19/03/2026
Visiting Card လုပ်သူ
ဓါတ်ပုံပြင်သူ
မွေးနေ့ဖိတ်စာလုပ်သူ
ဒီဇိုင်းပြင်သူ
သူ့ဝါသနာနဲ့သူ
အားလုံး အတူတူ တော်ကြသည်။
Royal Village Knowledge Centre is primarily driven by a social purpose by educating some of the mos
19/03/2026
Visiting Card လုပ်သူ
ဓါတ်ပုံပြင်သူ
မွေးနေ့ဖိတ်စာလုပ်သူ
ဒီဇိုင်းပြင်သူ
သူ့ဝါသနာနဲ့သူ
အားလုံး အတူတူ တော်ကြသည်။
14/03/2026
Royal village knowledge Sharing Centre ၏
နွေရာသီ ကွန်ပျူတာသင်တန်း
☘️☘️☘️☘️☘️
မနှစ်က ကလေးတွေက ဒီနှစ် အတန်းသစ်ရောက်ကြပြီ။
Level 2 ပြီးေနာက် level -3
Basic ပြီးနောက် Advanced
Word ပြီးနောက် PageMaker
စသည် စသည် တက်ကြသည်။
07/03/2026
Summer ကုသိုလ်၊
🌞🌞💥💥💐💐
Royal Village Knowledge Sharing Centre ရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်သော
နွေရာသီ ပညာဒါန အစီအစဉ်ကို
သာကေတမြို့နယ်၊ ကျောက်ချောင်းသာ လူငယ်ဖွံ့ဖြိုးမှု ပရဟိတကျောင်းရှိ
တိုင်းရင်းသား ကလေးငယ်များကို
နွေရာသီ မွမ်းမံအဖြစ်၊
သင်ယူမှု အထောက်အကူအဖြစ်၊
အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်များ ပိုမိုကျွမ်းကျင်ကြစေဖို့ ရည်ရွယ်ချက်ဖြင့် အပတ်စဉ်
သင်ကြားပေးမည် ဖြစ်ပါသည်။
THURSDAY, Friday
1:30 to 3:30
Grade 3,4
01/03/2026
နွေရာသီနဲ့ အင်္ဂလိပ်စာ
☘️☘️☘️☘️☘️
Grade 2 ကလေးများရဲ့ တစ်နေ့တာ။
စကားလုံးအသစ်တွေ ဖတ်ကြမှာ။
ကာလာလေးတွေ ခြယ်ရတာ။
11/02/2026
Congratulations 👏🎉ပါ ကလေးတို့ရေ။
💐💐💐💐💐
Grade -5 ခရိုင်စစ် စာမေးပွဲကို Aအဆင့်နဲ့
အောင်မြင်ကြတဲ့အတွက် ဂုဏ်ယူပါတယ်ကွယ်။
စာအတူကျက်ကြ၊ လေ့လာမှတ်သားကြနဲ့
guide လုပ်ပေးခွင့်ရတဲ့အတွက်လည်း
RV Centre မှ များစွာ ဝမ်းမြောက်ရပါတယ်။
နောက်နှစ်တွေမှာလည်း ထူးချွန်ဆုတွေ အများကြီး
ဆွတ်ခူးနိုင်ပါစေလို့ RV Centre မှ
ဆုမွန်ကောင်းများ ပို့သလိုက်ပါတယ်။
03/02/2026
5 ယောက်ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့။
သင်ခန်းစာမတူ
ဘာသာရပ်မတူ
နယ်ပယ်မတူ ကြပေမယ့်
သင်ယူလေ့လာမှုနှုန်းကတော့ တူကြတယ်။
04/01/2026
3rd week မှာတော့
👏👏👏👏
Typing 10-15အတွင်း ရနေသူ။👍👍👍
မြန်မာဖောင့်ကို လေ့ကျင့်နေသူ။
Excel ရောက်ရှိလာသူ။
Excel ပြီးသွားသူ။
စသူတို့ဖြင့် တရွေ့ရွေ့ အတူတူ လေ့ကျင့်နေကြပါသည်။
& Sunday
14/12/2025
Computer Class
💥💥💥
Window Basic Course
Sat & Sunday
3:00 to 5:00 PM
09/12/2025
ဒီဇင်ဘာ စာမေးပွဲကြီး နီးပြီ။
လူငယ်အပေါင်းတို့။
06/10/2025
"သီတင်းကျွတ်လပြည့်နေ(သို့) အဘိဓမ္မာအခါတော်နေ့ သမိုင်း"
******************************************************************
သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကြသည်။ ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌ ဆီမီးများ ထွန်းညှိကာ မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။
