Edu Sync

Edu Sync Online English Learning Platform| IELTS Speaking| Useful Study Tips and Knowledge sharing
Telegram Channel: https://t.me/edusync10

ဘယ်လို အင်္ဂလိပ်စာ သင်တန်းမျိုးတွေရှောင်သင့်လဲ၁။ အချိန်တိုတိုလေးနဲ့ အင်္ဂလိပ်စာကျွမ်းကျင်ရမယ်လို့ ကတိပေးတဲ့ သင်တန်းမျိုး...
25/08/2026

ဘယ်လို အင်္ဂလိပ်စာ သင်တန်းမျိုးတွေရှောင်သင့်လဲ

၁။ အချိန်တိုတိုလေးနဲ့ အင်္ဂလိပ်စာကျွမ်းကျင်ရမယ်လို့ ကတိပေးတဲ့ သင်တန်းမျိုး

“၁ လအတွင်း အင်္ဂလိပ်လို ပြောတတ်စေရမယ်”
ကြားလို့တော့ကောင်းတာပေါ့။
ဒါပေမယ့်
ပြက္ကဒိန်ထဲမှာ ၁ လ ပြည့်သွားတာနဲ့ တန်းပြီး အင်္ဂလိပ်လိုပြောတတ်သွားမယ်ဆိုတာက သိပ်တော့ ယုတ္တိမရှိပါဘူး။

၂။ ဆရာကပဲ တောက်လျှောက်ပြောနေတဲ့သင်တန်းမျိုး

မြင်ယောင်ကြည့်ပါ ဆရာကပဲ ဆက်တိုက်ပြောနေမယ်။ တပည့်တွေက လိုက်နားထောင်နေမယ်
လိုက်မှတ်နေမယ်။ သင်တန်းလဲ ပြီးသွားရော ဆရာပြောခဲ့တာတွေပဲ ပြန်ကြားနေရုံကလွဲပြီး ကိုယ်တိုင်ထုတ်မသုံးတတ်၊ မပြောတတ် ဖြစ်သွားနိုင်ပါတယ်။

အင်္ဂလိပ်စာသင်တန်းတစ်ခုဟာ သူများပြောနေတာကိုပဲ ထိုင်နားထောင်နေရတဲ့သင်တန်းမျိုး မဖြစ်သင့်ပါဘူး။

၃။ Vocabulary တွေအလွတ်ကျက်ခိုင်းတဲ့ သင်တန်းမျိုး

တစ်ရက်ကိုအလုံး ၂၀ လောက် ထိုင်ကျက်ခိုင်းပြီး အဓိပ္ပာယ်ကိုလဲ မရှင်းပြ၊ ဘယ်လိုသုံးရမလဲဆိုတာကိုလဲ guide မလုပ်ပေးရင် ဘာမှမထူးနေပါဘူး။

Vocabulary တွေကို အလွတ်ဆိုတတ်နေတာနဲ့ ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တာနဲ့မတူပါဘူး။

၄။ Grammar ကြီးပဲသင်နေတဲ့ သင်တန်းမျိုး

အင်္ဂလိပ်စာမှာ Grammar က အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ Interaction, Activity နဲ့ Practice မပါရင် Grammar Rules တွေသိနေရုံကလွဲပြီး တကယ်လက်တွေ့အသုံးချတတ်မှာမဟုတ်ပါဘူး။

၅။ Certificate ကိုပဲ အဓိက ရောင်းနေတဲ့သင်တန်းမျိုး

Certificate ဆိုတာ သင်တန်းပြီးဆုံးကြောင်းပြရုံသပ်သပ်ပါ။

တကယ်တမ်း သင်တန်းတစ်ခုရဲ့ outcomes ဆိုတာ certificate တစ်ခုရလိုက်ရုံသပ်သပ်အပြင်
ယုံကြည်မှူရှိရှိပြောနိုင်သွားလား
စကားပြောတွေကိုနားလည်သွားလား
Writing ကောင်းကောင်းရေးတတ်ပြီလား
ဆိုတာမျိုးတွေ ပါဝင်ပါတယ်။
Certificate တွေပဲလိုက်စုနေပြီး တကယ်မတတ်မြောက်တဲ့သူတွေအများကြီးပါ။

