။ ဘာသာစကားကနောက်မှ ယူတို့ကအဓိက။

မေး - လျှောက်လွှာတင်ပြီးရင် ပြင်လို့ရလား။
ဖြေ - အော့ဖ်ခေါ့စ်။ ရတာပေါ့။ လျှောက်လွှာရဲ့ Google Form မှာ ကိုယ်ဖြေခဲ့တဲ့ email address နဲ့ပြန်ဝင်ပြီးရင် edit response ဆိုတာလေး နှိပ်ပြီး ပြင်လို့ရတယ်နော်။တင်ပြီးမှ မုဒ်ဆွန်းလို့ ပြင်တော်မူချင်ရင် deadline မတိုင်မချင်း ကြိုက်သလောက်ပြင် ပျော်သလိုပြင် ပြင်ပြင်ပြင်။

မေး - အသက်ကန့်သတ်ချက်ရှိလား။
ဖြေ - အသက် ၁၆နှစ်နဲ့ အထက် ဘော်ဒါတွေ၊ ညီအစ်မတွေ၊ ညီကိုတွေအားလုံး ဝဲလ်ကမ်းနော်။ KAWIက ကြိုမြဲကြိုဆဲ။

မေး - အငြင်းခံရရင်ရော။
ဖြေ - အေးဆေး။ crush ကငြင်းတာမဟုတ်တာပဲ။ စိတ်ရှိတိုင်းသာဆို လျှောက်သမျှသူတိုင်း လက်ခံချင်ပေမယ့် KAWI မှာ ရှိတဲ့ အရင်းအမြစ် ဘာညာသာရကာတွေက နည်းတော့ နိုင်သလောက်လေး ရွေးပြီး လက်ခံလိုက်ရတာ။ ဆိုတော့ ဒီ batch မတွေ့ရလည်း နောက် batch မှာတွေ့ကြတာပေါ့။

အမေးလေးတွေသိလာလို့ အဖြေလေးတွေ ရှိပေးလိုက်ပါတယ်နော်။ Graphic Designer နဲ့ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ခဲ့ကြရင်လည်း ကိုယ်ထင်ပြဖို့ အမှာတော်ပါးပေးကြပါဦး...🧐

Deadline's approaching for the announcement! But our Graphic Designer Queen is MIA. Is she catching parrots in Wakanda? Doing aerobics in Varanasi? Who knows where she’s wandered off to. Not a shadow seen, not a soul in sight.

So, I’m just going to answer your FAQs raw and unfiltered. Simple and straight to the point.

Q: What languages can I use to fill out the application for KAWI Batch 2?
A: English, Burmese, or ethnic languages,we take them all! The main thing is to be open about who you are, what you want to be, and what you expect from KAWI. Language comes second; you are the main character here.

Q: Can I edit my application after submitting?
A: Of course! Just go back to the Google Form using the email you applied with and hit "Edit Response." If your mood swings after you submit, feel free to change it. Edit as much as you like until the deadline. Fix it, tweak it, change it!

Q: Is there an age limit? A
: If you are 16 or older, you are welcome! Bros, sissies, besties—everyone is invited. KAWI’s doors are always open.

Q: What if I get rejected?
A: Chill. It’s not like your crush rejected you. We’d love to accept everyone, but since our resources are limited, we can only pick a few. So if we don't see you this batch, we’ll catch you in the next one!

You asked, so we answered! And seriously, if you bump into our Graphic Designer on the street, please tell her to show her face at work... 🧐

12/01/2026

[English Version Below]

မင်္ဂလာပါ။ ကဝိရဲ့ အပတ်စဥ် ၂ ကို စတင်လျှောက်ထားလို့ရပါပြီနော်။

ကြက်တူရွေးပညာရေးစနစ်မှာ ထရော်မာရခဲ့တဲ့ လူငယ်တိုင်းအတွက် ကဝိ ပြန်လာပါပြီ။ ကိုယ် ဘာလဲ။ ဘာဖြစ်ချင်လဲ။​ ဘာလုပ်ချင်လဲ မသိပဲ ပျောက်ဆုံးနေတဲ့ လူငယ်တွေအတွက် ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနိုင်ဖို့ ကဝိမှာ “အခမဲ့” ရှာဖွေနိုင်အောင် စီစဥ်ပေးထားပါတယ်။