ထိုအစဉ်အလာကား မြတ်စွာဘုရားရှင် တာဝတိ`ံသာနတ်ပြည်မှ မယ်တော်နတ်သားအား ကျေးဇူးဆပ်သော အားဖြင့် အဘိဓမ္မာမြတ်ဒေသနာတော်ကို ဟောကြားတော်မူပြီး သင်္ကဿနဂိုရ်ပြည်တောင်တံခါးသို့ ဆင်းသက်တော်မူရာအခါ၌ နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းကာဖြင့် ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် ပူဇော်ခြင်းဖြစ်၏။
ဘိုးဘွားမိဘဆရာသမားများအား ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့် မိဘဆရာပူဇော်ပွဲများ၊ ဝါတွင်းသုံးလ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ ဝါကျွတ်သည့်အခါ အပြစ်ရှိက အချင်းချင်း တောင်းပန်ပြောကြား ကြသော ပဝါရဏာနေ့ အခမ်းအနားများ၊ မီးထွန်းပွဲအခမ်းအနား စသည်ဖြင့် ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့် နေထူးနေ့မြတ်ပင်ဖြစ်သည်။
မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ ဝါဆိုလပြည့် သာဝတ္ထိပြည် ကောသလမင်းကြီး၏ ကဏ္ဍ ဥယျာဉ်မှူး မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသည်။
ဤသို့ ယမိုက်(ရေးမီးအစုံ) ပြာဋိဟာကို ပြတော်မူပြီး၍ ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင် ရှေးမြတ်စွာဘုရားရှင်တို့နည်းတူ တာဝတိ`ံသာ နတ်ပြည်၌ ဝါကပ်တော်မူ၍ မယ်တော်မိနတ်သားအား အဘိဓမ္မာတရားဟောကြားတော်မူရန် တာဝတိ`ံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့် ကြွသွားတော်မူ၏။
မြတ်စွာဘုရားရှင်သည် တာဝတိ`ံသာ နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးရန် ပယ်လယ်ကသစ်ပင်ရင်းရှိ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်၌ သီတင်းသုံးတော်မူ၏။
ဤသို့ တာဝတိ`ံသာ နတ်ပြည်သို့ မြတ်စွာဘုရားရှင် ကြွတော်မူလျှင် လူပြည်၌ တန်ခိုးပြာဋိဟာကိုပြပွဲသို့ စုဝေးရောက်ရှိကြ ကုန်သော လူအပေါင်းတို့က ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင် အဘယ်သို့ ကြွတော်မူပါသနည်းဟု မေးလျှောက်သဖြင့် ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှင်အနုရုဒ္ဓါမထေရ်က ဘုရားရှင်သည် တာဝတိ`ံသာနတ်ပြည်ဝယ် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူလျှင် မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရားကို ဟောကြားရန် တာဝတိ`ံသာ နတ်ပြည်သို့ ကြွတော်မူ၏ဟု ဖြေကြား၏။
လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရသမျှ ဤအရပ်မှ မပြန်အံ့ဟု ကြံပြီးလျှင် သာဝတ္ထိပြည်အနီးဝယ် အသီးသီး သစ်ခက်တဲမဏ္ဍပ်ကို ပြု၍ နေကြကုန်၏။
မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင် အရှင်မောဂ္ဂလန်အား သင်ချစ်သားသည် ဤပရိတ်သတ်အား တရားဟောရစ်ရမည်ဟု မိန့်တော်မူခဲ့ပြီး ဖြစ်၏။
မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာပေါ်၌ ၇-ဝါမြောက်ဝါကပ်တော်မူ၍ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။
တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းဟောတော်မူ၏။ အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့် ရဟန်းငါးရာအား မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာအကျဉ်းကို မိမိဥာဏ်ဖြင့် ချဲ့ကာ မကျဉ်းမကျယ် အလယ်အလတ်အားဖြင့် ပြန်လည်ဟောကြားတော်မူပါတယ်။
မြတ်စွာဘုရားရှင် တာဝတိ`ံသာ၌ အဘိဓမ္မာတရား ဟောကြားခြင်းပြီးဆုံးသည်နှင့် တပြိုက်နက် အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို အဘိဓမ္မာတရား သင်ပြပို့ချပေးမှုလည်း ပြီးဆုံးလေတော့၏။ ထိုနေ့ကား သီတင်းကျွတ်လပြည့်နေ့တည်း။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသော် သိကြားမင်းအား မြတ်စွာဘုရားရှင်က သင်သိကြားမင်း၏ နတ်ပြည်၌ ငါ့ဘုရားပြုဘွယ်ကိစ္စကို ပြုပြီးပြီ။
လူပြည်ရှိ သင်္ကဿ နဂိုရ်ပြည်သို့ ငါဘုရားဆင်းသက်တော်မူအံ့ဟု မိန့်တော်မူ၏။ သီတင်းကျွတ်လဆန်း၈ရက်နေ့တွင် အရှင်မောဂ္ဂလန်မှ တာဝတိ`ံသာနတ်ပြည်သို့ တက်တော်မူပြီး မြတ်စွာဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်မည်နည်းဟု မေးလျှောက်သဖြင့် မြတ်စွာဘုရားရှင်က ချစ်သား သင်၏ နောင်တော်ကြီး သာရိပုတ္တရာ ဝါကပ်ရာ သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌ သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင် ဆင်းသက်တော်မူမည်ဟု မိန့်တော်မူပါတယ်။
လူအပေါင်းတို့အား ထိုအကြောင်းကို အရှင်မောဂ္ဂလန်မှတဆင့် ကြားသိရဖြင့် သီတင်းကျွတ်လဆန်း ၉ရက်နေ့၌ပင် သင်္ကဿနဂိုရ်ပြည် တောင်တံခါးသို့ ရှေးရှုသွားကြကုန်၏။
သီတင်းကျွတ်လပြည့်နေ့ရောက်သော် သိကြားမင်းသည် တာဝတိ`ံသာနတ်ပြည် သုဒဿ နမြို့မှသည် သင်္ကဿ နဂိုရ်ပြည်တောင်တံခါးဝထိ ရွှေ့စောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းဟူသော စောင်းတန်းလှေကားသုံးသွယ်ကို တင့်တယ်စွာ စီရင်၏။
မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ် တပြိုင်နက် ထွန်းလင်းစေလျက် အတုမရှိသော အသရေတော်ကို ပြတော်မူ၍ ပတ္ထမြားစောင်းတန်းဖြင့် ဆင်းသက်ကြွတော်မူ၏။
ဗြဟ္မာကြီးတို့က ဘုရားရှင်အား ရွှေထီး ငွေထီး၊ သန္တာထီးတို့ဖြင့် အသီးသီးမိုးလျှက် လက်ျာဘက်ရှိ ရွှေစောင်းတန်းဖြင့်၊ သိကြားမင်းအမှူးရှိသော နတ်အပေါင်းတို့မှ ရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကို ကိုင်လျှက် မြတ်စွာဘုရားရှင်အား ပူဇော်ကာ လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့် ဆင်းသက်လာကုန်၏။
ဤသို့အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ရသော လူပရိတ်သတ်အပေါင်းတို့သည် အားရဝမ်းသာဖြစ်၍ ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင်မရှိပေ။
အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာနှင့်တကွ မြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌ ဦးခိုက်ရှိခိုးကြ၏။ အရှင်သာရိပုတ္တရာ မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော လူနတ်ဗြဟ္မာတို့သည် အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ကြရ၍ လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို တောင့်တကြကုန်၏။
မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာအား ချစ်သား ကိလေသာမီးတို့၏ ငြိမ်းရာ အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော သဗ္ဗညုတဘုရားရှင်တို့အား ဗြဟ္မာနတ်လူအပေါင်းတို့က ဤသို့ ချစ်မြတ်နိုးကြကုန်သည်သာတည်းဟု မေးကာ ဖြေကာဖြင့် တရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်။ ထိုတရားကိုနာကြားကြရ၍ အရှင်သာရိပုတ္တရာ၏ တပည့်ငါးရာသည် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုနေ့သည်ကား သီတင်းကျွတ်လပြည့်ပေတည်း။
အချုပ်အားဖြင့် သီတင်းကျွတ်လပြည့်နေ့ကို မြတ်စွာဘုရားရှင် တာဝတိ`ံသာနတ်ပြည်၌ မယ်တော် သန္တုဿိတနတ်သားအမှူးရှိသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရားဟောကြားတော်မူပြီးခဲ့နေ့၊
အရှင်သာရိပုတ္တရာအား အဘိဓမ္မတရားအကျဉ်းဟောတော်မူပြီးခဲ့သည့်နေ့၊
အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား မကျဉ်းမကျယ် အဘိဓမ္မာတရားကို ဟောတော်မူပြီးခဲ့သည့်နေ့၊
အဘိဓမ္မာဒေသနာတော် ဟောတော်မူပြီးနောက် တာဝတိ`ံသာ နတ်ပြည်မှ သင်္ကဿ နဂိုရ်ပြည်သို့ ဆင်းသက်တော်မူခဲ့သည့်နေ့၊
ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များ အပြစ်ရှိက အချင်းချင်း ပြောကြားကြရသော ပဝါရဏာနေ့၊
မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူရာအခါ၌ ကြိုဆိုပူဇော်ကြသော နတ်ဗြဟ္မာနှင့်လူအပေါင်းတို့ ဘုရားဆုပန်ကြသောနေ့[[uű များသည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း စသည်ဖြင့် နေ့ထူး နေ့မြတ်ပေါင်းများစွာမှ ရှေးဘုရားရှင်တို့၏ ထုံးအတိုင်း မယ်တော်ဖြစ်ခရှေးဘုရားရှင်တို့၏ ထုံးသော ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု မှတ်တမ်းတင်တော်မူခဲ့ခြင်း ဖြစ်လေသည်။
🙏
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)ý&&u
04/10/2025
စာမေးပွဲကြီးလည်း ပြီးပါပြီ။
ကလေးတွေလည်း ပင်ပန်းသွားကြပြီ။
10/09/2025
Royal village knowledge Sharing Centre ၏
၇ နှစ်ပြည့် အမှတ်တရ (၃)
🥳🎉🥳🎉🥳🎈
RV Centre တွင် ဖွင့်လှစ်ထားသော
Monday to Friday
ညနေ 3ခွဲ -၆နာရီ။
Students Guide အတန်းသို့ တက်ရောက်နေကြသေး
ကျောင်းသားများအတွက်
စာအုပ်လက်ဆောင်၊ မုန့်၊ အအေး
အမှတ်တရ ဓါတ်ပုံရိုက်
မှတ်တမ်းတင်ကြသည်။
Royal Village Knowledge Centre is primarily driven by a social purpose by educating some of the most challenging young people in our country, offering positive outcomes to those who have disengaged, or are at the point of disengaging with education.
| Monday | 07:00 - 19:00 |
| Tuesday | 07:00 - 19:00 |
| Wednesday | 07:00 - 19:00 |
| Thursday | 07:00 - 19:00 |
| Friday | 07:00 - 19:00 |
| Saturday | 07:00 - 19:00 |
| Sunday | 07:00 - 19:00 |