၆။ Feedback မပေးတဲ့သင်တန်းမျိုး

ကိုယ်ပြောတာမှန်လား၊ မှားလားလဲ မသိ။ ဘာတွေ ပြင်ဖို့လိုလဲ။ ကိုယ့်အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတာကို ဘယ်သူကမှထောက်မပြရင် သင်တန်းတတ်တာကြာလေလေ ကိုယ်ကပိုပြီးလမ်းပျောက်လာလေလေဖြစ်တတ်ပါတယ်။

၇။ Learning Material တွေပဲပေးပြီး ထိထိရောက်ရောက်မသင်တဲ့ သင်တန်းမျိုး

စာအုပ်တွေစာရွက်တွေအထပ်လိုက်ပေးတယ်။
Google Drive ထဲမှာလဲ file တွေအပြည့်ပေးထားတယ်။ ဒါပေမယ့် အကုန်လုံးသင်လားဆိုတော့ မသင်ပြန်ဘူး။ ဒီလိုထိထိရောက်ရောက်မသင်ပေးနိုင်တဲ့အခါ ကိုယ့်ရဲ့ device storage ပြည့်သွားရုံကလွဲပြီး ဘာမှခေါင်းထဲဝင်မှာမဟုတ်ပါဘူး။

ဒါကြောင့် သင်တန်းတစ်ခု အပ်တော့မယ့်ဆိုရင်
“သင်တန်းကြေးကဘယ်လောက်လဲ” ဆိုတာထက်
“ကိုယ်တက်မယ့်သင်တန်းက ဘယ်လိုမျိုးလဲ” ဆိုတာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
လူရွေးမမှန်ခဲ့ရင်တောင် သင်တန်းရွေးမှန်ဖို့ အရေးကြီးပါတယ်။

သင်တက်ဖူးတဲ့ အင်္ဂလိပ်စာသင်တန်းတွေမှာရော
ဘယ်လိုအခက်အခဲမျိုးတွေကြုံခဲ့လဲ။
Comment မှာ နည်းနည်းလောက်ပြောသွားလို့ရပါတယ်။

AI ကို အင်္ဂလိပ်စာအတွက် သုံးနေတာ တကယ်ရော နည်းလမ်းမှန်ရဲ့လား? 🤔ChatGPT၊ Gemini တို့လို AI တွေကို အင်္ဂလိပ်စာ လေ့လာတဲ့နေရာ...
19/08/2026

AI ကို အင်္ဂလိပ်စာအတွက် သုံးနေတာ တကယ်ရော နည်းလမ်းမှန်ရဲ့လား? 🤔

ChatGPT၊ Gemini တို့လို AI တွေကို အင်္ဂလိပ်စာ လေ့လာတဲ့နေရာမှာ သုံးကြပေမဲ့ အများစုကတော့ AI ကထုတ်ပေးတဲ့ အဖြေတွေကို တိုက်ရိုက် Copy/Paste လုပ်လေ့ရှိကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့ သင်ယူမှုကို ထိခိုက်မှန်းမသိထိခိုက်နေပါတယ်။

AI ဆိုတာ ကိုယ့်ရဲ့ဆရာနေရာမှာ အစားထိုးဖို့သုံးတာမျိုး မဟုတ်ပဲ ကိုယ့်အတွက်အထောက်အကူဖြစ်တဲ့ tool တစ်ခုအနေနဲ့ပဲ သုံးသင့်ပါတယ်။
AI ကို အင်္ဂလိပ်စာ လေ့လာရာမှာ တကယ် ထိရောက်သွားစေနိုင်မယ့် နည်းလမ်းလေး (3) ခုကို မျှဝေပေးလိုက်ပါတယ်။ 👇

