06/07/2026
LFIR ပြီးနောက် ရရှိနိုင်မည့် အခွင့်အလမ်းများ
LFIR ကျောင်းပြီးသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကမ္ဘာ့အလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ LFIR မှာ ပညာသင်ကြားမှုပြီးဆုံးလို့ အထက်တန်းအောင်လက်မှတ် "Baccalauréat" ကို ရရှိပြီးတဲ့နောက်မှာ အခြားနိုင်ငံတကာကျောင်းတွေကို အလွယ်တကူ ပြောင်းရွှေ့နိုင်သလို၊ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းတက္ကသိုလ်တွေကိုလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အထက်တန်းအောင်လက်မှတ် (French Baccalauréat) ရဲ့ အဓိကထူးခြားချက်တွေက ဘာတွေလဲ။
အဆင့်မြင့်မားပြီး အသိအမှတ်ပြုခံရခြင်း - ကျောင်းသားတွေကို တက္ကသိုလ်ပညာရေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးနိုင်တဲ့ ပြည့်စုံပြီး စနစ်ကျတဲ့ သင်ရိုးညွှန်းတမ်းတစ်ခု ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေက အလေးအနက် တန်ဖိုးထားကြပါတယ်။
ကမ္ဘာတစ်ဝှမ်း တက်ရောက်နိုင်ခွင့်ရှိခြင်း - ပြင်သစ်၊ ဥရောပ (EU)၊ UK၊ Australia နဲ့ US က (နာမည်ကြီး Ivy League တက္ကသိုလ်များအပါအဝင်) ကမ္ဘာ့နေရာအနှံ့အပြားမှာ အသိအမှတ်ပြု လက်ခံထားပါတယ်။
Extra Credits များ ရရှိနိုင်ခြင်း - USA နဲ့ Canada တို့ရှိ တက္ကသိုလ်အများစုဟာ Baccalauréat အောင်မြင်ထားတဲ့ ကျောင်းသားတွေကို ၁ နှစ်စာ ပညာသင်နှစ်အထိ အပိုခရက်ဒစ် (Extra Credits) တွေ ပေးလေ့ရှိပါတယ်။
ကျွန်ုပ်တို့ကျောင်းက ပေးအပ်တဲ့ အောင်လက်မှတ်ဟာ ပြင်သစ်နိုင်ငံမှာ တိုက်ရိုက်ဖြေဆိုအောင်မြင်တဲ့ လက်မှတ်နဲ့ တန်ဖိုးချင်း အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကမ္ဘာတစ်ဝှမ်းက အကောင်းဆုံး အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေကို တိုက်ရိုက်တက်ရောက်နိုင်မယ့် လမ်းစကို ရရှိစေမှာ ဖြစ်ပါတယ်။
.........................
Opportunities Beyond LFIR
What happens after LFIR? Our students are ready for the global stage! After finishing school and earning their high-school diploma (the "baccalauréat"), LFIR students can easily move to other international schools or apply to top universities worldwide.
What are the key characteristics the French baccalauréat?
Highly Respected: Universities around the world value it because it is a complete, rigorous program that prepares students perfectly for higher education.
Global Access: It is accepted everywhere, in France, the EU, the UK, Australia, and North America (including famous Ivy League universities!).
Extra Credits: In fact, many universities in the USA and Canada give extra credits, up to a full year of study to students with a baccalauréat!
Because LFIR is part of the AEFE network, our diploma has the exact same value as the one earned in France. This gives our students a direct path to the very best institutions worldwide.
.....................
Que se passe-t-il après le LFIR? Nos élèves sont prêts pour la scène internationale! Après avoir terminé leurs études et obtenu leur diplôme de fin d'études secondaires, les élèves du LFIR peuvent facilement rejoindre d'autres systèmes scolaires internationaux ou postuler dans les meilleures universités du monde.
Quelles sont les caractéristiques principales du baccalauréat français ?
Très respecté : Les universités du monde entier l'apprécient car c'est un programme complet et rigoureux qui prépare parfaitement les étudiants à l'enseignement supérieur.
Un accès mondial : Il est accepté partout : en France, dans l'Union Européenne, au Royaume-Uni, en Australie et en Amérique du Nord (y compris dans les célèbres universités de l'Ivy League!).
Des crédits supplémentaires : En fait, de nombreuses universités aux États-Unis et au Canada accordent des crédits supplémentaires, allant jusqu'à une année complète d'études, aux titulaires du baccalauréat.
Comme le LFIR fait partie du réseau AEFE, notre diplôme a exactement la même valeur qu'un diplôme obtenu en France. Cela offre à nos élèves un accès direct aux meilleurs établissements du monde entier.