အချိန်ကာလအားဖြင့် ဖေဖော်ဝါရီကနေ ဧပြီလထိ ၃ လကြာမြင့်မှာဖြစ်ပါတယ်။ အပတ်စဥ် စနေ၊ တနင်္ဂနွေ (ည ၇-၉နာရီ) Zoom ကနေ “ဗမာဘာသာစကား” နဲ့ တက်ရောက်ရမှာဖြစ်တယ်။
Zoom အချိန်ပြင်ပ သင်ခန်းစာတွေကတော့ ပါဝင်သူတွေရဲ့ အားလပ်မှုပေါ်မူတည်ပြီး အဆင်ပြေအောင် စီစဥ်ပေးထားတာဖြစ်တယ်။

အင်တာနက်အခက်ခဲကြုံနေရတဲ့ လူငယ်တွေအတွက်လည်း “အင်တာနက်ထောက်ပံ့ကြေးအနည်းငယ်” ပံ့ပိုးပေးဖို့ ကဝိကကြိုးစားပေးထားပါတယ်။

ဒါသင်၊ ဒါကျက်၊ ဆရာကပြော၊ တပည့်နားထောင် တစ်လမ်းမောင်း ပညာရေးမဟုတ်ပဲ ကိုယ်နဲ့ကိုက်ညီတဲ့ သင်ယူလေ့လာမှုပုံစံ၊ စုံလင်ကွဲပြားတဲ့ နောက်ခံကလူငယ်တွေအကြား အပြန်အလှန် မျှဝေထောက်ပြလေ့လာနိုင်တဲ့ တစ်ဦးချင်းဆီကို ဗဟိုပြုတဲ့ ဆန်းသစ်တဲ့ သင်ခန်းစာတွေ၊ အုပ်စုဖွဲ့ လှုပ်ရှားမှုတွေကိုလည်း ကြုံတွေ့ရမှာပါ။

ပျောက်ဆုံးနေတဲ့ကိုယ်နဲ့ ကိုယ်ရဲ့စိတ်ဝင်စားမှုကို အတွေးအခေါ်ပိုင်းအရရော၊ လက်တွေ့ပိုင်းအရပါ ရှာဖွေနိုင်ချင်တယ်ဆိုရင်တော့ ကဝိကို လာခဲ့ဖို့ နှိုးဆော်လိုက်ပါပြီ။
ကဝိအကြောင်းထပ်မေးချင်သေးတယ်ဆို comment box ဖြစ်ဖြစ် Page messenger ကဖြစ်ဖြစ်လာမေးမြန်းလိုက်ပါနော်!

လျှောက်လွှာပိတ်ချိန် - ဇန်နဝါရီ ၃၁၊ ၂၀၂၆ (ည ၁၁း၅၉ မြန်မာစံတော်ချိန်)

ကဝိကို လျှောက်ထားရန် comment section မှ URL ကိုနှိပ်ပါ။

[English Version]

KAWI is back for all young people who have been traumatized by the "parrot-learning" education system. For those who feel lost, unsure of who you are, what you want to be, or what you want to do, KAWI offers a space to rediscover yourself, completely free of charge.

The program lasts for 3 months from February to April. Sessions are held every Saturday and Sunday (7:00 PM – 9:00 PM) via Zoom in the Burmese language. Assignments outside of Zoom hours are designed to be flexible based on the participants' availability.

For those facing connectivity issues, KAWI also strives to provide a small internet stipend to support your learning.

This isn't a "one-way" education system where the teacher lectures and the student memorizes. Instead, you will experience student-centered, innovative lessons and group activities. It is a space for mutual sharing and peer feedback among youth from diverse backgrounds, helping you find a learning style that truly fits you.

If you want to rediscover your lost self and your interests, both philosophically and practically, we invite you to join KAWI. If you have more questions, feel free to ask in the comments or via Messenger!

Application deadline: 31st January, 2026 at 11:59 pm MMT

Click the URL in the comment section to apply for KAWI.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00