1. Grammar ကိုအမှားတန်းပြင်ခိုင်းတဲ့အပြင် feedback နဲ့ explanation ကိုပါတောင်းပါ။💡
"Fix this grammar" ဆိုပြီး AI ကို အမှားတန်းမပြင်ခိုင်းပဲ "ဒီဝါကျမှာ ဘာကြောင့် Grammar မှားနေတာလဲ၊ ငါ့ကို သေချာရှင်းပေးပါ" လို့ Prompt ပေးပြီးမေးပါ။

2. Speaking & Roleplay Partner အဖြစ် သုံးပါ 🎙
အမှားပါမှာ စိုးရိမ်ပြီး စကားမပြောပဲ မနေပါနဲ့
AI Voice Feature ကို အသုံးပြုပြီး "Job Interview မေးခွန်းတွေ မေးပေးပါ" သို့မဟုတ် "Hotel Check-in Scenario Roleplay လေ့ကျင့်ရအောင်" ဆိုပြီ လွတ်လွတ်လပ်
လပ်လေ့ကျင့်ပါ။

3. Contextual Vocabulary Exposer အဖြစ် သုံးပါ 📚
စာလုံးအသစ်တွေကို မြန်မာလို တိုက်ရိုက် ဘာသာပြန်ခိုင်းရုံနဲ့ ရပ်လိုက်မယ့်အစား "ဒီ Vocabulary ကို B1 Level ဝါကျ (3) ကြောင်းနဲ့ ပြပေးပါ။ ပြီးရင် ငါ ဝါကျဖွဲ့ကြည့်မယ်၊ မှန်မမှန် စစ်ပေးပါ" ဆိုပြီ အသုံးချကြည့်ပါ။

💬 သင်ရော အင်္ဂလိပ်စာ လေ့လာတဲ့အခါ AI ကို ဘယ်လို အဓိက အသုံးပြုနေလဲ?
A) Grammar နဲ့ Writing စစ်ခိုင်းတယ်
😎 Voice / Conversation လေ့ကျင့်တယ်
C) Vocabulary နမူနာဝါကျတွေ မေးတယ်
D) အားလုံးကို နည်းလမ်းမျိုးစုံနဲ့ သုံးတယ်

"Native Speaker နဲ့ သင်မှ အင်္ဂလိပ်စာ တတ်မယ်ဆိုတဲ့ အတွေးမှား"Basic တောင် မရသေးဘဲ… "Native Teacher နဲ့ သင်မှ အင်္ဂလိပ်စာ ...
17/08/2026

"Native Speaker နဲ့ သင်မှ အင်္ဂလိပ်စာ တတ်မယ်ဆိုတဲ့ အတွေးမှား"

Basic တောင် မရသေးဘဲ… "Native Teacher နဲ့ သင်မှ အင်္ဂလိပ်စာ ချက်ချင်း တတ်မှာ" ဆိုပြီး စျေးကြီးတဲ့သင်တန်း တွေသွားတက်ကြဖူးလား
တကယ်တမ်း Class ထဲမှာ ဘာဖြစ်သွားနိုင်လဲ
• Basic Structure နဲ့ Sentence Patterns တောင် မပိုင်သေးတော့ ဆရာ ပြောသမျှ ဘာမှ သေချာနားမလည်နိုင်ပါဘူး။
• ဆရာက မေးလိုက်ရင်လဲ ဘာပြန်ဖြေရမှန်းမသိလို့ "Yes, Yes" လို့ပဲ အလိုက်သင့် ခေါင်းငြိမ့်နေမယ်။
• ပြောချင်တဲ့ စကားရှိခဲ့ရင်လဲဆရာ့ကို နားလည်အောင်သေချာပြန်မရှင်းပြတတ်ဘူး။
• နောက်ဆုံး အတန်းပြီးသွားတော့ ဘာကျန်ခဲ့လဲ? အချိန်ကုန်၊ ငွေကုန်သွားတာပဲ အဖတ်တင်တယ်!

တကယ်တမ်းတော့
Native Speaker ဖြစ်တိုင်း အသင်အပြကောင်းတာ မဟုတ်ပါဘူး!
အင်္ဂလိပ်လို မွေးရာပါ ပြောတတ်တာနဲ့၊ တခြားသူတစ်ယောက်ကို အခြေခံကစပြီး စနစ်တကျ သင်ပြပေးနိုင်တာမဟုတ်ပါဘူး။
တကယ်လိုအပ်နေတဲ့ဆရာမျိုးက Native Speaker မဟုတ်ပါဘူး။ မြန်မာလို အရင်စဉ်းစားတတ်တဲ့ အလေ့အထ၊ အင်္ဂလိပ်လို စကားပြောရင် ကြောက်နေရတဲ့ အခက်အခဲကို အရှိအတိုင်း ကောင်းကောင်း နားလည်ပြီး Correct ဖြစ်အောင် လမ်းကြောင်းမှန် ပြပေးနိုင်မယ့် ဆရာမျိုးလိုအပ်နေတာ ဖြစ်ပါတယ်!

သူငယ်ချင်းတို့ရော Native Class တက်ပြီး ဘာမှနားမလည်ဘဲ "Yes, Yes" ပဲ လိုက်ပြောခဲ့ရဖူးတဲ့ အတွေ့အကြုံ ရှိလား
Comment မှာ အမှန်အတိုင်း ပြောခဲ့ပါဦး!

14/08/2026

အရမ်းကောင်းတာကို Very Good အပြင် ဘယ်လိုပြောလို့ရသေးလဲ 🌟✨

Spider-Man လို Englishစာ လျှင်မြန်စွာ တိုးတက်စေမယ့် လျှို့ဝှက်ချက်! 🕷✨Peter Parker က မြို့ကြီးကို ကယ်တင်ရင်း အတန်းထဲမှာပ...
12/08/2026

Spider-Man လို Englishစာ လျှင်မြန်စွာ တိုးတက်စေမယ့် လျှို့ဝှက်ချက်! 🕷✨

Peter Parker က မြို့ကြီးကို ကယ်တင်ရင်း အတန်းထဲမှာပါ စာအရမ်းတော်နေတာ။ အချိန်မရှိတဲ့ကြားထဲက ဘာလို့ ဒီလောက် တော်နေတာလဲသိလား။

အဖြေကတော့ ရိုးရိုးလေး… စာအုပ်ကို Highlight လိုက်ခြစ်ပြီး ထပ်ခါထပ်ခါ အလွတ်ထိုင်ကျက်မနေလို့ပါပဲ!

သင့် English ကို လုံးဝ Level Up သွားစေမယ့် "Spidey Study Secrets" 3 ခု ကို ဒီနေ့ပဲ စသုံးကြည့်ရအောင် –

1. Active Recall (မကြည့်ဘဲ ပြန်ထုတ်သုံးပါ) 🕸

Spidey က မြေပုံထိုင်ကြည့်မနေပါဘူး၊ ကိုယ်တိုင် မြို့ထဲ ခုန်ကူးရင်း အတွေ့အကြုံကနေ သင်ယူတာပါ။

Tips: စာတစ်ပိုဒ်ဖတ် (သို့) အသံဖိုင်တစ်ခုနားထောင်ပြီးတာနဲ့ စာအုပ် သို့မဟုတ် ဖုန်းကို ချက်ချင်း ပိတ်လိုက်! ပြီးရင် ကိုယ်မှတ်မိသမျှကို စာရွက်ပေါ် ပြန်ရေး (သို့) ပါးစပ်က အသံကျယ်ကျယ် ပြန်ပြောကြည့်ပါ။

2. Spaced Repetition (မေ့ခါနီးမှ ပြန်နွှေးပါ) ⚡️

Spidey-Sense က အန္တရာယ် မရောက်ခင် စက္ကန့်ပိုင်းအလိုမှာ သတိပေးတာ။ ဦးနှောက်ကိုလည်း မေ့ခါနီးအချိန်မှာ Review လုပ်ပေးဖို့ လိုတယ်။

Tips: စကားလုံး 100 ကို တစ်ညတည်း အတင်း မကျက်ပါနဲ့။ Day 1 → Day 3 → Day 7 → Day 14 ဆိုပြီး အချိန်ခြားပြီး ပြန်ကျက်ပေးပါ။ အဲဒါမှ ဦးနှောက်ထဲ စွဲသွားမှာပါ!

3. The Ned Leeds Method (သူများကို ပြန်ရှင်းပြပါ) 🎙

Peter က ခက်ခဲတဲ့ သိပ္ပံပုစ္ဆာတွေကို သူ့သူငယ်ချင်း Ned ကို ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ပြန်ရှင်းပြတာ။

Tips: ဒီနေ့ လေ့လာထားတဲ့ Grammar သို့မဟုတ် Topic တစ်ခုကို သူငယ်ချင်းကိုဖြစ်ဖြစ်၊ မှန်ထဲက ကိုယ့်ကိုယ်ကိုယ်ဖြစ်ဖြစ် ကလေးတစ်ယောက် နားလည်မယ့်ပုံစံနဲ့ ရိုးရိုးရှင်းရှင်းပြန်ရှင်းပြကြည့်ပါ။

ကဲသူငယ်ချင်းတို့ရောဒီနေ့ကစပြီး ဘယ် Spidey Secrets ကို စသုံးမလဲ?

A. မကြည့်ဘဲ ပြန်ထုတ်ပြောမယ် (Active Recall)
B. ရက်ခြားပြီး ပြန်နွှေးမယ် (Spaced Repetition)
C. သူများဆီ ပြန်ရှင်းပြမယ် (Ned Leeds Method)

အင်္ဂလိပ်လို ပြောတဲ့အခါ စကားလုံးအဆန်းကြီးတွေမသုံးပါနဲ့ ✋စကားလုံးအသစ်တစ်လုံး ကျက်လိုက်ရုံနဲ့ စကားပြောတိုင်းမှာ အဲ့ဒီစကားလ...
10/08/2026

အင်္ဂလိပ်လို ပြောတဲ့အခါ စကားလုံးအဆန်းကြီးတွေမသုံးပါနဲ့ ✋

စကားလုံးအသစ်တစ်လုံး ကျက်လိုက်ရုံနဲ့ စကားပြောတိုင်းမှာ အဲ့ဒီစကားလုံးကို မရမက ထည့်သုံးဖို့ ကြိုးစားဖူးကြတယ်မလား? 🤔

"Start" လိုမသုံးပဲ "Commence" လို့သွားသုံးတယ်။
"Buy" က ရိုးလွန်းတယ်ဆိုပြီး "Purchase" ကို မရမက ပြောင်းသုံးတယ်။

သာမန် "Use" ဆိုရင်ရတာကို "Utilize" ဆိုပြီး ခက်ခက်ခဲခဲ ပြောင်းပြီးတော့ပြောတယ်။

❗️အကြောင်းအရင်းကတော့ ခက်ခဲတဲ့ စကားလုံးတွေ သုံးနိုင်မှ အင်္ဂလိပ်စာ တော်တယ်လို့ ထင်နေကြလို့ပဲ။

တကယ်တမ်းတော့ အင်္ဂလိပ်စာမှာ ဆရာကြီးဖြစ်နေဖို့ မလိုပါဘူး၊ တစ်ဖက်လူက ကိုယ်ပြောတာကိုသေချာနားလည်သွားရင်ရပါပြီ။

စကားလုံးအဆန်းကြီးတွေ သုံးလိုက်လို့ ခဏတော့ လူအထင်ကြီးခံရနိုင်ပေမဲ့ တစ်ဖက်လူက ဘာမှနားမလည်ရင် ပိုပြီးရှက်ဖို့ကောင်းပါတယ်။

Exampleလေးတွေ ကြည့်ရအောင်
✅“I want to buy this.” အစား “I intend to purchase this particular item.” လို့ပြောစရာ မလိုပါဘူး

✅“Let's start.” လို့ရိုးရိုးလေးပဲ ပြောလို့ရတဲ့အစား “Let's commence.” ဆိုပြီးပိုခက်အောင်မပြောပါနဲ့

✅“Can you help me?” လို့ပဲပြောပါ “Would you be capable of providing me with assistance?” ဆိုပြီး စာတမ်းပြုစုသလိုမပြောပါနဲ့။

Advanced စကားလုံးတွေကို သိထားတာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်သိကြောင်း ပြချင်ရုံသက်သက်နဲ့တော့ခက်အောင် သုံးနေတာကမှ ပြဿနာဖြစ်ပါတယ်။

စကားပြောတဲ့နေရာမှာလည်း-

"ငါ့ အင်္ဂလိပ်စာ အရမ်း တော်ကြောင်း ဘယ်လိုပြရမလဲ?" ဆိုတာထက်...
"ငါပြောတာကို တစ်ဖက်လူ လွယ်လွယ်နဲ့ နားလည်ရဲ့လား?" ဆိုတာကိုပဲ အာရုံစိုက်သင့်ပါတယ်။

💡အင်္ဂလိပ်စာရဲ့ ရည်ရွယ်ချက်က လူတွေကို အထင်ကြီးအောင် လုပ်ဖို့ မဟုတ်ပဲကိုယ်ပြောချင်တာကို လူတွေသဘောပေါက်အောင် ပြောဖို့ပါပဲ!

Simple English ပဲသုံးနေတာက ညံ့တာမဟုတ်ပါဘူးနော်။ တချို့နေရာတွေမှာ simple ဖြစ်တာက အကောင်းဆုံးဖြစ်ပါတယ်။ 😉

“Your Path to Success”

အင်္ဂလိပ်စာက အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်လိုဖွင့်ပေးလဲ?အလုပ်လျှောက်တဲ့အခါ...တစ်ယောက်နဲ့တစ်ယောက်မှာ တခြားလိုအပ်တဲ့ Sk...
05/08/2026

အင်္ဂလိပ်စာက အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်လိုဖွင့်ပေးလဲ?

အလုပ်လျှောက်တဲ့အခါ...
တစ်ယောက်နဲ့တစ်ယောက်မှာ တခြားလိုအပ်တဲ့ Skill တွေက အတူတူပဲရှိနေနိုင်ပါတယ်။

ဒါပေမယ့် Communicationမှာတော့ English လို ယုံကြည်မှုရှိရှိ ဆက်သွယ်ပြောဆိုနိုင်တယ်၊ မပြောနိုင်ဘူးဆိုတဲ့ Skillက သိသိသာသာကွာခြားနေတတ်ပါတယ်။

ဒီကွာခြားချက်လေးက...

✅ အလုပ်အကိုင်အသစ်
✅ Promotion အခွင့်အရေး
✅ International Company တွေမှာ အလုပ်လုပ်ခွင့်
စတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။

အင်္ဂလိပ်စာ ကျွမ်းကျင်မှုတစ်ခုတည်းနဲ့တော့ အောင်မြင်မှုကို အာမမခံနိုင်ပေမယ့်... အင်္ဂလိပ်စာကအောင်မြင်မှုဆီကိုသွားတဲ့ တံခါးတွေကိုတော့ သေချာပေါက် ဖွင့်ပေးနိုင်ပါတယ်။ 🚪✨

ဒါဆိုရင်တော့ ကိုယ့်ရဲ့ English Skillကို Level upလုပ်ဖို့အတွက် အခုပဲ စတင်လိုက်တော့နော်။

ကဲ 2027 က တဖြည်းဖြည်း နီးလာပြီ...ဆိုတော့လာမယ့်နှစ်မှာကိုယ့်ရဲ့ English Skill ကို ဘယ်လောက်ထိတိုးတက်သွားချင်လဲ🤔�A. ယုံကြည်...
03/08/2026

ကဲ 2027 က တဖြည်းဖြည်း နီးလာပြီ...
ဆိုတော့လာမယ့်နှစ်မှာကိုယ့်ရဲ့ English Skill ကို ဘယ်လောက်ထိတိုးတက်သွားချင်လဲ🤔
�A. ယုံကြည်မှုရှိရှိ ပြောနိုင်လာဖို့
B. စကားလုံးအသစ်တွေပိုသုံးတတ်ဖို့
C. ပိုကောင်းတဲ့ အလုပ်အကိုင်ရဖို့
D. အင်္ဂလိပ်စာ စာမေးပွဲတွေကို အမှတ်ကောင်းကောင်းနဲ့ ဖြေနိုင်ဖို့
E. နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့

A, B, C, D, E
Comment မှာ သင့်ရဲ့ Goal ကို ရေးခဲ့ပါ👇
ဒီနေ့ ရေးတဲ့ Goal က မင်းရဲ့ English Journey ရဲ့ ပထမဆုံးခြေလှမ်း ဖြစ်နိုင်ပါတယ်။

Duolingo တစ်ခုတည်း အားကိုးမနေပါနဲ့⁉️App ထဲမှာ 365-day streak တောင် ရှိနေပါစေဦး။ အပြင်မှာ လူတစ်ယောက်က အင်္ဂလိပ်လို ရုတ်တရ...
27/07/2026

Duolingo တစ်ခုတည်း အားကိုးမနေပါနဲ့⁉️

App ထဲမှာ 365-day streak တောင် ရှိနေပါစေဦး။ အပြင်မှာ လူတစ်ယောက်က အင်္ဂလိပ်လို ရုတ်တရက် လာမေးရင် စွံ့အသွားတုန်းပဲမလား၊
Duolingo က စကားလုံးအသစ်တွေ သိဖို့နဲ့ စာလေ့လာတဲ့ အလေ့အကျင့်ရဖို့တော့ တကယ် အထောက်အကူပြုပါတယ်။ ဒါပေမဲ့ ဖုန်း screen ပေါ်မှာ အဖြေတွေကို ပုံမှန်လိုက်နှိပ်နေရုံနဲ့တော့အပြင်မှာ English လိုကျွမ်းကျင်လာမှာမဟုတ်ပါဘူး။

ဆိုတော့
Duolingo ကို Vocabulary တွေ လေ့လာဖို့အတွက် သုံးပါ။
တကယ့်အပြင်မှာလဲ စကားပြောကြည့်၊ စာအုပ်တွေဖတ် ပြီး podcast တွေလဲနားထောင်ပေးပါ။

Apps တွေက စာလေ့လာဖို့အတွက် အရမ်းကောင်းတာ မှန်ပေမဲ့... တကယ့် ဘာသာစကားတစ်ခုကိုကျွမ်းကျင်ဖို့ဆိုရင် လက်တွေ့ လေ့ကျင့်အသုံးချတတ်မှ ဖြစ်မှာပါ။

အင်္ဂလိပ်စာကို အခြေခံကစပြီး စနစ်တကျပြန်လေ့လာချင်လား✨အင်္ဂလိပ်စာကို သင်ယူရုံမဟုတ်ဘဲ တကယ်အသုံးချနိုင်အောင် Grammar, Speaki...
20/07/2026

အင်္ဂလိပ်စာကို အခြေခံကစပြီး စနစ်တကျပြန်လေ့လာချင်လား✨

အင်္ဂလိပ်စာကို သင်ယူရုံမဟုတ်ဘဲ တကယ်အသုံးချနိုင်အောင် Grammar, Speaking, Vocabulary အပြင် Pronunciation၊ Everyday Communication Skillတွေကိုပါ တခါတည်း လေ့ကျင့်သင်ကြားပေးသွားမယ့် 4 Skills Elementary Group Class နဲ့ Pre-Intermediate Group Classတွေကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

💡 ဘာလို့ ဒီ Class ကို ရွေးချယ်သင့်တာလဲ

✅ Small Class Size – လူနည်းနည်းနဲ့ ထိထိရောက်ရောက် လေ့လာသင်ကြားနိုင်မယ်။

✅ Affordable Course Fee – Quality Educationကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ သင်ယူလေ့လာနိုင်မယ်။

✅ Interactive Learning Environment – စာချည်းပဲသင်နေတာမဟုတ်ဘဲ အပြန်အလှန်ဆွေးနွေးပြီး သင်ယူလေ့လာနိုင်မယ်။

✅ Teacher-Designed Speaking Activities – Group Classဖြစ်လို့ Speaking မလေ့ကျင့်ဖြစ်တာမျိုး မရှိရအောင် Speakingကိုပါတိုးတက်စေမယ့် Activitiesတွေကို Teacherတွေကိုယ်တိုင်ပြင်ဆင်ပေးထားပါတယ်။

✅ Own Curriculum Development – Headway, SpeakOut, English Grammar in Use နှင့် အခြား Learning Resources များစွာကိုအခြေခံပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်အပေါ် စနစ်တကျ ရေးဆွဲပေးထားတဲ့ Curriculum နဲ့ သင်ယူရမှာဖြစ်ပါတယ်။

✅Assessment — စာသင်နေရုံမဟုတ်ဘဲ Class တစ်ခုပြီးတိုင်း ကိုယ့်ရဲ့ လေ့လာမှုမှာ တိုးတက်မှုဘယ်လောက်ရှိလဲဆိုတာကို Listening, Reading, Writing, Speaking 4skillsလုံးကို ပြန်လည်စစ်ဆေးနိုင်မယ်။

✅General English to Academic Pathway—General English ကိုလေ့လာပြီး Academic Examတွေ ဖြေဆိုချင်သူတွေအတွက်ပါ Foundation တစ်ခုတည်ဆောက်နိုင်မယ်

ဒီClassတွေမှာဘာတွေသင်ယူရမလဲ 🌟
• Essential Grammar
• Everyday Vocabulary
• Clear Pronunciation
• Practical communication for work, study, and daily life

Classes’ Details:

🌟Elementary 1 (Level: A1)
Duration: 13 Weeks (Elementary 1&2)
Schedule: Saturday and Sunday| 8:30-10:00 AM
Class Fees: 200,000

🌟 Pre-intermediate (Level: A2)
Duration: 13 Weeks (Pre-intermediate 1&2)
Schedule: Thursday and Friday | 7:00-8:30PM
Class Fees: 300,000

ဘယ်သူတွေသင်ပေးမှာလဲ??

Main Teacher: Tr.Grace

Tr.Grace ဟာဆိုရင် TESOL/ TEFL Certified English Teacher တစ်ဦးဖြစ်ပြီး ၅နှစ်ကျော်သင်ကြားရေးအတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။

🎓Qualifications
Bachelor of Public Health - Mae Fah Luang University (Thailand)
• TESOL Certificate - Arizona State University (150-hour)
• TEFL Professional Certification - Teacher Record (120-hour)
• IELTS Overall Band 8.5
Listening 9.0 | Reading 9.0 | Writing 8.5 | Speaking 7.5

Assistance Teacher: Tr.Sarah

Tr.Sarah ဟာဆိုရင်လည်း TESOL/ TEFL Certified English Teacher တစ်ဦးဖြစ်ပြီး ၂နှစ်ကျော်Student Support၊ Tutoring စသဖြင့် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။

🎓Qualifications
BA(Hons) Business Administration- University of Hertfordshire (UK)
• TESOL Certificate – Arizona State University (150-hour)
• TEFL Certificate – Teacher Record (120-hour)
• IELTS Overall Band Score of 7.5

📩 Registration is now open



Contact us for more information and enrollment.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Edu Sync posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share